အသင့်ဖြစ်ပြီလား
အသင်းတော်နဲ့အတူ ဟောဖို့ အသင့်ဖြစ်ပြီလား
အောက်ပါအချက်တွေ လုပ်ဆောင်နေရင် နှစ်ခြင်းမခံသေးတဲ့ ကြေညာသူ ဖြစ်နိုင်ပါတယ်
- ပုံမှန် ကျမ်းစာ ဖတ်ရှုလေ့လာတယ်၊ ဆုတောင်းတယ်၊ အစည်းအဝေးတွေ တက်တယ်။ 
- သိလာတာတွေကို လက်ခံယုံကြည်ပြီး တခြားသူတွေကို ပြောပြချင်တယ်။ 
- ယေဟောဝါကို ချစ်တယ်။ ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ပဲ ရင်းရင်းနှီးနှီး ပေါင်းတယ်။ 
- နိုင်ငံရေး ဒါမှမဟုတ် ဘာသာရေးအဖွဲ့ကနေ နုတ်ထွက်ပြီးပြီ။ 
- ယေဟောဝါရဲ့ စံနှုန်းတွေနဲ့အညီ နေထိုင်တယ်။ ယေဟောဝါသက်သေ ဖြစ်ချင်တယ်။ 
အသင်းတော်နဲ့အတူ ဟောဖို့ အသင့်ဖြစ်ပြီလို့ ခံစားရရင် အရည်အချင်း ပြည့်မီနိုင်ပုံကို အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကျမ်းစာသင်ပေးသူက စီစဉ်ပေးနိုင်တယ်။
နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား
အောက်ပါအချက်တွေ လုပ်ဆောင်နေရင် နှစ်ခြင်းခံဖို့ အသင့်ဖြစ်နိုင်တယ်
- နှစ်ခြင်းမခံသေးတဲ့ ကြေညာသူ ဖြစ်ပြီ။ 
- ဟောပြောခြင်းမှာ အတတ်နိုင်ဆုံး မှန်မှန် ပါဝင်နေပြီ။ 
- “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ကိုကူညီပြီး လမ်းညွှန်ချက်ကို လိုက်နာနေပြီ။—မဿဲ ၂၄:၄၅-၄၇။ 
- ဆုတောင်းပြီး ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီးပြီ။ ဘုရားကို ထာဝစဉ် ဝတ်ပြုချင်တယ်။ 
နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလို့ ခံစားရရင် အရည်အချင်း ပြည့်မီနိုင်ပုံကို အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကျမ်းစာသင်ပေးသူက စီစဉ်ပေးနိုင်တယ်။