အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ
© 2025 Watch Tower Bible and Tract Society of Pennsylvania
နိုဝင်ဘာ ၃-၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ရှောလမုန်သီချင်း ၁-၂
အစဉ်တည်တဲ့မေတ္တာ ဇာတ်လမ်း
က၁၅ ၁/၁၅ ၂၉-၃၀ ပိုဒ်. ၉-၁၀
မပြောင်းလဲတဲ့မေတ္တာနဲ့ချစ်ဖို့ ဖြစ်နိုင်သလား
၉ ယေဟောဝါကို ဝတ်ပြုတဲ့ အိမ်ထောင်သည်တွေအတွက် အိမ်ထောင်ပြုခြင်းဟာ တရားဝင် သဘောတူညီချက်လောက်ပဲ မဟုတ်ပါဘူး။ သူတို့ဟာ အချင်းချင်းကို အမှန်တကယ်ချစ်ပြီး မေတ္တာရှိတယ်ဆိုတာကိုလည်း ဖွင့်ဟဖော်ပြကြတယ်။ ဒါပေမဲ့ ဘယ်လို မေတ္တာမျိုး ဖြစ်သင့်သလဲ။ လူအားလုံးအပေါ်ထားရမယ်လို့ ကျမ်းစာမှာပြောထားတဲ့ ကိုယ်ကျိုးစွန့်မေတ္တာမျိုးလား။ (၁ ယော. ၄:၈) မိသားစုဝင်တွေအပေါ်ထားတဲ့ ၅၂၈ မေတ္တာမျိုးလား။ သူငယ်ချင်းမေတ္တာမျိုးလား။ (ယော. ၁၁:၃) ဒါမှမဟုတ် ၁,၅၀၀ မေတ္တာမျိုးလား။ (သု. ၅:၁၅-၂၀) တကယ်တော့ ဇနီးမောင်နှံနှစ်ယောက်ဟာ အဲဒီမေတ္တာအားလုံးနဲ့ချစ်ပြီး အဲဒါကို ဖွင့်ဟဖော်ပြဖို့ လိုအပ်တယ်။ သင့်ရဲ့အပြောအဆို၊ အပြုအမူအားဖြင့် သင့်အိမ်ထောင်ဖက်ကို ချစ်တယ်ဆိုတာ စိတ်ချအောင် လုပ်ပေးရမယ်။ ဒီနည်းနဲ့ သာယာတဲ့အိမ်ထောင်ဖြစ်နိုင်မယ်။ ဘယ်လောက်အလုပ်များပါစေ အဲဒီလိုလုပ်ဖို့ သိပ်အရေးကြီးတယ်။ ယဉ်ကျေးမှုတချို့မှာတော့ သဘောတူပေးစားတဲ့ထုံးစံရှိတယ်။ သတို့သားနဲ့ သတို့သမီးဟာ မင်္ဂလာဆောင်တဲ့နေ့မတိုင်ခင်အထိ တစ်ယောက်ကိုတစ်ယောက် မသိတာမျိုးဖြစ်နိုင်တယ်။ ဒါကြောင့် အိမ်ထောင်ပြုပြီးနောက် တစ်ယောက်ကိုတစ်ယောက် ချစ်တဲ့အကြောင်း ဖွင့်ပြောဖို့လိုအပ်တယ်။ ဒီလိုလုပ်မှ အချင်းချင်း ပိုချစ်လာပြီး အိမ်ထောင် ပိုခိုင်မြဲလာပါလိမ့်မယ်။
၁၀ လင်မယားနှစ်ယောက်ဟာ အချင်းချင်းအပေါ်ထားတဲ့ မေတ္တာကို ဖွင့်ဟဖော်ပြတဲ့အခါ နောက်တစ်နည်းနဲ့ အကျိုးရရှိနိုင်တယ်။ ဘုရင်ရှောလမုန်က ရှုလမိုက်ကို ‘ငွေကွပ်ထားတဲ့ ရွှေအလှတန်ဆာတွေ’ လုပ်ပေးမယ်လို့ ပြောတယ်။ အဲဒီအပြင် ‘လပြည့်ဝန်းလို လှပ’ ပြီး ‘နေခြည်လို ကြည်လင်’ တယ်လို့လည်း ရှုလမိုက်ကို ချီးမွမ်းတယ်။ (သီ. ၁:၉-၁၁၊ ကဘ; ၆:၁၀၊ ကဘ) ဒါပေမဲ့ ရှုလမိုက်ကတော့ သူအမှန်တကယ်ချစ်တဲ့သူကို တွေ့ထားပြီ။ သိုးထိန်းလေးအပေါ် ဆက်သစ္စာရှိနိုင်ဖို့ ရှုလမိုက်ကို ဘာက ကူညီပေးခဲ့သလဲ။ သူတို့ကွဲကွာနေချိန်မှာ သူ့ကို ဘာက နှစ်သိမ့်ပေးခဲ့သလဲ။ (ရှောလမုန်သီချင်း ၁:၂၊ ၃ ကိုဖတ်ပါ။) ရှုလမိုက်က သိုးထိန်းရဲ့ ချစ်စကားတွေကြောင့် ဘယ်လောက် ပျော်ခဲ့ရတယ်ဆိုတာ အမှတ်ရမိတယ်။ သိုးထိန်းရဲ့ မေတ္တာဖွင့်ဟချက်တွေဟာ ‘စပျစ်ဝိုင်ထက် ပိုကောင်း’ တယ်။ ရှုလမိုက် နန်းတော်ထဲရှိနေချိန်မှာ အဲဒီဖွင့်ဟချက်တွေက ခေါင်းပေါ်လိမ်းတဲ့ ‘ဆီမွှေး’ လို သူ့ကို နှစ်သိမ့်ပေးတယ်။ (ဆာ. ၂၃:၅; ၁၀၄:၁၅) လင်မယားနှစ်ယောက်လည်း မကြာခဏဆိုသလို မေတ္တာကို ဖွင့်ဟဖော်ပြဖို့ သိပ်အရေးကြီးတယ်။ အဲဒါက သူတို့ရဲ့မေတ္တာကို တိုးများစေပါလိမ့်မယ်။ အဲဒီလိုဖွင့်ဟဖော်ပြတဲ့ အမှတ်တရလေးတွေက တစ်ယောက်ကိုတစ်ယောက် ချစ်မြဲချစ်နေဖို့ ကူညီပေးပါလိမ့်မယ်။
နိုဝင်ဘာ ၁၀-၁၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ရှောလမုန်သီချင်း ၃-၅
စိတ်ထားအလှ အရေးပါပုံ
က၁၅ ၁/၁၅ ၂၉ ပိုဒ်. ၈
မပြောင်းလဲတဲ့မေတ္တာနဲ့ချစ်ဖို့ ဖြစ်နိုင်သလား
၈ သိုးထိန်းလေးနဲ့ ရှုလမိုက်ဟာ အချင်းချင်းရဲ့ အလှအပကို ချီးမွမ်းခန်းဖွင့်ကြတယ်။ ဒါပေမဲ့ အဲဒီလောက်ပဲ မဟုတ်ပါဘူး။ ဥပမာ၊ သိုးထိန်းက ရှုလမိုက်ရဲ့ ကြင်ကြင်နာနာ ပြောဆိုပုံကို နှစ်သက်မြတ်နိုးတယ်။ (ရှောလမုန်သီချင်း ၄:၇၊ ၁၁ ကိုဖတ်ပါ။) ဒါကြောင့် ‘အို မောင့်သတို့သမီး၊ မင်းရဲ့ နှုတ်ခမ်းကနေ ပျားရည်တွေ တစ်စက်စက် ယိုကျနေတယ်။ မင်းရဲ့လျှာအောက်မှာ ပျားရည်နဲ့နို့ ရှိတယ်’ လို့ပြောတယ်။ ရှုလမိုက်ရဲ့စကားဟာ သူ့အတွက် နို့ရည်လို၊ ပျားရည်လို သိပ်ချိုတယ်။ ‘မင်းဟာ သိပ်လှတာပဲ။ ပြစ်မျိုးမှဲ့မထင်လေးပါပဲ’ လို့ ပြောတာဟာ အလှအပလောက်ကိုသာ မဟုတ်ဘဲ ချစ်စရာအရည်အသွေးတွေကိုပါ ပြောနေတာဖြစ်တယ်။
က၀၀ ၁၁/၁ ၁၁ ပိုဒ်. ၁၇
ကျင့်ဝတ်သန့်ရှင်းမှုဆိုင်ရာ ဘုရားသခင်ရေးရာအမြင်
၁၇ တတိယတည်ကြည်သူမှာ ရှုလမိုက်မိန်းမပျိုလေးဖြစ်သည်။ ငယ်ရွယ်လှပသော ဤမိန်းမပျိုလေးကို သိုးထိန်းလုလင်တစ်ဦးကသာမက ဣသရေလနိုင်ငံ၏ ကြွယ်ဝချမ်းသာသောဘုရင် ရှောလမုန်ကပါ နှစ်သက်မြတ်နိုးခဲ့လေသည်။ ရှောလမုန်သီချင်း၌ ဖော်ပြထားသော လှပသည့်ဇာတ်ကြောင်း တစ်ပုဒ်လုံးတွင် ရှုလမိုက်သည် ဖြူဖြူစင်စင် နေထိုင်ခဲ့ပြီး ယင်းကြောင့် သူ့ပတ်ဝန်းကျင်ရှိသူတို့၏ လေးစားမှုကို ခံခဲ့ရသည်။ သူ၏ငြင်းပယ်မှုကို ခံခဲ့ရသော်လည်း ရှောလမုန်သည် သူငယ်မ၏ဇာတ်ကြောင်းကို မှတ်တမ်းတင်ရန် မှုတ်သွင်းခံခဲ့ရသည်။ သူချစ်သော သိုးထိန်းကလည်း သူ၏စင်ကြယ်သောအကျင့်ကို လေးစားတန်ဖိုးထားခဲ့သည်။ ရှုလမိုက်သည် “ဝင်းကာသောဥယျာဉ်” နှင့်တူသည်ဟု သူတစ်ခါက ပြန်ပြောင်းစဉ်းစားခဲ့သည်။ (ရှောလမုန်သီချင်း ၄:၁၂) ရှေးခေတ် ဣသရေလနိုင်ငံရှိ လှပသောဥယျာဉ်များတွင် စားဖွယ်ကောင်းသော ဟင်းသီးဟင်းရွက် မျိုးပေါင်းစုံ၊ သင်းပျံ့မွှေးကြိုင်သော ပန်းမန်များနှင့် ခံ့ညားသော သစ်ပင်များ ပါဝင်သည်။ ထိုဥယျာဉ်များကို အများအားဖြင့် စည်းရိုး သို့မဟုတ် တံတိုင်းဖြင့် ခြံခတ်ထားပြီး သော့ခတ်ထားသည့် ဂိတ်ပေါက်မှသာ ဝင်ရောက်နိုင်သည်။ (ဟေရှာယ ၅:၅) သိုးထိန်းဖြစ်သူအတွက် ရှုလမိုက်၏ ကိုယ်ကျင့်တရား သန့်စင်မှုနှင့် ချစ်ဖွယ်ကောင်းခြင်းတို့သည် တွေ့ရခဲသော လှပသည့်ဥယျာဉ်ကဲ့သို့ဖြစ်သည်။ သူသည် လုံးဝသန့်ရှင်းဖြူစင်သည်။ သူ၏ခင်ပွန်းလောင်းသာလျှင် သူ၏ချစ်ခင်တွယ်တာမှုကို ရရှိနိုင်မည်။
