Rawvianaw ONLINE LIBRARY
Rawvianaw
ONLINE LIBRARY
Chin (Zotung)
  • BAEBU
  • CCAH-UH HAE
  • PUNGKUNAW HAE
  • w23 June pp. 2-7
  • Khrihccaw Piccan Hae—Gideon Kyate Ccangkuh Oh

E selection hanglang video muekuh kho khyh.

Sorry, video phuinnaw kya error a ung.

  • Khrihccaw Piccan Hae—Gideon Kyate Ccangkuh Oh
  • Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
  • Abalu dihpaw hae
  • ZAKAWSANGSAKUNAW HOI LANG A RUU CCYH KYA
  • KAWNGAENAW TE RAWTHUNGNAW HOI LANG A RUU CCYH KYA
  • TEINGNAW HOI LANG A RUU CCYH KYA
Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
w23 June pp. 2-7

HOKU LANGPAW ABALU 25

Khrihccaw Piccan Hae—Gideon Kyate Ccangkuh Oh

“Gideon honaw ccyh ka zaw lan khyh.”—HEB. 11:32.

LAW 124 သစ္စာမြဲပါ

အကြို​သုံးသပ်ချက်a

1. Kykheitnaw Peter 5:2 liate, khrihccaw piccan hae paw taevue mou a mue hae?

ယေဟောဝါ​ဘုရားရဲ့ အဖိုးတန် သိုးတွေကို ကြည့်ရှု​စောင့်ရှောက်ဖို့​ဆိုတဲ့ တာဝန် ခရစ်ယာန် အကြီးအကဲတွေ ရထားကြတယ်။ ဒီ​တာဝန်ကို သူတို့ တန်ဖိုးထားကြတယ်။ ‘တကယ် ထိန်းကျောင်းတဲ့ သိုးထိန်း​တွေ’ ဖြစ်ဖို့၊ သိုးထိန်းကောင်း ပီသ​ဖို့ ကြိုးစားကြတယ်။ (ယေ. ၂၃:၄။ ၁ ပေတရု ၅:၂ ကို ဖတ်ပါ။) အသင်းတော်မှာ ဒီလို​အကြီးအကဲတွေ ရှိနေတာ ကျေးဇူးတင်စရာပါပဲ။

2. Khrihccaw piccan abang nynh paw ruunaw mou a tung hae?

၂ အကြီးအကဲတွေဟာ တာဝန် ထမ်းဆောင်​ရင်း အခက်အခဲ အမျိုးမျိုး ကြုံကြရတယ်။ အခက်အခဲ တစ်ခုကတော့ အသင်းတော်ကို ထိန်းကျောင်းဖို့ လုပ်စရာတွေ များနေတာပဲ။ တာဝန် ဘယ်လောက် လက်ခံ​မလဲ ဆုံးဖြတ်တဲ့အခါ ကျိုးနွံမှု ပို​ရှိဖို့ အမေရိကန် ပြည်ထောင်စု​မှာ နေတဲ့ အကြီးအကဲ တိုနီ သင်ယူခဲ့ရတယ်။ “ကိုဗစ်-၁၉ ကပ်ရောဂါ စတော့ အစည်းအဝေး၊ အမှုဆောင်အတွက် အစီအစဉ်တွေ ဆွဲဖို့ ကျွန်တော် တာဝန် အများကြီး ထပ်ထပ် ယူတယ်။ ဒါပေမဲ့ ဘယ်လောက် လုပ်​လုပ် လုပ်စရာ ထပ်​ပေါ်လာတယ်။ ဒီလိုနဲ့ ကျမ်းစာ ဖတ်ဖို့၊ ကိုယ်ပိုင် လေ့လာမှု လုပ်ဖို့၊ ဆုတောင်းဖို့ အချိန် သိပ်မရှိတော့ဘူး” လို့ ပြောတယ်။ ကိုဆိုဗို​နိုင်ငံက အကြီးအကဲ အယ်လာလည်း အခက်အခဲ နောက်တစ်ခု ကြုံရတယ်။ စစ်​ဖြစ်တဲ့ ဒေသမှာ နေတုန်းက အဖွဲ့အစည်း လမ်းညွှန်ချက်တွေ နာခံဖို့ အယ်လာ အခက်​တွေ့ခဲ့တယ်။ “အန္တရာယ် များတဲ့ ဒေသက ညီအစ်ကို/မတွေကို ကူညီဖို့ ဌာနခွဲရုံးက တာဝန်​ပေး​လာချိန်​မှာ ကျွန်တော် သတ္တိ ရှိမရှိ ပေါ်တော့တာပဲ။ ကျွန်တော် ကြောက်တယ်။ လမ်းညွှန်ချက်တွေ​ကလည်း လက်တွေ့ကျ​ပုံ​မှ မ​ပေါ်​တာ” လို့ ပြောတယ်။ အာရှ​မှာ နေတဲ့ သာသနာပြု တင်မ်ကျတော့ တစ်နေ့ တစ်နေ့ လုပ်စရာတွေ အလျဉ်မီအောင် လုပ်ဖို့​ကို လုံးပန်း​နေ​ရတယ်။ “တစ်ခါတလေ စိတ်​ပန်း၊ လူ​ပန်း ဖြစ်တယ်” လို့ ပြောတယ်။ အဲဒီလို​အခက်အခဲ ကြုံနေရတဲ့ အကြီးအကဲတွေကို ဘာက ကူညီပေးနိုင်သလဲ။

