Rawvianaw ONLINE LIBRARY
Rawvianaw
ONLINE LIBRARY
Chin (Zotung)
  • BAEBU
  • CCAH-UH HAE
  • PUNGKUNAW HAE
  • w23 May pp. 26-31
  • Muihsaw Kuetung Hae Kalang Na Thua Kho

E selection hanglang video muekuh kho khyh.

Sorry, video phuinnaw kya error a ung.

  • Muihsaw Kuetung Hae Kalang Na Thua Kho
  • Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
  • Abalu dihpaw hae
  • CYIRYNAW THINLUNG HOI LANG AZICI
  • CYIRY KHYHNAW THINLUNG A UNG KHYHZE
  • KHUHLIAKUH VAE ZE NA LUNG THANGNANGSAH
Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
w23 May pp. 26-31

HOKU LANGPAW ABALU 24

Muihsaw Kuetung Hae Kalang Na Thua Kho

“Ahoypaw ryalawnaw kya thawbang lungthang nan oh sih, pawccecize tuhte ah lungthang khyh zetuh rue ccyh yn zaw te ah rue cih oh.”—GAL. 6:9.

LAW 84 တက်လှမ်းပါ

အကြို​သုံးသပ်ချက်a

1. Abang paw ruunaw mou a tung hae?

ဘုရားရေးရာ ပန်းတိုင် ထားပေမဲ့ ရောက်ဖို့ ခက်နေသလား။b သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ ဥပမာ၊ ညီအစ်ကို ဖိလစ်​ဟာ ဆုတောင်းခြင်း အရည်အသွေး တိုးတက်ချင်တယ်။ မကြာခဏ ဆုတောင်းချင်တယ်။ ဒါပေမဲ့ ဆုတောင်းဖို့ အချိန် ရှာ​ရ ခက်နေတယ်။ ညီအစ်မ အဲရစ်ကာ​ဟာ လယ်ကွင်း စုဆုံမှု​တွေ အချိန်မီ ရောက်ဖို့ ပန်းတိုင်ထားတယ်။ ဒါပေမဲ့ အမြဲလိုလို နောက်ကျ​နေတုန်းပဲ။ ညီအစ်ကို တိုမက်ရှ်ဟာ ကျမ်းစာ တစ်အုပ်လုံး ပြီးအောင် ဖတ်ဖို့ ခဏခဏ ကြိုးစားတယ်။ ဒါပေမဲ့ “ကျမ်းစာ ဖတ်ရတာကို မပျော်တာ။ သုံးကြိမ် ကြိုးစားပြီး​သွားပြီ။ သုံးကြိမ်​စ​လုံး ဝတ်ပြုရာ​ကျမ်း​အထိပဲ ရောက်တယ်” လို့ ပြောတယ်။

2. Pachia kuetung nungkuh zemah a phyakuh kho la khyhze pawcce lungro lang a ccang khyh?

၂ ပန်းတိုင် ထားပေမဲ့ မရောက်သေးဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် အရှုံးသမားလို့ မခံယူ​လိုက်ပါ​နဲ့။ သေးသေးမွှားမွှား ပန်းတိုင်တွေ​တောင် အချိန်နဲ့ အားထုတ်မှု လို​တတ်တယ်။ သင် ပန်းတိုင် ရောက်ချင်စိတ် ရှိနေသေးတာကိုက ယေဟောဝါနဲ့ ဆက်ဆံရေးကို တန်ဖိုးထားတယ်၊ ဘုရားကို အကောင်းဆုံး ပေးဆက်ချင်တယ်ဆိုတာ ပြတယ်။ သင့်​အားထုတ်မှုကို ယေဟောဝါ တန်ဖိုးထားတယ်။ သင် တတ်နိုင်တာထက် ပို​မမျှော်လင့်ဘူး။ (ဆာ. ၁၀၃:၁၄။ မိ. ၆:၈) ဒါကြောင့် ကိုယ်​နဲ့ ကိုက်မယ့်၊ လက်လှမ်းမီ​မယ့် ပန်းတိုင်​သာ ရွေးပါ။ ရွေးပြီးသွားရင် ဘာလုပ်ရမလဲ။ အကြံပြုချက်​တချို့ ဆွေးနွေး​ကြရအောင်။

CYIRYNAW THINLUNG HOI LANG AZICI

လှေငယ်တစ်စင်းနဲ့ လူတစ်ယောက် ရွက်လွှင့်နေ။ ရွက်တိုင်ကို ဖြန့်ထား။

စိတ်ဆန္ဒ ပြင်းပြ​လာဖို့ ဆုတောင်းပါ (စာပိုဒ် ၃-၄ ကို ကြည့်ပါ)

