ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဗျာဒိတ် ၁၈
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

မာတိကာ

      • “မဟာဗာဗုလုန်” ပြိုလဲပြီ (၁-၈)

        • “ငါ့လူတို့၊ သူ့ဆီကနေ ထွက်သွားကြ” (၄)

      • ဗာဗုလုန်ပြိုလဲလို့ ငိုကြွေး (၉-၁၉)

      • ဗာဗုလုန်ပြိုလဲလို့ ကောင်းကင်မှာ ဝမ်းမြောက် (၂၀)

      • ဗာဗုလုန်ကို ပင်လယ်ထဲ ကျောက်ခဲတစ်လုံးလို ပစ်ချ (၂၁-၂၄)

ဗျာဒိတ် ၁၈:၂

အောက်ခြေမှတ်ချက်များ

  • *

    “ရှူသွင်း ရှူထုတ်တဲ့လေ” လည်းဖြစ်နိုင်။

ကျမ်းညွှန်းများ

  • +ရှာ ၂၁:၉; ယေ ၅၁:၈; ဗ ၁၄:၈
  • +ရှာ ၁၃:၂၁; ယေ ၅၀:၃၉

ဗျာဒိတ် ၁၈:၃

အောက်ခြေမှတ်ချက်များ

  • *

    ခက်ဆစ်ကိုကြည့်။

ကျမ်းညွှန်းများ

  • +ယေ ၅၁:၇
  • +ဗ ၁၇:၁၊ ၂

ဗျာဒိတ် ၁၈:၄

ကျမ်းညွှန်းများ

  • +ယေ ၅၁:၆၊ ၄၅; ၂က ၆:၁၇
  • +ရှာ ၄၈:၂၀; ၅၂:၁၁; ယေ ၅၀:၈

ဗျာဒိတ် ၁၈:၅

ကျမ်းညွှန်းများ

  • +ယေ ၅၁:၉
  • +ဗ ၁၆:၁၉

ဗျာဒိတ် ၁၈:၆

ကျမ်းညွှန်းများ

  • +ယေ ၅၀:၂၉; ၂သ ၁:၆
  • +ဆ ၁၃၇:၈; ယေ ၅၀:၁၅
  • +ဆ ၇၅:၈
  • +ဗ ၁၆:၁၉

ဗျာဒိတ် ၁၈:၇

ကျမ်းညွှန်းများ

  • +ရှာ ၄၇:၇-၉

ဗျာဒိတ် ၁၈:၈

အောက်ခြေမှတ်ချက်များ

  • *

    နောက်ဆက်တွဲ က၅ ကိုကြည့်။

ကျမ်းညွှန်းများ

  • +ယေ ၅၀:၃၄
  • +ဝ ၂၁:၉

ဗျာဒိတ် ၁၈:၉

အောက်ခြေမှတ်ချက်များ

  • *

    ခက်ဆစ်ကိုကြည့်။

ဗျာဒိတ် ၁၈:၁၀

ကျမ်းညွှန်းများ

  • +ဒံ ၄:၃၀

ဗျာဒိတ် ၁၈:၁၃

အောက်ခြေမှတ်ချက်များ

  • *

    မီးရှို့တဲ့အခါ မွှေးကြိုင်တဲ့ အဖြူရောင်သစ်စေးတစ်မျိုး။

ဗျာဒိတ် ၁၈:၁၆

ကျမ်းညွှန်းများ

  • +ဗ ၁၇:၄

ဗျာဒိတ် ၁၈:၁၉

ကျမ်းညွှန်းများ

  • +ရှာ ၄၇:၁၁

ဗျာဒိတ် ၁၈:၂၀

ကျမ်းညွှန်းများ

  • +ယေ ၅၁:၄၈
  • +ဗ ၁၄:၁၂
  • +တရ ၃၂:၄၃; ရ ၁၂:၁၉; ဗ ၆:၉၊ ၁၀; ၁၉:၁၊ ၂

