-
မာကု ၁၄:၅၅-၅၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅၅ ပုရောဟိတ်ကြီးတွေနဲ့ ဂျူးတရားရုံးချုပ်* အဖွဲ့ဝင်အားလုံးက ယေရှုကို သေဒဏ်စီရင်နိုင်ဖို့ သက်သေရှာပေမဲ့ မတွေ့ဘူး။+ ၅၆ လူအတော်များများက မဟုတ်မမှန်သက်သေထွက်ဆိုပေမဲ့+ သူတို့စကားက တစ်ယောက်တစ်မျိုးစီ ဖြစ်နေတယ်။ ၅၇ တချို့ကလည်း ရှေ့ကိုထွက်လာပြီး မမှန်မကန် သက်သေထွက်ဆိုကြတယ်– ၅၈ “‘လူတွေတည်ဆောက်တဲ့ ဒီဗိမာန်တော်ကို ဖြိုဖျက်ပြီး လူတွေ မတည်ဆောက်တဲ့ ဗိမာန်တော်ကို သုံးရက်တည်းနဲ့ တည်ဆောက်ပြမယ်’ လို့ သူပြောခဲ့တာကို ကျုပ်တို့ကြားတယ်”+ ဆိုပြီး ပြောကြတယ်။ ၅၉ ဒါပေမဲ့ ဒီစွဲချက်မှာလည်း သူတို့ရဲ့စကားတွေက တစ်ယောက်တစ်မျိုးစီ ဖြစ်နေတယ်။
-