-
မဿဲ ၁၃:၅၄-၅၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅၄ နေရင်းဒေသကို+ ရောက်တော့ တရားဇရပ်မှာ သွန်သင်တယ်။ လူတွေက တအံ့တသြဖြစ်ပြီး “ဒီလိုဉာဏ်ပညာမျိုး၊ ဒီလိုအံ့ဖွယ်အမှုတွေ လုပ်နိုင်တဲ့အစွမ်းမျိုးကို သူ ဘယ်ကရတာလဲ။+ ၅၅ သူဟာ လက်သမားရဲ့သား မဟုတ်လား။+ သူ့အမေက မာရိ၊ သူ့ညီတွေက ယာကုပ်၊ ယောသပ်၊ ရှိမုန်နဲ့ ယုဒ မဟုတ်လား။+ ၅၆ သူ့နှမတွေလည်း ဒီမြို့မှာ ရှိနေတာပဲ။ ဒါဆိုရင် ဒီလိုဉာဏ်ပညာမျိုး၊ ဒီလိုအံ့ဖွယ်အမှုတွေ လုပ်နိုင်တဲ့အစွမ်းကို သူ ဘယ်ကရတာလဲ”+ လို့ပြောကြတယ်။ ၅၇ ယေရှုကို သူတို့ လက်မခံကြဘူး။+ ယေရှုက “ပရောဖက်ဟာ လူတွေရဲ့လေးစားမှုကို ရတယ်။ ဒါပေမဲ့ သူ့နေရင်းဒေသ၊ သူ့အိမ်မှာတော့ လေးစားမခံရဘူး”+ လို့ပြောတယ်။ ၅၈ သူတို့ ယုံကြည်ခြင်း မရှိတဲ့အတွက် အဲဒီမှာ အံ့ဖွယ်အမှုတွေ အများကြီး လုပ်ပြမနေတော့ဘူး။
-