-
လုကာ ၂၀:၄၅-၄၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၅ လူအားလုံး နားထောင်နေတုန်း ယေရှုက တပည့်တွေကို၊ ၄၆ “ကျမ်းတတ်တွေကို သတိထားကြ။ သူတို့က ဝတ်လုံရှည်တွေ ဝတ်ပြီး သွားလာချင်တယ်။ စျေးမှာ ရိုရိုသေသေ နှုတ်ဆက်တာကို ခံချင်တယ်။ တရားဇရပ်ဆိုရင် ရှေ့ဆုံးခုံမှာ၊ စားသောက်ပွဲဆိုရင်လည်း အထင်ပေါ်ဆုံးနေရာမှာပဲ ထိုင်ချင်တယ်။+ ၄၇ မုဆိုးမတွေရဲ့အိမ်ကို မတရား သိမ်းယူတတ်တယ်။ လူမြင်ကောင်းအောင် အရှည်ကြီး ဆုတောင်းတတ်တယ်။ ဒါကြောင့် ပိုကြီးလေးတဲ့ ပြစ်ဒဏ်ကို သူတို့ခံရလိမ့်မယ်” လို့ပြောတယ်။
-