Rawvianaw ONLINE LIBRARY
Rawvianaw
ONLINE LIBRARY
Chin (Zotung)
  • BAEBU
  • CCAH-UH HAE
  • PUNGKUNAW HAE
  • w23 June pp. 20-25
  • Pachia Rinaw Nynh Thanenaw Pou Yn Muesah

E selection hanglang video muekuh kho khyh.

Sorry, video phuinnaw kya error a ung.

  • Pachia Rinaw Nynh Thanenaw Pou Yn Muesah
  • Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
  • Abalu dihpaw hae
  • PACHIA RINAW NYNH YN THUNGKHAW
  • A NHAEPAW NOPI KONAW NUHLANG ZUI NANG
  • A HAWPAW NOPI KONAW NUHLANG ZUI
Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
w23 June pp. 20-25

HOKU LANGPAW ABALU 28

Pachia Rinaw Nynh Thanenaw Pou Yn Muesah

‘Adingpaw laanpi kya a cceihpaw tuh Zahova kha a rihpaw nynh thua.’—PTB. 14:2.

LAW 122 မယိမ်းမယိုင် ကြံ့ကြံ့ခံ ရပ်တည်​နေ​ကြ

အကြို​သုံးသပ်ချက်a

1-2. Lot hawte, atu she khrihccaw hae paw ruunaw mou a tung hae?

ဒီနေ့ခေတ် လူတွေ ကိုယ်ကျင့်တရား စံနှုန်း လျော့ရဲလာတာကို ကြည့်ပြီး ဖြောင့်မတ်သူ လောတ​လို ကျွန်တော်တို့ ခံစားကြရတယ်။ “လောတဟာ တရားမဲ့သူ​တွေ​ရဲ့ မျက်နှာပြောင်​တိုက်တဲ့ လုပ်ရပ်တွေကြောင့် အကြီးအကျယ် စိတ်​ဆင်းရဲ​ခဲ့​ရတယ်။” (၂ ပေ. ၂:၇၊ ၈) အဲဒီ​လုပ်ရပ်တွေ​ကို ကောင်းကင်ဘုံစံ အဖ မုန်းတယ်ဆိုတာ သိလို့၊ ဘုရားကို ချစ်​ကြောက်​ရိုသေ​လို့ ပတ်ဝန်းကျင်​က လူတွေရဲ့ အကျင့်ပျက် လုပ်ရပ်တွေ​ကို လောတ မုန်း​တာ။ ဒီနေ့ ကျွန်တော်တို့လည်း ယေဟောဝါရဲ့ စံနှုန်းတွေကို သိပ်​မလေးစား​သူ၊ လုံးဝ မလေးစား​သူ​တွေ​ကြားမှာ နေကြရတယ်။ ဒါပေမဲ့ ဘုရားကို​သာ ချစ်​ကြောက်​ရိုသေ​ရင် ကျွန်တော်တို့ ကိုယ်ကျင့်တရား စင်ကြယ်​နေနိုင်ပါတယ်။—ပညာ. ၁၄:၂။

၂ ကိုယ်ကျင့်တရား စင်ကြယ်​နေဖို့ ပညာအလိမ္မာကျမ်းမှာ ယေဟောဝါ အားပေးထားတယ်။ အဲဒီ​ကျမ်းမှာ ပါတဲ့ ပညာရှိ အကြံပြုချက်တွေကို သုံးသပ်ခြင်းကနေ အမျိုးသား/သမီး၊ လူကြီးလူငယ် မရွေး ခရစ်ယာန်​အားလုံး အကျိုး​ရနိုင်တယ်။

PACHIA RINAW NYNH YN THUNGKHAW

ရုပ်ပုံ– ၁။ နေ့လယ်စား နားချိန် အလုပ်ဖော် အမျိုးသမီးက ညီအစ်ကိုကို ကော်ဖီ တိုက်နေ။ ၂။ အဲဒီအလုပ်ဖော် အမျိုးသမီးကပဲ အလုပ်ချိန် ပြီးနောက် သူတို့နဲ့ အပြင်လိုက်ခဲ့ဖို့ ညီအစ်ကိုကို ခေါ်နေ။

