-
၁ ဘုရင်များ ၁၀:၄-၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ ရှေဘဘုရင်မက ရှောလမုန်ရဲ့ ဉာဏ်ပညာကြီးမားပုံ၊+ တည်ဆောက်ထားတဲ့ နန်းတော်၊+ ၅ ပွဲတော်စာတွေ၊+ မှူးမတ်တွေအတွက် နေရာထိုင်ခင်း စီစဉ်ပုံ၊ ပွဲတော်အမှုထမ်းတွေရဲ့ တည်ခင်းဧည့်ခံပုံနဲ့ ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်တွေ၊ ယေဟောဝါရဲ့အိမ်တော်မှာ ပုံမှန်ပူဇော်တဲ့ မီးရှို့ရာ ပူဇော်သက္ကာတွေကို မြင်လိုက်ရတဲ့အခါ ရင်သပ်ရှုမော ဖြစ်သွားတယ်။ ၆ ဒါကြောင့် “မင်းကြီးရဲ့ အောင်မြင်မှုသတင်း၊ ဉာဏ်ပညာကြီးမားတဲ့ သတင်းက ကျွန်မရဲ့တိုင်းပြည်အထိ ပျံ့နေတယ်။ ဒီသတင်း သိပ်မှန်တာပဲ။ ၇ ဒီကိုလာပြီး မျက်စိနဲ့ တပ်အပ်မမြင်ရခင်က ဒီသတင်းကို မယုံခဲ့ဘူး။ ကြည့်ပါဦး။ ကျွန်မကြားထားတာတွေဟာအကုန်မဟုတ်သေးပါလား။ မင်းကြီးရဲ့ ဉာဏ်ပညာနဲ့ ဘုန်းစည်းစိမ်ဟာ ကျွန်မကြားထားတာထက် အဆမတန် သာလွန်နေပါလား။
-