-
ရောမ ၈:၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၈ ဘုရားသခင်က မိမိကိုချစ်တဲ့သူတွေ၊ အလိုတော်နဲ့အညီ ခေါ်တော်မူခြင်းခံရသူတွေရဲ့ ကောင်းကျိုးအတွက် မိမိလုပ်ဆောင်သမျှကို စည်းစနစ်တကျ ဖြစ်စေမှန်း+ ကျွန်တော်တို့ သိကြတယ်။
-
-
ဧဖက် ၁:၁၃၊ ၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ ခင်ဗျားတို့လည်း ကယ်တင်ခြင်း သတင်းကောင်းဖြစ်တဲ့ အမှန်တရားကို ကြားသိရပြီးနောက် ခရစ်တော်ကို မျှော်လင့်ခဲ့ကြတယ်။ အဲဒီလို ယုံကြည်လာပြီးတဲ့နောက် ကတိတော်အတိုင်း ခရစ်တော်ကတစ်ဆင့် သန့်ရှင်းသော စွမ်းအားတော်နဲ့ တံဆိပ်ခတ်ခံရတယ်။+ ၁၄ အဲဒီစွမ်းအားတော်ဟာ ကျွန်တော်တို့ အမွေရမယ်ဆိုတဲ့ အာမခံချက်ပဲ။*+ အဲဒီလို တံဆိပ်ခတ်တာဟာ ဘုရားသခင့် ပိုင်ဆိုင်ရာတွေကို+ ရွေးဖိုးအားဖြင့်+ လွတ်မြောက်စေဖို့၊ ဘုရားကို ဂုဏ်တင်ချီးမွမ်းစေဖို့ ဖြစ်တယ်။
-