ယေဟောဝါကို မချစ်၊ မလေးစား​သူ​တွေ​နဲ့ အလုပ်မှာ ရင်းရင်းနှီးနှီး မ​ပေါင်း​မိ​ဖို့၊ ဘုရား စိတ်ထိခိုက်မယ့်​အရာတွေ လုပ်ဖို့ ဆွယ်လာတဲ့အခါ ပါ​မသွားဖို့ သတိထားရမယ် (စာပိုဒ် ၃ ကို ကြည့်ပါ)

3. Phungtangbya 17:3 liate, thinlung kha thungkhaw lang a ccangnaw akong ccangkheit tuh pawmou? (Sahkhung kha do.)

၃ စိတ်နှလုံးကို ကာကွယ်​ရတဲ့ အဓိက အကြောင်းရင်း​တစ်ခုကတော့ ယေဟောဝါ စစ်ဆေး​နေလို့ပဲ။ ယေဟောဝါက လူတွေ ကြည့်​သ​လောက်​ပဲ မ​ကြည့်​ဘူး။ အတွင်းကျကျ ကြည့်တယ်။ (ပညာအလိမ္မာ ၁၇:၃ ကို ဖတ်ပါ။) စစ်ဆေး​ကြည့်လိုက်လို့ ကျွန်တော်တို့ စိတ်နှလုံးထဲ ထာဝရ​အသက် ရစေမယ့် မိမိ​အကြံပြုချက်တွေ ဖြည့်​ထားတာ မြင်ရင် ကျွန်တော်တို့ကို သိပ်ချစ်မှာ။ (ယော. ၄:၁၄) စိတ်နှလုံးထဲ ဘုရား​အကြံပြုချက်တွေ ဖြည့်​ထား​ရင် စာတန်နဲ့ လောက,က လူတွေရဲ့ စံနှုန်း​အမှားတွေ ဝင်လာ​စ​ရာ​အကြောင်း မရှိတော့ဘူး။ (၁ ယော. ၅:၁၈၊ ၁၉) ဘုရားနဲ့ ရင်းနှီးလာတာနဲ့အမျှ ဘုရားကို ချစ်​ကြောက်​ရိုသေ​စိတ် တိုးလာမယ်။ ဘုရားကို စိတ်​မထိခိုက်​စေချင်​တဲ့အတွက် အပြစ်​လုပ်ဖို့ တွေးတောင် တွေးမှာ မဟုတ်ဘူး။ အမှား လုပ်ဖို့ သွေးဆောင်​ခံရတဲ့အခါ ‘ငါ့ကို ဒီလောက် ချစ်တဲ့​အရှင် စိတ်ထိခိုက်မယ်ဆိုတာ သိသိကြီးနဲ့ ဘာကြောင့် အမှား လုပ်ရမလဲ’ လို့ စဉ်းစား​မှာ​ပဲ။—၁ ယော. ၄:၉၊ ၁၀။

4. Unonung lukheit nynh seinaw a rae khyh nawlang Zahova kha rinaw thinlung nynh pawtemou a thungkhaw?

၄ ခရိုအေးရှား​နိုင်ငံက ညီအစ်မ မာတာ လိင်​အကျင့်​ယိုယွင်း​ဖို့ သွေးဆောင်​ခံရတယ်။ “ရှင်းရှင်းလင်းလင်း တွေးဖို့၊ ခဏတာ ပျော်ပါး​ချင်စိတ်​ကို လွန်ဆန်​ဖို့ သိပ်ခက်တာ​ပဲ။ ဒါပေမဲ့ ယေဟောဝါကို ကြောက်တဲ့ စိတ်​က ကျွန်မကို ကာကွယ်ပေးတယ်” လို့ ပြောတယ်။b ဘယ်လို ကာကွယ်ပေးသလဲ။ လိင်အကျင့်ယိုယွင်းရင် ရလာမယ့် အကျိုးဆက်တွေကို မာတာ စဉ်းစား​လိုက်တယ်။ ကျွန်တော်တို့လည်း အဲဒီလို စဉ်းစား​ကြည့်​နိုင်တယ်။ အဆိုးဆုံး အကျိုးဆက်​ကတော့ ယေဟောဝါ စိတ်ထိခိုက်အောင် လုပ်မိ​မှာ၊ ဘုရားကို ထာဝစဉ် ဝတ်ပြုခွင့် ဆုံးရှုံးသွားမှာပါပဲ။—က. ၆:၅၊ ၆။