3. Byapiatu Gideon kong kha leihlanaw kyate ah balynte pawtemou thanenaw ah mue kho oh?

၃ တရားသူကြီး ဂိဒေါင်​ဆီကနေ အကြီးအကဲတွေ သင်ယူနိုင်တယ်။ (ဟီ. ၆:၁၂။ ၁၁:၃၂) ဘုရား​လူမျိုးကို ဂိဒေါင် ထိန်းကျောင်း၊ ကာကွယ်ပေးတယ်။ (သူကြီး. ၂:၁၆။ ၁ ရာ. ၁၇:၆) ဂိဒေါင်​လို​ပဲ အကြီးအကဲတွေလည်း ခေတ်​ပျက်​ကြီး​ထဲ​မှာ ဘုရား​လူမျိုးကို ကြည့်ရှု​စောင့်ရှောက်ဖို့ တာဝန် ရထားကြတယ်။ (တ. ၂၀:၂၈။ ၂ တိ. ၃:၁) တာဝန် ထမ်းဆောင်ချိန်မှာ ကျိုးနွံမှု၊ နှိမ့်ချမှု၊ နာခံမှု၊ ခံနိုင်ရည် ပြခဲ့တဲ့ ဂိဒေါင်​ဆီကနေ အကြီးအကဲတွေ သင်ယူနိုင်တယ်။ အကြီးအကဲ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဂိဒေါင်​ရဲ့ စံနမူနာကို လေ့လာတဲ့အခါ အကြီးအကဲတွေရဲ့ ကြိုးစား​လုပ်ဆောင်မှု​အတွက် ပို​ကျေးဇူး​သိတတ်​လာနိုင်တယ်။ သူတို့ကို ပိုထောက်မတတ်လာနိုင်တယ်။—ဟီ. ၁၃:၁၇။

ZAKAWSANGSAKUNAW HOI LANG A RUU CCYH KYA

4. Zakawsangsakunaw a hoi cipaw Gideon nynh pawtemou a langsah?

၄ ဂိဒေါင်​ဟာ နှိမ့်ချ​ကျိုးနွံ​တယ်။b အင်အားကြီး မိဒျန်​လူတွေ လက်ကနေ အစ္စရေး​လူမျိုးကို ကယ်ဖို့ ရွေးချယ်ခံရတဲ့​အကြောင်း ယေဟောဝါရဲ့ ကောင်းကင်တမန် လာ​ပြောချိန်မှာ “ကျွန်တော့်​ဆွေမျိုး​စု​ဟာ မနာရှေ​အနွယ်​မှာ အနိမ့်ကျဆုံး​ပါ။ ကျွန်တော်ကလည်း မိသားစုထဲမှာ အရေးမပါတဲ့​လူ​ပါ” လို့ ဂိဒေါင် နှိမ့်ချမှု ရှိရှိ ပြန်ပြောတယ်။ (သူကြီး. ၆:၁၅) ကိုယ့်ကိုယ်ကိုယ် အရည်အချင်း မ​ပြည့်မီ​ဘူး​လို့ ဂိဒေါင် မြင်ပေမဲ့ ယေဟောဝါကတော့ အဲဒီလို မမြင်ဘူး။ ဘုရား​အကူအညီကြောင့် ဂိဒေါင် အောင်အောင်မြင်မြင် တာဝန် ထမ်းဆောင်နိုင်ခဲ့တယ်။

5. Paw tahawpaw kya mou khrihccaw piccan hae nynh zakawsangsakunaw hoi lang a ruu kho?

၅ ကိစ္စရပ်​တိုင်း​မှာ နှိမ့်ချ​ကျိုးနွံ​ဖို့ အကြီးအကဲတွေ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ (မိ. ၆:၈။ တ. ၂၀:၁၈၊ ၁၉) ကိုယ်​ဘာလုပ်နိုင်တယ်၊ ဘာလုပ်ခဲ့​တယ်ဆိုတာ ပုံကြီးချဲ့ မပြောဘူး။ အမှား​လုပ်မိတဲ့အခါလည်း ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ တွေးမပစ်ဘူး။ ဒါပေမဲ့ နှိမ့်ချ​ကျိုးနွံ​ဖို့ ခက်တဲ့​အချိန်တွေ ရှိနိုင်တယ်။ ဥပမာ၊ တာဝန် အများကြီး လက်ခံ​ထားပြီး မနိုင်မနင်း ဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် တာဝန် ထမ်းဆောင်​ပုံ​နဲ့ပတ်သက်ပြီး ပြစ်တင်​ဝေဖန်ခံရနိုင်တယ်၊ ချီးမွမ်း​ခံရနိုင်တယ်။ အဲဒီလို​အခြေအနေမျိုးမှာ ဂိဒေါင်​ဆီကနေ အကြီးအကဲတွေ ဘာသင်ယူနိုင်သလဲ။

အများရှေ့ သက်သေခံခြင်းမှာ သုံးတဲ့ ပစ္စည်းတွေ သိမ်းတဲ့နေရာအကြောင်း ညီအစ်ကို တစ်ယောက်ကို အကြီးအကဲ ပြောပြနေ။