န၀၄ ၁၂/၂၂ ၉ ပိုဒ်. ၂-၅
အရေးတကာ့ အရေးအကြီးဆုံး အလှ
စိတ်ထားအလှက တခြားသူတွေကို ဆွဲဆောင်နိုင်သလား။ အိမ်ထောင်သက် ဆယ်နှစ်ရှိပြီဖြစ်တဲ့ ဂျော်ဂျီယာနာ ဒီလိုပြောတယ်– “နှစ်တွေတစ်လျှောက်မှာ ကျွန်မခင်ပွန်းရဲ့ ရိုးသားမှု၊ ကျွန်မအပေါ် ဟန်ဆောင်မှုကင်းတာတွေက ဆွဲဆောင်မှုဖြစ်ခဲ့တာပါ။ ဘုရားစိတ်တော်နဲ့တွေ့ဖို့က သူ့ဘဝမှာ အရေးအကြီးဆုံးပဲ။ အဲဒါကြောင့် စာနာတတ်သူ၊ ချစ်ခင်တတ်သူ ဖြစ်လာတာ။ ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာလည်း ကျွန်မကို ထည့်စဉ်းစားပေးတယ်။ ဒါကြောင့် ငါ့ကိုတန်ဖိုးထားပါလားလို့ ခံစားရတယ်။ ကျွန်မကို သူ တကယ်ချစ်တယ်ဆိုတာ သိတယ်။”
၁၉၈၇ မှာအိမ်ထောင်ပြုခဲ့တဲ့ ဒန်နီယယ် ဒီလိုပြောတယ်– “ကျွန်တော့်ဇနီးက သိပ်လှတယ်။ သူ့ရဲ့ရုပ်ရည်အသွင်အပြင်တစ်ခုတည်းကြောင့် ချစ်မိသွားတာ မဟုတ်ဘူး။ သူ့ရဲ့အရည်အသွေးတွေကြောင့် ပိုချစ်မိသွားတာ။ တခြားသူတွေအတွက် အမြဲစဉ်းစားပေးတတ်တယ်၊ သူတို့ စိတ်ပျော်အောင် အမြဲ ဂရုစိုက်ပေးတတ်တယ်။ သူ့မှာ အဖိုးတန် ခရစ်ယာန် အရည်အသွေးတွေ ရှိတယ်။ ဒါကြောင့် သူနဲ့အတူရှိနေရတာ သိပ်ကိုစိတ်အေးချမ်း ပျော်ရွှင်ရတယ်။”
အပေါ်ယံအသွင်အပြင်ကို အလေးပေးတဲ့ ဒီလောကမှာ အပေါ်ယံကိုကျော်ပြီး ကြည့်ဖို့လိုတယ်။ “ပြီးပြည့်စုံ” တဲ့ ရူပကာရဖို့ဆိုတာ ခက်တယ်။ လုပ်ယူလို့ ရတယ်ဆိုရင်တောင် ကြာရှည်မခံဘူး။ ဒါပေမဲ့ စိတ်ထားအလှကို ဖြစ်စေတဲ့ အရည်အသွေးကောင်းတွေကိုတော့ မွေးမြူပိုင်ဆိုင်နိုင်ပါတယ်။ ကျမ်းစာက “ဆွဲဆောင်မှုရှိတာဟာ လှည့်စားတတ်တယ်။ အလှအပကလည်း တာရှည်မခံဘူး။ ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့ မိန်းမကတော့ ချီးမွမ်းခံရလိမ့်မယ်” လို့ဆိုထားတယ်။ ဒါ့အပြင် “ဆင်ခြင်ဉာဏ်မဲ့တဲ့ မိန်းမချောဟာ ဝက်နှာခေါင်းမှာ တပ်ထားတဲ့ ရွှေကွင်းနဲ့တူတယ်” လို့လည်း ကျမ်းစာမှာ သတိပေးထားပါတယ်။—ပညာအလိမ္မာ ၁၁:၂၂။ ၃၁:၃၀။
ကျမ်းစာက စိတ်ထားအလှကို တန်ဖိုးထားဖို့ အားပေးတယ်။ “စိတ်ထားအလှကိုသာ ပေါ်လွင်စေပါ။ အေးချမ်းပြီး နူးညံ့တဲ့စိတ်နဲ့ ကိုယ်ကို အလှဆင်ပါ။ အဲဒီလိုစိတ်မျိုးဟာ ဘုရားသခင့်ရှေ့မှာ အလွန်အဖိုးတန်တဲ့အပြင် မပျက်စီးတတ်တဲ့အလှလည်း ဖြစ်နေလို့ပဲ” လို့ ဆိုထားတယ်။ (၁ ပေတရု ၃:၄) မှန်ပါတယ်၊ အပြင်ပန်းအလှထက် စိတ်ထားလှဖို့ ပိုအရေးကြီးတယ်။ စိတ်ထားအလှကို လူတိုင်း ပိုင်ဆိုင်နိုင်ပါတယ်။
ဘုရားရေးရာ ရတနာ
က၀၆ ၁၁/၁၅ ၁၈ ပိုဒ်. ၄
ရှောလမုန်သီချင်းမှ ပေါ်လွင်ချက်များ
၂:၇; ၃:၅—နန်းတွင်းသူတို့ကို အဘယ်ကြောင့် “တော၌ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍” ကျိန်ဆိုစေသနည်း။ သမင်ဒရယ်တို့သည် သူတို့၏ တင့်တယ်လှပမှုကြောင့် ထင်ရှားကြသည်။ ရှုလမိုက်မိန်းမပျိုလေးသည် မိမိ၏ ချစ်ခြင်းမေတ္တာကို နန်းတွင်းသူများ မလှုပ်မနှိုးစေရန် တင့်တယ်ချစ်ဖွယ်သော သတ္တဝါအားလုံးကို တိုင်တည်၍ ကျိန်ဆိုစေခြင်းဖြစ်သည်။
နိုဝင်ဘာ ၁၇-၂၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ရှောလမုန်သီချင်း ၆-၈
တံခါးလိုမဟုတ်ဘဲ မြို့ရိုးလို ဖြစ်ပါ
it “ရှောလမုန်သီချင်း” ပိုဒ်. ၁၁
ရှောလမုန်သီချင်း
ရှောလမုန်က ရှုလမိုက်ကို အိမ်ပြန်ခွင့် ပြုလိုက်ပုံရတယ်။ ညီမလေး ပြန်လာနေတာကို တွေ့တဲ့အခါ အစ်ကိုတွေက “ချစ်သူကို မှီနွဲ့ပြီး တောထဲကနေ တက်လာနေတာ ဘယ်သူများပါလိမ့်” လို့ မေးကြတယ်။ (သီ ၈:၅က) ရှုလမိုက်ရဲ့အစ်ကိုတွေက သူတို့ရဲ့ညီမလေး ဒီလောက် အချစ်ကြီးသူဖြစ်မှန်း မသိခဲ့ကြဘူး။ အစောပိုင်းနှစ်တုန်းက ညီမလေးနဲ့ပတ်သက်ပြီး အစ်ကိုတစ်ယောက်က “ငါတို့မှာ ရင်သားမပေါ်သေးတဲ့ နှမလေးတစ်ယောက် ရှိတယ်။ သူ့ကို လာတောင်းရမ်းတဲ့အခါ ငါတို့ ဘယ်လိုလုပ်ကြမလဲ” လို့ပြောတယ်။ (၈:၈) နောက်အစ်ကိုတစ်ယောက်က “သူဟာ မြို့ရိုးဖြစ်ရင် သူ့အပေါ်မှာ ငွေသူရဲခိုကို ငါတို့ ဆောက်ပေးမယ်။ တံခါးဖြစ်ရင်တော့ သူ့ကို သစ်ကတိုးပျဉ်ချပ်နဲ့ ပိတ်ထားမယ်” လို့ ပြန်ပြောတယ်။ (၈:၉) ဒါပေမဲ့ ရှုလမိုက်က သွေးဆောင်မှုအားလုံးကို အောင်မြင်စွာ တွန်းလှန်နိုင်တယ်။ ကိုယ့်စပျစ်ခြံနဲ့ကိုယ် ကျေနပ်နေပြီး ချစ်သူအပေါ်လည်း သစ္စာမဖောက်ခဲ့ဘူး။ (၈:၆၊ ၇၊ ၁၁၊ ၁၂) ဒါကြောင့် သူဒီလို ပြောနိုင်ခဲ့တာပါ– “ကျွန်မဟာ မြို့ရိုးပါ။ ကျွန်မရင်ဟာ မြို့ရိုးပေါ်က ပြအိုးပါ။ ဒါကြောင့် သူ့အမြင်မှာ ကျွန်မဟာ အေးချမ်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတာပေါ့။”—၈:၁၀။
yp ၁၈၈ ပိုဒ်. ၂
လက်မထပ်ခင် သံဝါသပြုတာကို ဘယ်လိုပြောမလဲ