5. Leo tungboinaw kyate pawmou ccangkuh kho lang?

၅ ယေဟောဝါကို ကြောက်တယ်​ဆိုရင် ကျွန်တော်တို့ မကောင်းတဲ့ အပေါင်းအသင်းတွေ ရှောင်မှာ ဖြစ်တယ်။ ကွန်ဂို​နိုင်ငံက လီယိုဟာ နှစ်ခြင်းခံပြီး လေးနှစ်​အကြာမှာ အပေါင်းအသင်း မှားသွားတယ်။ ကိုယ်​ပေါင်း စိတ်ခွာ နေနိုင်သရွေ့ ဘာမှ မဖြစ်ပါဘူး​လို့ ထင်တယ်။ ဒါပေမဲ့ အပေါင်းအသင်းတွေ ဆွယ်လို့ အရက် အလွန်အကျွံ သောက်​တတ်လာတယ်။ လိင်​အကျင့်​ယိုယွင်း​လာတယ်။ နောက်ပိုင်း၊ ခရစ်ယာန် မိဘတွေ ဘာသင်ပေးထားတယ်၊ ဘုရားကို ဝတ်ပြု​တုန်းက ဘယ်လောက် ပျော်ခဲ့ရတယ်ဆိုတာ စဉ်းစားမိ​သွားတယ်။ ဘာရလဒ် ရသလဲ။ အသိတရား ပြန်ဝင်လာတယ်။ အကြီးအကဲတွေရဲ့ အကူအညီကြောင့် ယေဟောဝါဆီ ပြန်လှည့်လာနိုင်တယ်။ အခုဆိုရင် အကြီးအကဲ၊ အထူးရှေ့ဆောင်အဖြစ် ပျော်ပျော်ရွှင်ရွှင် အမှုဆောင်​နေပြီ။

6. Pawkongmou hokuh lang oh?

၆ လိင်မှု၊ ညစ်ညမ်း​ရုပ်ပုံတွေနဲ့​ပတ်သက်လာရင် စာတန့်လောက ငမ်းငမ်းတက် ဖြစ်နေတယ်။ (ဧ. ၄:၁၉) ဒါကြောင့် ကျွန်တော်တို့ ဘုရားကို အမြဲ ကြောက်ရွံ့​ရိုသေ​ဖို့၊ မကောင်းမှု ရှောင်ဖို့ သိပ်အရေးကြီးတယ်။ (ပညာ. ၁၆:၆) အခု၊ ပညာအလိမ္မာ အခန်းကြီး ၉ ကို လေ့လာ​ကြရအောင်။ အမျိုးသား ဖြစ်ဖြစ်၊ အမျိုးသမီး ဖြစ်ဖြစ် ကျွန်တော်တို့​အားလုံး အဲဒီ​အခန်းကြီး​ကနေ အကျိုး​ရနိုင်တယ်။ အဲဒီမှာ မိန်းမ​နှစ်ယောက်​အကြောင်း ဖော်ပြထားတယ်။ တစ်ယောက်က ဉာဏ်ပညာ၊ နောက်တစ်ယောက်က မိုက်မဲမှု​ကို ကိုယ်စားပြုတယ်။c အိမ်ကို လာပြီး စားသောက်​ဖို့ အတွေ့အကြုံ မရှိသူ၊ “ဆင်ခြင်​ဉာဏ် မရှိသူတွေ” ကို မိန်းမ​နှစ်ယောက်စလုံး လိုက်​ခေါ်ကြတယ်။ (ပညာ. ၉:၁၊ ၅၊ ၆၊ ၁၃၊ ၁၆၊ ၁၇) ဒါပေမဲ့ လိုက်သွား​ရင် ရမယ့် အကျိုးဆက် တော်တော်လေး ကွာတယ်။