3. Cyirynaw thinlung hoi lang pawcce azici?

၃ ဘုရားရေးရာ ပန်းတိုင်တွေ အရောက်လှမ်းနိုင်​ဖို့ စိတ်ဆန္ဒ​က သိပ်အရေးကြီးတယ်။ စိတ်ဆန္ဒ​ဟာ ရွက်လှေ လို​ရာ​ခရီး ရောက်ဖို့ တွန်းပို့​ပေးတဲ့ လေ​နဲ့ တူတယ်။ လေ​မပြတ် တိုက်ရင် လို​ရာ​ခရီး ရောက်မယ်။ လေ​အားကောင်း​လေ မြန်မြန် ရောက်​လေ​ပဲ။ ကျွန်တော်တို့လည်း စိတ်ဆန္ဒ​သာ ရှိရင် ပန်းတိုင် ရောက်ဖို့ ကြိုးစား​မှာ ဖြစ်တယ်။ စိတ်ဆန္ဒ ပြင်းပြ​လေ ပန်းတိုင် ရောက်ဖို့ နီးစပ်​လေ​ပဲ။ “စိတ်​ပါ​လာပြီ​ဆိုရင် ကျွန်တော်တို့ ပိုအားထုတ်တတ်​ကြတယ်။ ပန်းတိုင် မ​ရောက်အောင် တားဆီး​မယ့် ဘယ်အရာကိုမှ ခွင့်မပြုဘူး” လို့ အယ်ဆာဗေးဒေါ​နိုင်ငံက ညီအစ်ကို ဒေးဗစ် ပြောတယ်။ ဒါဆိုရင် စိတ်ဆန္ဒ ပြင်းပြ​လာအောင် ဘာလုပ်ရမလဲ။

4. Paw hanglang mou sawsang kho athua? (Filipi 2:13) (Sahkhung kha do.)

၄ စိတ်ဆန္ဒ ပြင်းပြ​လာဖို့ ဆုတောင်းပါ။ သင် ပန်းတိုင် ရောက်ဖို့ စွမ်းအားတော်အားဖြင့် ယေဟောဝါ လှုံ့ဆော်​ပေးနိုင်တယ်။ (ဖိလိပ္ပိ ၂:၁၃ ကို ဖတ်ပါ။) တစ်ခါတလေ​ကျတော့ လုပ်​သင့်​လုပ်ထိုက်​မှန်း သိလို့ ကျွန်တော်တို့ ပန်းတိုင်​ထားကြတယ်။ ဒါ ကောင်းပါတယ်။ ဒါပေမဲ့ လုပ်ဖို့ စိတ်မပါတာမျိုး ဖြစ်နေနိုင်တယ်။ ဥပမာ၊ ယူဂန္ဓာ​နိုင်ငံက ညီအစ်မ နိုရီနာဟာ ကျမ်းစာ သင်အံမှု​တစ်ခု ရဖို့ ပန်းတိုင်ထားတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အသင်အပြ မကောင်းဘူး​လို့ ခံစားရလို့ သိပ်တော့ စိတ်​ထက်သန် မနေဘူး။ နိုရီနာကို ဘာက ကူညီပေးသလဲ။ “ကျမ်းစာ သင်အံမှု လုပ်ချင်တဲ့ စိတ်ဆန္ဒ ပြင်းပြ​လာအောင် ကူညီပေးပါ​လို့ နေ့တိုင်း စ​ဆုတောင်းတယ်။ သွန်သင်ခြင်း စွမ်းရည် တိုးတက်လာအောင် ကိုယ့်ဘက်ကလည်း ကြိုးစားတယ်။ လအနည်းငယ်​အကြာမှာ ကျွန်မ စိတ်ဆန္ဒ ပြင်းပြနေပြီဆိုတာ သတိထား​မိ​လာတယ်။ အဲဒီ​နှစ်မှာ​ပဲ ကျမ်းစာ သင်အံမှု နှစ်ခု စနိုင်ခဲ့တယ်” လို့ ပြောတယ်။

