ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၁၅
  • ကြီးစွာသောဒုက္ခဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြီးစွာသောဒုက္ခဆိုတာ ဘာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ‘သင်တို့ကို ရွေးနုတ်သောအချိန်ကာလ ရောက်လုနီးပြီ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • “ကြီးစွာသောဒုက္ခ” တစ်လျှောက် သစ္စာရှိနေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • “ထိုအမှုအရာတို့သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ယေရှုခရစ်ပေါ်ထွန်းချိန်၌ ကယ်တင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၁၅
ကြီးစွာသောဒုက္ခမှ ထွက်လာကြသူတွေ တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြ

ကြီးစွာသောဒုက္ခဆိုတာ ဘာလဲ

ကျမ်းစာအဖြေ

လူ့သမိုင်းမှာ တစ်ခါမှ မကြုံဖူးတဲ့ အခက်အခဲဆုံး အခြေအနေတွေ ကြီးစွာသောဒုက္ခမှာ ဖြစ်ပျက်လာလိမ့်မယ်။ ကျမ်းစာကြိုဟောချက်အရ ဒီကြီးစွာသောဒုက္ခဟာ “နောက်ဆုံးသောနေ့ရက်များ၊” “ချိန်းချက်သော ကာလအဆုံး” မှာ ဖြစ်ပျက်လိမ့်မယ်။ (၂ တိမောသေ ၃:၁။ ဒံယေလ ၁၂:​၄၊ သမ္မာ) “ဘုရားသခင်ဖန်ဆင်းတော်မူသော ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ဒုက္ခသည် ထိုနေ့ရက်ကာလ၌ ဖြစ်လိမ့်မည်။”​​—မာကု ၁၃:၁၉။ ဒံယေလ ၁၂:၁။ မဿဲ ၂၄:​၂၁၊ ၂၂။

ကြီးစွာသောဒုက္ခအတွင်းမှာ ဖြစ်ပျက်မယ့်အရာများ

  • အယူမှားဘာသာ ဖျက်ဆီးခံရမယ်။ အယူမှားဘာသာဟာ အံ့ဩစရာကောင်းလောက်အောင် အလျင်အမြန် ဖျက်ဆီးခံရလိမ့်မယ်။ (ဗျာဒိတ် ၁၇:​၁၊ ၅၊ ၁၈:​၉၊ ၁၀၊ ၂၁) နိုင်ငံရေးအင်အားစုကို ကိုယ်စားပြုတဲ့ ကမ္ဘာ့ကုလသမဂ္ဂက အယူမှားဘာသာကို ဖျက်ဆီးခြင်းအားဖြင့် ဘုရားသခင့်အလိုတော်ကို အကောင်အထည်ဖော်လိမ့်မယ်။​​—ဗျာဒိတ် ၁၇:​၃၊ ၁၅-​၁၈။a

  • စစ်မှန်တဲ့ဘာသာ တိုက်ခိုက်ခံရမယ်။ ယေဇကျေလရဲ့ စိတ်အာရုံမှာဖော်ပြထားတဲ့ “မာဂေါဂပြည်သား ဂေါဂမင်း” ဟာ တိုင်းနိုင်ငံတွေ ပူးပေါင်းပြီးဖွဲ့ထားတဲ့ မဟာမိတ်အုပ်စုကို ဆိုလိုတယ်။ သူတို့က စစ်မှန်တဲ့ဘာသာမှာ ပါဝင်သူ အားလုံးကို ချေမှုန်းပစ်ဖို့ ကြိုးစားလိမ့်မယ်။ ဒါပေမဲ့ ဘုရားက ဝတ်ပြုကိုးကွယ်သူတွေကို မဖျက်ဆီးနိုင်အောင် ကာကွယ်ပေးလိမ့်မယ်။​​—ယေဇကျေလ ၃၈:​၁၊ ၂၊ ၉-​၁၂၊ ၁၈-​၂၃။

  • လူသားအားလုံး တရားစီရင်ခံရမယ်။ ယေရှုက လူသားအားလုံးကို တရားစီရင်မှာဖြစ်ပြီး “သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို ခွဲခြားသကဲ့သို့ လူတို့ကို ခွဲခြားလိမ့်မည်။” (မဿဲ ၂၅:​၃၁-​၃၃) ကောင်းကင်မှာ သူနဲ့အတူ အုပ်ချုပ်မယ့် ‘ညီတွေ’ ကို ထောက်မသလား၊ မထောက်မဘူးလားဆိုတဲ့ အချက်အပေါ်မူတည်ပြီး လူတစ်ဦးချင်းစီကို သူ တရားစီရင်ပါလိမ့်မယ်။​​—မဿဲ ၂၅:​၃၄-​၄၆။

