-
မဿဲ ၉:၁၄၊ ၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ ယောဟန်ရဲ့ တပည့်တွေက ယေရှုဆီလာပြီး “ကျွန်တော်တို့ရော ဖာရိရှဲတွေပါ အစာရှောင်ကြတယ်။ ဆရာ့တပည့်တွေကျတော့ ဘာလို့ အစာမရှောင်တာလဲ” ဆိုပြီး မေးတယ်။+ ၁၅ ယေရှုက “သတို့သားရဲ့ သူငယ်ချင်းတွေက သတို့သားနဲ့အတူ+ ရှိနေချိန်မှာ ဝမ်းနည်းပူဆွေးကြလို့လား။ ဒါပေမဲ့ သတို့သားကို သူတို့ဆီကနေ ခေါ်သွားမယ့်နေ့ ရောက်လာလိမ့်မယ်။+ အဲဒီအခါကျမှ သူတို့ အစာရှောင်လိမ့်မယ်။
-
-
လုကာ ၅:၃၃-၃၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၃ လူတချို့က “ယောဟန်ရဲ့တပည့်တွေရော ဖာရိရှဲတွေရဲ့တပည့်တွေပါ ခဏခဏ အစာရှောင်ပြီး ဆုတောင်းတတ်ကြတယ်။ ခင်ဗျားရဲ့တပည့်တွေကျတော့ စားသောက်ကြနေပါလား” လို့ပြောတဲ့အခါ၊+ ၃၄ ယေရှုက “သတို့သားနဲ့အတူ ရှိနေချိန်မှာ သတို့သားရဲ့ သူငယ်ချင်းတွေကို အစာရှောင်ခိုင်းလို့ရသလား။ ၃၅ သတို့သားကို+ သူတို့ဆီကနေ ခေါ်သွားမယ့်နေ့ ရောက်လာလိမ့်မယ်။ အဲဒီနေ့ကျမှ သူတို့ အစာရှောင်လိမ့်မယ်”+ လို့ပြောတယ်။
-