သီချင်း ၁၅၉
ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းပါ
- ၁။ ဘုန်းကြီး ရာဇပလ္လင်တော်အထက် - ကိန်းဝပ်စံမြန်းတဲ့ ဘုရား - အနှိုင်းမဲ့ တန်ခိုး၊ မေတ္တာရှင်ဘုရား - ယေဟောဝါ ပြိုင်ဘက်ကင်းသူပါ - ကျေးဇူး ဘယ်လို ဆပ်လို့ ကုန်မှာလဲ - ဘုရားမေတ္တာ စဉ်းစားမိတိုင်း - တို့က ဘာမို့လို့ ဒီလောက်များ - ကိုယ်တော် ဂရုစိုက်ရတာလဲ - (ထပ်ကျော့ပိုဒ်) - ယေဟောဝါဘုရား၊ တို့ဘုရား၊ တို့ရဲ့ ဘုရင်၊ - ကိုယ်တော်တွက် မှန်းဆရည်စူး - ဒီသီချင်းနဲ့ ဂုဏ်တင်ချီးမွမ်းလိုက်မယ် - ဂုဏ်တင်ချီးမွမ်းမှု မှန်သမျှ - ကိုယ်တော်ပဲ ရထိုက်ပါတယ် 
- ၂။ ကိုယ့်အသက် ဘုရားပဲ ပိုင်ပါတယ် - လုပ်သမျှ ကိုယ်တော့်ဘုန်းအတွက်ပဲ - ကောင်းမြတ်မှုအကြောင်း ကြွေးကြော်ပါမယ် - ဘုန်းကြီးမြတ်မှုအကြောင်း ပြောဆိုမယ် - ယေဟောဝါ အမှုထမ်းဆောင်ခွင့်ရေး - ထူးမြတ်ဂုဏ်၊ တို့ဝမ်းသာမဆုံး - တို့ရဲ့ ခွန်အား၊ ကျောက်ဆောင်ဘုရား - ထာဝစဉ် လမ်းပြဖေးကူပါ - (ထပ်ကျော့ပိုဒ်) - ယေဟောဝါဘုရား၊ တို့ဘုရား၊ တို့ရဲ့ ဘုရင်၊ - ကိုယ်တော်တွက် မှန်းဆရည်စူး - ဒီသီချင်းနဲ့ ဂုဏ်တင်ချီးမွမ်းလိုက်မယ် - ဂုဏ်တင်ချီးမွမ်းမှု မှန်သမျှ - ကိုယ်တော်ပဲ ရထိုက်ပါတယ် 
- ၃။ အောက်အရပ် ချိုင့်ဝှမ်း၊ သမုဒ္ဒရာ ပင်လယ် - ထက်အရပ် နေ၊ လနဲ့ ကြယ်များ - အံ့ဩမှင်တက် လက်ရာတော်များ - အနှိုင်းမဲ့ မေတ္တာ တို့အတွက် အထင်အရှား - ခမ်းနား၊ ခံ့ညားလိုက်တဲ့ အလှတရား - ကြည့်တိုင်းယဉ် ရှုမဝပါပဲ - ကြီးမားဉာဏ်စွမ်း လက်ရာတွေအတွက် - ကိုယ်တော်ကိုပဲ ချီးမွမ်းပါတယ် - (ထပ်ကျော့ပိုဒ်) - ယေဟောဝါဘုရား၊ တို့ဘုရား၊ တို့ရဲ့ ဘုရင်၊ - ကိုယ်တော်တွက် မှန်းဆရည်စူး - ဒီသီချင်းနဲ့ ဂုဏ်တင်ချီးမွမ်းလိုက်မယ် - ဂုဏ်တင်ချီးမွမ်းမှု မှန်သမျှ - ကိုယ်တော်ပဲ ရထိုက်ပါတယ်။ 
(ဆာ. ၉၆:၁-၁၀။ ၁၄၈:၃၊ ၇ တို့ကိုလည်း ကြည့်ပါ။)