ဂိဒေါင်ကို အတုယူတဲ့အနေနဲ့ ကျိုးနွံမှု ရှိတဲ့ အကြီးအကဲ​တစ်ယောက် အများရှေ့ သက်သေခံခြင်းအတွက် အစီအစဉ် ဆွဲဖို့ အကူအညီ တောင်းနေ (စာပိုဒ် ၆ ကို ကြည့်ပါ)

6. Gideon zakawsangsakunaw kyate khrihccaw piccan hae nynh pawmou a ccangkuh kho hae? (Sahkhung kha do.)

၆ အကူအညီ တောင်းပါ။ ကျိုးနွံ​သူဟာ ကိုယ်​မတတ်နိုင်​တာ​တွေ ရှိတယ်ဆိုတာ အသိအမှတ်ပြုတယ်။ တခြားသူတွေ​ဆီကနေ အကူအညီ တောင်းခြင်းအားဖြင့် ကျိုးနွံမှု ရှိကြောင်း ဂိဒေါင် ပြတယ်။ (သူကြီး. ၆:၂၇၊ ၃၅။ ၇:၂၄) ဂိဒေါင်ကို အကြီးအကဲတွေ အတုယူ​ကြတယ်။ “ကြီးပြင်းလာပုံ နောက်ခံကြောင့် တာဝန်တွေကို ကျွန်တော် နိုင်​တာ​ထက် ပို​လက်ခံ​မိ​တတ်တယ်။ ဒါကြောင့် မိသားစု ဝတ်ပြုမှု​မှာ ကျိုးနွံမှု​အကြောင်း ဆွေးနွေးဖို့၊ ကျွန်တော်နဲ့​ပတ်သက်ပြီး ဇနီးရဲ့ အမြင်ကို မေးကြည့်ဖို့ ဆုံးဖြတ်​လိုက်တယ်။ ယေရှုကို တုပတဲ့အနေနဲ့ တခြားသူတွေကို လေ့ကျင့်ပေးပါ၊ ယုံကြည်​စိတ်ချပါ၊ အခွင့်အာဏာ အပ်နှင်း​ပါ ဆိုတဲ့ ဗီဒီယိုကိုလည်း jw.org မှာ ပြန်​ကြည့်တယ်” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ တိုနီ ပြောတယ်။ နောက်ပိုင်း၊ တာဝန်တွေ ဝိုင်းလုပ်​ဖို့ တခြားသူတွေကို တိုနီ အကူအညီ တောင်းတယ်။ ဘာရလဒ် ရသလဲ။ “အသင်းတော် တာဝန်လည်း ပြီး​တယ်။ ကိုယ့်​ယုံကြည်ခြင်း ခိုင်ခံ့အောင် လုပ်ဖို့ အချိန်​လည်း ပိုရလာတယ်” လို့ ပြောတယ်။

7. Yn seisah ccyh hae kya, Gideon kha khrihccaw piccan hae nynh pawtemou dosuinkuh kho lang? (James 3:13)

၇ ပြစ်တင်​ဝေဖန်ခံရတဲ့အခါ စိတ်မဆိုး​ပါ​နဲ့။ ပြစ်တင်​ဝေဖန်ခံရတာကလည်း အကြီးအကဲတွေအတွက် စမ်းသပ်မှု​တစ်မျိုး​ပဲ။ ဒီ​ကဏ္ဍမှာ​လည်း ဂိဒေါင်​ဆီကနေ သင်ယူနိုင်ပါတယ်။ ကိုယ်တိုင် အမှား​မကင်း​သူ ဖြစ်မှန်း ဂိဒေါင် အသိအမှတ်ပြုတဲ့အတွက် ဧဖရိမ် အမျိုးသားတွေ ပြစ်တင်​ဝေဖန်​လာချိန်​မှာ အေးအေးဆေးဆေး တုံ့ပြန်တယ်။ (သူကြီး. ၈:၁-၃) ဒေါသ​နဲ့ မတုံ့ပြန်​ဘူး။ သူတို့ ပြောတာ နားထောင်ပေးတယ်။ စိတ်ပြေ​မယ့် စကား​မျိုး ပြောတယ်။ ဒီနည်းနဲ့ နှိမ့်ချမှု ရှိကြောင်း ပြတယ်။ အကြီးအကဲတွေလည်း ပြစ်တင်​ဝေဖန်ခံရတဲ့အခါ တစ်ဖက်​က ပြောတာကို ဂရုတစိုက် နားထောင်ခြင်း၊ နူးနူးညံ့ညံ့ တုံ့ပြန်ခြင်းအားဖြင့် ဂိဒေါင်ကို အတုယူ​ကြတယ်။ (ယာကုပ် ၃:၁၃ ကို ဖတ်ပါ။) ဒီလို​နည်းနဲ့ အသင်းတော်မှာ ငြိမ်သက်မှု တိုးပွားစေ​ကြတယ်။