သို့ရာတွင် ပျိုရည်သန့်သန့် နေထိုင်ခြင်းသည် လူငယ်တစ်ဦးအား ဘေးဥပဒ်များ ရှောင်နိုင်ဖို့သာ အထောက်အကူပြုသည်မဟုတ်။ သမ္မာကျမ်းစာက မိန်းမပျိုတစ်ဦးအကြောင်း ရေးသားတင်ပြထားသည်။ သူမသည် ရည်းစားပေါ် အချစ်စိတ်ပြင်းပြလျက်နှင့် အပျိုရည်ကို ထိန်းသိမ်းခဲ့ပေသည်။ ယင်းကြောင့် သူမက “ကျွန်မသည် မြို့ရိုးသဖွယ်၊ ရင်သားလည်း ရဲတိုက်သဖွယ်ဖြစ်ပါ” သည်ဟု ဂုဏ်ယူ၍ ပြောနိုင်ခဲ့သည်။ သူမသည် ဖြားယောင်းသွေးဆောင်မှုအောက် လွယ်လွယ်နှင့် ‘ပွင့်’ သော၊ ‘တံခါးရွက်’ မျိုးမဟုတ်။ သီလဘက်တွင် ဖြို၍မရနိုင်သော ရဲတိုက်နံရံများပမာ၊ ဝင်၍မစီးနိုင်သော မျှော်စင်များအလား ဖြစ်ပေသည်! “သန့်စင်သူ” (ကဘ) ဟုသမုတ်ခြင်း ခံထိုက်ပေသည်။ “အရှင့် [ခင်ပွန်းလောင်း] မျက်မှောက်၌ ငြိမ်သက်ရာရောက်၏” ဟူ၍လည်း ဆိုနိုင်ခဲ့ပေသည်။ သူမ၏ ငြိမ်သက်သောစိတ်ကြောင့် သူတို့နှစ်ဦးစပ်ကြား ရောင့်ရဲတင်းတိမ်ခြင်း ရှိခဲ့ကြပေသည်။—ရှောလမုန်သီချင်း ၆:၉၊ ၁၀; ၈:၉၊ ၁၀; သမ။
yp2 ၃၃
စံနမူနာ—ရှုလမိုက်
မိန်းမပျို ရှုလမိုက်က အချစ်ရေးကိစ္စနဲ့ပတ်သက်လာရင် ခေါင်းအေးအေးနဲ့ စဉ်းစားရမယ်ဆိုတာ သိတယ်။ ဒါကြောင့် အဖော်တွေကို “ကျွန်မရင်ထဲမှာ အချစ်စိတ် ပေါ်မလာတဲ့အတွက် ပေါ်အောင် အတင်းမလုပ်ပါဘူးလို့ သစ္စာဆိုကြပါ” ဆိုပြီး ပြောထားတယ်။ ခံစားချက်တွေက စဉ်းစားဆင်ခြင်နိုင်စွမ်းအပေါ် ခဏလေးနဲ့ လွှမ်းမိုးနိုင်တယ်ဆိုတာ ရှုလမိုက် သိတယ်။ ဥပမာ၊ ကိုယ်နဲ့ မသင့်တော်တဲ့သူရဲ့ ချစ်ရေးဆိုမှုကို လက်ခံဖို့ တခြားသူတွေ ဖိအားပေးနိုင်တယ်ဆိုတာ သူသိထားတယ်။ ရှုလမိုက်ကိုယ်နှိုက်ရဲ့ ခံစားချက်တွေကတောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက် မချမိအောင် ဖြစ်စေနိုင်တယ်။ ဒါကြောင့် ရှုလမိုက်က “မြို့ရိုး” လို ရပ်တည်နေတာ။—ရှောလမုန်သီချင်း ၈:၄၊ ၁၀။
အချစ်ရေးနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ ရှုမြင်ပုံဟာ ရှုလမိုက်လို ရင့်ကျက်ရဲ့လား။ နှလုံးသားကလာတဲ့ ခံစားချက်လောက်သာမဟုတ်ဘဲ ဦးနှောက်ကပြောတာကို နားထောင်နိုင်မလား။ (ပညာအလိမ္မာ ၂:၁၀၊ ၁၁) ကိုယ်အဆင်သင့်မဖြစ်ခင်မှာ ချစ်သူထားဖို့ တခြားသူတွေ ဖိအားပေးလာနိုင်တယ်။ အဲဒီလိုဖိအားကို ကိုယ့်ဘာသာကိုယ် တင်တာလည်း ဖြစ်နိုင်တယ်။ ဥပမာ၊ ယောက်ျားလေးနဲ့ မိန်းကလေး လက်တွဲသွားတာကိုမြင်တဲ့အခါ အားကျသလား။ ဒါနဲ့ပဲ ကိုယ်နဲ့ ယုံကြည်ခြင်းမတူသူနဲ့ တွဲလိုက်မလား။ အချစ်ရေးနဲ့ပတ်သက်လာရင် ရှုလမိုက်ဟာ ရင့်ကျက်တယ်။ သင်လည်း ရင့်ကျက်နိုင်ပါတယ်။
ဘုရားရေးရာ ရတနာ
က၁၅ ၁/၁၅ ၂၈ ပိုဒ်. ၃
မပြောင်းလဲတဲ့မေတ္တာနဲ့ချစ်ဖို့ ဖြစ်နိုင်သလား
၃ ရှောလမုန်သီချင်း ၈:၆ ကိုဖတ်ပါ။ မေတ္တာကို ‘ယရဲ့ မီးလျှံ’ လို့ ဖော်ပြထားတယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါရဲ့ အကြီးမြတ်ဆုံးအရည်အသွေးဟာ မေတ္တာဖြစ်ပြီး ကျွန်တော်တို့ကို သူ့ရဲ့မေတ္တာကိုတုပနိုင်တဲ့ စွမ်းရည်နဲ့ ဖန်ဆင်းထားလို့ပဲ။ (က. ၁:၂၆၊ ၂၇) ယေဟောဝါဟာ ဦးဆုံးလူသားအာဒံကို ဖန်ဆင်းပြီးနောက် ဇနီးချောတစ်ယောက် ပေးခဲ့တယ်။ ဧဝကို ဦးဆုံးမြင်ရချိန်မှာ ကဗျာဖွဲ့ရလောက်တဲ့အထိ အာဒံပျော်ရွှင်ခဲ့တယ်။ ဧဝလည်း သူ့ခင်ပွန်းကို တအားခင်တွယ်မိတယ်။ တကယ်တော့ အာဒံရဲ့နံရိုးကနေ ဧ၀ကို ယေဟောဝါ ဖန်ဆင်းထားတာကိုး။ (က. ၂:၂၁-၂၃) ယေဟောဝါဟာ အစဦးကတည်းက အမျိုးသားနဲ့အမျိုးသမီး တစ်ယောက်ကိုတစ်ယောက် တည်မြဲတဲ့မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်နိုင်တဲ့စွမ်းရည်ကို ထည့်သွင်းပေးထားတယ်။
နိုဝင်ဘာ ၂၄-၃၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၁-၂
“အမှားဝန်ပိနေ” သူတွေအတွက် မျှော်လင့်ချက်
ip-1 ၇ ပိုဒ်. ၈
ဖခင်တစ်ဦးနှင့် ပုန်ကန်သော သားများ
၈ ဟေရှာယသည် ယုဒလူမျိုးအတွက် မိမိ၏ သတင်းစကားကို ပြင်းထန်သည့် စကားလုံးများဖြင့် ဤသို့ဖော်ပြ၏– “အပြစ်ရှိသောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းဆောင်သောလူစု၊ အဆိုးပြုကျင့်သောအနွယ်၊ ဖောက်ပြန်သောသား . . . ပါတကား။ ထာဝရဘုရားကို စွန့်ကြပြီ။ ဣသရေလလူမျိုး၏ သန့်ရှင်းသော အရှင်ကို မရိုမသေပြု၍ ပယ်ကြပြီ။ ကျောခိုင်း၍ ခွာသွားကြပြီ။” (ဟေရှာယ ၁:၄၊ သမ္မာ) ဆိုးသွမ်းသော အပြုအမူများသည် ဝန်ထုပ်ကြီးသဖွယ် စုပုံလာနိုင်သည်။ အာဗြဟံခေတ်က သောဒုံနှင့် ဂေါမောရမြို့၏ အပြစ်သည် “အလွန် အပြစ်လေး” ၏ဟု ယေဟောဝါ ဖော်ပြခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၀) ယခု ယုဒလူတို့တွင် အလားတူရာသည် ထင်ရှားနေသည်၊ အကြောင်းမှာ ဟေရှာယက သူတို့သည် “ဒုစရိုက်ဝန်ကို ထမ်း” သည်ဟု ပြောထားသောကြောင့်ပင်။ ထို့အပြင် သူတို့ကို “အဆိုးပြုကျင့်သောအနွယ်၊ ဖောက်ပြန်သောသား” များအဖြစ် ခေါ်ဆိုထားသည်။ မှန်ပါသည်၊ ယုဒလူမျိုးတို့သည် အပြစ်ကျူးလွန်သော သားသမီးများနှင့် တူသည်။ သူတို့သည် “ကျောခိုင်း၍ ခွာသွားကြပြီ” သို့မဟုတ် စံတင်ကျမ်းသစ်အရ သူတို့သည် သူတို့၏ ဖခင်နှင့် “လုံးဝ အဆက်ပြတ်” နေသည်။
ဒီဇင်ဘာ ၁-၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၃-၅
ယေဟောဝါမှာ မျှော်လင့်ပိုင်ခွင့်ရှိ
ip-1 ၃၇ ပိုဒ်. ၃-၅
သစ္စာမဲ့သော စပျစ်ဥယျာဉ်သည် အမင်္ဂလာရှိ၏!
