-
ဟေရှာယ ၈:၇၊ ၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ဒါကြောင့် ငါယေဟောဝါက သူတို့ကိုတိုက်ဖို့
မြစ်ကြီးရဲ့* မာန်ဟုန်ပြင်းတဲ့ ရေနဲ့တူတဲ့
အဆီး ရီးယားဘုရင်နဲ့+ သူ့ရဲ့ အစွမ်းခွန်အားရှိသမျှကို ခေါ်လာမယ်။
သူကမြစ်ကမ်းပါး ကျော်တဲ့အထိ လျှံတက်လာပြီး
ဒလဟောစီးတဲ့ ရေလုံးကြီးလို တစ်ဟုန်ထိုး ချီတက်လာမယ်။
၈ အဲဒီနောက် ယုဒပြည်ကို တိုက်ချလိမ့်မယ်။
သူဟာ တစ်ပြည်လုံးကို လွှမ်းမိုးပြီး လည်ပင်းအထိ တက်လာတဲ့ရေလို ဖြစ်သွားမယ်။+
သူ့ရဲ့တောင်ပံတွေက တစ်ပြည်လုံးကို အုပ်မိုးလိမ့်မယ်။
-