5. Cyirynaw thinlung yn lungthung nawlang pawhaemou tua kho athua?

၅ ကိုယ့်အတွက် ယေဟောဝါ လုပ်ပေးထားတာ​တွေ​ကို တွေးတော​ဆင်ခြင်​ပါ။ (ဆာ. ၁၄၃:၅) တမန်တော် ပေါလုဟာ ကိုယ့်အပေါ် ထားတဲ့ ယေဟောဝါရဲ့ မဟာကရုဏာ​အကြောင်း တွေးလိုက်တဲ့အခါ အမှုတော်မှာ ပို​ကြိုးစားချင်​လာတယ်။ (၁ ကော. ၁၅:၉၊ ၁၀။ ၁ တိ. ၁:၁၂-၁၄) သင်လည်း ယေဟောဝါ လုပ်ပေးထားတာ​တွေ​ကို တွေးလေ ပန်းတိုင် အရောက်လှမ်းချင်စိတ် ပြင်းပြ​လေ ဖြစ်လာမယ်။ (ဆာ. ၁၁၆:၁၂) ဥပမာ၊ ဟွန်ဒူးရပ်စ်​နိုင်ငံက ညီအစ်မ​တစ်ယောက် မှန်မှန်ရှေ့ဆောင် လုပ်ချင်​တယ်။ ပန်းတိုင် ရောက်ဖို့ ဘာက ကူညီပေးသလဲ။ “ကျွန်မကို ယေဟောဝါ ဘယ်လောက် ချစ်တယ်ဆိုတာ စဉ်းစားတယ်။ ကျွန်မကို လူမျိုးတော်​အဝင် ဖြစ်ခွင့်​ပေးတယ်။ ဂရုစိုက်၊ ကာကွယ်​တယ်။ ဒါတွေကို တွေးကြည့်လိုက်တော့ ဘုရားကို ပိုချစ်လာတယ်။ ရှေ့ဆောင် လုပ်ချင်စိတ် တိုးလာတယ်” လို့ ပြောတယ်။

6. Cyirynaw thinlung yn lungthung nawlang pawnynhmou yn bung kho ung?

၆ ပန်းတိုင် ရောက်ရင် ရမယ့် အကျိုးကျေးဇူးတွေကို အာရုံစိုက်ပါ။ အချိန် တိကျ​အောင် လုပ်မယ်​ဆိုတဲ့ ပန်းတိုင် ရောက်ဖို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အဲရစ်ကာ​ကို ဘာက ကူညီပေးသလဲ။ “အမှုဆောင် နောက်ကျ​ရင် လွတ်သွား​တာ အများကြီး ရှိ​မှန်း ကျွန်မ သတိထား​မိ​လာတယ်။ စောစော ရောက်ရင် ညီအစ်ကို/မတွေနဲ့ နှုတ်ဆက်​စကားပြောနိုင်တယ်။ ပေါင်းသင်း​နိုင်တယ်။ အမှုဆောင်မှာ ပျော်ဖို့၊ တိုးတက်ဖို့ ကူညီပေးမယ့် လက်တွေ့ကျ အကြံပြုချက်တွေ ကြား​နိုင်တယ်” လို့ ပြောတယ်။ အချိန် တိကျ​ရင် ရမယ့် အကျိုးကျေးဇူးတွေကို အဲရစ်ကာ အာရုံစိုက်လို့ ပန်းတိုင် ရောက်သွားတယ်။ သင်​ကော ဘာအကျိုးကျေးဇူးတွေ အာရုံစိုက်နိုင်သလဲ။ ကျမ်းစာ ဖတ်တာ၊ ဆုတောင်းတာ​နဲ့ပတ်သက်ပြီး ပန်းတိုင်ထားတယ်ဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး ပိုကောင်း​လာမယ်​ဆိုတဲ့ အကျိုးကျေးဇူးကို စဉ်းစားနိုင်တယ်။ (ဆာ. ၁၄၅:၁၈၊ ၁၉) ခရစ်ယာန် အရည်အသွေး​တစ်ခု ရှိလာဖို့ ပန်းတိုင်ထားတယ်ဆိုရင် တခြားသူတွေ​နဲ့ ဆက်ဆံရေး ပိုကောင်း​လာမယ်​ဆိုတဲ့ အကျိုးကျေးဇူးကို စဉ်းစားနိုင်တယ်။ (ကော. ၃:၁၄) ဒါကြောင့် ကိုယ် ပန်းတိုင် ရောက်ချင်ရတဲ့ အကြောင်းရင်း​အားလုံးကို စာရင်း လုပ်ပါ။ အဲဒီ​စာရင်းကို မကြာခဏ ကြည့်ပါ။ “ပန်းတိုင် ရောက်ချင်ရတဲ့ အကြောင်းရင်း များလေ လက်လျှော့​မိ​ဖို့ အကြောင်း နည်း​လေ​ပဲ” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ တိုမက်ရှ် ပြောတယ်။

