ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၇၇
  • ရှင်ပြန်ထမြောက်ခြင်းဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှင်ပြန်ထမြောက်ခြင်းဆိုတာ ဘာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာ အဖြေ
  • ရှင်ပြန်ထမြောက်ခြင်း​— မည်သူများအတွက်နည်း၊ မည်သည့်နေရာတွင်နည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • တစ်ခုတည်းသော ကုစားနည်း!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယေရှုရှင်ပြန်ထမြောက်ခြင်းက ကျွန်တော်တို့အတွက် အဓိပ္ပာယ်ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၇၇
သာယာလှပတဲ့ကမ္ဘာမှာ မိတ်ဆွေတွေနဲ့ ချစ်ရတဲ့သူတွေ အသက်ပြန်ရှင်လာတာကို လူတွေ ကြိုဆိုနေကြတဲ့ အနာဂတ် ရှင်ပြန်ထမြောက်ခြင်း မြင်ကွင်း

ရှင်ပြန်ထမြောက်ခြင်းဆိုတာ ဘာလဲ

ကျမ်းစာ အဖြေ

ကျမ်းစာမှာ “ရှင်ပြန်ထမြောက်ခြင်း” ဆိုတဲ့ စကားလုံးက ဂရိစကားလုံး အာနာစတာစီဇ် ကနေ ပြန်ဆိုထားတာပါ။ တိုက်ရိုက်အဓိပ္ပာယ်က “ထလာခြင်း၊” “တစ်ဖန် မတ်တပ်ရပ်ခြင်း” ဖြစ်တယ်။ ရှင်ပြန်ထမြောက်လာတဲ့သူဟာ သေခြင်းကနေ နိုးထလာပြီး မသေခင်က ပုဂ္ဂိုလ်ပဲ ပြန်ဖြစ်လာမှာဖြစ်တယ်။—၁ ကောရိန္သု ၁၅:၁၂၊ ၁၃။

ဓမ္မဟောင်းကျမ်းလို့လည်းခေါ်တဲ့ ဟီဘရူးကျမ်းစောင်တွေမှာ “ရှင်ပြန်ထမြောက်ခြင်း” ဆိုတဲ့ စကားလုံး မပါပေမဲ့ အဲဒီအကြောင်း ပြောထားတာတော့ရှိပါတယ်။ ဥပမာ၊ ပရောဖက် ဟောရှေကို ဘုရားသခင် ဒီလို ကတိပေးတယ်– “ငါဟာ သင်္ချိုင်းလက်ကနေ ရွေးယူနိုင်တဲ့အရှင်၊ သေမင်းလက်ကနေ ပြန်နုတ်ယူနိုင်တဲ့ အရှင်ပဲ။”—ဟောရှေ ၁၃:၁၄။ ယောဘ ၁၄:၁၃–၁၅။ ဟေရှာယ ၂၆:၁၉။ ဒံယေလ ၁၂:၂၊ ၁၃။

သေသွားတဲ့သူတွေက ဘယ်နေရာမှာ အသက်ပြန်ရှင်လာကြမှာလဲ။ တချို့က ခရစ်တော်နဲ့အတူ ဘုရင်တွေအနေနဲ့ အုပ်ချုပ်ဖို့ ကောင်းကင်မှာ အသက်ပြန်ရှင်လာမယ်။ (၂ ကောရိန္သု ၅:၁။ ဗျာဒိတ် ၅:၉၊ ၁၀) အဲဒီထမြောက်ခြင်းကို ကျမ်းစာမှာ “ပထမရှင်ပြန်ထမြောက်ခြင်း၊” “အစောပိုင်း ရှင်ပြန်ထမြောက်ခြင်း” လို့ ခေါ်ထားတဲ့အတွက် ထမြောက်ခြင်းနောက်တစ်မျိုး ရှိသေးတယ်ဆိုတာ သိနိုင်တယ်။ (ဗျာဒိတ် ၂၀:၆။ ဖိလိပ္ပိ ၃:၁၁) ထမြောက်ခြင်းနောက်တစ်မျိုးက မြေကြီးပေါ်မှာဖြစ်တယ်။ လူအနည်းငယ်ပဲ ကောင်းကင်မှာ ထမြောက်မှာဖြစ်ပြီး အများစုက မြေကြီးပေါ်မှာ ထမြောက်လာကြမယ်။—ဆာလံ ၃၇:၂၉။