၃ ဟေရှာယသည် ဤဥပမာကို သီချင်းကဲ့သို့ ဆိုသည်ဖြစ်စေ၊ မဆိုသည်ဖြစ်စေ နားထောင်သူ ပရိသတ်၏ အာရုံကို ဖမ်းစားခဲ့မည်မှာ အမှန်ပင်။ အများစုသည် စပျစ်ဥယျာဉ် စိုက်ပျိုးခြင်းအလုပ်နှင့် ရင်းနှီးကျွမ်းဝင်ကြပုံ ရှိရာ ဟေရှာယ၏ ဖော်ပြချက်သည် ကွက်ကွက်ကွင်းကွင်း မြင်သာစေသည်။ ယနေ့ စပျစ်စိုက်ပျိုးသူများကဲ့သို့ပင် စပျစ်ဥယျာဉ်ပိုင်ရှင်သည် စပျစ်သီးအစေ့ကို မစိုက်ပျိုးဘဲ “မျိုးသန့်” သို့မဟုတ် တန်ဖိုးကြီး “စပျစ်နီ”—ကိုင်းကူး သို့မဟုတ် အခြားစပျစ်ပင်၏ အတက်ကို စိုက်ပျိုးသည်။ သင့်လျော်စွာပင် ဤစပျစ်ဥယျာဉ်ကို သီးအားကောင်းမည့် “မြေဩဇာကောင်းသော တောင်စောင်း” တွင် စိုက်ပျိုးလေသည်။
၄ ဖြစ်ထွန်းသော စပျစ်ဥယျာဉ်တစ်ခြံ ဖြစ်လာရန် အတော်ပင် ကြိုးစားအားထုတ်ရသည်။ ဟေရှာယက ပိုင်ရှင်သည် “မြေကို တူး၍ ကျောက်ခဲတို့ကို ဖယ်” သည်ဟု ဖော်ပြထားသည်—ပင်ပန်း၍ အားကုန်သော အလုပ် ဖြစ်၏! သူသည် “မျှော်စင်ကိုလည်း ဆောက်” ရန် ကျောက်တုံးကြီးများကို အသုံးပြုခြင်း ဖြစ်နိုင်သည်။ ရှေးအချိန်က ထိုကဲ့သို့သော မျှော်စင်များသည် ကောက်ပဲသီးနှံများကို ခိုးယူဖျက်ဆီးမည့် သူခိုးများနှင့် တိရစ္ဆာန်များကို စောင့်ကြပ်သော အစောင့်များ နေစရာ ဖြစ်သည်။ ထို့အပြင် သူသည် စပျစ်ဥယျာဉ်ကို ကာရန် အုတ်ရိုးကိုလည်း တည်ဆောက်သည်။ (ဟေရှာယ ၅:၅) အပေါ်ယံ မြေဆီလွှာ တိုက်စားမခံရစေရန် ၎င်းကို တည်ဆောက်လေ့ရှိကြသည်။
၅ ပိုင်ရှင်သည် မိမိ၏ စပျစ်ဥယျာဉ်ကို ကာကွယ်ရန် ဤမျှ ကြိုးစားအားထုတ်ထားပြီ ဖြစ်ရာ အသီးသီးမည်ဟု မျှော်လင့်ခြင်းသည် သဘာဝကျပါသည်။ ယင်းကို မျှော်လင့်၍လည်း စပျစ်သီးနယ်ရာ ကျင်းကိုပင် တည်ဆောက်ထားပြီ။ သို့သော် မျှော်လင့်သည်အတိုင်း ရိတ်သိမ်းရပါသလော။ မရိတ်သိမ်းရပါ၊ စပျစ်ဥယျာဉ်သည် စပျစ်သီး အရိုင်းများကို သီးသောကြောင့် ဖြစ်သည်။
ip-1 ၃၈ ပိုဒ်. ၈-၉
သစ္စာမဲ့သော စပျစ်ဥယျာဉ်သည် အမင်္ဂလာရှိ၏!
၈ ဟေရှာယက စပျစ်ဥယျာဉ်ပိုင်ရှင် ယေဟောဝါကို “ငါချစ်ရာသခင်” ဟု ခေါ်ထားသည်။ (ဟေရှာယ ၅:၁) ဟေရှာယသည် ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေး ရှိသောကြောင့်သာ ထိုကဲ့သို့ ဆိုနိုင်ခြင်းဖြစ်သည်။ (ယောဘ ၂၉:၄; ဆာလံ ၂၅:၁၄ နှိုင်းယှဉ်။) သို့ရာတွင် ပရောဖက်၏ ဘုရားသခင်ကို ချစ်သော မေတ္တာသည် ကိုယ်တော်၏ “စပျစ်ဥယျာဉ်”—ကိုယ်တော် “စိုက်ပျိုး” ခဲ့သည့် လူမျိုး—အပေါ် ပြခဲ့သော ဘုရားသခင်၏ မေတ္တာကို မယှဉ်နိုင်ပါ။—ထွက်မြောက်ရာ ၁၅:၁၇; ဆာလံ ၈၀:၈၊ ၉ နှိုင်းယှဉ်။
၉ ယေဟောဝါသည် မိမိ၏ လူမျိုးကို ခါနာန်ပြည်တွင် “စိုက်ပျိုး” ခဲ့ပြီး အခြားလူမျိုးများအားဖြင့် ယိုယွင်းဖောက်ပြန်ခြင်းမှ အကာအကွယ် ရရန် စည်းရိုးနှင့်တူသော ပညတ်တော်များနှင့် ဥပဒေများကို ပေးခဲ့သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆; ဆာလံ ၁၄၇:၁၉၊ ၂၀; ဧဖက် ၂:၁၄) ထို့ပြင် သူတို့ကို သွန်သင်ပေးရန် တရားသူကြီးများ၊ ယဇ်ပုရောဟိတ်များနှင့် ပရောဖက်များကိုလည်း ယေဟောဝါ ပေးခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၇:၁၃; မာလခိ ၂:၇; တမန်တော် ၁၃:၂၀) ဣသရေလလူမျိုး စစ်ရေးခြိမ်းခြောက်ခြင်း ခံရသည့်အခါ ကယ်တင်ပေးမည့်သူများကို ယေဟောဝါ ပေါ်ထွန်းစေတော်မူခဲ့သည်။ (ဟေဗြဲ ၁၁:၃၂၊ ၃၃) ဆင်ခြင်တုံတရားဖြင့် ယေဟောဝါ ဤသို့ မေး၏– “ငါ့စပျစ်ဥယျာဉ်၌ ငါမပြုရသေးသည့် ပြုရဦးမည့်အရာ ရှိသေးသလော။”
က၀၆ ၆/၁၅ ၁၈ ပိုဒ်. ၁
“ထိုစပျစ်နွယ်ပင်ကို အကြည့်အရှုကြွလာတော်မူပါ”
ဟေရှာယသည် “ဣသရေလအမျိုးသားတို့” ကို “တောသီး” များသာသီးသော စပျစ်ဥယျာဉ်နှင့်ခိုင်းနှိုင်းခဲ့သည်။ (ဟေရှာယ ၅:၂၊ ၇၊ သမ္မာ) တောသီးများသည် စိုက်ပျိုးသည့်စပျစ်သီးထက် အလွန်သေးငယ်ပြီး အစေ့များ၍ အသားနည်းသည်။ တောသီးများကို စား၍လည်းမရ၊ ဝိုင်လုပ်၍လည်းမရပေ။ ထို့ကြောင့် ယင်းသည် ဖြောင့်မတ်မှုအသီးအစား မတရားမှုအသီးများသာ သီးပွင့်သော ဖောက်ပြန်သည့်လူမျိုးအတွက် ဆီလျော်သောပုံခိုင်းချက်ဖြစ်သည်။ ဤအသုံးမဝင်သော အသီးသီးခြင်းမှာ စပျစ်ဥယျာဉ်စိုက်ပျိုးသူ၏ အမှားကြောင့် မဟုတ်ပါ။ လူမျိုးတော် သီးပွင့်နိုင်ရန် ယေဟောဝါပြုလုပ်ပေးနိုင်သည့် အရာအားလုံးကို ပြုလုပ်ပေးတော်မူခဲ့သည်။ “ငါ့စပျစ်ဥယျာဉ်၌ ငါကျေးဇူးပြုနိုင်လျက် မပြုသေးသောအရာ တစ်စုံတစ်ခုရှိသလော” ဟု ကိုယ်တော်မေးခဲ့သည်။—ဟေရှာယ ၅:၄။
က၀၆ ၆/၁၅ ၁၈ ပိုဒ်. ၂
“ထိုစပျစ်နွယ်ပင်ကို အကြည့်အရှုကြွလာတော်မူပါ”
ဣသရေလ စပျစ်နွယ်ပင်သည် အသီးမသီးသောကြောင့် ယေဟောဝါသည် လူမျိုးတော်ပတ်လည်၌ ကာရံထားသောတံတိုင်းကို ဖျက်ဆီးပစ်မည်ဟု သူတို့ကို သတိပေးခဲ့သည်။ ကိုယ်တော်၏ ပုံဆောင်စပျစ်နွယ်ပင်ကို မည်သည့်အခါမျှ အကိုင်းဖြတ်ခြင်း သို့မဟုတ် ပေါင်းသင်ခြင်း ပြုလုပ်ပေးတော့မည်မဟုတ်ပါ။ အသီးများမှီခိုအားထားသော နွေဦးမိုးလည်း ရွာတော့မည်မဟုတ်၊ စပျစ်ခြံတစ်ခွင် ဆူးပင်များနှင့် ပေါင်းပင်များသာ လွှမ်းခြုံနေပေတော့မည်။—ဟေရှာယ ၅:၅၊ ၆။
ဒီဇင်ဘာ ၈-၁၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၆-၈
“ကျွန်တော်ရှိပါတယ်။ ကျွန်တော့်ကို စေလွှတ်ပါ”
ip-1 ၄၆-၄၇ ပိုဒ်. ၁၃-၁၄