ဗျာဒိတ် ၁၈:၂၁

ကျမ်းညွှန်းများ

  • +ယေ ၅၁:၆၃၊ ၆၄

ဗျာဒိတ် ၁၈:၂၃

ကျမ်းညွှန်းများ

  • +ရှာ ၄၇:၉; ဂ ၅:၁၉၊ ၂၀

ဗျာဒိတ် ၁၈:၂၄

ကျမ်းညွှန်းများ

  • +ဗ ၆:၉၊ ၁၀; ၁၆:၅၊ ၆
  • +က ၉:၆; ယေ ၅၁:၄၉

အထွေထွေ

ဗျာ. ၁၈:၂ရှာ ၂၁:၉; ယေ ၅၁:၈; ဗ ၁၄:၈
ဗျာ. ၁၈:၂ရှာ ၁၃:၂၁; ယေ ၅၀:၃၉
ဗျာ. ၁၈:၃ယေ ၅၁:၇
ဗျာ. ၁၈:၃ဗ ၁၇:၁၊ ၂
ဗျာ. ၁၈:၄ယေ ၅၁:၆၊ ၄၅; ၂က ၆:၁၇
ဗျာ. ၁၈:၄ရှာ ၄၈:၂၀; ၅၂:၁၁; ယေ ၅၀:၈
ဗျာ. ၁၈:၅ယေ ၅၁:၉
ဗျာ. ၁၈:၅ဗ ၁၆:၁၉
ဗျာ. ၁၈:၆ယေ ၅၀:၂၉; ၂သ ၁:၆
ဗျာ. ၁၈:၆ဆ ၁၃၇:၈; ယေ ၅၀:၁၅
ဗျာ. ၁၈:၆ဆ ၇၅:၈
ဗျာ. ၁၈:၆ဗ ၁၆:၁၉
ဗျာ. ၁၈:၇ရှာ ၄၇:၇-၉
ဗျာ. ၁၈:၈ယေ ၅၀:၃၄
ဗျာ. ၁၈:၈ဝ ၂၁:၉
ဗျာ. ၁၈:၁၀ဒံ ၄:၃၀
ဗျာ. ၁၈:၁၆ဗ ၁၇:၄
ဗျာ. ၁၈:၁၉ရှာ ၄၇:၁၁
ဗျာ. ၁၈:၂၀ယေ ၅၁:၄၈
ဗျာ. ၁၈:၂၀ဗ ၁၄:၁၂
ဗျာ. ၁၈:၂၀တရ ၃၂:၄၃; ရ ၁၂:၁၉; ဗ ၆:၉၊ ၁၀; ၁၉:၁၊ ၂
ဗျာ. ၁၈:၂၁ယေ ၅၁:၆၃၊ ၆၄
ဗျာ. ၁၈:၂၃ရှာ ၄၇:၉; ဂ ၅:၁၉၊ ၂၀
ဗျာ. ၁၈:၂၄ဗ ၆:၉၊ ၁၀; ၁၆:၅၊ ၆
ဗျာ. ၁၈:၂၄က ၉:၆; ယေ ၅၁:၄၉
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ဗျာဒိတ် ၁၈:၁-၂၄

ဗျာဒိတ်

၁၈ အဲဒီနောက် အခွင့်အာဏာ ကြီးကြီးမားမား ရထားတဲ့ ကောင်းကင်တမန်  နောက်တစ်ပါး  ကောင်းကင်ကနေ  ဆင်းလာတာကို  ကျွန်တော်မြင်တယ်။  သူ့ရဲ့ဘုန်းတန်ခိုးကြောင့် မြေတစ်ပြင်လုံး ထွန်းလင်းသွားတယ်။ ၂ အားနဲ့မာန်နဲ့ သူအော်ပြောလိုက်တာက “မဟာဗာဗုလုန် ပြိုလဲပြီ၊ ပြိုလဲပြီ။+ နတ်ဆိုးတွေ နေထိုင်ရာ၊ ညစ်ညူးတဲ့  နတ်ဆိုး*  ခိုအောင်းရာ၊ မစင်ကြယ်တဲ့ ရွံမုန်းစရာငှက်တွေ ပုန်းခိုရာ ဖြစ်သွားပြီ။+ ၃ လိင်အကျင့်ယိုယွင်းခြင်း* ဆိုတဲ့  သူ့ရဲ့ ရမ္မက်ဝိုင်ကြောင့် တိုင်းနိုင်ငံတွေဟာ သားကောင်အဖြစ် ကျဆုံးကုန်ပြီ။+ ကမ္ဘာ့အုပ်စိုးရှင်တွေက သူနဲ့ လိင်အကျင့်ယိုယွင်းခဲ့တယ်။+ သူ အရှက်မရှိ စည်းစိမ်ယစ်တဲ့အတွက် ကမ္ဘာ့ကုန်သည်တွေလည်း  ချမ်းသာသွားတယ်။”

