ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff ၅၅:၁-၅
  • အသင်းတော်ကို ထောက်မပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသင်းတော်ကို ထောက်မပါ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • အလုပ်၊ ငွေနဲ့ပတ်သက်တဲ့ ကျမ်းစာအဆို
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဘုရားသခင် နှစ်သက်တဲ့ ဝတ်ပြုကိုးကွယ်မှု
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • အသင်းတော်ကို စီစဉ်ဖွဲ့စည်းထားပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • နှစ်ခြင်းခံဖို့ အဆင်သင့်ဖြစ်ပြီလား
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff ၅၅:၁-၅
သင်ခန်းစာ ၅၅။ နိုင်ငံတော်ခန်းမ အပြင်ဘက် ပြုပြင်ထိန်းသိမ်းရေးမှာ ညီအစ်ကို/မတွေ ကူညီနေကြ။

သင်ခန်းစာ ၅၅

အသင်းတော်ကို ထောက်မပါ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ယေဟောဝါရဲ့ လူတွေဟာ ကမ္ဘာတစ်ဝန်းက အသင်းတော် ထောင်ပေါင်းများစွာမှာ ပျော်ရွှင်စွာ အမှုဆောင်နေကြတယ်။ ရရှိတဲ့ ညွှန်ကြားချက်၊ လမ်းညွှန်ချက်တွေအတွက် ကျေးဇူးတင်ပြီး အသင်းတော်ကို နည်းအမျိုးမျိုးနဲ့ ထောက်မနေကြတယ်။ သင်ကော အသင်းတော်နဲ့ပတ်သက်ပြီး အဲဒီလို ခံစားရသလား။

၁။ အချိန်နဲ့ ခွန်အားကို သုံးပြီး အသင်းတော်ကို ဘယ်လို ထောက်မနိုင်သလဲ။

ကျွန်တော်တို့အားလုံး အသင်းတော်ကို ထောက်မနိုင်ပါတယ်။ အသင်းတော်မှာ သက်ကြီးရွယ်အို၊ အိုမင်းမစွမ်းတွေ ရှိသလား။ သူတို့ အစည်းအဝေး တက်ဖို့ ကူညီပေးနိုင်မလား။ အိမ်မှုကိစ္စတွေ၊ စျေးဝယ်တာတွေ လုပ်ပေးနိုင်မလား။ (ယာကုပ် ၁:၂၇ ကို ဖတ်ပါ။) နိုင်ငံတော်ခန်းမ သန့်ရှင်းရေးလုပ်တဲ့အခါ၊ ပြုပြင်ထိန်းသိမ်းတဲ့အခါမှာလည်း ကူညီနိုင်ပါတယ်။ ဒါတွေကို ဘယ်သူကမှ အတင်းလုပ်ခိုင်းတာ မဟုတ်ဘူး။ ဘုရားနဲ့ ညီအစ်ကို/မတွေကို ချစ်လို့ “စေတနာစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်” နေကြတာပါ။​—ဆာလံ ၁၁၀:၃။

နှစ်ခြင်းခံပြီးတဲ့ သက်သေခံတွေဟာ တခြားနည်းတွေနဲ့လည်း အသင်းတော်ကို ထောက်မနိုင်တယ်။ ဘုရားရေးရာအရည်အချင်း ပြည့်မီတဲ့ ညီအစ်ကိုတွေဟာ အသင်းတော်အမှုထမ်း၊ အကြီးအကဲတွေအဖြစ် အမှုဆောင်နိုင်တယ်။ ညီအစ်ကိုရော ညီအစ်မတွေပါ ရှေ့ဆောင်လုပ်ပြီး ဟောပြောခြင်းလုပ်ငန်းကို တက်တက်ကြွကြွ ထောက်မနိုင်ပါတယ်။ ဝတ်ပြုတဲ့နေရာ ဆောက်လုပ်ရေးမှာ ကူညီနိုင်တယ်။ အကူအညီလိုနေတဲ့ အသင်းတော်ဆီ ပြောင်းရွှေ့ အမှုဆောင်နိုင်တယ်။

