အောက်ခြေမှတ်ချက်
a ခေတ်သစ်ဂျူးပြက္ခဒိန်က နက္ခတ္တဗေဒနည်းနဲ့ လဆန်းရက်ကိုတွက်ချက်ပြီး နိသန်လရဲ့အစကို သတ်မှတ်တယ်၊ ဒါပေမဲ့ အဲဒီတွက်ချက်နည်းကို ပထမရာစုအချိန်မှာ အသုံးမပြုခဲ့ကြဘူး။ ဂျေရုဆလင်ကနေ ဆန်းစလကို ပထမဆုံးမြင်ရတဲ့အချိန်က နိသန်လရဲ့အစဖြစ်တယ်၊ အဲဒီလိုမြင်ရတဲ့အချိန်က နက္ခတ္တဗေဒနည်းနဲ့တွက်ချက်ထားတဲ့ အချိန်ထက် တစ်ရက် ဒါမှမဟုတ် အဲဒီထက်မက နောက်ကျတယ်။ ဒီကွာခြားချက်က ယေဟောဝါသက်သေတွေ သတိရအောက်မေ့ပွဲကျင်းပတဲ့ရက်စွဲနဲ့ ခေတ်သစ်ဂျူးတွေ ပသခါပွဲကျင်းပတဲ့ရက်စွဲ အမြဲတစ်ထပ်တည်းမကျရတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်။