အပိုင်း ၃ ပြန်လည်သုံးသပ်ခြင်း
ကျမ်းစာသင်ပေးသူနဲ့အတူ အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။
- ၁။ ပညာအလိမ္မာ ၂၇:၁၁ ကို ဖတ်ပါ။ - ယေဟောဝါကို ဘာကြောင့် သစ္စာစောင့်သိချင်သလဲ။ - (သင်ခန်းစာ ၃၄ ကို ကြည့်ပါ။) 
 
- ၂။ ရှင်းလင်းတိကျတဲ့ ကျမ်းစာမိန့်မှာချက် မရှိတဲ့အခါမျိုးမှာ ဆုံးဖြတ်ချက်ကောင်း ဘယ်လို ချနိုင်သလဲ။ - (သင်ခန်းစာ ၃၅ ကို ကြည့်ပါ။) 
- ၃။ အရာရာမှာ ဘယ်လို ရိုးသားနိုင်သလဲ။ - (သင်ခန်းစာ ၃၆ ကို ကြည့်ပါ။) 
- ၄။ မဿဲ ၆:၃၃ ကို ဖတ်ပါ။ - အလုပ်၊ ငွေနဲ့ပတ်သက်ရင် ‘နိုင်ငံတော်ကို အမြဲ ဦးစားထား’ ကြောင်း ဘယ်လို ပြနိုင်သလဲ။ - (သင်ခန်းစာ ၃၇ ကို ကြည့်ပါ။) 
 
- ၅။ အသက်ကို ယေဟောဝါလိုပဲ တန်ဖိုးထားကြောင်း ဘယ်လို ပြနိုင်သလဲ။ - (သင်ခန်းစာ ၃၈ ကို ကြည့်ပါ။) 
- ၆။ တမန်တော် ၁၅:၂၉ ကို ဖတ်ပါ။ - သွေးနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ပညတ်ကို ဘယ်လို နာခံနိုင်သလဲ။ 
- ဘုရားရဲ့တောင်းဆိုချက်တွေဟာ အကျိုးသင့်အကြောင်းသင့် ရှိတယ်လို့ ထင်သလား။ - (သင်ခန်းစာ ၃၉ ကို ကြည့်ပါ။) 
 
- ၇။ ၂ ကောရိန္သု ၇:၁ ကို ဖတ်ပါ။ - ကာယပိုင်းနဲ့ စာရိတ္တပိုင်း သန့်ရှင်းတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ - (သင်ခန်းစာ ၄၀ ကို ကြည့်ပါ။) 
 
- ၈။ ၁ ကောရိန္သု ၆:၉၊ ၁၀ ကို ဖတ်ပါ။ - လိင်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာဖော်ပြသလဲ။ ဒါကို သဘောတူသလား။ 
- အရက်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာလမ်းညွှန်ထားသလဲ။ - (သင်ခန်းစာ ၄၁ နဲ့ ၄၃ ကို ကြည့်ပါ။) 
 
- ၉။ မဿဲ ၁၉:၄-၆၊ ၉ ကို ဖတ်ပါ။ - အိမ်ထောင်နဲ့ပတ်သက်တဲ့ ဘုရားရဲ့ စံနှုန်းက ဘာလဲ။ 
- လက်ထပ်တဲ့အခါ၊ ကွာရှင်းတဲ့အခါ ဘာကြောင့် တရားဝင် မှတ်ပုံတင်သင့်သလဲ။ - (သင်ခန်းစာ ၄၂ ကို ကြည့်ပါ။) 
 
- ၁၀။ ယေဟောဝါ မနှစ်သက်တဲ့ ပွဲနေ့တချို့က ဘာတွေလဲ။ ဘာကြောင့် မနှစ်သက်သလဲ။ - (သင်ခန်းစာ ၄၄ ကို ကြည့်ပါ။) 
- ၁၁။ ယောဟန် ၁၇:၁၆ နဲ့ တမန်တော် ၅:၂၉ ကို ဖတ်ပါ။ - ကြားနေကြောင်း ဘယ်လို ပြနိုင်သလဲ။ 
- လူ့ဥပဒေနဲ့ ဘုရားပညတ် ဆန့်ကျင်လာရင် ဘာလုပ်မလဲ။ - (သင်ခန်းစာ ၄၅ ကို ကြည့်ပါ။) 
 
- ၁၂။ မာကု ၁၂:၃၀ ကို ဖတ်ပါ။ - ယေဟောဝါကို ချစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။ - (သင်ခန်းစာ ၄၆ နဲ့ ၄၇ ကို ကြည့်ပါ။)