8. The yn hoysah ccyh hae kya khrihccaw piccan hae nynh pawtemou liaru lang a ccang? Tousenaw pya tua.

၈ ယေဟောဝါကို ဂုဏ်တင်​ပါ။ မိဒျန်​လူတွေကို အနိုင်​ရလို့ လူတွေ ဝိုင်းမြှောက်စားတဲ့အခါ ယေဟောဝါကိုပဲ ဂိဒေါင် ဂုဏ်တင်​တယ်။ (သူကြီး. ၈:၂၂၊ ၂၃) ဂိဒေါင်ကို အကြီးအကဲတွေ ဘယ်လို အတုယူနိုင်သလဲ။ ကိုယ့်​ပြီးမြောက်​အောင်မြင်မှုတွေ​အတွက် ယေဟောဝါကို ဂုဏ်တင်​ခြင်းအားဖြင့်​ပါ။ (၁ ကော. ၄:၆၊ ၇) ဥပမာ၊ ကိုယ့်​သွန်သင်ပုံ​ကြောင့် ချီးမွမ်း​ခံရတဲ့အခါ ‘ကျမ်းစာမှာ ပါတဲ့​အတိုင်းပဲ ပြောတာ​ပါ။ ယေဟောဝါရဲ့ အဖွဲ့အစည်း လေ့ကျင့်ပေးလို့ပါ’ စသဖြင့် ပြော​နိုင်တယ်။ ဒါ့အပြင် ‘ယေဟောဝါကို ဂုဏ်တင်ရာ မ​ရောက်​ဘဲ ငါ ဂုဏ်တက်​မယ့် နည်းနဲ့ သွန်သင်​နေ​သ​လား’ လို့ မကြာခဏ ဆန်းစစ်​နိုင်တယ်။ အကြီးအကဲ တီမသီ​အကြောင်း စဉ်းစားကြည့်ပါ။ အကြီးအကဲ ဖြစ်ခါစ​မှာ ဟောပြောချက်တွေ ပေး​ရတာ သိပ်ကြိုက်တယ်။ “ပရိသတ် ‘ဟာခနဲ၊ ဟင်ခနဲ’ ဖြစ်​သွား​မယ့် ပုံစံမျိုးနဲ့ နိဒါန်းပျိုးတယ်။ ခပ်မြင့်မြင့် ဥပမာ​တွေ ထည့်​ဟောတယ်။ ဒါကြောင့် ခဏခဏ ချီးကျူး​ခံရတယ်။ ဒါပေမဲ့ ပရိသတ်က ကျမ်းစာ​ထက်၊ ယေဟောဝါ​ထက် ကျွန်တော့်ကို​ပဲ ပို​အာရုံစိုက်​လာကြတယ်” လို့ ပြောတယ်။ ကိုယ့်ကို အာရုံစိုက်​စေ​မယ့် နည်းနဲ့ မဟော​မိ​ဖို့ ဟောပြောပုံ ပြောင်း​မှ ဖြစ်တော့မယ်ဆိုတာ တီမသီ သိလာတယ်။ (ပညာ. ၂၇:၂၁) ဘာရလဒ် ရသလဲ။ “ကျွန်တော့်​ဟောပြောချက်​ကြောင့် အခက်အခဲတွေ ရင်ဆိုင်​သွားနိုင်တယ်၊ ခံရပ်​သွားနိုင်တယ်၊ ယေဟောဝါနဲ့ ပိုရင်းနှီး​လာတယ်လို့ ညီအစ်ကို/မတွေ လာ​ပြောကြတယ်။ အရင်တုန်းက ကိုယ့်ကို ဦးတည်ပြီး ချီးမွမ်း​ခံရ​လို့ ပျော်တာထက် အခု ပို​ပျော်တယ်” လို့ ပြောတယ်။

KAWNGAENAW TE RAWTHUNGNAW HOI LANG A RUU CCYH KYA

အစ္စရေး အမျိုးသားတွေ ရေသောက်တာကို ဂိဒေါင် ကြည့်နေ။ တစ်ယောက်က ရေကို လက်ခုပ်နဲ့ ခပ်ပြီး ပါးစပ်မှာ တေ့သောက်နေ။ တခြားသူတွေကျတော့ ရေကို ငုံ့သောက်နေ။

ဘုရားကို နာခံပြီး ဂိဒေါင် စစ်သည်​အင်အား လျှော့ချ။ သတိရှိတဲ့ လူ ၃၀၀ ကို ရွေး (စာပိုဒ် ၉ ကို ကြည့်ပါ)

9. Gideon tuh kawngaenaw te rawthungnaw a hoi, hoi khyh cipaw pawtemou tuh-ounaw a tung? (Ccahbung sahkhung kha do.)

၉ တရားသူကြီးအဖြစ် ခန့်အပ်ခံ​ရပြီးနောက် နာခံမှု၊ သတ္တိ ရှိမရှိ ဂိဒေါင် စမ်းသပ်ခံရတယ်။ ဖခင်​ရဲ့ ဗာလ ယဇ်ပလ္လင်ကို ဖြိုချ​ဖို့​ဆိုတဲ့ အန္တရာယ် များတဲ့ တာဝန် ရတယ်။ (သူကြီး. ၆:၂၅၊ ၂၆) နောက်ပိုင်း၊ စုဆောင်း​ထားတဲ့ စစ်သည်​အင်အား လျှော့ချဖို့ နှစ်ကြိမ် ညွှန်ကြားခံရတယ်။ (သူကြီး. ၇:၂-၇) နောက်ဆုံးမှာ ရန်သူ့​တပ်​စခန်း​ကို ညသန်းခေါင် ဝင်​တိုက်​ရတယ်။—သူကြီး. ၇:၉-၁၁။

