၂၄ “အဲဒီနောက် အနားမှာရပ်နေသူတွေကို ‘သူ့ဆီကငွေကို ယူပြီး ဆယ်မိုင်နာရှိသူကို ပေးလိုက်’+ လို့ပြောတယ်။ ၂၅ သူတို့က ‘သခင်၊ သူ့ဆီမှာ ဆယ်မိုင်နာရှိပြီးသားပဲ’ လို့ပြောတော့၊ ၂၆ သခင်က ‘ငါပြောမယ်။ ရှိထားတဲ့သူဟာ ထပ်ပြီးရလိမ့်မယ်။ မရှိတဲ့သူကတော့ ရှိထားတာတောင် အသိမ်းခံရလိမ့်မယ်။+