ယေဟောဝါ ဘုရားသခင်သည် မိမိ၏ သန့်ရှင်းသော ဗိမာန်တော်တွင် ရှိနေတော်မူ၏
၁၃ ဟေရှာယနှင့်အတူ ကျွန်ုပ်တို့ နားထောင်ကြစို့။ “တစ်ဖန် ထာဝရဘုရားက ‘ငါသည် အဘယ်သူကို စေလွှတ်ရမည်နည်း။ ငါတို့အဖို့ အဘယ်သူ သွားမည်နည်း’ ဟု မေးတော်မူသံကို ငါ ကြားလျှင် ငါက ‘အကျွန်ုပ် ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ’ ဟု လျှောက်လေ၏။” (ဟေရှာယ ၆:၈) ထိုရူပါရုံတွင် အခြား မည်သည့်လူသား ပရောဖက်မျှ မပါရှိသောကြောင့် ယေဟောဝါ ထုတ်လိုက်သည့် မေးခွန်းသည် ဟေရှာယထံမှ တုံ့ပြန်မှု ထွက်လာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်မှာ ရှင်းနေပါသည်။ ယေဟောဝါ၏ တမန်အဖြစ် လုပ်ဆောင်ရန် ဟေရှာယကို ဖိတ်ခေါ်နေခြင်း ဖြစ်သည်မှာ မမှားနိုင်ပေ။ သို့သော် ယေဟောဝါက “ငါတို့အဖို့ အဘယ်သူ သွားမည်နည်း” ဟု အဘယ်ကြောင့် မေးသနည်း။ “ငါ” ဟူသော တစ်ခုကိန်းအစား “ငါတို့” ဟူသော အများကိန်းကို အသုံးပြုထားခြင်းဖြင့် ယခု ယေဟောဝါသည် မိမိနှင့်အတူ အနည်းဆုံး အခြားသူတစ်ဦးကို ပါဝင်စေခြင်း ဖြစ်သည်။ မည်သူ ဖြစ်မည်နည်း။ မိမိ၏ တစ်ပါးတည်းသော သားတော်၊ နောက်ပိုင်း လူသား ယေရှုခရစ် ဖြစ်လာသူကိုပင် မဟုတ်လော။ အမှန်ပင် ဖြစ်၏၊ ဘုရားသခင်က “ငါတို့ပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့” ဟူ၍ ပြောခဲ့သော ထိုသားတော်ပင် ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၆; သုတ္တံ ၈:၃၀၊ ၃၁) မှန်၏၊ ကောင်းကင်ရင်ပြင်တွင် ယေဟောဝါနှင့် အတူရှိနေသူမှာ ကိုယ်တော်၏ တစ်ပါးတည်းသော သားတော်ပင်တည်း။—ယောဟန် ၁:၁၄။
၁၄ ဟေရှာယသည် အဖြေပေးရန် တုံ့ဆိုင်းမနေပါ! အဘယ်သတင်းစကား ဖြစ်နိုင်သည်ကို ပမာမထားဘဲ “အကျွန်ုပ် ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” ဟု ချက်ချင်း အဖြေပေးသည်။ တာဝန်ကို လက်ခံခြင်းဖြင့် အဘယ်အကျိုး ရရှိမည်ကိုပင် မမေးပါ။ သူ၏ တလိုတလားရှိသော စိတ်ဓာတ်သည် “နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ် ရှိသမျှတို့၌ ဟော” ဖို့ တာဝန် ရရှိထားသော ယနေ့ ဘုရားသခင့် ကျေးကျွန်အားလုံးအတွက် ပုံသက်သေကောင်းတစ်ခု ဖြစ်သည်။ (မဿဲ ၂၄:၁၄) သူတို့သည် ဟေရှာယကဲ့သို့ပင် မိမိတို့၏ တာဝန်တွင် သစ္စာရှိစွာ စွဲမြဲနေကြပြီး နေရာအနှံ့တွင် တုံ့ပြန်မှု မရှိစေကာမူ “လူမျိုးအပေါင်းတို့အား သက်သေဖြစ်” စေကြသည်။ ထို့ပြင် သူတို့သည် ဟေရှာယကဲ့သို့ မိမိတို့၏ တာဝန်သည် အမြင့်ဆုံးသော အခွင့်အာဏာမှ ခန့်အပ်ခြင်းဖြစ်သည်ကို သိမှတ်လျက် ယုံကြည်စိတ်ချမှုဖြင့် ရှေ့သို့ တိုးနေကြသည်။
ip-1 ၄၇ ပိုဒ်. ၁၅-၁၆
ယေဟောဝါ ဘုရားသခင်သည် မိမိ၏ သန့်ရှင်းသော ဗိမာန်တော်တွင် ရှိနေတော်မူ၏
၁၅ ယခု ယေဟောဝါက ဟေရှာယ အဘယ်အရာကို ပြောရမည်နှင့် မည်သို့ တုံ့ပြန်ခြင်း ခံရမည်ကို ဤသို့ အကျဉ်းချုပ် ဖော်ပြတော်မူ၏– “သွားလော့။ [“အထပ်ထပ်၊” ကဘ] ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားရလိမ့်မည်။ [“အထပ်ထပ်၊” ကဘ] မြင်လျက်ပင် မသိဘဲ မြင်ရလိမ့်မည်ဟု ဤလူမျိုးအား ဆင့်ဆိုလော့။ သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံး နားမလည်၊ အကျင့် မပြောင်းလဲ၊ အနာရောဂါကို မငြိမ်းစေရအောင် သူတို့စိတ်နှလုံးကို ထိုင်းမှိုင်းစေလော့။ နားကိုလည်း လေးစေလော့။ မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ” ၏။ (ဟေရှာယ ၆:၉၊ ၁၀၊ သမ္မာ) ဤအချက်က ဟေရှာယသည် ယေဟောဝါနှင့် ဂျူးများကို သဘောကွဲလွဲစေကာ သူတို့ကို တုံးတိတိနှင့် ပါးနပ်မှုမဲ့စွာ တွန်းလှန်ပစ်ရမည်ဟု ဆိုလိုပါသလော။ လုံးဝ မဆိုလိုပါ! ဤသူများသည် ဟေရှာယ၏ အမျိုးသားချင်းဖြစ်ကာ သွေးရင်းသားရင်းဟု သူခံစားရသူများ ဖြစ်သည်။ သို့သော် ယေဟောဝါ၏မိန့်တော်မူချက်များက ဟေရှာယသည် မိမိ၏ တာဝန်ကို မည်မျှ သစ္စာရှိရှိ လုပ်ဆောင်သည့်တိုင် လူများသည် သူ၏ သတင်းစကားအား မည်သို့ တုံ့ပြန်ကြမည်ကို ဖော်ပြ၏။
၁၆ အပြစ်ရှိသည်မှာ လူများ ဖြစ်သည်။ ဟေရှာယက သူတို့ကို “အထပ်ထပ်” ဟောပြောမည် ဖြစ်သည်၊ သို့သော် သူတို့သည် သတင်းကို လက်ခံမည်မဟုတ် သို့မဟုတ် သဘောပေါက်ကြမည် မဟုတ်ပါ။ အများစုသည် မျက်စိမမြင်၊ နားမကြား ဖြစ်နေသကဲ့သို့ ခေါင်းမာပြီး တုံ့ပြန်မှု ရှိမည် မဟုတ်ပါ။ သူတို့ထံ ဟေရှာယ အထပ်ထပ် သွားခြင်းဖြင့် “ဤလူမျိုး” သည် သဘောပေါက် နားလည်လိုစိတ် မရှိကြောင်း ပြခွင့် ရစေမည် ဖြစ်သည်။ သူတို့သည် ဟေရှာယ၏ သတင်းစကား—ဘုရားသခင့် သတင်းစကား—နှင့်ပတ်သက်၍ သူတို့၏ စိတ်နှလုံးကို ပိတ်ထားကြောင်း သက်သေပြကြမည်။ ယနေ့လူများနှင့်လည်း အလွန် ကိုက်ညီလှသည်တကား! ထို့ကြောင့် သူတို့အများစုသည် ရောက်လာတော့မည့် ဘုရားသခင့် နိုင်ငံတော် သတင်းကောင်းကို ယေဟောဝါသက်သေများ ဟောပြောသည့်အခါ နားမထောင်လိုကြပေ။
ip-1 ၄၉ ပိုဒ်. ၂၃
ယေဟောဝါ ဘုရားသခင်သည် မိမိ၏ သန့်ရှင်းသော ဗိမာန်တော်တွင် ရှိနေတော်မူ၏