7. Julio hae zuhvaw kuetung phya kho nawlang pawnynhmou a bung hae?

၇ ပန်းတိုင် ရောက်အောင် ကြိုးစားဖို့ အားပေးသူ​တွေ​နဲ့ ပေါင်းပါ။ (ပညာ. ၁၃:၂၀) အမှုဆောင်​လုပ်ငန်း တိုးချဲ့​မယ်​ဆိုတဲ့ ပန်းတိုင် ရောက်ဖို့ ဂျူလီယိုတို့ ဇနီးမောင်နှံ​ကို ဘာက ကူညီပေးသလဲ။ “ပန်းတိုင် ရောက်အောင် ကြိုးစားဖို့ အားပေးတဲ့ မိတ်ဆွေတွေနဲ့ ပေါင်းတယ်။ ပန်းတိုင်​အကြောင်း သူတို့နဲ့ ဆွေးနွေးတယ်။ မိတ်ဆွေ အများစုက ပန်းတိုင် ရောက်ပြီး​သား​သူ​တွေ​ဆိုတော့ ကျွန်တော်တို့ကို လက်တွေ့ကျ အကြံ​တွေ ပေးနိုင်​ကြတယ်။ အခြေအနေ မေးမြန်းကြတယ်။ လိုအပ်တဲ့အခါ အားပေးကြတယ်” လို့ ဂျူလီယို ပြောတယ်။

CYIRY KHYHNAW THINLUNG A UNG KHYHZE

အစောပိုင်း ရုပ်ပုံမှာ ဖော်ပြထားတဲ့ လူတစ်ယောက် လှေလှော်နေ။

ပန်းတိုင် ရောက်ဖို့ ကြိုးစားပါ (စာပိုဒ် ၈ ကို ကြည့်ပါ)

8. Cyirynaw thinlung a ungze nynh cyi langze pawmou a cikuh kho? (Sahkhung kha do.)

၈ လုပ်ချင်​ကိုင်​ချင်စိတ် မရှိတဲ့ နေ့​မျိုး ကျွန်တော်တို့​အားလုံး ကြုံဖူး​ကြတယ်။ ဒီလိုသာ​ဆိုရင် ပန်းတိုင် မရောက်နိုင်တော့ဘူးလား။ ဥပမာ​တစ်ခု စဉ်းစားကြည့်ပါ။ ရွက်လှေ လို​ရာ​ခရီး ရောက်ဖို့ လေဟာ အဓိက တွန်းအား ဖြစ်တယ်။ ဒါပေမဲ့ လေ​အားကောင်းတဲ့ ရက်၊ မကောင်းတဲ့ ရက် ရှိတယ်။ လုံးဝ လေ​မ​တိုက်တဲ့ ရက်​တွေ​လည်း ရှိတယ်။ ဒါနဲ့ပဲ ရွက်လှေ ရှေ့​မ​ရောက်တော့​ဘူး​လား။ ရောက်​နိုင်ပါတယ်။ ရွက်လှေ​တချို့​မှာ စက်​တပ်​ထားတယ်။ တချို့​မှာ လှော်တက် ပါတယ်။ ရ​ရာ နည်းလမ်း သုံးပြီး လို​ရာ​ခရီး ဆက်​နိုင်တယ်။ ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒ​ကလည်း လေ​နဲ့ တူတယ်။ စိတ်​အတက်အကျ ရှိနိုင်တယ်။ လုံးဝ စိတ်မပါတဲ့ ရက်​တွေ​လည်း ရှိနိုင်တယ်။ ဒါကြောင့် စိတ်​ပါ​မှ လုပ်ရင် ပန်းတိုင် ရောက်တော့​မှာ မဟုတ်ဘူး။ လို​ရာ​ခရီး ရောက်ဖို့ ရွက်လွှင့်သူတွေ နည်းလမ်း ရှာပြီး သွား​သ​လို ကျွန်တော်တို့လည်း လုပ်ချင်​ကိုင်​ချင်စိတ် မရှိရင်တောင် ပန်းတိုင် ရောက်ဖို့ ကြိုးစားနိုင်တုန်းပါပဲ။ မလွယ်ပေမဲ့ ကြိုးစားရကျိုး နပ်ပါတယ်။ ဘယ်လို ကြိုးစားနိုင်သလဲ။ အရင်ဆုံး၊ မေးခွန်း​တစ်ခု ဆွေးနွေး​ကြရအောင်။

9. Cyirynaw thinlung a ung leite kuetung kalang thua nawlang zuakuh lang a ccang tou? Ccaesahtua.

၉ ယေဟောဝါက မိမိကို ပျော်ပျော်ရွှင်ရွှင်၊ စိတ်ပါလက်ပါ ဝတ်ပြု​စေချင်တယ်။ (ဆာ. ၁၀၀:၂) ဒီတော့ စိတ်မပါဘဲ ဘုရားရေးရာ ပန်းတိုင်​တစ်ခု ရောက်ဖို့ ကြိုးစား​သင့်​သ​လား။ တမန်တော် ပေါလု​အကြောင်း စဉ်းစားကြည့်ပါ။ “ကျွန်တော့်​ကိုယ်ခန္ဓာကို ထိုးနှက်​ပြီး ကျွန်​တစ်ယောက်လို ဖြစ်အောင် ထိန်းချုပ်ထားတယ်” လို့ ပြောတယ်။ (၁ ကော. ၉:၂၅-၂၇) လုပ်သင့်တာ​နဲ့ လုပ်ချင်​တာ လွန်ဆွဲ​လာတဲ့အခါ ပေါလု ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တယ်။ ပေါလုရဲ့ လုပ်ရပ်ကို ယေဟောဝါ နှစ်သက်​သ​လား။ နှစ်သက်တယ်။ ဆု​တောင် ချခဲ့တယ်။—၂ တိ. ၄:၇၊ ၈။