A NHAEPAW NOPI KONAW NUHLANG ZUI NANG

ရှေးခေတ်က ပြည့်တန်ဆာ အမျိုးသမီး အိမ်ဝမှာ ရပ်ပြီး အမျိုးသားတစ်ယောက်ကို အိမ်ထဲ လာဖို့ ခေါ်နေ။

“မိုက်မဲ​တဲ့ မိန်းမ” ခေါ်​ရာ​နောက် လိုက်ရင် ဆိုးကျိုးတွေ ကြုံရ​နိုင် (စာပိုဒ် ၇ ကို ကြည့်ပါ)

7. Phungtangbya 9:13-18 liate, a ngaepaw nopi konaw nuhlang a zui hae paw tuh pawmou a cyihkuh hae? (Sahkhung kha do.)

၇ “မိုက်မဲ​တဲ့ မိန်းမ” ရဲ့ ဖိတ်ခေါ်ချက်​အကြောင်း သုံးသပ်ကြည့်ပါ။ (ပညာအလိမ္မာ ၉:၁၃-၁၈ ကို ဖတ်ပါ။) အိမ်ကို လာပြီး စားသောက်​ဖို့ ဆင်ခြင်​ဉာဏ် မရှိသူတွေကို အရှက်​မရှိ လိုက်​ခေါ်တယ်။ ခေါ်​ရာ​နောက် လိုက်သူတွေ ဘာဖြစ်သွားသလဲ။ “အစွမ်း​မရှိတော့တဲ့ လူသေတွေ သူ့​အိမ်မှာ ရှိနေ” တယ်​တဲ့။ ရှေ့​အခန်းကြီးတွေမှာ​လည်း အဲဒီလို တင်စားချက်​တွေ ပါတယ်။ ပညာအလိမ္မာ ၂:၁၁-၁၉ မှာ “ထင်ရာစိုင်း​တဲ့ မိန်းမ၊” “မိန်းမ​ပျက်” အကြောင်း၊ “သူ့​အိမ်က သေတွင်း​ထဲ နစ်ဝင်နေ” ကြောင်း သတိပေးထားတယ်။ ပညာအလိမ္မာ ၅:၃-၁၀ မှာ​လည်း “ထင်ရာစိုင်း​တဲ့ မိန်းမ” နောက်တစ်ယောက်​အကြောင်း ပါတယ်။ “သူ့​ခြေ​က သေ​မင်း​ဆီ ဆင်းသွားတယ်” လို့ သတိပေးထားတယ်။

8. Pawmou pokuh lang oh?

၈ “မိုက်မဲ​တဲ့ မိန်းမ” ခေါ်သံ ကြား​သူ​တွေ ရွေး​စ​ရာ ရှိတယ်။ ခေါ်​ရာ​နောက် လိုက်​မ​လား၊ ငြင်း​မ​လား​ဆိုတာ​ပါ။ ကျွန်တော်တို့လည်း အဲဒီလို ရွေးချယ်ရမယ့် အခြေအနေ ကြုံနိုင်တယ်။ ဥပမာ၊ လိင်​အကျင့်​ယိုယွင်း​ဖို့ သွေးဆောင်​ခံရတဲ့အခါ၊ ညစ်ညမ်း​ရုပ်ပုံတွေ ဘွားခနဲ တွေ့လိုက်ရတဲ့အခါ သင် ဘာလုပ်မလဲ။

9-10. Ohhuakunaw kha sihaekuh lang a ccangnaw akong hae tuh pawhaemou?