၂၃ ယေရှုသည် ဟေရှာယကျမ်းမှ ကိုးကားခြင်းဖြင့် ပရောဖက်ပြုချက်သည် မိမိအချိန်တွင် ပြည့်စုံချက်တစ်ရပ် ရှိကြောင်း တင်ပြသည်။ လူမျိုးတစ်မျိုးလုံးအနေနှင့် လူများသည် ဟေရှာယခေတ်ရှိ ဂျူးများကဲ့သို့သော နှလုံးသဘောထား ရှိခဲ့ကြသည်။ သူတို့သည် ကိုယ်တော်၏ သတင်းစကားနှင့်ပတ်သက်၍ မိမိတို့ကိုယ်ကို မျက်မမြင်၊ နားမကြားသူများ ဖြစ်စေကြပြီး ဖျက်ဆီးခြင်းနှင့် ကြုံတွေ့စေကြသည်။ (မဿဲ ၂၃:၃၅-၃၈; ၂၄:၁၊ ၂) ဗိုလ်ချုပ်တိတု ဦးဆောင်သော ရောမစစ်တပ်က ယေရုရှလင်ကို တိုက်ခိုက်ပြီး မြို့တော်နှင့် ယင်း၏ ဗိမာန်တော်ကို ဖြိုဖျက်ခဲ့ချိန် စီ.အီး. ၇၀ တွင် ထိုသို့ ဖြစ်ပျက်ခဲ့သည်။ သို့သော် အချို့သူများသည် ယေရှု၏ စကားကို နားထောင်ခဲ့ကြပြီး ကိုယ်တော်၏ တပည့်တော်များ ဖြစ်လာခဲ့ကြသည်။ ယေရှုက သူတို့သည် “ပျော်ရွှင်” ကြ၏ဟု ကြေညာခဲ့သည်။ (မဿဲ ၁၃:၁၆-၂၃၊ ၅၁၊ ကဘ) “ယေရုရှလင်မြို့ကို ဗိုလ်ခြေများ ဝန်းရံလျက်ရှိသည်ကို” မြင်ရသည့်အခါ “တောင်ပေါ်သို့ ပြေး” ကြဟု ကိုယ်တော် သူတို့အား သတိပေးခဲ့ပြီး ဖြစ်သည်။ (လုကာ ၂၁:၂၀-၂၂) ထို့ကြောင့် ယုံကြည်ခြင်း ကျင့်သုံးခဲ့ကြပြီး ဝိညာဏလူမျိုးတစ်မျိုးအဖြစ် ဖွဲ့စည်းခံခဲ့ရသော “ဘုရားသခင်၏ ဣသရေလအမျိုး” ဖြစ်သည့် “သန့်ရှင်းသောအနွယ်” သည် ကယ်တင်ခြင်း ရခဲ့သည်။—ဂလာတိ ၆:၁၆။
ဒီဇင်ဘာ ၁၅-၂၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၉-၁၀
“တောက်ပတဲ့ အလင်း” အကြောင်း ကြိုဟောထား
ip-1 ၆၂ ပိုဒ်. ၁၈-၁၉
ကတိတော်ဆိုင်ရာ ငြိမ်သက်ခြင်းမင်းသား
၁၈ အလင်းကို တုံ့ပြန်ခဲ့သူတို့သည် ဝမ်းမြောက်စရာ အကြောင်းများစွာ ရှိသည်။ ဟေရှာယ ဤသို့ ဆက်ပြော၏– “ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ၍ သူတို့၏ ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏။ စပါးကို စုသိမ်းရာကာလ၌ ဝမ်းမြောက်သကဲ့သို့လည်းကောင်း၊ လုယူသောဥစ္စာကို ဝေသောသူ ဝမ်းမြောက်သကဲ့သို့လည်းကောင်း ရှေ့တော်၌ သူတို့သည် ဝမ်းမြောက်ကြပါ၏။” (ဟေရှာယ ၉:၃) ယေရှုနှင့် ကိုယ်တော့်တပည့်တော်များ၏ ဟောပြောခြင်းလုပ်ငန်းကြောင့် နှလုံးရိုးဖြောင့်သူများသည် ယေဟောဝါအား နာမ်ဝိညာဉ်၊ သမ္မာတရားဖြင့် ဝတ်ပြုလိုသော မိမိတို့၏ ဆန္ဒကို တင်ပြရန် ရှေ့သို့ ထွက်လာခဲ့ကြသည်။ (ယောဟန် ၄:၂၄) လေးနှစ်ခန့်အကြာတွင် များစွာသောသူတို့သည် ခရစ်ယာန် အယူဝါဒကို ယုံကြည်လက်ခံခဲ့ကြသည်။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် လူပေါင်းသုံးထောင် နှစ်ခြင်းခံခဲ့သည်။ ၎င်းနောက် မကြာမီအချိန်တွင် “အရေအတွက်အားဖြင့် လူငါးထောင်မျှလောက် ရှိ” ခဲ့၏။ (တမန်တော် ၂:၄၁; ၄:၄) တပည့်တော်များသည် အလင်းကို ဇွဲရှိရှိဖြင့် ရောင်ပြန်ထွန်းလင်းခဲ့ကြသောကြောင့် “ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွားများ၍၊ ယဇ်ပုရောဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏။”—တမန်တော် ၆:၇။
၁၉ စပါးသီးနှံများစွာကို ရိတ်သိမ်းရ၍ ရွှင်လန်းဝမ်းမြောက်သူများ သို့မဟုတ် စစ်အောင်ပြီးနောက် တန်ဖိုးကြီး လက်ရဥစ္စာများ ခွဲဝေရရှိ၍ အားရရွှင်လန်းနေသူများကဲ့သို့ပင် ယေရှု၏ နောက်လိုက်များသည် တိုးပွားမှုများကြောင့် ဝမ်းမြောက်ရွှင်လန်းခဲ့ကြသည်။ (တမန်တော် ၂:၄၆၊ ၄၇) အချိန်တန်သောအခါ ယေဟောဝါသည် တစ်ပါးအမျိုးသားများအလယ်တွင် အလင်းထွန်းလင်းစေခဲ့သည်။ (တမန်တော် ၁၄:၂၇) ထို့ကြောင့် လူမျိုးအားလုံးမှ လူများသည် မိမိတို့အတွက် ယေဟောဝါထံသို့ ချဉ်းကပ်နိုင်သည့် လမ်းပွင့်သွားပြီ ဖြစ်သောကြောင့် ဝမ်းမြောက်ရွှင်လန်းခဲ့ကြသည်။—တမန်တော် ၁၃:၄၈။
ip-1 ၆၂-၆၃ ပိုဒ်. ၂၀-၂၁
ကတိတော်ဆိုင်ရာ ငြိမ်သက်ခြင်းမင်းသား
၂၀ မေရှိယ၏ လုပ်ဆောင်မှု အကျိုးကျေးဇူးများသည် ဟေရှာယ ဆက်ပြောသော ဤစကားများအရ ထာဝရ တည်ရှိမည်– “မိဒျန်လူမျိုး၏ နေ့ရက်၌ ပြုတော်မူသကဲ့သို့ ကိုယ်တော်သည် သူတို့ ထမ်းရသော ထမ်းပိုး၊ ပခုံး၌ ခံရသော ထမ်းပိုးကျည်းကိုလည်းကောင်း၊ ညှဉ်းဆဲသောသူ၏ လှံတံကိုလည်းကောင်း ချိုးတော်မူပြီ။” (ဟေရှာယ ၉:၄၊ သမ္မာ) ဟေရှာယခေတ်မတိုင်မီ ရာစုနှစ်များစွာက မိဒျန်လူမျိုးတို့သည် မောဘလူမျိုးတို့နှင့် ပူးပေါင်းကာ ဣသရေလလူများ အပြစ်ပြုရန် ဖြားယောင်းခဲ့ကြသည်။ (တောလည်ရာ ၂၅:၁-၉၊ ၁၄-၁၈; ၃၁:၁၅၊ ၁၆) နောက်ပိုင်းတွင် မိဒျန်လူမျိုးတို့သည် ခုနစ်နှစ်ပတ်လုံး ဣသရေလလူမျိုးတို့၏ မြို့ရွာများကို ကျူးကျော်တိုက်ခိုက်ခြင်း၊ သူတို့၏ ယာခင်းများကို လုယူဖျက်ဆီးခြင်းဖြင့် ကြောက်ရွံ့ထိတ်လန့်စေခဲ့ကြသည်။ (တရားသူကြီး ၆:၁-၆) သို့သော် ယေဟောဝါသည် မိမိ၏ ကျေးကျွန်ဂိဒေါင်အားဖြင့် မိဒျန်စစ်တပ်ကို တိုက်ခိုက်ခဲ့သည်။ ထို “မိဒျန်လက်ထက်” နောက်ပိုင်း ယေဟောဝါ၏ လူများသည် မိဒျန်တို့၏ လက်ထဲတွင် ထပ်၍ ဒုက္ခရောက်ရသည့် အထောက်အထား မတွေ့ရပါ။ (တရားသူကြီး ၆:၇-၁၆; ၈:၂၈) မဝေးတော့သည့် အနာဂတ်တွင် သာ၍ ကြီးမြတ်သောဂိဒေါင် ဖြစ်သူ ယေရှုခရစ်သည် ယေဟောဝါလူမျိုး၏ မျက်မှောက်ခေတ် ရန်သူများကို သုတ်သင်ပစ်တော်မူမည်။ (ဗျာဒိတ် ၁၇:၁၄; ၁၉:၁၁-၂၁) သို့ဖြစ်၍ “မိဒျန်လက်ထက်၌ ပြုတော် မူသကဲ့သို့” အပြီးသတ်၊ ထာဝရအောင်ပွဲသည် လူ့အစွမ်းတန်ခိုးအားဖြင့် မဟုတ်ဘဲ ယေဟောဝါ၏ တန်ခိုးအားဖြင့် ဖြစ်မည်။ (တရားသူကြီး ၇:၂-၂၂) ဘုရားသခင့်လူမျိုးသည် ဘယ်တော့မျှ ညှဉ်းပန်းဖိနှိပ်မှု ထမ်းပိုးအောက် ဒုက္ခရောက်ရတော့မည် မဟုတ်ပါ!
