ဆာလံ
ချီတက်သီချင်း။
၁၃၀ အို ယေဟောဝါ၊ ကျွန်တော် စိတ်ဆင်းရဲလွန်းလို့
ကိုယ်တော့်ကို ခေါ်နေပါတယ်။+
၂ ယေဟောဝါဘုရား၊ ကျွန်တော့်အသံကို ကြားလှည့်ပါ။
အသနားခံတာကို အာရုံစိုက် နားထောင်လှည့်ပါ။
၃ အို ယေဟောဝါ၊ ယေဟောဝါ၊ ကိုယ်တော်သာ အမှားတွေကို စောင့်ကြည့်နေရင်
ဘယ်သူ ခံရပ်နိုင်မှာလဲ။+
၅ ယေဟောဝါကို မျှော်လင့်နေတယ်။
ငါ သိပ်ကို မျှော်လင့်နေပါတယ်။
နှုတ်တော်ထွက်စကားကို စောင့်မျှော်နေတယ်။
၆ မိုးလင်းချိန်ကို ကင်းစောင့်တွေ မျှော်တာထက် ယေဟောဝါကို ငါပိုမျှော်လင့်တယ်။+
မိုးလင်းချိန်ကို မျှော်တဲ့ ကင်းစောင့်တွေထက် ပိုပြီးမျှော်ပါတယ်။+
၇ ယေဟောဝါရဲ့ မေတ္တာဟာ ခိုင်မြဲတယ်။+
ရွေးယူနိုင်စွမ်းဟာ ကြီးမားတယ်။
ဒါကြောင့် အစ္စရေးတွေ ယေဟောဝါကို စောင့်မျှော်နေကြပါ။
၈ ဘုရားက အစ္စရေးတွေကို ပြစ်မှားမှုမှန်သမျှကနေ ရွေးယူလိမ့်မယ်။