၂။ ငွေနဲ့ ပိုင်ဆိုင်ရာတွေ သုံးပြီး အသင်းတော်ကို ဘယ်လို ထောက်မနိုင်သလဲ။

‘ကိုယ့်မှာရှိတဲ့ အဖိုးတန်ဥစ္စာတွေ ဆက်သပြီး ယေဟောဝါကို ဂုဏ်တင်’ နိုင်တယ်။ (ပညာအလိမ္မာ ၃:၉) အသင်းတော်နဲ့ ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းကို ထောက်ပံ့ဖို့ ငွေနဲ့ ပိုင်ဆိုင်ရာတွေ ပေးလှူရလို့ ကျွန်တော်တို့ ပျော်ရွှင်ကြတယ်။ (၂ ကောရိန္သု ၉:၇ ကို ဖတ်ပါ။) အလှူငွေတွေကို သဘာဝဘေး ကယ်ဆယ်ရေးအတွက်လည်း သုံးကြတယ်။ လူများစွာက အလှူငွေကို “သီးသန့်ဖယ်ထား” ပြီး မှန်မှန်ထည့်ကြတယ်။ (၁ ကောရိန္သု ၁၆:၂ ကို ဖတ်ပါ။) ဝတ်ပြုရာခန်းမမှာ ရှိတဲ့ အလှူငွေပုံးထဲ ထည့်နိုင်သလို donate.jw.org အွန်လိုင်းကနေလည်း ပေးလှူနိုင်တယ်။ ကိုယ့်ရဲ့ပိုင်ဆိုင်ရာတွေ သုံးပြီး ယေဟောဝါကို ချစ်ကြောင်း ပြနိုင်တဲ့အခွင့်အရေးကို ကျွန်တော်တို့ ရထားကြတယ်။

ရှာဖွေလေ တွေ့ရှိလေ

ကိုယ့်အသင်းတော်ကို ထောက်မနိုင်တဲ့ နည်းတချို့အကြောင်း သုံးသပ်ပါ။

၃။ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်ရာတွေကို အသုံးပြုနိုင်

စေတနာစိတ်နဲ့ လှူဒါန်းတဲ့သူကို ယေဟောဝါနဲ့ ယေရှု ချစ်မြတ်နိုးတယ်။ ဥပမာ၊ ယေရှုက ဆင်းရဲတဲ့မုဆိုးမ အလှူငွေထည့်တာကို ချီးမွမ်းခဲ့တယ်။ လုကာ ၂၁:၁-၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ငွေအများကြီး ပေးလှူမှ ယေဟောဝါရဲ့ နှစ်သက်မှု ရမလား။

  • စေတနာစိတ်နဲ့ လှူဒါန်းတဲ့အခါ ယေဟောဝါနဲ့ ယေရှု ဘယ်လို ခံစားရသလဲ။

အလှူငွေတွေ အသုံးပြုပုံကို သိဖို့ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို ဆွေးနွေးပါ။

ဗီဒီယို။ ‘ယေဟောဝါဘုရားအတွက် ပေးလှူ’ (၄:၄၇)

  • အလှူငွေတွေကို ကမ္ဘာတစ်ဝန်းက အသင်းတော်တွေအတွက် ဘယ်လို အသုံးပြုနေသလဲ။

သက်ကြီးညီအစ်မ ပုံးထဲ အလှူငွေ ထည့်နေ။

၄။ ကျွန်တော်တို့ရဲ့ လုပ်အားနဲ့ ကူညီနိုင်

ကျမ်းစာခေတ်က ယေဟောဝါကို ဝတ်ပြုသူတွေဟာ ဝတ်ပြုတဲ့နေရာကို ပြုပြင်မွမ်းမံရာမှာ ထက်ထက်သန်သန် ကူညီခဲ့ကြတယ်။ အလှူငွေပေးရုံထက်မက ကူညီခဲ့ကြတယ်။ ၂ ရာဇဝင်ချုပ် ၃၄:၉-၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေဟောဝါရဲ့အိမ်တော် ဒါမှမဟုတ် ဝတ်ပြုတဲ့နေရာကို အစ္စရေးတွေ ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသလဲ။

သူတို့ရဲ့ပုံသက်သေကို ယေဟောဝါသက်သေတွေ ဘယ်လို အတုယူသလဲ သိဖို့ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ ကျွန်တော်တို့ရဲ့ ဝတ်ပြုရာနေရာကို ဂရုစိုက်ခြင်း (၃:၃၁)

