နိုဝင်ဘာ ၁၇-၂၃
ရှောလမုန်သီချင်း ၆-၈
သီချင်း ၃၄ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)
၁။ တံခါးလိုမဟုတ်ဘဲ မြို့ရိုးလို ဖြစ်ပါ
(၁၀ မိ.)
အစ်ကိုတွေက ရှုလမိုက်ကို ကိုယ်ကျင့်တရား စင်ကြယ်စေလိုကြ (သီ ၈:၈၊ ၉။ it “ရှောလမုန်သီချင်း” ပိုဒ်. ၁၁)
သွေးဆောင်မှုကို တွန်းလှန်နိုင်ခဲ့လို့ ရှုလမိုက် စိတ်အေးချမ်းရ (သီ ၈:၁၀။ yp ၁၈၈ ပိုဒ်. ၂)
ဒီကိစ္စမှာ ရှုလမိုက်ဟာ လူငယ်တွေအတွက် စံနမူကောင်းဖြစ် (yp2 ၃၃)
ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘အသင်းတော်မှာရှိတဲ့ တစ်ကိုယ်ရေ ခရစ်ယာန်တစ်ယောက်ကို တံခါးလို မဟုတ်ဘဲ မြို့ရိုးလိုဖြစ်အောင် ဘယ်လို ကူညီပေးနိုင်သလဲ။’
၂။ ဘုရားရေးရာ ရတနာ
(၁၀ မိ.)
- သီ ၈:၆—မေတ္တာစစ်ကို “ယေဟောဝါရဲ့ မီးလျှံ” လို့ ဘာကြောင့် ခေါ်သလဲ။ (က၁၅ ၁/၁၅ ၂၈ ပိုဒ်. ၃) 
- ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။ 
၃။ ဖတ်ရှုခြင်း
၄။ စကားစမြည် စပြောခြင်း
(၂ မိ.) တစ်အိမ်မှတစ်အိမ်။ jw.org လိပ်စာကတ်ကိုသုံးပြီး စကားစမြည် စပြောပါ။ (lmd ၄:၄)
၅။ စကားစမြည် စပြောခြင်း
(၂ မိ.) အများရှေ့ သက်သေခံခြင်း။ စီးပွားရေးရပ်ကွက်မှာ ဝေစာသုံးပြီး စကားစမြည် စပြောပါ။ (lmd ၁:၄)
၆။ စကားစမြည် စပြောခြင်း
(၂ မိ.) အလွတ်သဘော သက်သေခံခြင်း။ စကားစမြည် ပြောခွင့်ရလိုက်ပေမဲ့ သက်သေခံခွင့် မရလိုက်။ (lmd ၂:၄)
၇။ ယုံကြည်ချက် ရှင်းပြခြင်း
(၅ မိ.) သရုပ်ပြ။ lff ၄၂:၃-၅—အဓိကအကြောင်း– အိမ်ထောင်မပြုခင် ယေဟောဝါသက်သေတွေ ဘာကို ထည့်သွင်းစဉ်းစားသင့်သလဲ။ (th ၇)
သီချင်း ၁၂၁
၈။ လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ
(၁၅ မိ.) ဆွေးနွေးပါ။
ရှောလမုန်သီချင်းထဲမှာ သိုးထိန်းက ရှုလမိုက်မိန်းကလေးကို နှစ်ယောက်တည်း အတူလမ်းလျှောက်ထွက်ဖို့ ခေါ်တယ်။ (သီ ၂:၁၀-၁၄) သိုးထိန်းမှာ မကောင်းတဲ့အကြံအစည် ရှိမှာမဟုတ်ပေမဲ့ အစ်ကိုတွေက ရှုလမိုက်ကို မသွားစေချင်လို့ အလုပ်ပေးလိုက်တယ်။ (သီ ၂:၁၅) ချစ်နေသူနှစ်ယောက်တည်း အတူရှိနေတာက သွေးဆောင်မှုဖြစ်နိုင်တယ်ဆိုတာ အစ်ကိုတွေ သဘောပေါက်ထားလို့ပါ။
သမ္မာကျမ်းစာက ခရစ်ယာန်တွေကို “လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ” လို့ တိုက်တွန်းထားတယ်။ (၁က ၆:၁၈) အမှားလုပ်မိနိုင်တဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို ရှောင်သင့်ပါတယ်။ ရှောလမုန်သီချင်းရေးသူက စွမ်းအားတော် လမ်းညွှန်မှုနဲ့ ဒီလိုရေးခဲ့တယ်– “အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။ အတွေ့အကြုံမရှိသူကတော့ သွားမြဲသွားနေလို့ ဆိုးကျိုးတွေပဲ ခံရတတ်တယ်။”—ပ ၂၂:၃။
‘စိတ်ထဲ လျှို့ဝှက်ထားတာတွေကို ဘုရားသိတယ်’ ဗီဒီယို ပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–
- ဗီဒီယိုကနေ ဘာသင်ယူရသလဲ။ 
၉။ အသင်းတော် ကျမ်းစာလေ့လာမှု
(၃၀ မိ.) lff ၁၈:၁-၅