၁၂ ယေရှု အခုလိုပြောတယ်– “မင်းညီမင်းသားတစ်ယောက်က ထီးနန်းဆက်ခံပြီးမှ ပြန်လာမယ်ဆိုပြီး တိုင်းတစ်ပါးကို ခရီးထွက်သွားတယ်။+ ၁၃ မသွားခင် ကျွန်ဆယ်ယောက်ကို ခေါ်ပြီး ဆယ်မိုင်နာ အပ်ပေးတယ်။ ပြီးတော့ ‘ငါပြန်လာချိန်အထိ ဒီငွေနဲ့အရောင်းအဝယ် လုပ်ထားကြပါ’ လို့မှာတယ်။+