-
မဿဲ ၁၁:၁၆-၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ “ဒီလူမျိုးဆက်ကို ဘယ်သူနဲ့နှိုင်းရမလဲ။+ သူတို့ဟာ စျေးထဲမှာထိုင်ပြီး ကစားဖော်တွေကို အော်ပြောနေတဲ့ ကလေးတွေနဲ့ တူတယ်။ ၁၇ အဲဒီကလေးတွေက ‘ငါတို့ ပလွေမှုတ်တော့လည်း နင်တို့ မကကြဘူး။ ငါတို့ ငိုချင်းချတော့လည်း နင်တို့ ရင်ဘတ်ထုပြီး မငိုကြဘူး’ လို့ပြောတယ်။ ၁၈ အဲဒီလိုပဲ သူတို့လည်း အများတကာလို မသောက်မစားတတ်တဲ့ ယောဟန် ရောက်လာတော့ ‘ဒီလူဟာ နတ်ဆိုးပူးနေတာပဲ’ လို့ ပြောကြတယ်။ ၁၉ အများတကာလို စားသောက်တဲ့ လူသား ရောက်လာတော့+ ‘အခွန်ခံတွေ၊ အပြစ်သားတွေနဲ့ မိတ်ဖွဲ့သူ၊ စားကြူးသောက်ကြူးသူ’+ လို့ပြောကြပြန်တယ်။ ဘာပဲပြောပြော၊ ဉာဏ်ပညာဟာ ဖြောင့်မတ်တယ်ဆိုတာကို လုပ်ရပ်တွေနဲ့ သက်သေပြလိမ့်မယ်။”+
-