၉ လိင်​အကျင့်​ယိုယွင်းတာကို ရှောင်သင့်​တဲ့ အကြောင်းရင်း အများကြီး ရှိတယ်။ “ခိုးသောက်ရတဲ့ ရေ​က ချို​တယ်” လို့ “မိုက်မဲ​တဲ့ မိန်းမ” ပြောတယ်။ “ခိုးသောက်ရတဲ့ ရေ” ဆိုတာ ဘာလဲ။ ကျမ်းစာမှာ ခင်ပွန်း​နဲ့ ဇနီး​ကြား​က လိင်မှု​ကိစ္စကို လန်းဆန်းစေတဲ့ ရေ​နဲ့ ခိုင်းနှိုင်းထားတယ်။ (ပညာ. ၅:၁၅-၁၈) လိင်မှု​ကိစ္စ​ဟာ တရားဝင် လက်ထပ်​ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီး​အတွက်ပဲ ဖြစ်တယ်။ “ခိုးသောက်ရတဲ့ ရေ” ကျတော့ အဲဒီလို မဟုတ်ဘူး။ တရားမဝင်၊ ခိုးကြောင်ခိုးဝှက် အကျင့်ပျက်တာကို ပြောတာ ဖြစ်နိုင်တယ်။ ကိုယ်​လုပ်တာ ဘယ်သူမှ မ​မိ​ဘူး​လို့ ထင်နေသရွေ့တော့ “ခိုးသောက်ရတဲ့ ရေ​က ချို” ပုံ​ပါပဲ။ ဒါပေမဲ့ အဲဒါ ကိုယ့်ကိုယ်ကိုယ် လှည့်စား​နေတာ။ ယေဟောဝါ မ​မြင်​ဘဲ နေပါ့မလား။ ဘုရား​မျက်နှာသာ ဆုံးရှုံး​တာ​လောက် ခါးသီး​တာ မရှိဘူး။ ဘယ်လိုမှ မ “ချို” ဘူး။ (၁ ကော. ၆:၉၊ ၁၀) လိင်​အကျင့်​ယိုယွင်းတာကို ရှောင်သင့်​တဲ့ နောက်ထပ် အကြောင်းရင်းတွေ ရှိသေးတယ်။

၁၀ မိုက်မဲ​တဲ့ မိန်းမ “အိမ်” သွားပြီး မစား​သောက်တာ ပညာရှိရာ ရောက်တယ်။ လိင်​အကျင့်​ယိုယွင်း​တာက အရှက်ရစေတယ်။ တန်ဖိုး​မရှိဘူးလို့ ခံစားရစေတယ်။ မလိုချင်​ဘဲ ကိုယ်ဝန် ရစေတယ်။ မိသားစု ပြိုကွဲ​စေတယ်။ ဘုရားနဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်သလို အသက်​အန္တရာယ် ရှိတဲ့ ရောဂါတွေ ရစေနိုင်တယ်။ (ပညာ. ၇:၂၃၊ ၂၆) မိုက်မဲ​တဲ့ မိန်းမ​ဆီ “လာတဲ့ ဧည့်သည်တွေဟာ သင်္ချိုင်း​ရဲ့ နက်ရှိုင်းတဲ့ အရပ်​တွေ​မှာ ရှိနေ” တယ်လို့ ပညာအလိမ္မာ ၉:၁၈ မှာ ဖော်ပြထားတယ်။ ဒါနဲ့တောင် ဒီလို​အန္တရာယ် များတဲ့ လမ်းကို လူတွေ ဘာကြောင့် လိုက်​ကြသလဲ။—ပညာ. ၉:၁၃-၁၈။

11. A thunangpaw sahkhung dopaw tuh pawcce riling myarya a ung?

၁၁ အန္တရာယ် များတဲ့ လမ်းကို လူများစွာ လိုက်​မိ​သွား​ရတဲ့ အကြောင်းရင်း​တစ်ခုကတော့ ညစ်ညမ်း​ရုပ်ပုံ ထောင်ချောက် မိ​သွား​လို့​ပဲ။ ညစ်ညမ်း​ရုပ်ပုံ ကြည့်​တာ အန္တရာယ် ကင်းတယ်လို့ တချို့ ထင်ကြပေမဲ့ တကယ်တော့ အန္တရာယ် သိပ်များတယ်။ လူ​အထင်သေး​စ​ရာ လုပ်ရပ် ဖြစ်တယ်။ အကျင့်​စွဲတတ်တယ်။ ကြည့်ပြီးရင် စိတ်ထဲကနေ တော်တော်​နဲ့ ဖျောက်မရတော့ဘူး။ ကြည့်လိုက်ရင် ရာဂစိတ်​တွေ ငြိမ်သွားမယ့်အစား ကြွလာ​လို့ လိင်​အကျင့်​ယိုယွင်း​မိ​သွား​တတ်​ကြတယ်။—ကော. ၃:၅။ ယာ. ၁:၁၄၊ ၁၅။

12. Nopi pise seirynaw thinlung a ungsahpaw sahkhung hae te asekuhte dingkaking lang a ungkuh cipaw pawtemou ah langsah kho oh?

