-
မဿဲ ၂၈:၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၈ ဥပုသ်နေ့အကုန် သီတင်းပတ်ရဲ့ ပထမနေ့ မိုးလင်းခါစမှာ မာရိနဲ့ မာဂဒလမာရိက သင်္ချိုင်းဂူကို သွားကြည့်တယ်။+
-
-
မဿဲ ၂၈:၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ အမျိုးသမီးတွေက သင်္ချိုင်းဂူကနေ အမြန်ထွက်သွားတယ်။ သူတို့ကြောက်နေပေမဲ့ တပည့်တွေကို ပြောပြဖို့ ဝမ်းသာအားရ ပြေးသွားတယ်။+
-
-
လုကာ ၂၄:၉-၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ ဒါနဲ့ သင်္ချိုင်းဂူကနေ ပြန်လာပြီး တမန်တော် ၁၁ ယောက်နဲ့ ကျန်တဲ့တပည့်တွေကို အကြောင်းစုံ ပြောပြကြတယ်။+ ၁၀ အဲဒီအမျိုးသမီးတွေကတော့ မာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်ရဲ့မိခင် မာရိတို့ဖြစ်တယ်။ သူတို့နဲ့အတူလိုက်လာတဲ့ တခြားအမျိုးသမီးတွေကလည်း တမန်တော်တွေကို အဲဒီအကြောင်း ပြောပြကြတယ်။ ၁၁ အမျိုးသမီးတွေရဲ့စကားက ယုတ္တိမရှိပုံပေါက်နေတော့ သူတို့ မယုံကြဘူး။
-