-
မဿဲ ၁၂:၁-၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ဥပုသ်နေ့တစ်နေ့မှာ ယေရှုနဲ့တပည့်တွေ လယ်ကွက်ထဲ ဖြတ်လျှောက်သွားတုန်း တပည့်တွေက ဗိုက်ဆာဆာနဲ့ ကောက်နှံကို ဆွတ်ခူးပြီး စားကြတယ်။+ ၂ ဒါကို ဖာရိရှဲတွေ မြင်တဲ့အခါ “ခင်ဗျားတပည့်တွေက ဥပုသ်နေ့မှာ လုပ်ခွင့်မရှိတာတွေ လုပ်နေပါလား”+ လို့ပြောတော့၊ ၃ ယေရှုက “ဒါဝိဒ်နဲ့ သူ့လူတွေ ဗိုက်ဆာတဲ့အခါ ဒါဝိဒ် ဘာလုပ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့ မဖတ်ဖူးဘူးလား။+ ၄ ဘုရားသခင့်အိမ်တော်ထဲ ဝင်ပြီး သူနဲ့ သူ့လူတွေ စားခွင့်မရှိတဲ့၊ ပုရောဟိတ်တွေပဲ စားခွင့်ရှိတဲ့+ ရှေ့တော်မုန့်ကို+ စားခဲ့တယ် မဟုတ်လား။ ၅ ပြီးတော့၊ ဗိမာန်တော်မှာရှိတဲ့ ပုရောဟိတ်တွေဟာ ဥပုသ်နေ့တွေမှာ အလုပ်လုပ်ပေမဲ့ အပြစ်မသင့်တဲ့အကြောင်း ပညတ်ကျမ်းမှာ ခင်ဗျားတို့ မဖတ်ဖူးဘူးလား။+ ၆ ကျွန်တော် ပြောမယ်။ အခု ဒီနေရာမှာ ဗိမာန်တော်ထက် ကြီးမြတ်တဲ့သူ ရှိနေတယ်။+ ၇ ‘ပူဇော်သက္ကာကို ငါမလိုချင်ဘူး။+ သနားကြင်နာတတ်တာကိုပဲ လိုချင်တယ်’+ ဆိုတဲ့ ကျမ်းစကားရဲ့ အဓိပ္ပာယ်ကိုသာ နားလည်ခဲ့ရင် အပြစ်မရှိသူတွေကို ခင်ဗျားတို့ အပြစ်တင်မှာ မဟုတ်ဘူး။ ၈ လူသားဟာ ဥပုသ်နေ့ရဲ့သခင်ပဲ”+ လို့ပြန်ပြောတယ်။
-
-
လုကာ ၆:၁-၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ဥပုသ်နေ့တစ်နေ့မှာ လယ်ကွက်ထဲ ဖြတ်လျှောက်သွားနေတုန်း ယေရှုရဲ့တပည့်တွေက ကောက်နှံကို ဆွတ်ပြီး+ လက်နဲ့ပွတ်စားကြတယ်။+ ၂ အဲဒီအခါ ဖာရိရှဲတချို့က “ဥပုသ်နေ့မှာ လုပ်ခွင့်မရှိတာကို ဘာလို့ လုပ်နေကြတာလဲ”+ လို့မေးတော့၊ ၃ ယေရှုက “ဒါဝိဒ်နဲ့သူ့လူတွေ ဗိုက်ဆာတဲ့အခါ ဒါဝိဒ် ဘာလုပ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့ မဖတ်ဖူးဘူးလား။+ ၄ ဘုရားသခင့်အိမ်တော်ထဲ ဝင်ပြီး ပုရောဟိတ်တွေကလွဲလို့ ဘယ်သူမှ စားခွင့်မရှိတဲ့ ရှေ့တော်မုန့်ကို ရတဲ့အခါ သူစားတယ်။ သူ့လူတွေကိုလည်း ကျွေးခဲ့တယ်”+ လို့ပြောပြီး၊ ၅ “လူသားဟာ ဥပုသ်နေ့ရဲ့သခင်ပဲ”+ လို့ပြောလိုက်တယ်။
-