10. Khrihccaw piccan hae kawngaenaw a hoi, hoi khyh cipaw pawtemou tuh-ounaw a tungkuh kho?

၁၀ အကြီးအကဲတွေဟာ “နာခံဖို့ အသင့်ရှိ” သင့်​တယ်။ (ယာ. ၃:၁၇) နာခံမှု ရှိတဲ့ အကြီးအကဲဟာ ကျမ်းစာနဲ့ အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်တွေကို ချက်ချင်း လိုက်နာတယ်။ တခြားသူတွေကို စံနမူနာ ပြတယ်။ ဒါပေမဲ့ နာခံဖို့ ခက်တဲ့​အချိန်တွေ ရှိနိုင်တယ်။ ဥပမာ၊ လမ်းညွှန်ချက်တွေ များလွန်းလို့၊ ပြောင်း​လွန်းလို့ လိုက်လုပ်ဖို့ မမီတာ ဖြစ်နိုင်တယ်။ လမ်းညွှန်ချက်တွေ တကယ်​ကော လက်တွေ့ကျ​ရဲ့​လား၊ ပညာရှိရာ ရောက်​ရဲ့​လား​လို့ တစ်ခါတလေ တွေးမိနိုင်တယ်။ အဖမ်းခံရကိန်း ဆိုက်​သွား​နိုင်​တဲ့ တာဝန် ရတာ ဖြစ်နိုင်တယ်။ အဲဒီလို​အခြေအနေတွေမှာ ဂိဒေါင်​ရဲ့ နာခံမှု​ကို အကြီးအကဲတွေ ဘယ်လို အတုယူနိုင်သလဲ။

11. Kawngaenaw a hoipaw khrihccaw piccan nynh thua cipaw pawtemou langsah kho lang?

၁၁ လမ်းညွှန်ချက်တွေကို တစ်​သဝေ​မတိမ်း နာခံ​လိုက်လျှောက်ပါ။ ဖခင်​ရဲ့ ယဇ်ပလ္လင်ကို ဘယ်လို ဖျက်ဆီး​ရမယ်၊ ယေဟောဝါ​အတွက် ပလ္လင်​အသစ် ဘယ်မှာ တည်ရမယ်၊ ဘာ​တိရစ္ဆာန် ပူဇော်​ရမယ်ဆိုတာ ဂိဒေါင်ကို ဘုရား ညွှန်ကြားတယ်။ ဂိဒေါင် အတွန့်မတက်ဘူး။ ခိုင်းတဲ့​အတိုင်း အတိအကျ လုပ်တယ်။ ဒီနေ့လည်း ညီအစ်ကို/မတွေ ဘေးကင်းအောင်၊ ယုံကြည်ခြင်း ခိုင်ခံ့နေအောင် ကူညီပေးဖို့ စာ၊ ကြေညာချက်၊ လမ်းညွှန်ချက်တွေ​အားဖြင့် အကြီးအကဲတွေကို အဖွဲ့အစည်း ညွှန်ကြား​နေတယ်။ ညွှန်ကြားချက်​တွေ တစ်​သဝေ​မတိမ်း လိုက်နာနေတဲ့ အကြီးအကဲတွေကို ကျွန်တော်တို့ သိပ်ချစ်ကြတယ်။ သူတို့​ကြောင့် အသင်းတော် တစ်ခုလုံး အကျိုးရနေ​တာ။—ဆာ. ၁၁၉:၁၁၂။

12. Rulaekunaw ccangkhakheit cyi lang bupi nynh langhroinaw yn pya ccyh kya Hebru 13:17 kha khrihccaw piccan hae nynh pawtemou a zui kho hae?

