ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၂၄:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၄ “လူတစ်ယောက်က မိန်းမတစ်ယောက်ကို လက်ထပ်ပြီးနောက်မှ အပြစ်တင်စရာတစ်ခုခု တွေ့လို့ မနှစ်သက်တော့ဘူးဆိုရင် ကွာရှင်းစာချုပ် ရေးပေးပြီး+ အိမ်ကနေ ထွက်သွားခိုင်းရမယ်။+

  • မာကု ၁၀:၂-၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂ ဖာရိရှဲတွေလည်း အကဲစမ်းချင်တဲ့အတွက် ယေရှုဆီလာပြီး  ယောက်ျားတစ်ယောက်ဟာ ဇနီးကို ကွာရှင်းခွင့်ရှိသလားလို့ မေးတော့၊+ ၃ ယေရှုက “ခင်ဗျားတို့ကို မောရှေ ဘယ်လို ပညတ်ထားသလဲ” လို့ပြန်မေးတယ်။ ၄ သူတို့က “ကွာရှင်းစာချုပ် ရေးပြီး ကိုယ့်ဇနီးကို ကွာရှင်းခွင့်ပြုတယ်”+ လို့ဖြေတော့၊ ၅ ယေရှုက “ခင်ဗျားတို့ ခေါင်းမာလို့+ အဲဒီပညတ်ကို မောရှေ ရေးပေးခဲ့တာ။+ ၆ တကယ်တော့  ဖန်ဆင်းခြင်းအစမှာ ‘ဘုရားသခင်က  ယောက်ျားနဲ့ မိန်းမကို ဖန်ဆင်းခဲ့တယ်။+ ၇ ဒါကြောင့်  ယောက်ျားက  မိဘကို ထားခဲ့ပြီးနောက်၊+ ၈ သူတို့နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။’+ နှစ်ယောက် မဟုတ်တော့ဘဲ  တစ်သားတစ်ကိုယ်တည်း  ဖြစ်သွားပြီ။ ၉ ဒါကြောင့် ဘုရားသခင်  တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့”+ လို့ ပြောတယ်။ ၁၀ အိမ်မှာရှိနေတုန်း တပည့်တွေက အဲဒီအကြောင်းကို  ထပ်မေးတော့၊ ၁၁ ယေရှုက “ကိုယ့်ဇနီးကို ကွာရှင်းပြီး တခြားမိန်းမနဲ့ လက်ထပ်တဲ့သူဟာ အိမ်ထောင်ရေးဖောက်ပြန်သူ၊+ ကိုယ့်ဇနီးကို ပြစ်မှားသူပဲ။ ၁၂ ကိုယ့်ယောက်ျားကို ကွာရှင်းပြီး တခြားတစ်ယောက်ကို လက်ထပ်တဲ့ မိန်းမလည်း အိမ်ထောင်ရေးဖောက်ပြန်သူပဲ”+ လို့ ရှင်းပြတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