-
၁ ရှမွေလ ၂၁:၁-၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ နောက်တော့ ဒါဝိဒ်က ပုရောဟိတ် အဟိမလက်ရှိနေတဲ့ နောဗမြို့ကို+ ရောက်လာတယ်။ အဟိမလက်က ဒါဝိဒ်ကိုတွေ့တဲ့အခါ ထိတ်လန့်သွားပြီး “ဘာလို့ တစ်ယောက်တည်း လာတာလဲ။ ဘယ်သူမှ မပါဘူးလား”+ လို့မေးတယ်။ ၂ အဲဒီအခါ ဒါဝိဒ်က “မင်းကြီးခိုင်းလိုက်တဲ့ ကိစ္စတစ်ခု ရှိလို့ပါ။ မင်းကြီးက ‘ဘာကိစ္စနဲ့ မင်းကိုလွှတ်တယ်၊ ဘာတွေ ခိုင်းလိုက်တယ်ဆိုတာ ဘယ်သူ့ကိုမှ မသိစေနဲ့’ လို့ မှာလိုက်တယ်။ ကျွန်တော့်လူတွေနဲ့ တွေ့ဖို့ တစ်နေရာမှာ ချိန်းထားပြီးပါပြီ။ ၃ ဒါကြောင့် မုန့်ငါးလုံးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ရှိတာလေး ကျွန်တော့်ကို ပေးလိုက်ပါ” ဆိုပြီးပြောတယ်။ ၄ ပုရောဟိတ်က “ရိုးရိုးမုန့်တော့ မရှိဘူး။ သန့်ရှင်းတဲ့မုန့်ပဲ ရှိတယ်။+ မင်းရဲ့လူတွေက မိန်းမကိစ္စနဲ့ ကင်းရင်တော့ ဒီမုန့်ကို ယူသွားပါ”+ လို့ပြောတယ်။ ၅ ဒါဝိဒ်ကလည်း “ကျွန်တော်တို့က ခါတိုင်း စစ်တိုက်ထွက်တုန်းကလိုပဲ မိန်းမကိစ္စနဲ့ ကင်းပါတယ်။+ ပုံမှန်တာဝန် ထမ်းဆောင်ချိန်မှာတောင် ကျွန်တော့်လူတွေဟာ သန့်ရှင်းပါတယ်။ အခုလို အထူးတာဝန် ထမ်းဆောင်ချိန်မှာဆိုရင် ပိုလို့တောင် သန့်ရှင်းပါတယ်” ဆိုပြီး ပြောတယ်။ ၆ အဲဒီနေ့မှာ မုန့်အသစ်နဲ့လဲဖို့ ယေဟောဝါရှေ့ကနေ ဖယ်ထားတဲ့ ရှေ့တော်မုန့်ကလွဲလို့ တခြားမုန့် မရှိဘူး။ ဒါနဲ့ ပုရောဟိတ်လည်း အဲဒီသန့်ရှင်းတဲ့ မုန့်တွေကိုပဲ ပေးလိုက်တယ်။+
-