၁၂ ညစ်ညမ်း​ရုပ်ပုံတွေ ဘွားခနဲ တွေ့လိုက်ရတဲ့အခါ ခရစ်ယာန်တွေ ဘာလုပ်သင့်သလဲ။ ချက်ချင်း အကြည့်လွှဲသင့်တယ်။ ကျွန်တော်တို့ ပိုင်ဆိုင်သမျှ​မှာ ယေဟောဝါနဲ့ ဆက်ဆံရေးဟာ အဖိုးတန်ဆုံးပဲ​ဆိုတာ သတိရတာက အကူအညီ ဖြစ်စေတယ်။ ရုပ်ပုံ​တချို့ဟာ ညစ်ညမ်း​ရုပ်ပုံ​လို့ မဆိုသာပေမဲ့ လိင်စိတ် ကြွစေနိုင်တယ်။ အဲဒါတွေကို​ကော ဘာကြောင့် ရှောင်ရမလဲ။ လိင်​အကျင့်​ယိုယွင်း​မိ​စေနိုင်​တဲ့ ခြေလှမ်း သေးသေးလေး​တောင် မလှမ်း​ချင်လို့​ပါပဲ။ (မ. ၅:၂၈၊ ၂၉) “‘ညစ်ညမ်း​ရုပ်ပုံ မဟုတ်ပေမဲ့ ငါ ဆက်​ကြည့်နေ​ရင် ယေဟောဝါ နှစ်သက်ပါ့မလား’ လို့ စဉ်းစား​လိုက်တယ်။ အဲဒီလို စဉ်းစားတာက ပညာရှိရှိ ပြုမူဖို့ ကူညီပေးတယ်” လို့ ထိုင်း​နိုင်ငံက အကြီးအကဲ ဒေးဗစ် ပြောတယ်။

13. Hawnawte ung kho nawlang pawnynhmou yn bung cih?

၁၃ ယေဟောဝါ မနှစ်သက်တာ လုပ်မိ​မှာ ကြောက်တဲ့ စိတ်​က ပညာရှိရှိ ပြုမူဖို့ ကူညီပေးတယ်။ “ယေဟောဝါကို ကြောက်ရွံ့​ရိုသေခြင်း​ဟာ ဉာဏ်ပညာ​ရဲ့ မူလ​အစပဲ။” (ပညာ. ၉:၁၀) ဒီအချက်ကို ပညာအလိမ္မာ အခန်းကြီး ၉ အစပိုင်းမှာ တွေ့ရတယ်။ အဲဒီမှာ “စစ်မှန်တဲ့ ဉာဏ်ပညာ” ကို နောက်ထပ် မိန်းမ​တစ်ယောက်နဲ့ ခိုင်းနှိုင်းထားတယ်။

A HAWPAW NOPI KONAW NUHLANG ZUI

14. Phungtangbya 9:1-6 kya paw hyynaw mou bua a muikuh?

၁၄ ပညာအလိမ္မာ ၉:၁-၆ ကို ဖတ်ပါ။ စစ်မှန်တဲ့ ဉာဏ်ပညာ ရင်းမြစ်၊ ဖန်ဆင်းရှင် ယေဟောဝါရဲ့ ဖိတ်ခေါ်ချက်​အကြောင်း ဒီကျမ်းပိုဒ်မှာ ဖတ်ရတယ်။ (ပညာ. ၂:၆။ ရော. ၁၆:၂၇) တိုင်​ခုနစ်​တိုင် စိုက်ထူ​ထားတဲ့ အိမ်ကြီး​ထဲ ဖိတ်ခေါ်​နေတာပါ။ ယေဟောဝါ ရက်ရော​တယ်၊ မိမိ​အကြံပြုချက်တွေ​အတိုင်း လိုက်လျှောက်ချင်သူ​အားလုံးကို ဖိတ်ခေါ်​နေတယ်ဆိုတာ ပုံဖော်​ထားတာ။