‘ကျွန်တော်တို့ရဲ့ ဝတ်ပြုရာနေရာကို ဂရုစိုက်ခြင်း’ ဗီဒီယိုထဲက ပြကွက်။ နိုင်ငံတော်ခန်းမထဲမှာ အမျိုးသား/သမီး၊ ကလေးတွေ သန့်ရှင်းရေးလုပ်နေ။
  • နိုင်ငံတော်ခန်းမကို သန့်ရှင်းရေးလုပ်ဖို့၊ ပြုပြင်ထိန်းသိမ်းဖို့ ဘာကြောင့် အရေးကြီးသလဲ။

  • သင်ကော ဘယ်နည်းတွေနဲ့ ကူညီနိုင်သလဲ။

နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးမှာ စေတနာ့ဝန်ထမ်းနေတဲ့ သက်သေခံတစ်စု။

၅။ အသင်းတော်တာဝန်တွေအတွက် ညီအစ်ကိုတွေ တက်လှမ်းနိုင်ကြ

အသင်းတော်ကို အတတ်နိုင်ဆုံး ထောက်မဖို့ ခရစ်ယာန်အမျိုးသားတွေကို ကျမ်းစာ အားပေးထားတယ်။ နမူနာအတွက် ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ ညီအစ်ကိုတို့၊ မွန်မြတ်တဲ့အလုပ်အတွက် တက်လှမ်းပါ (၅:၁၉)

  • ဗီဒီယိုမှာ အသင်းတော်ကို အပြည့်အဝ ထောက်မနိုင်ဖို့ ရိုင်ယန် ဘယ်လို တက်လှမ်းခဲ့သလဲ။

အသင်းတော်အမှုထမ်း၊ အကြီးအကဲတွေမှာ ရှိရမယ့် အရည်အချင်းတွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ၁ တိမောသေ ၃:၁-၁၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • အသင်းတော်အမှုထမ်း၊ အကြီးအကဲ ဖြစ်ဖို့ တက်လှမ်းနေတဲ့ ညီအစ်ကိုတွေမှာ ဘာအရည်အချင်းတွေ ရှိရမလဲ။

  • သူတို့ရဲ့မိသားစုတွေကော ဘယ်လိုဖြစ်ရမလဲ။​ —အခန်းငယ် ၄ နဲ့ ၁၁ ကို ကြည့်ပါ။

  • ဒီအရည်အချင်းတွေကို ညီအစ်ကိုတွေ ကြိုးစားမွေးမြူတဲ့အခါ အသင်းတော် ဘယ်လို အကျိုးခံစားရသလဲ။

တစ်အိမ်တက်ဆင်း ဟောပြောခြင်းမှာ သက်ကြီးညီအစ်ကို ထိုင်နေတဲ့ ဘီးတပ်ကုလားထိုင်ကို တွန်းပေးနေတဲ့ ညီအစ်ကိုငယ်။

လူတချို့ အမေး။ “ယေဟောဝါသက်သေတွေရဲ့လုပ်ငန်း ဘယ်ကငွေနဲ့ လည်ပတ်နေသလဲ။”

  • သင် ဘယ်လို ဖြေမလဲ။

အနှစ်ချုပ်

ကျွန်တော်တို့ရဲ့ အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာတွေ သုံးပြီး အသင်းတော်ကို ထောက်မပေးတာကို ယေဟောဝါ အလွန်တန်ဖိုးထားတယ်။

ပြန်လည်သုံးသပ်ခြင်း

  • ကိုယ့်ရဲ့ အချိန်နဲ့ ခွန်အားကို သုံးပြီး အသင်းတော်ကို ဘယ်လို ထောက်မနိုင်သလဲ။

  • ကိုယ့်ရဲ့ ပိုင်ဆိုင်ရာတွေ သုံးပြီး အသင်းတော်ကို ဘယ်လို ထောက်မနိုင်သလဲ။

  • သင်ကော အသင်းတော်ကို ဘယ်နည်းတွေနဲ့ ထောက်မချင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ကိုယ်တိုင် တခြားသူတွေရဲ့ အကူအညီကို လက်ခံပြီး အသင်းတော်က ညီအစ်ကို/မတွေကိုလည်း ကူညီပေးတဲ့ မျက်မမြင် နားမကြား ညီအစ်ကိုတစ်ယောက်နဲ့ တွေ့ကြည့်ပါ။

ဒါ ကျွန်တော့် မျှော်လင့်ချက်ပါ (၅:၅၁)

    မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ လက်သင်္ကေတပြဘာသာစကား
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