-
၂ ဘုရင်များ ၄:၄၂-၄၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၂ နောက်တော့ ဗာလရှလိရှအရပ်က+ လူတစ်ယောက်ဟာ သီးဦးသီးဖျား မုယောနဲ့ လုပ်ထားတဲ့ မုန့်အလုံး ၂၀ နဲ့+ ကောက်နှံအသစ်တစ်အိတ်ကို ဘုရားသခင်ရဲ့လူအတွက် ယူလာပေးတယ်။+ ဒါနဲ့ ဧလိရှဲက “လူတွေကို ကျွေးလိုက်ပါ” လို့ပြောတယ်။ ၄၃ ဒါပေမဲ့ နောက်လိုက်က “ဒါလေးနဲ့ လူ ၁၀၀ ကို ဘယ်လို ကျွေးမှာလဲ”+ လို့မေးတဲ့အခါ ဧလိရှဲက “ကျွေးသာ ကျွေးလိုက်ပါ။ ‘စားပြီးရင် ကျန်တောင် ကျန်ဦးမယ်’+ ဆိုပြီး ယေဟောဝါဘုရား ပြောထားတယ်” လို့ဖြေတယ်။ ၄၄ နောက်လိုက်လည်း လူတွေကို ကျွေးတော့ ယေဟောဝါ ပြောတဲ့အတိုင်း အဝစားရတဲ့အပြင် ကျန်တောင် ကျန်သေးတယ်။+
-
-
မဿဲ ၁၅:၃၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၃ တပည့်တွေက “ဒီလောက်များတဲ့ လူအုပ်ကို အဝကျွေးနိုင်လောက်တဲ့ စားစရာ ဘယ်ကရနိုင်မှာလဲ။ ဒီနေရာက သိပ်ခေါင်တယ်”+ လို့ ပြောတယ်။
-
-
ယောဟန် ၆:၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ဖိလိပ္ပုက “ဒေနာရိ* နှစ်ရာဖိုး ဝယ်ပြီး တစ်ယောက် နည်းနည်းစီပေးရင်တောင် လောက်မယ်မထင်ဘူး” လို့ပြန်ဖြေတယ်။
-