၂၁ ဘုရားသခင့်တန်ခိုးပြသမှုသည် စစ်တိုက်ခိုက်ခြင်းကို အမွှမ်းတင်ခြင်း မဟုတ်ပါ။ ရှင်ပြန်ထမြောက်ပြီး ဖြစ်သော ယေရှုသည် ငြိမ်သက်ခြင်းမင်းသား ဖြစ်ပြီး ရန်သူများကို ချေမှုန်းဖျက်ဆီးခြင်းဖြင့် ထာဝရငြိမ်သက်ခြင်းသို့ လမ်းပြခေါ်ဆောင်ပေးမည်။ ယခု ဟေရှာယက စစ်လက်နက်ပစ္စည်းများသည် မီးအားဖြင့် လုံးဝ ပျက်စီးခြင်းအဖြစ်ကို ဤသို့ ပြောထား၏– “စစ်ပွဲအသံဗလံတွင် စီးသော ခြေနင်းနှင့် အသွေးစွန်းသော အဝတ်တန်ဆာရှိသမျှသည် မီးလောင်ဖို့၊ မီးစာ ဖြစ်ရလိမ့်မည်။” (ဟေရှာယ ၉:၅၊ သမ္မာ) စစ်သားများ စစ်ချီသွားသည့် ဖိနပ်သံကြောင့် စိတ်ချောက်ချားခြင်းမျိုး ဘယ်တော့မျှ ခံစားရတော့မည် မဟုတ်ပါ။ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရသော စစ်သားများ၏ သွေးစွန်းသော စစ်ဝတ်စုံများကို ဘယ်တော့မျှ တွေ့ရတော့မည် မဟုတ်ပါ။ စစ်ရှိတော့မည် မဟုတ်!—ဆာလံ ၄၆:၉။
ဒီဇင်ဘာ ၂၂-၂၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၁၁-၁၃
မေရှိယနဲ့ပတ်သက်ပြီး ဘယ်လို ကြိုပြောထားသလဲ
ip-1 ၇၇-၇၈ ပိုဒ်. ၄-၅
မေရှိယ၏ အုပ်စိုးမှုအောက် ကယ်တင်ခြင်းနှင့် ရွှင်လန်းခြင်း
၄ ဣသရေလလူမျိုးထံ ယေဟောဝါ စေလွှတ်မည့် မေရှိယ၊ စစ်မှန်သော ခေါင်းဆောင် ကြွလာမည့်အကြောင်းကို ဟေရှာယခေတ် မတိုင်မီ ရာစုနှစ်များစွာက အခြားဟေဗြဲကျမ်းစာရေးသူများ ရေးသားဖော်ပြခဲ့ကြသည်။ (ကမ္ဘာဦး ၄၉:၁၀; တရားဟောရာ ၁၈:၁၈; ဆာလံ ၁၁၈:၂၂၊ ၂၆) ယခု ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် ထပ်ဆင့်အသေးစိတ်အချက်များကို ထပ်ဖြည့်ပေးတော်မူသည်။ ဟေရှာယ ဤသို့ ရေး၏– “ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏ အမြစ်တို့တွင် အညွန့်သည် အသီး သီးလိမ့်မည်။” (ဟေရှာယ ၁၁:၁; ဆာလံ ၁၃၂:၁၁၊ နှိုင်းယှဉ်။) “အငုတ်” နှင့် “အညွှန့်” နှစ်ခုစလုံးက မေရှိယသည် ယေရှဲ၏ သား၊ ဣသရေလဘုရင်အဖြစ် ဆီနှင့် ဘိသိက်ပေးခြင်းခံခဲ့ရသူ ဒါဝိဒ်မှ ဆင်းသက်လာမည် ဖြစ်ကြောင်း ဖော်ပြသည်။ (၁ ဓမ္မရာဇဝင် ၁၆:၁၃; ယေရမိ ၂၃:၅; ဗျာဒိတ် ၂၂:၁၆) စစ်မှန်သော မေရှိယ ပေါ်ထွန်းလာသည့်အခါ ဒါဝိဒ်၏ အမျိုးအနွယ်မှ ဖြစ်သော ဤ “အညွှန့်” သည် အသီးကောင်းများ သီးရန် ဖြစ်သည်။
၅ ကတိထားတော်မူသော မေရှိယသည် ယေရှု ဖြစ်သည်။ ခရစ်ဝင်ကျမ်းရေးသူ မဿဲက ယေရှုသည် “နာဇရက်လူ” ဟု အခေါ်ခံရခြင်းသည် ပရောဖက်များ၏ စကားများကို ပြည့်စုံစေခြင်း ဖြစ်ကြောင်း ပြောဆိုရာတွင် ဟေရှာယ ၁၁:၁ ပါ စကားများကို ရည်ညွှန်းခဲ့ခြင်း ဖြစ်သည်။ ကိုယ်တော်သည် နာဇရက်မြို့တွင် ကြီးပြင်းခဲ့ခြင်းကြောင့် ယေရှုကို နာဇရက်လူဟု ခေါ်ခဲ့ကြသည်၊ ယင်းအမည်သည် ဟေရှာယ ၁၁:၁ တွင် “အညွန့်” အတွက် အသုံးပြုထားသော ဟေဗြဲစကားလုံးနှင့် ဆက်စပ်နေသည်မှာ ထင်ရှားသည်။—မဿဲ ၂:၂၃၊ ကဘ၊ အောက်ခြေမှတ်ချက်; လုကာ ၂:၃၉၊ ၄၀။
ip-1 ၇၈ ပိုဒ်. ၆
မေရှိယ၏ အုပ်စိုးမှုအောက် ကယ်တင်ခြင်းနှင့် ရွှင်လန်းခြင်း
၆ မေရှိယသည် မည်ကဲ့သို့သော ဘုရင်မျိုး ဖြစ်မည်နည်း။ ကိုယ်တော်သည် မြောက်ပိုင်းဣသရေလဆယ်နွယ်နိုင်ငံကို ဖျက်ဆီးခဲ့သည့် ရက်စက်ကြမ်းကြုတ်၊ ထင်ရာလုပ်တတ်သော အာရှုရိဘုရင်နှင့် တူမည်လော။ လုံးဝ တူမည် မဟုတ်။ မေရှိယနှင့်ပတ်သက်၍ ဟေရှာယက ဤသို့ ဆို၏– “ထာဝရဘုရား၏ ဝိညာဉ်တော် တည်းဟူသော ဉာဏ်ပညာကိုပေးသော ဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သော သတ္တိကိုပေးသော ဝိညာဉ်၊ ထာဝရဘုရားကို သိ၍ ကြောက်ရွံ့သော သဘောကိုပေးသော ဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။ ထိုသူသည် ထာဝရဘုရားကို ကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်။” (ဟေရှာယ ၁၁:၂၊ ၃က) မေရှိယသည် ဆီဖြင့် မဟုတ်ဘဲ ဘုရားသခင့် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခံရသည်။ ၎င်းသည် ယေရှု နှစ်ခြင်းခံချိန်တွင် ဖြစ်သည်၊ ဘုရားသခင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ချိုးငှက်သဏ္ဌာန်ဖြင့် ယေရှုအပေါ်သို့ ဆင်းသက်သည်ကို နှစ်ခြင်းဆရာ ယောဟန် တွေ့မြင်ရသည်။ (လုကာ ၃:၂၂) ယေဟောဝါ၏ ဝိညာဉ်တော်သည် ယေရှု “အပေါ်မှာ ကျိန်းဝပ်တော်မူ” ကာ ကိုယ်တော်သည် ဉာဏ်ပညာ၊ တတ်သိနားလည်မှု၊ အကြံဉာဏ်၊ ခွန်အားသတ္တိ၊ အသိပညာတို့နှင့်အညီ ပြုမူလုပ်ဆောင်သည့်အခါ ယင်းကို သူသက်သေထူသည်။ အုပ်စိုးသူတစ်ဦးအတွက် ကောင်းမွန်လှသော အရည်အချင်းများပင်တည်း!
ip-1 ၇၈ ပိုဒ်. ၈
မေရှိယ၏ အုပ်စိုးမှုအောက် ကယ်တင်ခြင်းနှင့် ရွှင်လန်းခြင်း
၈ မေရှိယ ပြသခဲ့သော ယေဟောဝါအား ကြောက်ရွံ့ခြင်းကား အဘယ်နည်း။ ယေရှု၏ ကြောက်ရွံ့ခြင်းက ဘုရားသခင် အပြစ်ပေးမည်ကို ကြောက်သော ထိတ်လန့်ခြင်းမျိုး မဟုတ်သည်မှာ သေချာသည်။ ယင်းအစား မေရှိယသည် ဘုရားသခင်အား ရိုသေကြောက်ရွံ့ကာ မေတ္တာဖြင့် ကြည်ညိုလေးမြတ်တော်မူ၏။ ဘုရားသခင်အား ကြောက်ရွံ့သူတစ်ဦးသည် ယေရှု ပြုတော်မူသကဲ့သို့ “[ကိုယ်တော်] နှစ်သက်တော်မူသောအမှုကို” အစဉ်မပြတ် ပြုလုပ်လိုစိတ် ရှိသည်။ (ယောဟန် ၈:၂၉) အကျိုးဖြစ်ထွန်းသော ယေဟောဝါအား ကြောက်ရွံ့ခြင်းတွင် နေ့စဉ် လျှောက်လှမ်းခြင်းထက် ပို၍ ရွှင်လန်းစရာအကြောင်း မရှိဟု စကားအားဖြင့်ရော၊ ပုံသက်သေအားဖြင့်ပါ ယေရှု သွန်သင်တော်မူ၏။
ip-1 ၇၈-၇၉ ပိုဒ်. ၉
မေရှိယ၏ အုပ်စိုးမှုအောက် ကယ်တင်ခြင်းနှင့် ရွှင်လန်းခြင်း
၉ ဟေရှာယက မေရှိယ၏ ဂုဏ်ရည်လက္ခဏာများအကြောင်း ဤသို့ ကြို၍ ထပ်ပြော၏– “မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်။” (ဟေရှာယ ၁၁:၃ခ) သင်သည် တရားရုံးတွင် တရားဆိုင်နေရပါက ထိုကဲ့သို့သော တရားသူကြီးကို သင် လေးမြတ်မည် မဟုတ်လော။ လူသားအားလုံး၏ တရားသူကြီးအဖြစ်အနေတွင် မေရှိယသည် မှားယွင်းသော လျှောက်လဲချက်များ၊ ပါးနပ်သော တရားရုံးတွင်း အကွက်ဆင်မှုများ၊ ကောလာဟလများ သို့မဟုတ် စည်းစိမ်ဥစ္စာ ကဲ့သို့သော အပေါ်ယံ အချက်အလက်များကြောင့် စီရင်ချက် တိမ်းစောင်းသွားမည် မဟုတ်ပါ။ ကိုယ်တော်သည် ကလိမ်ကျမှုကို ထုတ်ချင်းပေါက် မြင်တော်မူပြီး မနှစ်မြို့ဖွယ် အပြင်ပန်း အသွင်အပြင်ထက် ကျော်၍ ကြည့်မြင်တော်မူကာ “စိတ်နှလုံး၏ အတွင်းလူ၊” “ပုန်းကွယ်နေသောသူ” ကို ထိုးထွင်းသိမြင်တော်မူ၏။ (၁ ပေတရု ၃:၄၊ ကဘ၊ အောက်ခြေမှတ်ချက်) ယေရှု၏ အကောင်းဆုံး ပုံသက်သေသည် ခရစ်ယာန် အသင်းတော်၌ တရားစီရင်ရန် တာဝန်ရထားသူအားလုံးအတွက် စံနမူနာ ဖြစ်သည်။—၁ ကောရိန္သု ၆:၁-၄။