10. Cyirynaw thinlung a ung khyhze haehei kuetung kalang thua nawlang zuakuh langze paw thanenaw mou a ung cih?

၁၀ စိတ်မပါ​ရင်တောင် ပန်းတိုင် ရောက်ဖို့ ကျွန်တော်တို့ ကြိုးစားနေတာ မြင်တဲ့အခါ ယေဟောဝါ သိပ်ဝမ်းသာတယ်။ လုပ်ရတာ မပျော်တဲ့ အချိန်တွေ ရှိပေမဲ့ မိမိကို ချစ်လို့ လုပ်နေမှန်း သိလို့ပဲ။ ပေါလု​ကို ကောင်းချီး​ပေးသလို ကျွန်တော်တို့ကိုလည်း ကောင်းချီးပေးပါလိမ့်မယ်။ (ဆာ. ၁၂၆:၅) ဘုရား​ကောင်းချီး ခံစားရတဲ့အခါ လုပ်ချင်​ကိုင်​ချင်စိတ်​တောင် ရှိလာနိုင်တယ်။ “တစ်ခါတလေ အမှုဆောင် မ​သွား​ချင်ဘူး။ အထူးသဖြင့်၊ ပင်ပန်း​နေချိန်​တွေ​ဆိုရင်​ပေါ့။ ဒါပေမဲ့ သွားလိုက်တော့လည်း ပျော်သွားတာပဲ” လို့ ပိုလန်​နိုင်ငံက ညီအစ်မ လူစီနာ ပြောတယ်။ ဒါဆိုရင် စိတ်ဆန္ဒ မရှိတဲ့အခါ ရှိလာအောင် ဘာလုပ်နိုင်သလဲ။

11. Uhkuh khonaw hoi lang Zahova nynh pawtemou yn bung kho?

၁၁ ချုပ်တည်းခြင်း ရှိဖို့ ဆုတောင်းပါ။ ချုပ်တည်းခြင်း​ဆိုတာ ခံစားချက်၊ လုပ်ရပ်ကို ကြပ်မတ်​နိုင်စွမ်း ဖြစ်တယ်။ မကောင်းတာ မလုပ်မိဖို့​ပဲ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​ရတာ မဟုတ်ဘူး။ ကောင်းတာ လုပ်ဖို့လည်း ကြပ်မတ်ရတယ်။ အထူးသဖြင့်၊ ခက်တဲ့ အလုပ်၊ စိတ်မပါတဲ့ အလုပ်​ဆိုရင်​ပေါ့။ ချုပ်တည်းခြင်း​ဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး ဖြစ်လို့ ချုပ်တည်းမှု ပို​ရှိလာအောင် ယေဟောဝါဆီကနေ သန့်ရှင်းသော စွမ်းအားတော် တောင်းပါ။ (လု. ၁၁:၁၃။ ဂလ. ၅:၂၂၊ ၂၃) ကိုယ်ပိုင် လေ့လာမှု မှန်မှန် လုပ်မယ်​ဆိုတဲ့ ပန်းတိုင် ရောက်ဖို့ ဆုတောင်းခြင်းက ဘယ်လို ကူညီပေးကြောင်း အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒေးဗစ် ဒီလိုပြောတယ်– “ချုပ်တည်းခြင်း ရှိဖို့ ကူညီပေးပါ​လို့ ယေဟောဝါဆီ ဆုတောင်းတယ်။ ဘုရား​အကူအညီကြောင့် လေ့လာမှု ဇယား​ကောင်း ရှိလာတယ်။ ဇယားအတိုင်း မှန်မှန် လေ့လာ​ဖြစ်သွားတယ်။”