ဘယ်လို ထမြောက်လာကြမှာလဲ။ ဘုရားသခင်က ယေရှုကို သေသွားတဲ့သူတွေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်စွမ်း ပေးထားပါတယ်။ (ယောဟန် ၁၁:၂၅) ယေရှုက “သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး” ကို အသက်ပြန်ရှင်အောင် လုပ်ပေးတဲ့အခါ သူတို့တစ်ဦးစီရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ မှတ်ဉာဏ်တွေကို ပြန်ထည့်ပေးပါလိမ့်မယ်။ (ယောဟန် ၅:၂၈၊ ၂၉) ကောင်းကင်အသက်တာ ရသူတွေက မမြင်နိုင်တဲ့ နာမ်ဝိညာဉ် ခန္ဓာကိုယ်ကို ရကြမယ်။ မြေကြီးမှာ အသက်ပြန်ရှင်လာသူတွေက ကျန်းမာပြီး ကိုယ်လက်အင်္ဂါပြည့်စုံတဲ့ ကိုယ်ခန္ဓာကို ရမှာဖြစ်တယ်။—ဟေရှာယ ၃၃:၂၄။ ၃၅:၅၊ ၆။ ၁ ကောရိန္သု ၁၅:၄၂–၄၄၊ ၅၀။

ဘယ်သူတွေ ထမြောက်လာကြမှာလဲ။ “ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ ရှင်ပြန်ထမြောက်လာ” ကြမယ်လို့ ကျမ်းစာက ဆိုတယ်။ (တမန်တော် ၂၄:၁၅) ဖြောင့်မတ်သူတွေထဲမှာ နောဧ၊ စာရာနဲ့ အာဗြဟံတို့လို သစ္စာရှိရှိ သေဆုံးသွားသူတွေ ပါဝင်တယ်။ (ကမ္ဘာဦး ၆:၉။ ဟီဘရူး ၁၁:၁၁။ ယာကုပ် ၂:၂၁) မဖြောင့်မတ်သူတွေထဲမှာ ဘုရားသခင့် တောင်းဆိုချက်တွေကို သင်ယူ၊ လိုက်လျှောက်ဖို့ အခွင့်အရေးမရဘဲ သေဆုံးသွားသူတွေ ပါဝင်တယ်။

ဒါပေမဲ့ အရမ်းဆိုးသွမ်းပြီး ကိုယ့်အကျင့်အကြံကို မပြောင်းလဲတဲ့သူတွေကတော့ အသက်ပြန်ရှင်လာကြမှာ မဟုတ်ပါဘူး။ အဲဒီလိုလူတွေ သေသွားတဲ့အခါ အပြီးအပိုင် ပျက်စီးသွားတယ်။ သူတို့မှာ ထမြောက်ခြင်း မျှော်လင့်ချက် မရှိဘူး။—မဿဲ ၂၃:၃၃။ ဟီဘရူး ၁၀:၂၆၊ ၂၇။