15. Pachia nynh paw cyilangmou yn hyy?

၁၅ ယေဟောဝါဟာ ရက်ရော​တယ်။ ကျွန်တော်တို့ကို ကောင်းမွန်​ရာ​တွေ ကြွယ်ဝစွာ ပေးတယ်။ ပညာအလိမ္မာ အခန်းကြီး ၉ မှာ ပါတဲ့ “စစ်မှန်တဲ့ ဉာဏ်ပညာ” ကို ကိုယ်စားပြုတဲ့ မိန်းမ​အကြောင်း ဖော်ပြချက်ကနေ ဒီအချက်ကို သိရတယ်။ အဲဒီ​မိန်းမ​က အသားတွေ ကောင်းကောင်း ပြင်ဆင်၊ စပျစ်ဝိုင် ရောစပ်​ပြီး စားပွဲ​မှာ ခင်းကျင်း​ထားတယ်။ (ပညာ. ၉:၂) အခန်းငယ် ၄ နဲ့ ၅ အရ “လာကြ။ ငါ ပြင်ဆင်ထားတဲ့ အစားအစာကို လာစားကြ” ဆိုပြီး ဆင်ခြင်​ဉာဏ် မရှိသူတွေကို ခေါ်တယ်။ စစ်မှန်တဲ့ ဉာဏ်ပညာ​ရဲ့ အိမ်ကို သွားပြီး ကျွန်တော်တို့ ဘာကြောင့် စားသောက်​သင့်​သလဲ။ ယေဟောဝါက မိမိ​သားသမီးတွေကို ဉာဏ်ပညာ ရှိစေချင်တယ်။ ဘေးကင်း​စေချင်တယ်။ နောင်တ​တွေ တစ်ပွေ့တစ်ပိုက်နဲ့ ခါးသီး​တဲ့ အတွေ့အကြုံတွေ​ကနေ သင်ခန်းစာ မယူစေချင်ဘူး။ ဒါကြောင့်​လည်း “လက်တွေ့ကျ ဉာဏ်ပညာကို စိတ်ရိုးဖြောင့်သူတွေ​အတွက် သိုမှီး​ထား” တာ။ (ပညာ. ၂:၇) ယေဟောဝါကို ကျွန်တော်တို့ ချစ်​ကြောက်​ရိုသေ​မယ်​ဆိုရင် ဘုရား မကြိုက်တာ လုပ်မှာ မဟုတ်ဘူး။ ဘုရားရဲ့ ပညာရှိ အကြံပေးချက်ကို နားထောင်မှာ၊ လိုလို​လားလား လိုက်လျှောက်​မှာ ဖြစ်တယ်။—ယာ. ၁:၂၅။

16. Unopaw Alain nynh hawnawte byapae nawlang Pachia kha rinaw thinlung nynh pawtemou a bung, pawmou a cyihkuh?

၁၆ အကြီးအကဲ​လည်း ဖြစ်၊ ကျောင်း​ဆရာ​လည်း ဖြစ်တဲ့ ညီအစ်ကို အားလန် ပညာရှိရှိ ဆုံးဖြတ်ဖို့ ဘုရားကို ကြောက်တဲ့ စိတ်​က ဘယ်လို ကူညီပေးသလဲ။ အလုပ်ဖော် တော်တော်​များများ​က ညစ်ညမ်း ဗီဒီယိုတွေကို လိင်​ပညာပေးလို့ မြင်ကြတယ်။ အဲဒီလို မြင်​တာ မှားမှန်း အားလန် သိတယ်။ “ဘုရားကို ချစ်လို့၊ ကြောက်လို့ အဲဒီ​ဗီဒီယိုတွေ လိုက်​မ​ကြည့်​ဘူး​လို့ ကျွန်တော် ပြတ်ပြတ်သားသား ငြင်းတယ်။ အကြောင်းရင်းကိုလည်း ရှင်းပြတယ်” လို့ ပြောတယ်။ “သိနားလည်မှု လမ်းစဉ်​အတိုင်း ရှေ့ဆက်လျှောက်လှမ်းပါ” ဆိုတဲ့ “စစ်မှန်တဲ့ ဉာဏ်ပညာ” ရဲ့ အကြံပြုချက်​အတိုင်း လိုက်လျှောက်​နေတာပဲ။ (ပညာ. ၉:၆) အားလန် ပြတ်ပြတ်သားသား ငြင်း​တာကို အလုပ်ဖော်​တချို့ လေးစား​သွားပြီး အခုဆိုရင် ကျမ်းစာ လေ့လာ​နေကြပြီ။ အစည်းအဝေးတွေ တက်​နေကြပြီ။

