ဆာလံ
၂ ငါပြောတာကို နားစွင့်ပေးတဲ့အတွက်+
အသက်ရှင်နေသရွေ့ ဘုရားကို ဆုတောင်းမယ်။
၃ ငါ့ကို သေခြင်းရဲ့ကြိုးတွေ ရစ်ပတ်ထားတယ်။
သင်္ချိုင်းက ချုပ်ကိုင်ထားတယ်။+
ဒုက္ခနဲ့ သောကတွေ လွှမ်းမိုးထားတယ်။+
၄ ဒါပေမဲ့ ယေဟောဝါရဲ့ နာမည်ကို ငါခေါ်ပြီး+
“ယေဟောဝါဘုရား၊ ကယ်ပါဦး” လို့ ဆုတောင်းတယ်။
၅ ယေဟောဝါက သနားစာနာတတ်ပြီး ဖြောင့်မတ်တယ်။+
ငါတို့ရဲ့ ဘုရားသခင်ဟာ ကရုဏာရှိတယ်။+
၆ ယေဟောဝါက အတွေ့အကြုံမရှိသူတွေကို စောင့်ရှောက်တယ်။+
ငါနှိမ့်ချခံရတဲ့အခါ ကယ်တင်တယ်။
၇ ယေဟောဝါက ကြင်ကြင်နာနာ ဆက်ဆံတဲ့အတွက်
အရင်လို စိတ်အေးလက်အေး ငါ နေရတော့မယ်။
၈ ကျွန်တော့်ကို သေခြင်းကနေ ကိုယ်တော် ကယ်တင်တယ်။
မျက်ရည်မကျအောင်၊ တိုက်မိမလဲအောင် ကူညီတယ်။+
၉ သက်ရှိလောကမှာ ယေဟောဝါရှေ့ ငါလျှောက်လှမ်းမယ်။
၁၀ အကြီးအကျယ် ဒုက္ခရောက်နေပေမဲ့
ယုံကြည်ခြင်းရှိလို့ ငါ အခုလိုပြောနေတာ။+
၁၁ “အားလုံးဟာ လူလိမ်လူညာတွေချည်းပဲ”+ လို့
ငါ အလန့်တကြား ပြောခဲ့မိတယ်။
၁၂ ယေဟောဝါ လုပ်ပေးခဲ့တဲ့ ကောင်းမှုအားလုံးအတွက်
ငါ ဘယ်လို ကျေးဇူးဆပ်ရမလဲ။
၁၃ ကယ်တင်ခြင်း ခွက်ဖလားကို ငါသောက်မယ်။
ယေဟောဝါရဲ့ နာမည်ကိုခေါ်ပြီး ဆုတောင်းမယ်။
၁၄ ယေဟောဝါကို သစ္စာကတိပြုထားတဲ့အတိုင်း
ဘုရားရဲ့ လူတွေရှေ့မှာ လုပ်ဆောင်မယ်။+
၁၅ သစ္စာစောင့်သိသူတွေရဲ့ သေခြင်းဟာ
ယေဟောဝါအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။+
၁၆ အို ယေဟောဝါ၊ တောင်းပန်ပါတယ်။
ကျွန်တော်ဟာ ကိုယ်တော့်ကျွန်ပါ။
ကိုယ်တော့်ကျွန်မရဲ့ သားပါ။
ကျွန်တော့်ကို အနှောင်အဖွဲ့တွေကနေ ကိုယ်တော် လွတ်မြောက်စေတယ်။+
၁၇ ကျေးဇူးတင်ချီးမွမ်းခြင်း ပူဇော်သက္ကာကို ဆက်သမယ်။+
ယေဟောဝါရဲ့ နာမည်ခေါ်ပြီး ဆုတောင်းမယ်။
၁၉ အို ဂျေရုဆလင်၊ မင်းရဲ့အလယ်မှာ၊
ယေဟောဝါအိမ်တော်ရဲ့ ရင်ပြင်တွေမှာ+ အဲဒီလို လုပ်ဆောင်မယ်။