စာဖတ်သူများထံသို့ ပေးစာ
ချစ်ခင်ရတဲ့ စာဖတ်သူတို့
ဒီကင်းမျှော်စင် စာစောင်မှာ လေ့လာရန် ဆောင်းပါးငါးခု ပါပြီး ဆောင်းပါးတစ်ခုနဲ့ တစ်ခုဟာ ဆက်စပ်နေပါတယ်။
- လူတွေ အပြစ်တွန်းလှန်နိုင်ဖို့ ယေဟောဝါ ဘာစီစဉ်ပေးထားသလဲဆိုတာ ပထမဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။ 
- စစ်မှန်တဲ့ နောင်တအကြောင်း ယေဟောဝါ ဘယ်လို သင်ပေးသလဲ၊ အပြစ်လုပ်သူတွေ နောင်တရဖို့ ဘယ်လို ကူညီပေးသလဲဆိုတာ ဒုတိယဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။ 
- တမင်တကာ အပြစ်လုပ်ထားပြီး နောင်တမယူသူကို ဘယ်လို ကိုင်တွယ်ဖို့ ကောရိန္သုအသင်းတော် ညွှန်ကြားခံရသလဲဆိုတာ တတိယဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။ 
- ကြီးလေးတဲ့အပြစ် လုပ်သူတွေကို ဒီနေ့ခေတ် အကြီးအကဲတွေ ဘယ်လို ကိုင်တွယ်သင့်သလဲဆိုတာ စတုတ္ထဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။ 
- နောင်တမယူသူကို ဖယ်ရှားပြီးနောက် အသင်းတော်က ကရုဏာထားပြီး ဘယ်လို ဆက်ဆံနိုင်သလဲဆိုတာ ပဉ္စမဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။