  • နိုင်ငံတော်မှာ အုပ်ချုပ်မယ့်သူတွေကို စုသိမ်းမယ်။ ခရစ်တော်နဲ့အတူ အုပ်ချုပ်ဖို့ ရွေးချယ်ခံရတဲ့ သစ္စာရှိသူတွေဟာ သူတို့ရဲ့ မြေကြီးအသက်တာ ကုန်ဆုံးပြီး ကောင်းကင်ကို ရှင်ပြန်ထမြောက်ပါလိမ့်မယ်။​​—မဿဲ ၂၄:၃၁။ ၁ ကောရိန္သု ၁၅:​၅၀-​၅၃။ ၁ သက်သာလောနိတ် ၄:​၁၅-​၁၇။

  • အာမဂေဒုန်။ “အနန္တတန်ခိုးရှင် ဘုရားသခင်၏ နေ့ကြီးတွင် တိုက်မည့်စစ်ပွဲ” ဖြစ်ပြီး “ယေဟောဝါဘုရား၏နေ့” လို့လည်း ခေါ်တယ်။ (ဗျာဒိတ် ၁၆:​၁၄၊ ၁၆။ ဟေရှာယ ၁၃:၉။ ၂ ပေတရု ၃:​၁၂) မျက်နှာသာမရသူအဖြစ် ခရစ်တော်စီရင်လိုက်သူတွေ ဖျက်ဆီးခံရပါလိမ့်မယ်။ (ဇေဖနိ ၁:​၁၈။ ၂ သက်သာလောနိတ် ၁:​၆-​၁၀) ကျမ်းစာမှာ ခေါင်းခုနစ်လုံးရှိတဲ့သားရဲနဲ့တင်စားတဲ့ ကမ္ဘာ့နိုင်ငံရေးစနစ်တစ်ခုလုံးလည်း ဖျက်ဆီးခံရပါလိမ့်မယ်။​​—ဗျာဒိတ် ၁၉:​၁၉-​၂၁။

ကြီးစွာသောဒုက္ခပြီးနောက် ဖြစ်ပျက်မယ့်အရာများ

  • စာတန်နဲ့ နတ်ဆိုးတွေ ချုပ်နှောင်ခံရမယ်။ ကောင်းကင်တမန်တစ်ပါးက စာတန်နဲ့ နတ်ဆိုးတွေကို “တွင်းနက်ကြီး” ထဲ ပစ်ချလိမ့်မယ်။ အဲဒီတွင်းနက်ကြီးက ဘာမှမလှုပ်ရှားနိုင်ဘဲ အသက်မဲ့နေသလို အခြေအနေမျိုးကို တင်စားပါတယ်။ (ဗျာဒိတ် ၂၀:​၁-၃) တွင်းနက်ကြီးထဲမှာ စာတန်ရဲ့ အခြေအနေဟာ ထောင်ကျနေတာနဲ့ ဆင်တူပြီး ဘာကိုမှ သူချုပ်ကိုင်နိုင်မှာ မဟုတ်ဘူး။​​—ဗျာဒိတ် ၂၀:၇။

  • အနှစ်တစ်ထောင်အုပ်ချုပ်မှု စတင်မယ်။ ဘုရားသခင့်နိုင်ငံတော်က အနှစ်တစ်ထောင် အုပ်ချုပ်မှုကို စတင်ပြီး လူသားအားလုံးအပေါ် ကောင်းချီးမင်္ဂလာ သက်ရောက်စေလိမ့်မယ်။ (ဗျာဒိတ် ၅:​၉၊ ၁၀။ ၂၀:​၄၊ ၆) မရေမတွက်နိုင်တဲ့ “လူအုပ်ကြီး” ဟာ “ကြီးစွာသောဒုက္ခမှ ထွက်လာ” ပြီး ကမ္ဘာမြေပေါ် အနှစ်တစ်ထောင် အုပ်ချုပ်မှု စတင်တာကို မျက်ဝါးထင်ထင် တွေ့မြင်ရပါလိမ့်မယ်။​​—ဗျာဒိတ် ၇:​၉၊ ၁၄။ ဆာလံ ၃၇:​၉-​၁၁။

a ဗျာဒိတ်ကျမ်းမှာ အယူမှားဘာသာကို မဟာဗာဗုလုန်၊ “ပြည့်တန်ဆာကြီး” နဲ့တင်စားထားတယ်။ (ဗျာဒိတ ၁၇:​၁၊ ၅) မဟာဗာဗုလုန်ကို ဖျက်ဆီးပစ်မယ့် နီမြန်းတဲ့သားရဲဟာ ကမ္ဘာ့တိုင်းနိုင်ငံတွေကို စည်းလုံးစေဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ တိုင်းနိုင်ငံကိုယ်စားပြု အဖွဲ့အစည်းကို ဆိုလိုတယ်။ အစပိုင်းမှာတော့ နိုင်ငံပေါင်းချုပ်အသင်းကြီးအဖြစ် ပေါ်ပေါက်လာပြီး အခုချိန်မှာ ကုလသမဂ္ဂအဖြစ် တည်ရှိနေတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