စကားစမြည် စပြောခြင်း
သင်ခန်းစာ ၁
တခြားသူတွေကို စိတ်ဝင်စားပါ
ကျမ်းစာမူ။ “မေတ္တာဟာ . . . ကိုယ်ကျိုး မရှာတတ်ဘူး။”—၁ ကော. ၁၃:၄၊ ၅။
ယေရှု ဘာလုပ်သလဲ
၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် ယောဟန် ၄:၆-၉ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–
- က။ စကား စမပြောခင် အမျိုးသမီးနဲ့ပတ်သက်ပြီး ယေရှု ဘာအကဲခတ်မိသလဲ။ 
- ခ။ “ရေ နည်းနည်းလောက် တိုက်ပါလား” လို့ ယေရှု ပြောတယ်။ စကားစမြည် စပြောဖို့ ဒါ ဘာကြောင့် ထိရောက်တဲ့ နည်း ဖြစ်သလဲ။ 
ယေရှုဆီကနေ ဘာသင်ယူရသလဲ
၂။ တစ်ဖက်သား စိတ်ဝင်စားတဲ့ အကြောင်းအရာနဲ့ စပြောရင် စကားဖောင်ဖွဲ့နိုင်ဖို့ အခွင့်အလမ်း ပိုများတယ်။
ယေရှုကို အတုယူပါ
၃။ ပြောင်းသာလဲသာ ရှိပါ။ ကိုယ် စဉ်းစားထားတဲ့ အကြောင်းအရာကိုပဲ ဇွတ်မပြောပါနဲ့။ ဒီနေ့၊ တခြားသူတွေ အာရုံရောက်နေနိုင်တဲ့ အကြောင်းအရာကနေ စပြောပါ။ ဒီလို စဉ်းစားကြည့်ပါ–
- က။ ‘ဘာသတင်း ထူးသလဲ။’ 
- ခ။ ‘အိမ်နီးနားချင်းတွေ၊ အလုပ်ဖော်တွေ၊ အတန်းဖော်တွေ ဘာအကြောင်း ပြောနေကြသလဲ။’ 
၄။ အကဲခတ်ပါ။ ဒီလို စဉ်းစားကြည့်ပါ–
- က။ ‘လောလောဆယ် သူ ဘာလုပ်နေသလဲ။ ဘာစဉ်းစားနေမလဲ။’ 
- ခ။ ‘သူ့အဝတ်အစား၊ အသွင်အပြင်၊ အိမ်အပြင်အဆင်က သူ့ယုံကြည်ချက်၊ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ဘာဖော်ပြနေသလဲ။’ 
- ဂ။ ‘စကားပြောဖို့ အချိန်အခါကောင်း ဟုတ်သလား။’ 
၅။ နားထောင်ပါ။
- က။ စကား အများကြီး မပြောပါနဲ့။ 
- ခ။ သူ့ဘက်က ပြောလာအောင် လမ်းကြောင်းပေးပါ။ သင့်တော်မယ်ဆိုရင် မေးခွန်းတွေ မေးပါ။