ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဗျာဒိတ် ၁၆
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

မာတိကာ

      • ဘုရားသခင့် အမျက်တော်ဖလား ခုနစ်လုံး (၁-၂၁)

        • ကမ္ဘာမြေပေါ် လောင်းချ (၂)၊ ပင်လယ်ပေါ် (၃)၊ မြစ်တွေ၊ စမ်းရေတွေပေါ် (၄-၇)၊ နေပေါ် (၈၊ ၉)၊ သားရဲရဲ့ရာဇပလ္လင်ပေါ် (၁၀၊ ၁၁)၊ ယူဖရေးတီးမြစ်ပေါ် (၁၂-၁၆)၊ လေထုထဲ (၁၇-၂၁)

        • ဘုရားသခင့်စစ်ပွဲ အာမဂေဒုန် (၁၄၊ ၁၆)

ဗျာဒိတ် ၁၆:၁

ကျမ်းညွှန်းများ

  • +ဗ ၁၆:၁၇
  • +ဆ ၆၉:၂၄; ဇေ ၃:၈

ဗျာဒိတ် ၁၆:၂

ကျမ်းညွှန်းများ

  • +ဗ ၈:၇
  • +ဗ ၁၃:၁၆၊ ၁၈
  • +ဗ ၁၃:၁၅; ၁၉:၂၀
  • +ထွ ၉:၁၀

ဗျာဒိတ် ၁၆:၃

ကျမ်းညွှန်းများ

  • +ဗ ၈:၈
  • +ထွ ၇:၂၀
  • +ရှာ ၅၇:၂၀

ဗျာဒိတ် ၁၆:၄

ကျမ်းညွှန်းများ

  • +ဗ ၈:၁၀
  • +ထွ ၇:၂၀; ဆ ၇၈:၄၄

ဗျာဒိတ် ၁၆:၅

ကျမ်းညွှန်းများ

  • +ဗ ၁:၄
  • +ဆ ၁၄၅:၁၇; ဗ ၁၅:၄
  • +တရ ၃၂:၄; ဆ ၁၁၉:၁၃၇

ဗျာဒိတ် ၁၆:၆

ကျမ်းညွှန်းများ

  • +ဆ ၇၉:၃
  • +ရှာ ၄၉:၂၆
  • +ဗ ၁၈:၂၀

ဗျာဒိတ် ၁၆:၇

အောက်ခြေမှတ်ချက်များ

  • *

    နောက်ဆက်တွဲ က၅ ကိုကြည့်။

ကျမ်းညွှန်းများ

  • +ထွ ၆:၃
  • +ဆ ၁၉:၉; ၁၁၉:၁၃၇; ဗ ၁၉:၁၊ ၂

ဗျာဒိတ် ၁၆:၈

ကျမ်းညွှန်းများ

  • +ဗ ၈:၁၂

ဗျာဒိတ် ၁၆:၁၀

ကျမ်းညွှန်းများ

  • +ထွ ၁၀:၂၁; ရှာ ၈:၂၂

ဗျာဒိတ် ၁၆:၁၂

ကျမ်းညွှန်းများ

  • +ဗ ၉:၁၃၊ ၁၄
  • +ယေ ၅၀:၃၈
  • +ရှာ ၄၄:၂၇၊ ၂၈

ဗျာဒိတ် ၁၆:၁၃

အောက်ခြေမှတ်ချက်များ

  • *

    မူရင်း၊ “နတ်ဆိုးသုံးပါး။”

ကျမ်းညွှန်းများ

  • +ဗ ၁၂:၃

ဗျာဒိတ် ၁၆:၁၄

ကျမ်းညွှန်းများ

  • +ဗ ၁၃:၁၁၊ ၁၃
  • +ရှာ ၁၃:၆; ယေ ၂၅:၃၃; ယဇ ၃၀:၃; ယလ ၁:၁၅; ၂:၁၊ ၁၁; ဇေ ၁:၁၅; ၂ပေ ၃:၁၁၊ ၁၂
  • +ဗ ၁၉:၁၉

ဗျာဒိတ် ၁၆:၁၅

ကျမ်းညွှန်းများ

  • +၁သ ၅:၂; ၂ပေ ၃:၁၀
  • +ဗ ၃:၁၈
  • +လု ၂၁:၃၆

ဗျာဒိတ် ၁၆:၁၆

အောက်ခြေမှတ်ချက်များ

  • *

    ဂရိလို “ဟာမဂေဒုန်။” ‘မေဂိဒေါတောင်’ လို့ အဓိပ္ပာယ်ရတဲ့ ဟီဘရူးစကားလုံးကနေ ဆင်းသက်လာ။

