ဆာလံ
א
စိတ်ရိုးဖြောင့်သူတွေ စုဝေးတဲ့နေရာမှာ၊ လူစုလူဝေးအလယ်မှာ
ב
ယေဟောဝါကို လှိုက်လှိုက်လှဲလှဲ ငါချီးမွမ်းမယ်။+
ג
၂ ယေဟောဝါရဲ့ လုပ်ဆောင်မှုတွေဟာ ကြီးမြတ်လှတယ်။+
ד
ကြည်ညိုနှစ်သက်သူတွေက အဲဒါတွေကို လေ့လာကြတယ်။+
ה
၃ ဘုရားရဲ့ လုပ်ရပ်တွေဟာ ဂုဏ်ကျက်သရေရှိပြီး ခမ်းနားမြင့်မြတ်တယ်။
ו
ဘုရားရဲ့ ဖြောင့်မတ်မှုဟာ ထာဝစဉ်တည်မြဲတယ်။+
ז
၄ ဘုရားက မိမိရဲ့ အံ့ဖွယ်လုပ်ဆောင်မှုတွေကို သတိရစေတယ်။+
ח
ယေဟောဝါဟာ သနားစာနာတတ်ပြီး ကရုဏာရှိတယ်။+
ט
၅ ကြောက်ရွံ့ရိုသေသူတွေကို စားစရာပေးတယ်။+
י
မိမိရဲ့ ပဋိညာဉ်ကိုလည်း ထာဝစဉ်သတိရတယ်။+
כ
၆ လူမျိုးတော်ကို တခြားလူမျိုးတွေရဲ့အမွေ ပေးတယ်။+
ל
ဒီနည်းနဲ့ တန်ခိုးကြီး လုပ်ဆောင်မှုတွေအကြောင်း ဖော်ပြတယ်။
מ
၇ ဘုရားရဲ့ လုပ်ဆောင်မှုတွေဟာ မှန်ကန်ပြီး တရားမျှတတယ်။+
נ
အမိန့်တော်မှန်သမျှ ယုံကြည်စိတ်ချထိုက်တယ်။+
ס
၈ အခုရော၊ နောင်ရော အမြဲစိတ်ချနိုင်တယ်။
ע
အမိန့်တော်တွေကို အမှန်တရားနဲ့အညီ၊ ဖြောင့်မတ်မှုနဲ့အညီ ပြဋ္ဌာန်းထားတယ်။+
פ
၉ ဘုရားက လူမျိုးတော်ကို ပြန်ရွေးယူတယ်။+
צ
မိမိရဲ့ပဋိညာဉ်ကို ထာဝစဉ် တည်မြဲစေတယ်။
ק
နာမတော်ဟာ သန့်ရှင်းမြင့်မြတ်ပြီး ရိုသေခန့်ညားဖွယ် ကောင်းလှတယ်။+
ר
၁၀ ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ ဉာဏ်ပညာရဲ့ မူလအစပဲ။+
ש
အမိန့်တော်ကို လိုက်နာသူဟာ ထိုးထွင်းဉာဏ်ရှိရှိ လုပ်ဆောင်တယ်။+
ת
ဘုရားကို ထာဝစဉ် ချီးမွမ်းကြပါ။