- 
	                        
            
            လုကာ ၆:၆-၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၆ နောက်ဥပုသ်တစ်ရက်မှာ+ ယေရှုက တရားဇရပ်ထဲဝင်ပြီး သွန်သင်တယ်။ အဲဒီမှာ ညာလက်သေနေသူ ရှိတယ်။+ ၇ ကျမ်းတတ်နဲ့ဖာရိရှဲတွေက ယေရှုကိုစွပ်စွဲဖို့ အကြောင်းရှာချင်တာနဲ့ ဥပုသ်နေ့မှာ အဲဒီလူကို ကုပေးမလားဆိုတာ မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်။ ၈ သူတို့ ဘာတွေးနေမှန်း ယေရှုသိတဲ့အတွက်+ လက်တစ်ဖက်သေနေသူကို “ထပြီး ဒီအလယ်မှာ လာရပ်ပါ” လို့ပြောတော့ အဲဒီလူက လာရပ်တယ်။ ၉ ဒါနဲ့ ယေရှုက “ခင်ဗျားတို့ကို ကျွန်တော်မေးမယ်။ ဥပုသ်နေ့မှာ ဘာလုပ်သင့်သလဲ။ ကောင်းမှုလား၊ မကောင်းမှုလား။ လူ့အသက် ကယ်တာလား၊ လူ့အသက် သတ်တာလား” လို့မေးတယ်။+ ၁၀ ပတ်လည်မှာရှိနေတဲ့ လူအားလုံးကို ကြည့်ပြီးနောက် အဲဒီလူကို “လက်ဆန့်လိုက်ပါ” လို့ပြောတော့ သူ လက်ဆန့်လိုက်တဲ့အခါ အကောင်းပကတိ ပြန်ဖြစ်သွားတယ်။ ၁၁ အဲဒီအခါ ကျမ်းတတ်နဲ့ ဖာရိရှဲတွေ ဒေါသပေါက်ကွဲပြီး ယေရှုကို ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ အချင်းချင်း တိုင်ပင်ကြတယ်။ 
 
-