၄ အဲဒီနောက် ကောင်းကင်ကနေ အသံနောက်တစ်သံ ထွက်ပေါ်လာပြီး “ငါ့လူတို့၊ သူ့ရဲ့အပြစ်တွေမှာ မပါချင်ဘူး၊ သူခံရမယ့်ကပ်ဘေးတွေကို မခံချင်ဘူးဆိုရင်+  သူ့ဆီကနေ  ထွက်သွားကြ။+ ၅ သူ့ရဲ့အပြစ်တွေ များလွန်းလို့ ကောင်းကင်အထိ ရောက်နေပြီ။+  သူလုပ်ခဲ့တဲ့  မတရားမှုတွေအတွက် သူ့ကို  ဘုရားသခင်  တရားစီရင်တော့မယ်။+ ၆ တခြားသူတွေကို သူဆက်ဆံခဲ့တဲ့အတိုင်း သူ့ကိုဆက်ဆံကြပါ။+ သူလုပ်ခဲ့တာတွေအတွက် နှစ်ဆပြန်ဆပ်ပေးကြပါ။+ သူရောစပ်တဲ့ ဖလားထဲမှာ+ သူသောက်ဖို့ နှစ်ဆရောစပ်ကြပါ။+ ၇ ကိုယ့်ကိုယ်ကိုယ်  ချီးမြှောက်ပြီး အရှက်မရှိ သူ စည်းစိမ်ယစ်ခဲ့တဲ့အတိုင်း သူ့ကို ပြန်ညှဉ်းဆဲပြီး ငိုကြွေးမြည်တမ်းစေပါ။ သူက ‘ဘုရင်မလို ငါနန်းစံနေတာ။ ငါဟာ မုဆိုးမ မဟုတ်ဘူး။ ဘယ်တော့မှ ငိုကြွေးရမှာ မဟုတ်ဘူး’+ လို့ ပြောမြဲပြောနေတယ်။ ၈ ဒါကြောင့် သူဟာ သေခြင်း၊ မြည်တမ်းခြင်း၊ ကပ်ဘေး၊ အငတ်ဘေးတွေကို တစ်ရက်တည်းမှာ ကြုံရလိမ့်မယ်။ သူ့ကို တရားစီရင်တဲ့ ယေဟောဝါ* ဘုရားဟာ ခွန်အားကြီးတဲ့အတွက်+ သူ အစအနမကျန်အောင် မီးလောင်သွားလိမ့်မယ်။+

၉ “သူနဲ့  လိင်အကျင့်ယိုယွင်းပြီး* အရှက်မရှိ စည်းစိမ်ယစ်ခဲ့တဲ့ ကမ္ဘာ့အုပ်စိုးရှင်တွေက သူ့ကိုလောင်မြိုက်တဲ့ မီးခိုးတွေကို မြင်တဲ့အခါ ရင်ဘတ်ထုပြီး ငိုကြွေးကြလိမ့်မယ်။ ၁၀ သူ့လိုညှဉ်းဆဲခံရမှာ ကြောက်လို့ အဝေးမှာရပ်ပြီး ‘အို မြို့ကြီး၊+ ခိုင်ခံ့လှတဲ့ ဗာဗုလုန်မြို့ကြီး၊ အဖြစ်ဆိုးလိုက်တာ၊ အဖြစ်ဆိုးလိုက်တာ။ တစ်နာရီအတွင်းမှာ မင်း တရားစီရင်ခံလိုက်ရပါလား’ လို့ပြောကြလိမ့်မယ်။

၁၁ “အဲဒီအပြင် ကမ္ဘာ့ကုန်သည်တွေကလည်း သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဝယ်မယ့်သူ မရှိတော့လို့ ငိုကြွေးမြည်တမ်းကြလိမ့်မယ်။ ၁၂ ကုန်ပစ္စည်းတွေထဲမှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ချည်ချောထည်၊ ခရမ်းရောင်အထည်၊ ပိုးထည်၊ ကြက်သွေးရောင်အထည်တွေ ပါတယ်။ သစ်မွှေးပစ္စည်း၊ ဆင်စွယ်ပစ္စည်းမျိုးစုံအပြင် အဖိုးတန်သစ်၊ ကြေးနီ၊ သံ၊ စကျင်ကျောက်တွေနဲ့လုပ်ထားတဲ့ ပစ္စည်းမျိုးစုံ ပါတယ်။ ၁၃ သစ်ကြံပိုး၊ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊* စပျစ်ဝိုင်၊ သံလွင်ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ နွား၊ သိုး၊ မြင်း၊ ရထားနဲ့ ကျွန်တွေအပြင် လူတွေတောင် ပါတယ်။ ၁၄ သစ်သီးအမှည့်တွေကို  မင်းသိပ်စားချင်ပေမဲ့ မစားရတော့ဘူး။ စားကောင်းသောက်ဖွယ်တွေ၊ လှပတင့်တယ်တဲ့ အရာတွေဟာ မင်းဆီကနေ ပျောက်ပျက်ကုန်ပြီ။ လုံးဝမရှိတော့ဘူး။

