၂၃ အဲဒီနောက် တပည့်တွေချည်းပဲရှိနေချိန်မှာ ယေရှုက “ခင်ဗျားတို့မြင်တဲ့အရာကို မြင်ရသူတွေဟာ ပျော်ရွှင်ချမ်းမြေ့သူတွေပဲ။+ ၂၄ ကျွန်တော် ပြောမယ်။ ပရောဖက်တွေ၊ ဘုရင်တွေက ခင်ဗျားတို့မြင်ရတာတွေကို မြင်ချင်ပေမဲ့ မြင်ခွင့်မရခဲ့ဘူး။+ ခင်ဗျားတို့ကြားရတာတွေကို ကြားချင်ပေမဲ့ ကြားခွင့်မရခဲ့ဘူး” လို့ပြောတယ်။