12. Phunghotu 11:4 nynh kuetung phya nawlang pawtemou yn bung?

၁၂ အချိန်အခါကောင်း​ကို စောင့်မနေပါနဲ့။ ဒီ​လောက​မှာ အချိန်အခါကောင်း​ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ရက်​ကောင်း ရက်မြတ် ရွေး​နေ​ရင် ပန်းတိုင် ရောက်တော့​မှာ မဟုတ်ဘူး။ (ဒေသနာ ၁၁:၄ ကို ဖတ်ပါ။) “အချိန်အခါကောင်း​ဆိုတာ မရှိဘူး။ ကိုယ်​က ဖန်တီးယူရမှာ။ လုပ်စရာ ရှိတာ​သာ လုပ်” လို့ ညီအစ်ကို ဒေနီယယ် ပြောတယ်။ နေ့​ရွှေ့​ည​ရွှေ့ မလုပ်​သင့်​တဲ့ နောက်အကြောင်းရင်းနဲ့​ပတ်သက်ပြီး ယူဂန္ဓာ​နိုင်ငံက ညီအစ်ကို ပေါလ် ဒီလိုပြောတယ်– “အခက်အခဲတွေ​ကြား​က တစ်ခုခု စ​လုပ်လိုက်တာ​ဟာ ယေဟောဝါ ကောင်းချီးပေးလို့ ရအောင် လမ်းဖွင့်​လိုက်တာပဲ။”—မာ​လ. ၃:၁၀။

13. Beihtarawte thopaw tuh pawcce thanenaw a ung kho?

၁၃ နည်းနည်း​ကနေ စ​ပါ။ ပန်းတိုင် အလှမ်းဝေးလွန်းပုံ ရလို့ ကြိုးစားချင်စိတ် မရှိတော့တာ ဖြစ်နိုင်တယ်။ ဒါဆိုရင် နည်းနည်း​ကနေ စ​ပါ။ ကိုယ့်​ပန်းတိုင်​ဟာ အရည်အသွေး​တစ်ခု ရှိလာဖို့​ဆိုရင် အဲဒီ​အရည်အသွေးကို အသေးအဖွဲ လုပ်ရပ်တွေ​နဲ့ စ​ပြ​ကြည့်ပါ။ ကျမ်းစာ တစ်အုပ်လုံး အပြီး​ဖတ်ဖို့ ပန်းတိုင်ထားတယ်ဆိုရင် အချိန် နည်းနည်းလောက်​ကနေ စ​ဖတ်​ကြည့်ပါ။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ တိုမက်ရှ်ဟာ တစ်နှစ်အတွင်း ကျမ်းစာ တစ်အုပ်လုံး အပြီး​ဖတ်​မယ်​ဆိုတဲ့ ပန်းတိုင် ရောက်ဖို့ ခက်နေတယ်။ “ကိုယ် လိုက်​မမီ​တဲ့ နှုန်း​နဲ့ ဖတ်ဖို့ ကြိုးစား​နေ​မိ​မှန်း ကျွန်တော် သတိထား​မိ​သွားတယ်။ ဒါကြောင့် ထပ်​ကြိုးစား​ကြည့်ဖို့ ဆုံးဖြတ်​လိုက်တယ်။ ဒီတစ်ခါတော့ တစ်ရက်ကို ကျမ်းပိုဒ် နည်းနည်းပဲ ဖတ်ပြီး တွေးတော​ဆင်ခြင်​တယ်။ ဒီလိုနဲ့ ကျမ်းစာ ဖတ်ရတာ ပျော်လာတယ်” လို့ ပြောတယ်။ ဖတ်ရတာ ပျော်လာတော့မှ အချိန် တိုး​တိုးပြီး ဖတ်တော့ နောက်ဆုံးမှာ ကျမ်းစာ တစ်အုပ်လုံး အပြီး ဖတ်​နိုင်​သွားတယ်။c

KHUHLIAKUH VAE ZE NA LUNG THANGNANGSAH

14. Pawhae keiccu mou a khuhliakuh kho?

၁၄ ဆန္ဒ ဘယ်လောက် ရှိပါစေ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ကြပ်မတ်​ပါ​စေ အခက်အခဲတွေ​ကတော့ ရှိစမြဲပဲ။ ဥပမာ၊ “မျှော်လင့်မထားတဲ့ ဖြစ်ရပ်​တွေ” ကြောင့် ပန်းတိုင် ရောက်အောင် ကြိုးစား​ရမယ့် အချိန်တွေ ပဲ့သွားနိုင်တယ်။ (ဒေ. ၉:၁၁) အခက်အခဲ​တစ်ခုခု​ကြောင့် စိတ်ဓာတ်ကျ၊ အားလျော့​သွားနိုင်တယ်။ (ပညာ. ၂၄:၁၀) မစုံလင်သူတွေမို့ ပန်းတိုင်​နဲ့ အလှမ်းဝေး​စေ​တဲ့ အမှားတွေ လုပ်မိ​နိုင်တယ်။ (ရော. ၇:၂၃) ဒါမှမဟုတ် ခြေကုန်လက်ပန်း ကျ​နေနိုင်တယ်။ (မ. ၂၆:၄၃) လဲကျတဲ့အခါ ပြန်ထ​ဖို့ ဘာက ကူညီပေးနိုင်သလဲ။