ဘယ်အချိန်မှာ ထမြောက်လာကြမှာလဲ။ ကောင်းကင်မှာ ထမြောက်မယ့်သူတွေက ၁၉၁၄ ခုနှစ်ကနေစတဲ့ ခရစ်တော် ရောက်ရှိနေချိန်အတွင်းမှာ ထမြောက်ကြမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ (၁ ကောရိန္သု ၁၅:၂၁–၂၃) မြေကြီးမှာ ထမြောက်ကြမယ့်သူတွေက ခရစ်တော်ယေရှုရဲ့ အနှစ် ၁,၀၀၀ အုပ်ချုပ်ချိန်အတွင်း ထမြောက်လာကြမယ်။ အဲဒီအချိန်မှာ တစ်ကမ္ဘာလုံး သာယာလှပတဲ့ ဥယျာဉ်ဖြစ်နေပါလိမ့်မယ်။—လုကာ ၂၃:၄၃။ ဗျာဒိတ် ၂၀:၆၊ ၁၂၊ ၁၃။

ရှင်ပြန်ထမြောက်ခြင်း အယူဝါဒက ဘာကြောင့် ယုတ္တိရှိသလဲ။ ကျမ်းစာမှာ ရှင်ပြန်ထမြောက်ခြင်း ၉ ခု အကြောင်း အသေးစိတ် မှတ်တမ်းတင်ထားပါတယ်။ သူတို့တွေဟာ မျက်မြင်သက်သေတွေရှေ့ ထမြောက်လာကြတာဖြစ်တယ်။ (၁ ဘုရင်များ ၁၇:၁၇–၂၄။ ၂ ဘုရင်များ ၄:၃၂–၃၇။ ၁၃:၂၀၊ ၂၁။ လုကာ ၇:၁၁–၁၇။ ၈:၄၀–၅၆။ ယောဟန် ၁၁:၃၈–၄၄။ တမန်တော် ၉:၃၆–၄၂။ ၂၀:၇–၁၂။ ၁ ကောရိန္သု ၁၅:၃–၆) လာဇရုကို အသက်ပြန်ရှင်အောင် ယေရှု လုပ်ပေးတဲ့ မှတ်တမ်းက တကယ် မှတ်သားထိုက်ပါတယ်။ သေသွားတာ ၄ ရက်ကြာပြီဖြစ်တဲ့ လာဇရုကို အသက်ပြန်ရှင်လာအောင် လူအုပ်ရှေ့မှာတင် ယေရှု လုပ်ဆောင်ခဲ့တယ်။ (ယောဟန် ၁၁:၃၉၊ ၄၂) ယေရှုကို ဆန့်ကျင်သူတွေတောင် ဒီဖြစ်ရပ်ကို မငြင်းနိုင်ဘူး။ ဒါကြောင့် ယေရှုနဲ့ လာဇရု နှစ်ယောက်စလုံးကို သတ်ပစ်ဖို့ သူတို့ ကြံစည်ခဲ့ကြတယ်။—ယောဟန် ၁၁:၄၇၊ ၅၃။ ၁၂:၉–၁၁။

ကျမ်းစာပါ ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းသုံးခု– မုဆိုးမရဲ့သား၊ ခရစ်ယာန်အမျိုးသမီးတစ်ယောက်နဲ့ ယေရှုမိတ်ဆွေ လာဇရု

သေသွားတဲ့သူတွေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်စွမ်းရော၊ လုပ်ပေးလိုစိတ်ပါ ဘုရားသခင်မှာ ရှိတယ်ဆိုတာ ကျမ်းစာကနေ သိရပါတယ်။ ဘုရားသခင်ရဲ့ အတိုင်းအဆမဲ့ မှတ်ဉာဏ်ထဲမှာ ကိုယ်တော်ထမြောက်အောင် လုပ်ပေးချင်တဲ့သူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို သိမ်းဆည်းထားပါတယ်။ ဘုရားသခင်က အတိုင်းအဆမဲ့တန်ခိုးကို သုံးပြီး သူတို့တွေ အသက်ပြန်ရှင်အောင် လုပ်ပေးပါလိမ့်မယ်။ (ယောဘ ၃၇:၂၃။ မဿဲ ၁၀:၃၀။ လုကာ ၂၀:၃၇၊ ၃၈) အနာဂတ်မှာဖြစ်လာမယ့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကျမ်းစာပြောတဲ့အခါ ဘုရားသခင်က “ဖန်ဆင်းထားတဲ့လက်ရာကို ပြန်မြင်ချင်စိတ် ပြင်းပြနေလိမ့်မယ်” လို့ ဆိုထားတယ်။ အမှန်ပါပဲ၊ ဘုရားသခင်ဟာ သေဆုံးသွားသူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်ရုံသာမက လုပ်ပေးလိုစိတ်လည်း ရှိတယ်။—ယောဘ ၁၄:၁၅။

ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်တဲ့ ယူဆချက် အမှားများ

ယူဆချက်အမှား– ရှင်ပြန်ထမြောက်ခြင်းဆိုတာ ဝိညာဉ်နဲ့ ကိုယ်ခန္ဓာ ပြန်ပေါင်းစပ်သွားတာဖြစ်တယ်။

အမှန်တရား– ကျမ်းစာအရ လူတစ်ယောက် သေဆုံးသွားတဲ့အခါ သူ မတည်ရှိတော့ဘူး။ မသေနိုင်တဲ့ ဝိညာဉ်ဆိုတာလည်း မရှိဘူး။ (ဒေသနာ ၉:၅၊ ၁၀) ဒါကြောင့် အသက်ပြန်ရှင်လာတယ်ဆိုတာ ဝိညာဉ်နဲ့ ကိုယ်ခန္ဓာ ပြန်ပေါင်းစပ်သွားတာ မဟုတ်ပါဘူး။ ဘုရားသခင်က သူ့ကို အသစ်ပြန်ဖန်ဆင်းလိုက်တာပါ။

ယူဆချက်အမှား– တချို့က ရှင်ပြန်ထမြောက်လာတာနဲ့ ချက်ချင်း ပြန်ဖျက်ဆီးခံရမယ်။

အမှန်တရား– “ဆိုးညစ်တဲ့အကျင့်ကို ကျင့်သူတွေကတော့ တရားစီရင်ခံရဖို့ ထမြောက်လာလိမ့်မယ်” လို့ ကျမ်းစာက ဆိုတယ်။ (ယောဟန် ၅:၂၉) သူတို့မသေခင်က လုပ်ခဲ့တဲ့ လုပ်ရပ်အပေါ် မဟုတ်ဘဲ ထမြောက်လာပြီးနောက်ပိုင်း လုပ်တဲ့လုပ်ရပ်အပေါ်မူတည်ပြီး တရားစီရင်ခံရမှာဖြစ်တယ်။ “သေလွန်သူတွေ ဘုရားသခင့်သားတော်ရဲ့ စကားသံကို ကြားရမယ့်အချိန် အခုပဲ ရောက်နေပြီ။ အဲဒီစကားသံကို အာရုံစိုက်သူတွေ အသက်ရှင်ရလိမ့်မယ်” လို့ ယေရှု ပြောခဲ့တယ်။ (ယောဟန် ၅:၂၅) ထမြောက်ပြီးနောက်ပိုင်း သင်ယူသိရှိလာတဲ့ အရာတွေကို “အာရုံစိုက်သူတွေ၊” နာခံလိုက်လျှောက်သူတွေရဲ့ နာမည်တွေဟာ “အသက်စာလိပ်” မှာ ရေးမှတ်ထားခြင်း ခံရမယ်။—ဗျာဒိတ် ၂၀:၁၂၊ ၁၃။

ယူဆချက်အမှား– ထမြောက်လာတဲ့အခါ မသေခင်က ကိုယ်ခန္ဓာနဲ့ပဲ ထမြောက်လာကြမယ်။

အမှန်တရား– လူတစ်ယောက်သေသွားတဲ့အခါ သူ့ကိုယ်ခန္ဓာက တဖြည်းဖြည်းနဲ့ ပျက်စီး၊ ပျောက်ကွယ် သွားပါတယ်။—ဒေသနာ ၃:၁၉၊ ၂၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