ip-1 ၇၉ ပိုဒ်. ၁၁
မေရှိယ၏ အုပ်စိုးမှုအောက် ကယ်တင်ခြင်းနှင့် ရွှင်လန်းခြင်း
၁၁ ကိုယ်တော်၏ နောက်လိုက်များကို အမှားပြင်ပေးရန် လိုအပ်သည့်အခါ ယေရှုသည် သူတို့အတွက် အကျိုးအရှိဆုံးနည်းဖြင့် ဆောင်ရွက်သည်—ခရစ်ယာန် အကြီးအကဲများအတွက် အလွန်ကောင်းသော ပုံသက်သေ ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ဆိုးသွမ်းမှုကို အကျင့်ပါ ပြုကျင့်သူတို့သည် ပြင်းပြင်းထန်ထန် စီရင်ခံရဖို့ ရှိသည်။ ဘုရားသခင်သည် ဤအစီအစဉ်စနစ်ကို တရားစီရင်သည့်အခါ မေရှိယသည် လူဆိုးအားလုံးကို ဖျက်ဆီးခြင်းဆိုင်ရာ တရားစီရင်ချက်ကို ဖော်ထုတ်သည့် အာဏာသံဖြင့် “မြေကြီးကို . . . ဒဏ်ခတ်” တော်မူမည်။ (ဆာလံ ၂:၉; ဗျာဒိတ် ၁၉:၁၅ နှိုင်းယှဉ်။) နောက်ဆုံးတွင် လူသားတို့၏ ငြိမ်သက်မှုကို အနှောင့်အယှက်ပြုမည့် လူဆိုးများ ရှိတော့မည် မဟုတ်ပါ။ (ဆာလံ ၃၇:၁၀၊ ၁၁) ဖြောင့်မတ်ခြင်းနှင့် သစ္စာတည်ကြည်ခြင်းကို ခါးပန်းနှင့်ခါးစည်းအဖြစ် စည်းထားသော ယေရှုတွင် ယင်းကို ဆောင်ရွက်နိုင်သည့် အာဏာ ရှိသည်။—ဆာလံ ၄၅:၃-၇။
ဒီဇင်ဘာ ၂၉–ဇန်နဝါရီ ၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၁၄-၁၆
ဘုရားလူမျိုးရဲ့ ရန်သူတွေ ပြစ်ဒဏ်ကနေ ကင်းလွတ်မှာမဟုတ်
ip-1 ၉၀ ပိုဒ်. ၂၄
ယေဟောဝါသည် မာန်မာနထောင်လွှားသော မြို့ကို နှိမ့်ချတော်မူ၏
၂၄ သမ္မာကျမ်းစာထဲတွင် ဒါဝိဒ်မင်းမျိုးမှ ဆင်းသက်သော ဘုရင်များကို ကြယ်များဖြင့် ပမာတင်ပြသည်။ (တောလည်ရာ ၂၄:၁၇) ဒါဝိဒ်မှစ၍ ထို “ကြယ်တကာတို့” သည် ဇိအုန်တောင်တွင် အုပ်ချုပ်ခဲ့ကြသည်။ ရှောလမုန်သည် ယေရုရှလင်မြို့တွင် ဗိမာန်တော် တည်ဆောက်ပြီးနောက် ဇိအုန်ဟူသည့် အမည်သည် မြို့တစ်မြို့လုံးနှင့် သက်ဆိုင်လာသည်။ ပညတ်ပဋိညာဉ်အောက်တွင် ဣသရေလအမျိုးသားအားလုံးသည် ယေရုရှလင်မြို့သို့ တစ်နှစ်လျှင် သုံးကြိမ် သွားရောက်ရန် တာဝန်ရှိခဲ့သည်။ ထို့ကြောင့် ၎င်းသည် “စည်းဝေးရာတောင်” ဖြစ်လာခဲ့သည်။ ယုဒဘုရင်မင်းတို့ကို တိုက်ခိုက်အနိုင်ယူပြီး သူတို့ကို ထိုတောင်မှ ရွှေ့လိုက်မည်ဟု စိတ်ဆုံးဖြတ်ထားခြင်းကြောင့် ထို “ကြယ်တို့” အပေါ်တွင် မိမိကိုယ်ကို ချီးမြှောက်မည် ဟူသော ရည်ရွယ်ချက်ကို နေဗုခဒ်နေဇာ ကြေညာနေခြင်း ဖြစ်သည်။ သူတို့အပေါ် မိမိ၏ အောင်မြင်မှုအတွက် ယေဟောဝါကို ဂုဏ်မတင်ပါ။ ၎င်းအစား သူသည် မာန်မာန ထောင်လွှားစွာ ယေဟောဝါ၏ နေရာကို ဝင်ယူလိုက်သည်။
ip-1 ၉၂ ပိုဒ်. ၁
တိုင်းနိုင်ငံများ၏ တစ်ဖက် ယေဟောဝါ၏ အကြံတော်
ယေဟောဝါသည် မိမိလူမျိုးတော်၏ ဆိုးသွမ်းမှုကို ဆုံးမပဲ့ပြင်ရန်အတွက် တိုင်းနိုင်ငံများကို အသုံးပြုနိုင်ပါသည်။ သို့သော် ကိုယ်တော်သည် တိုင်းနိုင်ငံများ၏ မလိုအပ်သော ရက်စက်ကြမ်းကြုတ်မှု၊ မာနကြီးမှုနှင့် စစ်မှန်သော ဝတ်ပြုရေးအပေါ် ရန်လိုမုန်းတီးမှုတို့ကြောင့် သူတို့ကို အပြစ်မပေးဘဲနေမည် မဟုတ်ပါ။ ထို့ကြောင့် များစွာကြို၍ “ဗာဗုလုန်မြို့ကို ရည်ဆောင်၍ . . . ဗျာဒိတ်တော်” ကို မှတ်တမ်းတင်ရန် ဟေရှာယကို မှုတ်သွင်းတော်မူ၏။ (ဟေရှာယ ၁၃:၁) သို့ရာတွင် ဗာဗုလုန်သည် အနာဂတ် အန္တရာယ် ဖြစ်သည်။ ဟေရှာယခေတ်တွင် အာရှုရိသည် ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးကို ဖိနှိပ်ဆန့်ကျင်နေသည်။ အာရှုရိသည် မြောက်ပိုင်းဣသရေလနိုင်ငံကို ဖျက်ဆီးပြီး ယုဒနိုင်ငံ၏ နယ်ပယ်အများစုကို သိမ်းပိုက်ထားသည်။ သို့သော် အာရှုရိ၏ အောင်မြင်မှုသည် ကန့်သတ်ခြင်း ခံရသည်။ ဟေရှာယ ဤသို့ ရေး၏– “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကျိန်ဆို၍ မိန့်တော်မူသည်ကား ‘ငါ၏ မြေပေါ်မှာ အာရှုရိမင်းကို ငါနှိပ်စက်မည်။ ငါ၏ တောင်ရိုးပေါ်မှာ ခြေဖြင့် ကျော်နင်းမည်ဟု ငါကြံစည်သည်အတိုင်း ဖြစ်၍ ငါ့စီရင်ချက်လည်း တည်ရလိမ့်မည်။ ထိုအခါ သူ၏ ထမ်းပိုးကို သူတစ်ပါးအပေါ်က ရွှေ့၍ သူတို့ပခုံးပေါ်မှာ တင်သော ဝန်ကို ချရသောအခွင့် ရှိလိမ့်မည်။’” (ဟေရှာယ ၁၄:၂၄၊ ၂၅) ဤပရောဖက်ပြုချက်ကို ဟေရှာယ ထုတ်ဖော်ပြောဆိုပြီး မကြာမီ ယုဒပြည်အပေါ် အာရှုရိ၏ ခြိမ်းခြောက်မှု ဖယ်ရှားခြင်း ခံရသည်။
ip-1 ၉၄ ပိုဒ်. ၁၂
တိုင်းနိုင်ငံများ၏ တစ်ဖက် ယေဟောဝါ၏ အကြံတော်
၁၂ အဘယ်အချိန်တွင် ဤပရောဖက်ပြုချက် ပြည့်စုံမည်နည်း။ မကြာမီတွင် ဖြစ်သည်။ “ထိုသို့ ထာဝရဘုရားသည် မောဘ၏ အကြောင်းစကားကို အထက်က မိန့်တော်မူ၏။ ယခု တစ်ဖန် မိန့်တော်မူသည်ကား ‘အခစားသောသူ ရေတွက်သည်အတိုင်း သုံးနှစ်လွန်မှ မောဘပြည်၏ ဘုန်းအသရေသည် မိမိအလုံးအရင်းနှင့်တကွ ရှုတ်ချခြင်းသို့ ရောက်ရမည်။ ကျန်ကြွင်းသောသူတို့သည် အလွန် နည်း၍ ခွန်အား ကုန်ရကြလိမ့်မည်’ ဟု မိန့်တော်မူ၏။” (ဟေရှာယ ၁၆:၁၃၊ ၁၄) ယင်းစကားနှင့်အညီ ဘီ.စီ.အီး. ရှစ်ရာစုအတွင်း မောဘသည် ပြင်းထန်သည့် ဆင်းရဲဒုက္ခ ခံခဲ့ရပြီး ၎င်း၏ နေရာဒေသများစွာတွင် လူသူကင်းမဲ့သွားကြောင်း ရှေးဟောင်းသုတေသန အထောက်အထားများ ရှိသည်။ တိဂလတ်-ပိလေသာ ၃ သည် မိမိအား အခွန်ဆက်ရသည့် ဘုရင်များထဲတွင် မောဘဘုရင် စယ်လမနူပါကြောင်း ဖော်ပြထားသည်။ သနာခရိပ်သည် မောဘဘုရင် ကမ်မူစူနဒ်ဘီထံမှ အခွန် ရရှိခဲ့သည်။ အာရှုရိ ဧကရာဇ်များ ဖြစ်သော အီစာ ဟက်ဒန်နှင့် အာသနပ္ပာ [အာရှုဗာနိပါလ်] တို့သည် မိမိတို့၏ လက်အောက်ခံ မောဘဘုရင်များ ဖြစ်သော မူစူရီနှင့် ကာမာရှာလ်တူတို့အကြောင်း ဖော်ပြခဲ့သည်။ လွန်ခဲ့သော ရာစုနှစ်များစွာကတည်းက မောဘလူမျိုးသည် လူမျိုးတစ်မျိုးအဖြစ်မှ ပျောက်ကွယ်ခဲ့သည်။ မောဘလူမျိုးများ၏ မြို့များဟု ထင်ရသည့် မြို့အပျက်အယွင်းများကို တွေ့ရသော်လည်း ဣသရေလလူမျိုးတို့၏ တစ်ချိန်က တန်ခိုးကြီးခဲ့သော ဤရန်သူအကြောင်း ပစ္စည်းအထောက်အထားကို ယခုအထိ အနည်းငယ်သာ တူးဖော်တွေ့ရှိသေးသည်။