-
မဿဲ ၈:၂၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ ဒီလိုနဲ့ အိုင်ထဲမှာ လေမုန်တိုင်းကျလာတယ်။ လှိုင်းလုံးတွေကြီးလွန်းလို့ လှေနစ်လုမတတ် ဖြစ်နေပေမဲ့ ယေရှုကတော့ အိပ်ပျော်နေတယ်။+
-
-
မဿဲ ၁၄:၂၄-၃၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ အဲဒီအချိန်မှာ လှေက ကမ်းနဲ့ အတော်ဝေးဝေးကို* ရောက်နေပြီ။ လှိုင်းလေထန်တဲ့အတွက် တပည့်တွေက လှေကိုမနည်းထိန်းနေရတယ်။ ၂၅ မိုးသောက်ယံ* ရောက်တော့ ယေရှုက ရေပေါ် လမ်းလျှောက်ပြီး သူတို့ဆီ လာတယ်။ ၂၆ ရေပေါ် လမ်းလျှောက်လာတာကို မြင်တဲ့အခါ တပည့်တွေက ကြောက်ကြောက်နဲ့ “ဟိုမှာ၊ ဟိုမှာ ဘာကြီးပါလိမ့်” ဆိုပြီး အလန့်တကြား အော်ကြတယ်။ ၂၇ ချက်ချင်းပဲ ယေရှုက “မကြောက်ပါနဲ့။ ကျွန်တော်ပါ” လို့ ပြောတဲ့အခါ၊+ ၂၈ ပေတရုက “သခင်၊ တကယ်ပဲ သခင်ဟုတ်တယ်ဆိုရင် ကျွန်တော်လည်း ရေပေါ် လမ်းလျှောက်ပြီး သခင့်ဆီလာဖို့ အမိန့်ရှိပါ” လို့ ပြန်ပြောတယ်။ ၂၉ ယေရှုက “လာခဲ့လေ” ဆိုတော့ ပေတရုက လှေပေါ်ကနေ ဆင်းပြီး ရေပေါ် လမ်းလျှောက်လာတယ်။ ၃၀ ဒါပေမဲ့ မုန်တိုင်းထန်နေတာကို မြင်တော့ ကြောက်စိတ်ဝင်ပြီး နစ်တော့မလို ဖြစ်သွားတယ်။ “သခင်၊ ကယ်ပါဦး” လို့အော်တဲ့အခါ၊ ၃၁ ယေရှုက ချက်ချင်း လက်ကိုဆန့်၊ သူ့ကိုလှမ်းဆွဲလိုက်ပြီး “ယုံကြည်ခြင်းနည်းတဲ့သူ၊ ဘာလို့ သံသယဝင်တာလဲ”+ လို့ ပြောတယ်။ ၃၂ သူတို့ လှေပေါ်ရောက်တဲ့အခါ မုန်တိုင်းငြိမ်သွားတယ်။ ၃၃ လှေထဲမှာရှိတဲ့ တပည့်တွေက ဦးညွှတ်ပြီး “သခင်ဟာ တကယ်ပဲ ဘုရားသခင်ရဲ့သားပါ” လို့ပြောကြတယ်။
-