ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မဿဲ ၄:၁-၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄ အဲဒီနောက်  စွမ်းအားတော်က ယေရှုကို တောထဲသွားဖို့ လမ်းညွှန်တယ်။ အဲဒီမှာ မာရ်နတ်က* သူ့ကို သွေးဆောင်တယ်။+ ၂ ယေရှုဟာ ရက်ပေါင်း ၄၀ အစာရှောင်ထားတဲ့အတွက် ဆာလောင်နေတယ်။ ၃ အဲဒီအခါ ဖြားယောင်းသွေးဆောင်သူ+  ရောက်လာပြီး “မင်း ဘုရားသခင်ရဲ့သား မှန်ရင် ဒီကျောက်ခဲတွေကို  မုန့်ဖြစ်စေလို့အမိန့်ပေးလိုက်လေ”  ဆိုပြီးပြောတော့၊ ၄ ယေရှုက “‘လူဟာ အစားအစာနဲ့ပဲ အသက်ရှင်ရမှာ  မဟုတ်ဘူး၊  ယေဟောဝါရဲ့* နှုတ်ထွက်စကားမှန်သမျှနဲ့ အသက်ရှင်ရမယ်’ လို့ ကျမ်းစာမှာ ရေးထားတယ်”+ ဆိုပြီးပြောတယ်။

      ၅ ဒါနဲ့ မာရ်နတ်က ယေရှုကို သန့်ရှင်းတဲ့မြို့ဆီ ခေါ်သွားတယ်။+ ဗိမာန်တော်အမိုးပေါ်မှာ ရပ်ခိုင်းပြီး၊+ ၆ “မင်း ဘုရားသခင်ရဲ့သား မှန်ရင် ဒီကနေ ခုန်ချလိုက်ပါလား။ ‘ဘုရားက ကောင်းကင်တမန်တွေကို  မိန့်မှာထားလိမ့်မယ်၊’ ‘သူတို့ လက်နဲ့ပင့်ထားမှာဖြစ်လို့  မင်းကကျောက်တုံးနဲ့  ထိမိခိုက်မိမှာ မဟုတ်ဘူး’+ လို့ကျမ်းစာမှာ ရေးထားတာပဲ” ဆိုပြီးပြောတယ်။ ၇ ယေရှုက “‘ယေဟောဝါ* ဘုရားကို အကဲမစမ်းပါနဲ့’+ လို့လည်း ကျမ်းစာမှာ  ရေးထားတယ်”  ဆိုပြီးပြောတယ်။

      ၈ မာရ်နတ်က ယေရှုကို မြင့်မားလှတဲ့တောင်ပေါ် ခေါ်သွားပြန်တယ်။ တိုင်း နိုင်ငံတွေနဲ့ ဘုန်းစည်းစိမ်အားလုံးကို ပြပြီးနောက်၊+ ၉ “ငါ့ကို တစ်ကြိမ်ပဲ ရှိခိုးဦးချမယ်ဆိုရင် ဒါတွေအားလုံး မင်းကို ပေးမယ်” လို့ပြောတယ်။ ၁၀ ယေရှုက “စာတန်၊ ထွက်သွားစမ်း။ ‘ယေဟောဝါ* ဘုရားကို ကိုးကွယ်ရမယ်။+ ကိုယ်တော်တစ်ပါးတည်းကိုပဲ ဝတ်ပြုရမယ်’ လို့ ကျမ်းစာမှာ ရေးထားတယ်”+ ဆိုပြီးပြန်ပြောတယ်။

  • လုကာ ၄:၁-၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