ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၅/၁ ၃
  • ၂။ အငတ်ဘေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၂။ အငတ်ဘေး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၅/၁ ၃

၂။ အငတ်ဘေး

“အစာခေါင်းပါးခြင်း ဖြစ်လိမ့်မည်။”—မဿဲ ၂၄:၇။

● အမျိုးသားတစ်ယောက်ဟာ ဆာလောင်မွတ်သိပ်ဒဏ်ကနေ လွတ်မြောက်ဖို့အတွက် နိုက်ဂျားနိုင်ငံ၊ ကွာရာတက်ဂီရွာကို ရောက်လာတယ်။ သူ့ရဲ့မောင်နှမတွေ၊ ဆွေမျိုးတွေလည်း အငတ်ဘေးကနေ လွတ်မြောက်ဖို့အတွက် တခြားဒေသကနေ ရောက်လာကြတယ်။ ဒါပေမဲ့ အဲဒီအမျိုးသားဟာ ဖျာတစ်ချပ်ပေါ်မှာ တစ်ယောက်တည်း လှဲအိပ်နေတယ်။ ဘာကြောင့် သူတစ်ယောက်တည်း ရှိနေတာလဲ။ “သူ့မိသားစုကို မကျွေးမွေးနိုင်တဲ့အပြင် သူတို့ ငတ်ပြတ်နေတာကိုလည်း သူမကြည့်ရက်နိုင်တော့ဘူး” လို့ရွာသူကြီး စီဒီက ရှင်းပြတယ်။

အဖြစ်မှန်က ဘာကိုဖော်ပြသလဲ။ ကမ္ဘာတစ်ဝန်း လူ ၇ ယောက်မှာ ၁ ယောက်နီးပါးဟာ နေ့စဉ် မဝရေစာ စားနေရရှာတယ်။ ဆာဟာရသဲကန္တာရတောင်ပိုင်း အာဖရိကဒေသတွေမှာ မဝရေစာ စားနေရတဲ့သူ အရေအတွက်က ပိုများနေတယ်။ အဲဒီဒေသတွေမှာ လူ ၃ ယောက်မှာ ၁ ယောက်က ဆာလောင်မွတ်သိပ်နေတာ အတော့်ကိုကြာနေပြီ။ အဲဒီကိန်းဂဏန်းကို သဘောပေါက်ဖို့ မိဘနှစ်ပါးနဲ့ ကလေးတစ်ယောက်ရှိတဲ့ မိသားစုတစ်စုကို ဥပမာအဖြစ် သုံးသပ်ကြည့်ပါ။ တကယ်လို့ အစားအစာက နှစ်ယောက်စာအတွက်ပဲ ရှိတယ်ဆိုရင် ဘယ်သူ အငတ်ခံမလဲ။ အဖေလား၊ အမေလား၊ ကလေးလား။ အဲလိုမိသားစုတွေဟာ နေ့စဉ်အစားအသောက်နဲ့ပတ်သက်ပြီး ဘယ်သူက အငတ်ခံမလဲဆိုတာကို ရွေးချယ်နေရကြတယ်။

လူအများက ဘယ်လိုတုံ့ပြန်ကြသလဲ။ ကမ္ဘာမြေကြီးက လူတိုင်းအတွက် အစားအစာကို လိုတာထက်ပိုပြီး ထုတ်လုပ်ပေးနေပါတယ်။ ကမ္ဘာ့အရင်းအမြစ်တွေကို ကောင်းကောင်း စီမံကွပ်ကဲဖို့ပဲ လိုအပ်တာပါ။

လူအများရဲ့ တုံ့ပြန်ချက်က ခိုင်လုံရဲ့လား။ လယ်သမားတွေဟာ အရင်ကထက် အစားအစာတွေကို ပိုမိုထုတ်လုပ်နိုင်ပြီး သယ်ယူပို့ဆောင်ပေးနိုင်ကြပါတယ်။ ဒါကြောင့် အငတ်ဘေးပြဿနာကို ဖြေရှင်းပေးဖို့ လူ့အုပ်ချုပ်ရေးက ကမ္ဘာ့စားနပ်ရိက္ခာကို စီမံခန့်ခွဲပေးသင့်တယ်။ ဒါပေမဲ့ လူ့အုပ်ချုပ်ရေးက ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားပြီးတဲ့နောက်မှာတောင် အဲဒီအငတ်ဘေးပြဿနာကို မဖြေရှင်းပေးနိုင်ခဲ့ပါဘူး။

သင်ကော ဘယ်လိုထင်သလဲ။ မဿဲ ၂၄:၇ မှာ ကြိုဟောထားတဲ့အချက်က ပြည့်စုံနေသလား။ နည်းပညာတွေ တိုးတက်နေပေမဲ့ အစာရေစာ ပြတ်လပ်မှုကို ကမ္ဘာချီ တွေ့ကြုံနေရပါသလား။

နောက်ဆုံးသောနေ့ရက်တွေရဲ့ အသွင်အပြင်တွေထဲက နောက်အသွင်အပြင်တစ်ခုဟာ မြေငလျင်နဲ့ အငတ်ဘေးတွေရဲ့ နောက်ဆက်တွဲပြဿနာတစ်ခု ဖြစ်လေ့ရှိပါတယ်။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

“အဆုတ်ရောင်ရောဂါ၊ ဝမ်းလျှောရောဂါနဲ့ တခြားရောဂါတွေကြောင့် သေဆုံးသွားတဲ့ ကလေး သုံးပုံတစ်ပုံကျော်ဟာ အာဟာရရှိရှိ စားသုံးခဲ့ရမယ်ဆိုရင် အသက်ဆက်ရှင်နိုင်ပါတယ်။”—အန်း အမ်. ဗန်နာမန်၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာဟောင်း။

[Picture Credit Line on page 5]

© Paul Lowe/Panos Pictures

    မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ လက်သင်္ကေတပြဘာသာစကား
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