ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မဿဲ ၁၄:၁၅-၂၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ ညနေစောင်းတဲ့အခါ တပည့်တွေက “ဒီနေရာဟာ လူသိပ်ခေါင်တယ်။ အချိန်လည်း နှောင်းလှပြီ။ လူတွေကို ပြန်လွှတ်လိုက်ပါ။ အနီးအနားရွာတွေမှာ စားစရာ သွားဝယ်ကြပါစေ” လို့ပြောတယ်။+ ၁၆ ဒါပေမဲ့ ယေရှုက “သူတို့ သွားစရာ မလိုပါဘူး။ ခင်ဗျားတို့ ကျွေးလိုက်ပါ” လို့ပြောတော့၊ ၁၇ တပည့်တွေက  “ကျွန်တော်တို့မှာ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ပဲ ရှိတာ” လို့ ဖြေတယ်။ ၁၈ ဒါနဲ့ ယေရှုက “အဲဒီမုန့်နဲ့ ငါးတွေကို ယူခဲ့” လို့ပြောပြီး၊ ၁၉ လူအုပ်ကို  မြက်ခင်းပေါ် ထိုင်ခိုင်းတယ်။ ပြီးတော့ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို  ယူ၊  ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းတယ်။*+ မုန့်ကိုဖဲ့ပြီးနောက်  တပည့်တွေကို ဝေပေးတယ်။ တပည့်တွေက လူအုပ်ကို ပြန်ဝေပေးတယ်။ ၂၀ လူတွေ အဝစားပြီးတဲ့နောက် စားကြွင်းစားကျန်တွေကို လိုက်ကောက်တဲ့အခါ  ၁၂ တောင်းအပြည့်ရတယ်။+ ၂၁ စားတဲ့သူတွေက ယောက်ျား ၅,၀၀၀ လောက် ရှိတယ်။ အမျိုးသမီးတွေ၊ ကလေးတွေလည်းရှိသေးတယ်။+

  • လုကာ ၉:၁၂-၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ နေ့တာကုန်ခါနီးမှာ တမန်တော် ၁၂ ယောက်က ယေရှုဆီလာပြီး “ဆရာ၊ ဒီနေရာဟာ လူသိပ်ခေါင်တယ်။ လူတွေကို ပြန်လွှတ်လိုက်ပါ။ ဒါမှ အနီးအနားကျေးရွာတွေမှာ သူတို့ တည်းခိုပြီး စားစရာတွေ ရနိုင်မှာ” လို့ပြောတယ်။+ ၁၃ ယေရှုက “သူတို့ကို ခင်ဗျားတို့ ကျွေးလိုက်ပါ”+ လို့ပြောတော့ တပည့်တွေက “မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ပဲ ရှိတာ။ ဒီလူအားလုံးစားဖို့ ကျွန်တော်တို့ သွားဝယ်ရမှာလား”  လို့မေးကြတယ်။ ၁၄ အဲဒီမှာ  ယောက်ျား  ၅,၀၀၀  လောက်ရှိတယ်။ ယေရှုက “လူတွေကို အယောက် ၅၀ စီ၊ အစုလိုက် ထိုင်ခိုင်းလိုက်ပါ” လို့ပြောတော့၊ ၁၅ တပည့်တွေလည်း ယေရှုပြောတဲ့အတိုင်း လူတွေကို  ထိုင်ခိုင်းတယ်။ ၁၆ ယေရှုက  မုန့်ငါးလုံးနဲ့  ငါးနှစ်ကောင်ကိုယူ၊  ကောင်းကင်ကို  မော့ကြည့်ပြီး  ဆုတောင်းတယ်။*  အဲဒီနောက် မုန့်ကိုဖဲ့ပြီး တပည့်တွေကို ပေးတယ်။ တပည့်တွေက လူတွေကို ပြန်ဝေပေးတယ်။ ၁၇ အားလုံး ဝဝလင်လင် စားပြီးတဲ့နောက် စားကြွင်းစားကျန်တွေ  လိုက်ကောက်တဲ့အခါ ၁၂ တောင်း ရတယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