ကျမ်းညွှန်းများ

  • +၂ရ ၃၅:၂၂; ဇာ ၁၂:၁၁; ဗ ၁၉:၁၉

ဗျာဒိတ် ၁၆:၁၇

ကျမ်းညွှန်းများ

  • +ဗ ၁၆:၁

ဗျာဒိတ် ၁၆:၁၈

ကျမ်းညွှန်းများ

  • +ယဇ ၃၈:၁၉; ဒံ ၁၂:၁; ဟီ ၁၂:၂၆

ဗျာဒိတ် ၁၆:၁၉

ကျမ်းညွှန်းများ

  • +ဗ ၁၇:၁၈
  • +ဗ ၁၈:၂
  • +ယေ ၂၅:၁၅; ဗ ၁၅:၇

ဗျာဒိတ် ၁၆:၂၀

ကျမ်းညွှန်းများ

  • +ဗ ၆:၁၄

ဗျာဒိတ် ၁၆:၂၁

အောက်ခြေမှတ်ချက်များ

  • *

    ဂရိတဲလင့်က ၂၀.၄ ကီလိုနဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

ကျမ်းညွှန်းများ

  • +ယဘ ၃၈:၂၂၊ ၂၃
  • +ထွ ၉:၂၄

အထွေထွေ

ဗျာ. ၁၆:၁ဗ ၁၆:၁၇
ဗျာ. ၁၆:၁ဆ ၆၉:၂၄; ဇေ ၃:၈
ဗျာ. ၁၆:၂ဗ ၈:၇
ဗျာ. ၁၆:၂ဗ ၁၃:၁၆၊ ၁၈
ဗျာ. ၁၆:၂ဗ ၁၃:၁၅; ၁၉:၂၀
ဗျာ. ၁၆:၂ထွ ၉:၁၀
ဗျာ. ၁၆:၃ဗ ၈:၈
ဗျာ. ၁၆:၃ထွ ၇:၂၀
ဗျာ. ၁၆:၃ရှာ ၅၇:၂၀
ဗျာ. ၁၆:၄ဗ ၈:၁၀
ဗျာ. ၁၆:၄ထွ ၇:၂၀; ဆ ၇၈:၄၄
ဗျာ. ၁၆:၅ဗ ၁:၄
ဗျာ. ၁၆:၅ဆ ၁၄၅:၁၇; ဗ ၁၅:၄
ဗျာ. ၁၆:၅တရ ၃၂:၄; ဆ ၁၁၉:၁၃၇
ဗျာ. ၁၆:၆ဆ ၇၉:၃
ဗျာ. ၁၆:၆ရှာ ၄၉:၂၆
ဗျာ. ၁၆:၆ဗ ၁၈:၂၀
ဗျာ. ၁၆:၇ထွ ၆:၃
ဗျာ. ၁၆:၇ဆ ၁၉:၉; ၁၁၉:၁၃၇; ဗ ၁၉:၁၊ ၂
ဗျာ. ၁၆:၈ဗ ၈:၁၂
ဗျာ. ၁၆:၁၀ထွ ၁၀:၂၁; ရှာ ၈:၂၂
ဗျာ. ၁၆:၁၂ဗ ၉:၁၃၊ ၁၄
ဗျာ. ၁၆:၁၂ယေ ၅၀:၃၈
ဗျာ. ၁၆:၁၂ရှာ ၄၄:၂၇၊ ၂၈
ဗျာ. ၁၆:၁၃ဗ ၁၂:၃
ဗျာ. ၁၆:၁၄ဗ ၁၃:၁၁၊ ၁၃
ဗျာ. ၁၆:၁၄ရှာ ၁၃:၆; ယေ ၂၅:၃၃; ယဇ ၃၀:၃; ယလ ၁:၁၅; ၂:၁၊ ၁၁; ဇေ ၁:၁၅; ၂ပေ ၃:၁၁၊ ၁၂
ဗျာ. ၁၆:၁၄ဗ ၁၉:၁၉
ဗျာ. ၁၆:၁၅၁သ ၅:၂; ၂ပေ ၃:၁၀
ဗျာ. ၁၆:၁၅ဗ ၃:၁၈
ဗျာ. ၁၆:၁၅လု ၂၁:၃၆
ဗျာ. ၁၆:၁၆၂ရ ၃၅:၂၂; ဇာ ၁၂:၁၁; ဗ ၁၉:၁၉
ဗျာ. ၁၆:၁၇ဗ ၁၆:၁
ဗျာ. ၁၆:၁၈ယဇ ၃၈:၁၉; ဒံ ၁၂:၁; ဟီ ၁၂:၂၆
ဗျာ. ၁၆:၁၉ဗ ၁၇:၁၈
ဗျာ. ၁၆:၁၉ဗ ၁၈:၂
ဗျာ. ၁၆:၁၉ယေ ၂၅:၁၅; ဗ ၁၅:၇
ဗျာ. ၁၆:၂၀ဗ ၆:၁၄
ဗျာ. ၁၆:၂၁ယဘ ၃၈:၂၂၊ ၂၃
ဗျာ. ၁၆:၂၁ထွ ၉:၂၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ဗျာဒိတ် ၁၆:၁-၂၁