၁၂ လိုလို​လားလား ပြောင်းလဲ​ပါ။ စစ်သည် အားလုံးနီးပါး အိမ်ပြန်ခိုင်းဖို့ ဂိဒေါင်ကို ယေဟောဝါ ပြောတယ်။ (သူကြီး. ၇:၈) ‘အဲဒီလောက်​ကြီး လျှော့​လိုက်ဖို့ လို​လို့​လား။ အလုပ်​ကော ဖြစ်ပါ့မလား’ လို့ ဂိဒေါင် တွေးမိနိုင်တယ်။ ဒါပေမဲ့ ဘုရားကို နာခံ​တယ်။ ဒီနေ့လည်း အပြောင်းအလဲ တစ်ခုခု လုပ်ဖို့ အဖွဲ့အစည်း လမ်းညွှန်​လာတဲ့အခါ နာခံမှု ပြခြင်းအားဖြင့် ဂိဒေါင်ကို အကြီးအကဲတွေ အတုယူ​ကြတယ်။ (ဟီဘရူး ၁၃:၁၇ ကို ဖတ်ပါ။) ဥပမာ၊ ၂၀၁၄ မှာ အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတော် ခန်းမ၊ စည်းဝေးပွဲ ခန်းမ ဆောက်လုပ်ရေး စီမံကိန်းတွေ​အတွက် အလှူငွေ အသုံးပြုပုံ ပြောင်း​လိုက်တယ်။ (၂ ကော. ၈:၁၂-၁၄) အရင်တုန်းက​ဆိုရင် ခန်းမ ဆောက်ဖို့ အသင်းတော်တွေက အဖွဲ့အစည်း​ဆီကနေ ချေးငွေ ယူပြီး နောက်​မှ ပြန်ဆပ်​ကြရတယ်။ အခုဆိုရင် ဒေသခံ အသင်းတော်မှာ ရန်ပုံငွေ နည်းနည်းပဲ ရှိရင်တောင် လိုအပ်တဲ့ နေရာမှာ ခန်းမ ဆောက်ဖို့ ကမ္ဘာချီ အလှူငွေ​ထဲကနေ သုံးခွင့် ပြုလိုက်ပြီ။ ဒီ​အပြောင်းအလဲ​အကြောင်း ကြားတော့ ‘နိုင်ငံတော် ခန်းမ တစ်လုံး​တောင် ဆောက်နိုင်မှာ မဟုတ်ဘူး။ ဒီ​ဘက်​ခေတ်မှာ ဒီ​ပုံစံနဲ့ အလုပ်​မဖြစ်ပါဘူး’ လို့ ဟိုဆေး စဉ်းစားမိတယ်။ လမ်းညွှန်ချက်ကို ထောက်ခံဖို့ ဟိုဆေး​ကို ဘာက ကူညီပေးသလဲ။ “ယေဟောဝါကို ယုံကြည်​ကိုးစားပါ​ဆိုတဲ့ ပညာအလိမ္မာ ၃:၅၊ ၆ က ကျွန်တော့်အတွက် သတိပေးချက်​ပါပဲ။ ရလဒ်​တွေ​က သိပ်​အံ့ဩ​ဖို့​ကောင်းတယ်။ နိုင်ငံတော် ခန်းမ အများကြီး ဆောက်နိုင်တယ်။ အလှူငွေ အသုံးပြုပုံ နည်းလမ်းသစ်​ကြောင့် အားလုံး သာတူညီမျှ ဖြစ်​သွား​လို့ သိပ်အကျိုးရှိတယ်” လို့ ပြောတယ်။

ညီအစ်ကိုတစ်ယောက် ထသွားထလာ ပုံစံ ဝတ်ထား။ ကားမှတ်တိုင်က လူတစ်ယောက်ကို သက်သေခံနေ။ သူတို့ အနောက်မှာ ရဲတစ်ယောက် ရှိ။

လုပ်ငန်း ပိတ်ပင်​ခံထားရ​ရင်တောင် သတ္တိရှိရှိ၊ ထိထိ​ရောက်ရောက် သက်သေခံနိုင် (စာပိုဒ် ၁၃ ကို ကြည့်ပါ)

13. (a) Gideon nynh pawmou a zyn? (b) Gideon kha khrihccaw piccan hae nynh pawtemou a dosuinkuh kho hae? (Sahkhung kha do.)

၁၃ သတ္တိရှိရှိ ဘုရား​အလိုတော် ဆောင်ပါ။ ကြောက်ပေမဲ့၊ စွန့်စားရပေမဲ့ ဂိဒေါင် နာခံမှု ရှိတယ်။ (သူကြီး. ၉:၁၇) ယေဟောဝါဆီက အာမခံချက် ရပြီးနောက် လူမျိုးတော်ကို ကာကွယ်​နိုင်ဖို့ မိမိကို ဘုရား ကူညီပေးမယ်​ဆိုတာ ဂိဒေါင် အပြည့်အဝ စိတ်ချသွားတယ်။ အဖွဲ့အစည်း လုပ်ငန်း ပိတ်ပင်​ခံရတဲ့ ဒေသက အကြီးအကဲတွေ ဂိဒေါင်ကို အတုယူ​နေကြတယ်။ အဖမ်းခံရ၊ စစ်ဆေး​မေးမြန်း​ခံရ၊ အကြမ်းဖက်​ခံရ​နိုင်ပေမဲ့၊ အလုပ်ပြုတ်​သွား​နိုင်ပေမဲ့ အစည်းအဝေးမှာ၊ အမှုဆောင် လုပ်ငန်းမှာ သတ္တိရှိရှိ ဦးဆောင်​နေကြတယ်။c ကြီးစွာသောဒုက္ခအတွင်းမှာလည်း စွန့်စားရရင်တောင် ရလာတဲ့ ညွှန်ကြားချက်​တွေ နာခံနိုင်ဖို့ဆိုရင် အကြီးအကဲတွေ သတ္တိ လိုတယ်။ ဥပမာ၊ မိုးသီး​လို ပြင်းထန်တဲ့ တရားစီရင်ချက်​သတင်း ဘယ်လို ကြေညာ​ရမယ်၊ မာဂေါဂပြည်က ဂေါဂ​မင်း တိုက်ခိုက်တဲ့အခါ လွတ်မြောက်ဖို့ ဘာလုပ်ရမယ်ဆိုတာ​နဲ့ပတ်သက်ပြီး ညွှန်ကြားချက်​တွေ ရလာနိုင်တယ်။—ယေဇ. ၃၈:၁၈။ ဗျာ. ၁၆:၂၁။