15. IKhuhliakuhpaw te sungpaw tuh a lokuh tou? Ccaesahtua. (Sam 145:14)

၁၅ လဲကျ​တာနဲ့ ကျရှုံး​တာ မတူဘူး။ အခက်အခဲ၊ ပြဿနာတွေ ထပ်ခါထပ်ခါ ကြုံနိုင်တယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ ဒါပေမဲ့ လဲကျ​သွားတဲ့အခါ ယေဟောဝါရဲ့ အကူအညီနဲ့ ပြန်ထနိုင်မယ်လို့လည်း ပြောတယ်။ (ဆာလံ ၁၄၅:၁၄ ကို ဖတ်ပါ။) “ကျွန်တော် ဘယ်နှကြိမ် လဲကျ​တယ်ဆိုတာ အာရုံမစိုက်​ဘူး။ ဘယ်နှကြိမ် ပြန်ထတယ်ဆိုတာပဲ အာရုံစိုက်တယ်။ အောင်မြင်မှု​ဆိုတာ အဲဒါ​ပဲ” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဖိလစ် ပြောတယ်။ “လဲကျ​သွားတာကို အတားအဆီး​လို့ သဘော​မထားဘူး။ ယေဟောဝါကို ဘယ်လောက် ချစ်တယ်ဆိုတာ ပြနိုင်တဲ့ အခွင့်အရေး​လို့ သဘောထားတယ်” ဆိုပြီး အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒေးဗစ် ပြောတယ်။ လဲ​ကျပေမဲ့ ပန်းတိုင် ရောက်ဖို့ ဆက်ကြိုးစားတာက ဘုရား​နှစ်သက်မှု ရချင်တယ်​ဆိုတာ ပြရာရောက်တယ်။ ပန်းတိုင် ရောက်ဖို့ သင် ကျားကုတ်ကျားခဲ ကြိုးစားနေတာကို ယေဟောဝါ မြင်တဲ့အခါ သိပ်ဝမ်းသာ​နေ​မှာ​ပဲ။

16. Maw kha yn khuhliasah kuh khopaw kyate pawmou ccangkuh kho athua?

၁၆ ကိုယ့်ကို လဲ​ကျစေတဲ့​အရာ​ကနေ သင်ခန်းစာ ယူပါ။ ကြုံခဲ့ရတာကို ပြန်တွေးပြီး ‘နောက်တစ်ခါ ဒီလို မဖြစ်အောင် ငါ ဘာလုပ်နိုင်သလဲ’ လို့ စဉ်းစားပါ။ (ပညာ. ၂၇:၁၂) တစ်ခါတလေ​ကျတော့ လဲကျသွားတော့မှပဲ ကိုယ့်​ပန်းတိုင်က ကိုယ်​နဲ့ မကိုက်မှန်း သိလာတာမျိုး ရှိတယ်။ သင်လည်း ပန်းတိုင်က သင်​နဲ့ ကိုက်သေးရဲ့လားဆိုတာ ပြန်သုံးသပ်ပါ။d သင်​နဲ့ မကိုက်လို့ ပန်းတိုင် မ​ရောက်တာကို ကျရှုံး​တာ​လို့ ယေဟောဝါ မသတ်မှတ်ဘူး။—၂ ကော. ၈:၁၂။

17. Maw nynh a la phya khopaw kuetung hae kha pawcce tuathui lang a ccang?

၁၇ ကိုယ် အရောက်လှမ်းနိုင်​ခဲ့​တဲ့ ပန်းတိုင်တွေကို သတိရပါ။ ‘ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ ဘုရား ဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို ဘယ်တော့မှ မမေ့ဘူး’ လို့ ကျမ်းစာမှာ ပြောထားတယ်။ (ဟီ. ၆:၁၀) သင်လည်း မမေ့ပါနဲ့။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတာ၊ တခြားသူတွေကို ဟောပြောတာ၊ နှစ်ခြင်းခံတာ​လို​မျိုး သင် အရောက်လှမ်းနိုင်​ခဲ့​တဲ့ ပန်းတိုင်တွေကို ပြန်စဉ်းစားပါ။ အဲဒီလို ဘုရားရေးရာ ပန်းတိုင်တွေ​ဆီ အရောက်လှမ်းနိုင်​ခဲ့​သ​လို လက်ရှိ ပန်းတိုင်တွေ​ဆီ​လည်း အရောက်လှမ်းနိုင်​ပါလိမ့်မယ်။—ဖိ. ၃:၁၆။

