-
မဿဲ ၇:၂၄-၂၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ “ဒါကြောင့် ကျွန်တော်ပြောနေတဲ့ ဒီစကားတွေကို ကြားပြီး လိုက်နာတဲ့သူဟာ ကျောက်သားပေါ်မှာ အိမ်ဆောက်တဲ့ သတိပညာရှိသူနဲ့ တူတယ်။+ ၂၅ မိုးသဲသဲမဲမဲ ရွာလို့ ရေတွေတက်လာပြီး လေပြင်းတိုက်ခတ်တဲ့အခါ အဲဒီအိမ်ဟာ ကျောက်ဆောင်ပေါ်မှာ ဆောက်ထားတဲ့အတွက် မပြိုလဲဘူး။ ၂၆ ကျွန်တော်ပြောနေတဲ့ ဒီစကားတွေကို ကြားပေမဲ့ မလိုက်နာသူကတော့ သဲပေါ်မှာ အိမ်ဆောက်တဲ့ ဉာဏ်မရှိသူနဲ့ တူတယ်။+ ၂၇ မိုးသဲသဲမဲမဲ ရွာလို့ ရေတွေတက်လာပြီး လေပြင်းတိုက်ခတ်တဲ့အခါ+ အဲဒီအိမ် ပြိုလဲပြီး လုံးဝပျက်စီးသွားတယ်။”
-