TEINGNAW HOI LANG A RUU CCYH KYA

14. Gideon teingnaw pawtemou tuh-ounaw a tung?

၁၄ တရားသူကြီးအဖြစ် ဂိဒေါင် လုပ်ရမယ့် တာဝန်မှာ ကာယ​ခွန်အား စိုက်ထုတ်​ရမယ့် အပိုင်းတွေ ပါတယ်။ ညသန်းခေါင် တိုက်ပွဲ​ကနေ မိဒျန်​လူတွေ ထွက်ပြေးတော့ ယေဇရေလ ချိုင့်ဝှမ်း​ကနေ ဆူးပင်၊ ချုံပင်​တွေ ပေါတဲ့ ဂျော်ဒန်​မြစ်​တစ်လျှောက် ဂိဒေါင် လိုက်တယ်။ (သူကြီး. ၇:၂၂) ဂျော်ဒန်​မြစ် ရောက်တော့ ဂိဒေါင် ရပ်လိုက်​သ​လား။ မရပ်ဘူး။ မောပန်း​နေပေမဲ့ သူ့​လူ ၃၀၀ နဲ့​အတူ မြစ်​ကူးပြီး ဆက်​လိုက်တယ်။ နောက်ဆုံးမှာ မိဒျန်​လူတွေကို မိ​သွားပြီး သုတ်သင်ပစ်​လိုက်တယ်။—သူကြီး. ၈:၄-၁၂။

15. Khrihccaw piccan hae teingnaw hoi nawlang vaekhakheit pawcce a ruu kho?

၁၅ အသင်းတော် တာဝန် တစ်ဖက်၊ မိသားစု တာဝန် တစ်ဖက်​နဲ့ တစ်ခါတလေ အကြီးအကဲတွေ စိတ်​ပန်း၊ လူ​ပန်း ဖြစ်နေနိုင်တယ်။ အဲဒီလို​အခြေအနေမျိုးမှာ ဂိဒေါင်ကို အကြီးအကဲတွေ ဘယ်လို အတုယူ​နိုင်မလဲ။

အကြီးကဲ တစ်ယောက် ကျမ်းစာ သုံးပြီး မောင်နှံစုံကို အားပေးနေ။ သူတို့ဘေးက ခုတင်မှာ အမျိုးသမီးငယ်လေး တစ်ယောက် လှဲနေ။

အကူအညီ လိုအပ်သူများစွာကို မေတ္တာ ပြည့်ဝ​တဲ့ အကြီးအကဲတွေ အားပေး (စာပိုဒ် ၁၆-၁၇ ကို ကြည့်ပါ)

16-17. Teingnaw hoi nawlang Gideon kha pawnynhmou a bung, khrihccaw piccan hae pawkhamou a zynngan kho hae? (Isaiah 40:28-31) (Sahkhung kha do.)

၁၆ ယေဟောဝါ ခွန်အား ပေးမယ်​ဆိုတာ စိတ်ချပါ။ ယေဟောဝါ ခွန်အား ပေးမယ်​ဆိုတာ ဂိဒေါင် စိတ်ချတယ်။ တကယ်လည်း ဘုရား ခွန်အား ပေးတယ်။ (သူကြီး. ၆:၁၄၊ ၃၄) တစ်ခါတုန်းက ကုလားအုတ် စီးပြီး ထွက်ပြေးတဲ့ မိဒျန် ဘုရင်နှစ်ပါး​ကို ဂိဒေါင်​နဲ့ သူ့​လူတွေ ခြေကျင် လိုက်ကြတယ်။ (သူကြီး. ၈:၁၂၊ ၂၁) ဘုရား​အကူအညီကြောင့် ရန်သူတွေကို မိ​ပြီး တိုက်ပွဲ​နိုင်​သွားတယ်။ အကြီးအကဲတွေလည်း ‘ဘယ်တော့မှ မမောတဲ့၊ မ​ပင်ပန်း​တဲ့’ အရှင် ယေဟောဝါကို အားကိုးမယ်​ဆိုရင် လိုအပ်ချိန်​မှာ ခွန်အား ရ​ပါလိမ့်မယ်။—ဟေရှာယ ၄၀:၂၈-၃၁ ကို ဖတ်ပါ။