ဝေလငါးတွေ ကူးခတ်နေတာ၊ နေဝင်ဆည်းဆာ အလှကို လှေငယ်ထဲကလူ ကြည့်နေ။

ပန်းတိုင်​ဆီ ပျော်ပျော်ရွှင်ရွှင် အရောက်လှမ်းပါ (စာပိုဒ် ၁၈ ကို ကြည့်ပါ)

18. Kuetung kalang phya nawlang zuakuh vae ze pawmou tuathui lang a ccang? (Sahkhung kha do.)

၁၈ လို​ရာ​ခရီး ရောက်သွားတဲ့ ရွက်လွှင့်သူလိုပဲ ယေဟောဝါရဲ့ အကူအညီကြောင့် သင်လည်း ပန်းတိုင် ရောက်​နိုင်ပါတယ်။ ရွက်လွှင့်သူ များစွာ​ဟာ ခရီးဆုံး ရောက်မှ ပျော်ကြတာ မဟုတ်ဘူး။ ရှုခင်း​တွေ တ​ကြည့်​ကြည့်​နဲ့ လမ်းမှာ​လည်း ပျော်ကြတယ်။ သင်လည်း ဘုရားရေးရာ ပန်းတိုင်တွေ​ဆီ အရောက်သွား​နေတုန်းမှာ ကိုယ့်ကို ယေဟောဝါ ကူညီပေးနေတာ​တွေ၊ ကောင်းချီးပေးတာ​တွေ​ကို ကြည့်ဖို့ သတိရပါ။ လမ်းခရီး​မှာ ပျော်ရပါလိမ့်မယ်။ (၂ ကော. ၄:၇) လက်မလျှော့ဘူး​ဆိုရင် ပိုကောင်းတဲ့ ကောင်းချီးတွေ​တောင် ခံစားရပါလိမ့်မယ်။—ဂလ. ၆:၉။

PAWTEMOU NA PHI CIH?

  • Muihsaw kuetung hae kalang thua nawlang zuakuh lalia cyirynaw thinlung yn lungthung nawlang pawmou cyi kho athua?

  • Muihsaw kuetung hae kalang thua nawlang zuakuh lalia cyirynaw thinlung a ung vae khyhze pawmou cyi kho athua?

  • Muihsaw kuetung hae kalang thua nawlang zuakuh lalia khuhliakuh ze pawtemou tua lang a ccang?

LAW 126 မြဲမြံ​နိုးကြား၊ ခွန်အား​ကြီးပွား

a ဘုရားရေးရာ ပန်းတိုင်တွေ ထားဖို့ ကျွန်တော်တို့ မကြာမကြာ အားပေး​ခံရ​ကြတယ်။ ပန်းတိုင် ထားပေမဲ့ ရောက်ဖို့ ခက်နေရင် ဘယ်လို လုပ်မလဲ။ ဒီဆောင်းပါးမှာ အကြံပြုချက် အမျိုးမျိုး ဖော်ပြထားပါတယ်။

b စကားလုံး ရှင်းလင်းချက်။ ဘုရားရေးရာ ပန်းတိုင်​ဆိုတာ ယေဟောဝါဘုရားအတွက် ပိုအမှုဆောင်နိုင်ဖို့၊ ဘုရား​စိတ်တော် ရွှင်လန်း​စေဖို့ သင် တိုးတက်ချင်တာ၊ ပြည့်မီချင်တာ ဘာမဆို ပါတယ်။ ဥပမာ၊ ခရစ်ယာန် အရည်အသွေး တစ်ခု ရှိလာဖို့ ပန်းတိုင်​ထားနိုင်တယ်။ ကျမ်းစာ ဖတ်ရှုခြင်း၊ ကိုယ်ပိုင် လေ့လာမှု၊ အမှုဆောင်​လုပ်ငန်း​စတဲ့ ဝတ်ပြုရေး ကဏ္ဍ​တစ်ခုခုမှာ တိုးတက်ဖို့ ပန်းတိုင်​ထားနိုင်တယ်။

c သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပညာရေး​မှ အကျိုး​ရယူ စာအုပ်၊ စာ. ၁၀-၁၁၊ ပိုဒ်. ၄ ကို ကြည့်ပါ။

d ထပ်သိချင်ရင် ၂၀၀၈၊ ဇူလိုင် ၁၅ ကင်းမျှော်စင် မှာ ပါတဲ့ “အကျိုးသင့်အကြောင်းသင့် မျှော်လင့်​ပြီး ရွှင်လန်းလော့” ဆောင်းပါးကို ကြည့်ပါ။

    Chin (Zotung) Ccah-uh Hae (2000-2025)
    Log Out
    Log In
    • Chin (Zotung)
    • Share
    • Preferences
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • Terms of Use
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • Log In
    Share