ဗျာဒိတ်

၁၆ သန့်ရှင်းရာဌာနကနေ ကျယ်လောင်တဲ့အသံ  ထွက်ပေါ်လာပြီး+  ကောင်းကင်တမန်ခုနစ်ပါးကို “သွားကြပါ။ ဘုရားသခင်ရဲ့ အမျက်တော်ဖလား  ခုနစ်လုံးကို ကမ္ဘာမြေပေါ် လောင်းချလိုက်ပါ”+  လို့ပြောတာကို ကျွန်တော်ကြားတယ်။

၂ ပထမကောင်းကင်တမန်က ထွက်သွားပြီး အမျက်တော်ဖလားကို ကမ္ဘာမြေပေါ် လောင်းချလိုက်တယ်။+ အဲဒီအခါ သားရဲအမှတ်တံဆိပ် ရိုက်နှိပ်ထားသူတွေနဲ့+ သားရဲရုပ်တုကို ကိုးကွယ်တဲ့သူတွေရဲ့+ ကိုယ်ပေါ်မှာ နာကျင်ဆိုးဝါးတဲ့ အနာစိမ်းတွေ ပေါက်လာတယ်။+

၃ ဒုတိယ  ကောင်းကင်တမန်က အမျက်တော်ဖလားကို ပင်လယ်ပေါ် လောင်းချလိုက်တယ်။+ အဲဒီအခါ ပင်လယ်ဟာ လူသေရဲ့ သွေးလိုဖြစ်သွားပြီး+ ပင်လယ်ထဲမှာရှိတဲ့  သတ္တဝါအားလုံး သေကုန်တယ်။+

၄ တတိယ  ကောင်းကင်တမန်က အမျက်တော်ဖလားကို မြစ်တွေ၊ စမ်းရေတွေပေါ်  လောင်းချလိုက်တယ်။+ အဲဒီအခါ   ရေဟာ   သွေးဖြစ်သွားတယ်။+ ၅ ရေအပေါ်  အခွင့်အာဏာရှိတဲ့  ကောင်းကင်တမန်က “အတိတ်နဲ့ ပစ္စုပ္ပန်မှာ  အစဉ်တည်ရှိပြီး+  သစ္စာစောင့်သိတဲ့အရှင်၊+ ကိုယ်တော် အခုလို စီရင်ဆုံးဖြတ်တာ ဖြောင့်မှန်ပါတယ်။+ ၆ သန့်ရှင်းသူတွေ၊ ပရောဖက်တွေကို သတ်ပြီး သွေးမြေကျအောင် လုပ်ခဲ့သူတွေကို+ ကိုယ်တော်က သွေးသောက်ခိုင်းတယ်။+ ဒါဟာ သူတို့ ခံထိုက်တဲ့အရာပဲ”+ လို့ပြောတာကို ကျွန်တော် ကြားတယ်။ ၇ ပူဇော်ရာပလ္လင်ကလည်း “အနန္တတန်ခိုးရှင်+ ယေဟောဝါ* ဘုရား၊ ကိုယ်တော်ရဲ့ စီရင်ဆုံးဖြတ်ချက်တွေဟာ မှန်ကန် ဖြောင့်မတ်ပါတယ်”+ လို့ပြောတာကို ကျွန်တော်ကြားတယ်။

၈ စတုတ္ထကောင်းကင်တမန်က အမျက်တော်ဖလားကို နေပေါ် လောင်းချလိုက်တယ်။+ အဲဒီအခါ နေက လူတွေကို မီးနဲ့လောင်မြိုက်နိုင်တဲ့အခွင့် ရတယ်။ ၉ လူတွေဟာ ပြင်းထန်တဲ့ အပူရှိန်ကို ခံရတယ်။ အဲဒီအခါ ကပ်ဘေးတွေ ဖြစ်ပေါ်စေနိုင်တဲ့ ဘုရားသခင်ရဲ့နာမည်ကို စော်ကားပြောဆိုကြတယ်။ သူတို့ နောင်တမရကြဘူး။ ဘုရားသခင်ရဲ့ ဘုန်းတော်ကို မချီးမွမ်းကြဘူး။