၁၇ ဆေးရုံ ဆက်သွယ်​ရေး ကော်မတီဝင် ညီအစ်ကို မက်သရူး​အကြောင်း စဉ်းစားကြည့်ပါ။ ခံနိုင်ရည် ရှိဖို့ မက်သရူး​ကို ဘာက ကူညီပေးသလဲ။ “ဖိလိပ္ပိ ၄:၁၃ မှာ ပြော​ထားတဲ့​အတိုင်း ကျွန်တော့်ကို ယေဟောဝါ ခွန်အားပေးတယ်။ လက်​တောင် မ​မြှောက်ချင်​လောက်အောင် ပင်ပန်း​တဲ့ အချိန်တွေ ရှိတယ်။ အဲဒီလို​အချိန်​မျိုး​မှာ ညီအစ်ကို/မတွေကို ထောက်မနိုင်ဖို့ လိုအပ်တဲ့ ကာယ​ခွန်အား၊ စိတ်ခွန်အား ပေးပါ​လို့ ဘုရားဆီ ပြင်းပြင်းပြပြ ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးတာနဲ့ ယေဟောဝါရဲ့ စွမ်းအားတော်က ခွန်အားပေးလို့ ခံနိုင်ရည် ရှိလာတယ်” လို့ ပြောတယ်။ ဂိဒေါင်​လို​ပဲ အကြီးအကဲတွေဟာ အခက်အခဲတွေ​ကြား​ကနေ သိုးတော်စုကို ကိုယ်ကျိုးမငဲ့ ကြိုးစား​ထိန်းကျောင်း​နေကြတယ်။ ကြိုးစားပေမဲ့ မနိုင်​တာ​တွေ ရှိတယ်ဆိုတာ အသိအမှတ်ပြု​ရမယ်။ နိုင်သလောက်​ပဲ လုပ်​သင့်​တယ်။ ဒါပေမဲ့ ကူညီပေးဖို့ ဆုတောင်းတဲ့အခါ ယေဟောဝါ နားထောင်ပြီး ခံနိုင်ရည် ပေးမယ်​ဆိုတာ စိတ်ချနိုင်ပါတယ်။—ဆာ. ၁၁၆:၁။ ဖိ. ၂:၁၃။

18. Gideon kha khrihccaw piccan hae nynh pawtemou a dosuinkuh kho hae cipaw adyngnawte ho tua.

၁၈ ဂိဒေါင်​ဆီကနေ အကြီးအကဲတွေ အများကြီး သင်ယူနိုင်တယ်။ တာဝန် ဘယ်လောက် လက်ခံ​မလဲ ဆုံးဖြတ်တဲ့အခါ၊ ပြစ်တင်​ဝေဖန်ခံရတဲ့အခါ၊ ချီးမွမ်း​ခံရတဲ့အခါ နှိမ့်ချ​ကျိုးနွံမှု ရှိရမယ်။ ဒီ​စနစ် အဆုံး နီးလာတာနဲ့အမျှ နာခံမှု၊ သတ္တိ ရှိရမယ်။ ဘာအခက်အခဲ​ပဲ ကြုံရပါစေ ဘုရား ခွန်အားပေးမယ်​ဆိုတာ စိတ်ချ​ရမယ်။ အလုပ်​ကြိုးစားတဲ့ သိုးထိန်း​တွေ​ကို ကျွန်တော်တို့ တကယ် “ချစ်ခင်​လေးစားကြ” ပါတယ်။—ဖိ. ၂:၂၉။

PAWTEMOU NA PHI CIH?

  • Gideon zakawsangsakunaw kha khrihccaw piccan hae nynh pawtemou a dosuinkuh kho hae?

  • Gideon kawngaenaw te rawthungnaw kha khrihccaw piccan hae nynh pawtemou a dosuinkuh kho hae?

  • Gideon teingnaw kha khrihccaw piccan hae nynh pawtemou a dosuinkuh kho hae?

LAW 120 ခရစ်တော်ရဲ့ နူးညံ့မှု​ကို တုပ​ကြ

a အစ္စရေး​လူမျိုး သမိုင်းမှာ ခက်ခဲတဲ့ ကာလအတွင်း လူမျိုးတော်ကို ထိန်းကျောင်း၊ ကာကွယ်ဖို့ ဂိဒေါင်ကို ယေဟောဝါဘုရား တာဝန်ပေးတယ်။ အခက်အခဲ အများကြီး ရှိပေမဲ့ ဒီ​တာဝန်ကို အနှစ် ၄၀ လောက် ဂိဒေါင် သစ္စာရှိရှိ ထမ်းဆောင်တယ်။ ဒီနေ့​အချိန်မှာ အကြီးအကဲတွေ အခက်အခဲ ကြုံတဲ့အခါ ဂိဒေါင်​ရဲ့ စံနမူနာ​က ဘယ်လို ကူညီပေးနိုင်ကြောင်း လေ့လာ​ကြည့်ကြစို့။

b ကျိုးနွံမှု​နဲ့ နှိမ့်ချမှု​ဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ်။ ကျိုးနွံ​သူဟာ ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံပဲ ထင်တယ်။ ကိုယ်​မတတ်နိုင်​တာ​တွေ ရှိတယ်ဆိုတာ အသိအမှတ်ပြုတယ်။ နှိမ့်ချ​သူဟာ တခြားသူတွေကို လေးစားတယ်၊ ကိုယ့်​ထက် သာတယ်လို့ သဘောထားတယ်။ (ဖိ. ၂:၃) များသောအားဖြင့်၊ ကျိုးနွံ​သူဟာ နှိမ့်ချ​သူ ဖြစ်လေ့​ရှိတယ်။

c ၂၀၁၉၊ ဇူလိုင်​လ ကင်းမျှော်စင် မှာ ပါတဲ့ “ပိတ်ပင်မှု​အောက် ယေဟောဝါကို ဆက်​ဝတ်ပြုပါ” ဆောင်းပါး၊ စာ. ၁၀-၁၁၊ ပိုဒ်. ၁၀-၁၃ ကို ကြည့်ပါ။

    Chin (Zotung) Ccah-uh Hae (2000-2025)
    Log Out
    Log In
    • Chin (Zotung)
    • Share
    • Preferences
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • Terms of Use
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • Log In
    Share