၁၅ “အဲဒီကုန်ပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားပြီး သူ့ကြောင့် ချမ်းသာလာတဲ့ ကုန်သည်တွေဟာ သူ့လိုညှဉ်းဆဲခံရမှာ ကြောက်လို့ အဝေးမှာရပ်ပြီး ငိုကြွေးမြည်တမ်းကြလိမ့်မယ်– ၁၆ ‘ချည်ချောထည်၊ ခရမ်းရောင်အထည်၊ ကြက်သွေးရောင်အထည်တွေ  ဝတ်ဆင်ပြီး ရွှေ၊ ကျောက်မျက်ရတနာ၊ ပုလဲတွေ ညွှတ်နေအောင် ဆင်မြန်းခဲ့တဲ့+ မြို့ကြီး၊ အဖြစ်ဆိုးလိုက်တာ၊ အဖြစ်ဆိုးလိုက်တာ။ ၁၇ အဲဒီစည်းစိမ်တွေ တစ်နာရီအတွင်းမှာ ပြုတ်ပြုတ်ပြုန်းသွားပါလား’ လို့ပြောကြလိမ့်မယ်။

“သင်္ဘောမာလိန်မှူးတွေ၊  ရေကြောင်းခရီး သွားလာသူတွေ၊ သင်္ဘောသားတွေ၊ ပင်လယ်ကိုအမှီပြုပြီး အသက်မွေးသူ အားလုံးက အဝေးမှာရပ်ပြီး၊ ၁၈ သူ့ကိုလောင်မြိုက်တဲ့ မီးခိုးတွေကို ကြည့်ရင်း ‘ဒီမြို့လောက် ခမ်းနားကြီးကျယ်တဲ့မြို့ ရှိလို့လား’ ဆိုပြီး အော်ငိုကြလိမ့်မယ်။ ၁၉ ခေါင်းပေါ် မြေမှုန့်ကြဲပြီး ‘အို မြို့ကြီး၊ အဖြစ်ဆိုးလိုက်တာ၊ အဖြစ်ဆိုးလိုက်တာ။ မင်းရဲ့စည်းစိမ်ဥစ္စာကြောင့် ပင်လယ်ကူးသင်္ဘောပိုင်ရှင်တွေ  ချမ်းသာခဲ့ကြတာ။ အခုတော့ တစ်နာရီအတွင်းမှာ  ပျက်စီးဆုံးရှုံးသွားပါလား’+ လို့အော်ဟစ်ပြီး ငိုကြွေးမြည်တမ်းကြလိမ့်မယ်။

၂၀ “အို ကောင်းကင်၊ သူကြုံရတဲ့အဖြစ်ကြောင့် ဝမ်းသာပါ။+ သန့်ရှင်းသူတို့၊+ တမန်တော်တို့၊ ပရောဖက်တို့လည်း ဝမ်းသာကြပါ။ မင်းတို့အတွက် သူ့ကို ဘုရားသခင် ပြစ်ဒဏ်စီရင်ပြီ။”+

၂၁ ခွန်အားကြီးတဲ့ ကောင်းကင်တမန်တစ်ပါးက ကြိတ်ဆုံကျောက်ကြီးနဲ့တူတဲ့ ကျောက်တစ်လုံးကို မပြီး ပင်လယ်ထဲ ပစ်ချလိုက်တယ်။ အဲဒီနောက် “ဗာဗုလုန်မြို့ကြီးဟာ အခုလိုပဲ ပစ်ချခံရပြီး စုံးစုံးမြုပ်သွားမယ်။ နောင်ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်ဘူး။+ ၂၂ ဒီမြို့မှာ စောင်းတီးပြီး သီဆိုတဲ့ သီချင်းသည်တွေ၊ ဂီတပညာရှင်တွေ၊ ပလွေမှုတ်သူတွေ၊ ခရာမှုတ်သူတွေရဲ့ အသံကို ဘယ်တော့မှ ကြားရမှာမဟုတ်ဘူး။ လက်မှုပညာရှင်တစ်ယောက်မှ တွေ့ရတော့မှာ မဟုတ်ဘူး။ ကြိတ်ဆုံကြိတ်သံကိုလည်း ကြားရတော့မှာ မဟုတ်ဘူး။ ၂၃ ဒီမြို့မှာ မီးခွက်တွေ ပြန်ထွန်းလင်းတော့မှာ မဟုတ်ဘူး။ သတို့သား၊ သတို့သမီးရဲ့ အသံကိုလည်း ကြားရတော့မှာ မဟုတ်ဘူး။ မင်းရဲ့ ကုန်သည်တွေဟာ အထင်ကရလူတွေပဲ။ လူမျိုးအားလုံးဟာ မင်းလိုက်စားတဲ့ နတ်ဆိုးပညာကြောင့်+ လမ်းလွဲသွားပြီ။ ၂၄ ပရောဖက်တွေ၊ သန့်ရှင်းသူတွေနဲ့ မြေကြီးပေါ်မှာ ကွပ်မျက်ခံရသူအားလုံးရဲ့ သွေးကို+ ဒီမြို့မှာ တွေ့ရတယ်”+ လို့ပြောတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