၁၀ ပဉ္စမကောင်းကင်တမန်က အမျက်တော်ဖလားကို သားရဲရဲ့ ရာဇပလ္လင်ပေါ် လောင်းချလိုက်တယ်။ အဲဒီအခါ  သားရဲရဲ့နိုင်ငံဟာ  မှောင်မိုက်သွားတယ်။+ သူတို့က နာကျင်လွန်းလို့ ကိုယ့်လျှာကိုယ် ကိုက်ထားရတယ်။ ၁၁ နာကျင်ပြီး အနာစိမ်းတွေ ပေါက်လာတဲ့အတွက် ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ကို  သူတို့  စော်ကားပြောဆိုကြတယ်။  သူတို့ရဲ့  အကျင့်တွေအတွက် နောင်တမရကြဘူး။

၁၂ ဆဋ္ဌမကောင်းကင်တမန်က အမျက်တော်ဖလားကို ယူဖရေးတီးမြစ်ကြီးပေါ်+ လောင်းချလိုက်တယ်။ အဲဒီအခါ မြစ်ရေခန်းခြောက်သွားပြီး+ အရှေ့အရပ်ကနေလာတဲ့ ဘုရင်တွေအတွက် လမ်းပွင့်သွားတယ်။+

၁၃ အဲဒီနောက် နဂါးရဲ့ခံတွင်း၊+ သားရဲရဲ့ခံတွင်း၊ ပရောဖက်အတုအယောင်ရဲ့  ခံတွင်းထဲကနေ ဖားလို ညစ်ညူးတဲ့ သတင်းစကားသုံးခု* ထွက်လာတာကို ကျွန်တော်မြင်တယ်။ ၁၄ အဲဒီသတင်းစကားတွေဟာ နတ်ဆိုးတွေရဲ့ သတင်းစကားဖြစ်ပြီး အံ့ဖွယ်အမှုတွေ လုပ်ပြတယ်။+ အဲဒီစကားတွေက လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာရှိတဲ့ ဘုရင်တွေဆီ ထွက်သွားပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နေ့ကြီးမှာ  တိုက်မယ့်+  စစ်ပွဲအတွက် သူတို့ကို စုရုံးစေတယ်။+

၁၅ “ငါက  သူခိုးလာသလို  လာမယ်။+ အဝတ်ဗလာနဲ့ သွားလာရတဲ့အတွက်  လူတွေရှေ့  အရှက်ပေါ်ရတဲ့အဖြစ်မျိုး မရောက်အောင်+ နိုးနိုးကြားကြားနေပြီး+ ကိုယ့်ဝတ်ရုံကို ထိန်းသိမ်းတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။”

၁၆ သူတို့က ဘုရင်တွေကို ဟီဘရူးစကားနဲ့ အာမဂေဒုန်* လို့ခေါ်တဲ့ အရပ်မှာ စုရုံးတယ်။+

၁၇ သတ္တမကောင်းကင်တမန်က အမျက်တော်ဖလားကို  လေထုထဲ လောင်းချလိုက်တယ်။ အဲဒီအခါ ဗိမာန်တော်ရဲ့ သန့်ရှင်းရာဌာနကနေ၊+ ရာဇပလ္လင်ကနေ  “ပြီးဆုံးပြီ” ဆိုတဲ့ ကျယ်လောင်တဲ့အသံ  ထွက်ပေါ်လာတယ်။ ၁၈ အဲဒီနောက် လျှပ်စီးတွေ၊ စကားသံတွေ၊ မိုးခြိမ်းသံတွေ ထွက်ပေါ်လာပြီး မြေငလျင်ကြီး လှုပ်တယ်။ ကမ္ဘာမြေပေါ် လူသားတွေ စတည်ရှိချိန်ကတည်းက တစ်ခါမှ မဖြစ်ဖူးတဲ့ အင်မတန်ပြင်းထန်တဲ့ ငလျင်ကြီးပဲ။+ ၁၉ မြို့ကြီးက+ သုံးပိုင်းကွဲပြီး တိုင်းနိုင်ငံတွေရဲ့ မြို့တွေလည်း ပြိုပျက်ကုန်တယ်။ မဟာဗာဗုလုန်ကို+ အမျက်တော်ဝိုင်ခွက်+  သောက်ခိုင်းဖို့ ဘုရားသခင် သတိရတယ်။ ၂၀ ကျွန်းအားလုံး ပျောက်သွားတယ်။ တောင်တွေလည်း မရှိတော့ဘူး။+ ၂၁ တစ်လုံးကို တစ်တဲလင့်* လေးတဲ့ မိုးသီးကြီးတွေက ကောင်းကင်ကနေ လူတွေပေါ် ကျလာတယ်။+ မိုးသီးကပ်ဘေးက+ ကြီးမားပြင်းထန်လွန်းလို့ အဲဒီကပ်ဘေးကြောင့် ဘုရားသခင်ကို လူတွေ စော်ကားပြောဆိုကြတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