အိမ်ထဲ လာပြီး အာဟာရ ရှိရှိ၊ ဖွယ်ဖွယ်ရာရာ ပြင်ဆင်တည်ခင်းထားတာတွေ လာစားဖို့ မောင်နှံတစ်စုံကို ရှေးအစ္စရေးပြည်က အမျိုးသမီးတစ်ယောက် ခေါ်နေ။

“စစ်မှန်တဲ့ ဉာဏ်ပညာ” ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံရင် အသက်​ရနိုင် (စာပိုဒ် ၁၇-၁၈ ကို ကြည့်ပါ)

17-18. “Amepaw hawnaw” hyynaw kha lehkhan hae paw tuh paw hythuanaw mou a mue hae, paw hythuanaw mou a mue ung cih hae? (Sahkhung kha do.)

၁၇ ပျော်ရွှင်စရာ အနာဂတ် ပိုင်ဆိုင်​နိုင်​ပုံ​ကို မိန်းမ​နှစ်ယောက်​နဲ့ ဥပမာ ပေးပြီး ယေဟောဝါ သင်ပေးတယ်။ အသံ​ကျယ်ကျယ်​နဲ့ လိုက်အော်ခေါ်တဲ့ “မိုက်မဲ​တဲ့ မိန်းမ” နောက် လိုက်သွား​သူ​တွေ​ဟာ ခိုးကြောင်ခိုးဝှက် သာယာ​ဖို့​ပဲ စိတ်​ရောက်နေကြတယ်။ လက်ရှိ​အတွက်ပဲ စဉ်းစား​ကြတယ်။ ရှေ့ရေး ထည့်မတွက်ကြဘူး။ ဒါကြောင့် “သင်္ချိုင်း​ရဲ့ နက်ရှိုင်းတဲ့​အရပ်” ဆီ ရောက်သွားကြလိမ့်မယ်။—ပညာ. ၉:၁၃၊ ၁၇၊ ၁၈။

၁၈ “ငါ ပြောတာကို အသေအချာ နားထောင်​ကြ။ ကောင်းတဲ့ အစာကို​ပဲ စားကြ။ ဒါဆိုရင် အဆီအနှစ် ပြည့်ဝ​တဲ့ အစာကို မင်းတို့ မြိန်ရေရှက်ရေ စားရလိမ့်မယ်” လို့ ပရောဖက် ဟေရှာယကတစ်ဆင့် ယေဟောဝါ ပြောတယ်။ (ဟေရှာ. ၅၅:၁၊ ၂) တကယ်လည်း “စစ်မှန်တဲ့ ဉာဏ်ပညာ” ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံသူတွေ​ဟာ အခုဆိုရင် တခမ်းတနား တည်ခင်း​ထားတဲ့ စားသောက်ပွဲ​ကြီး​မှာ အာဟာရ ရှိတဲ့ ဘုရားရေးရာ အစားအစာတွေ စားသောက်​နေကြရတယ်။ (ဟေရှာ. ၆၅:၁၃) ယေဟောဝါ ချစ်တာကို ချစ်တတ်​ဖို့၊ မုန်းတာကို မုန်း​တတ်​ဖို့ သင်ယူ​နေကြတယ်။ (ဆာ. ၉၇:၁၀) “စစ်မှန်တဲ့ ဉာဏ်ပညာ” ကနေ တခြားသူတွေ​ပါ အကျိုးရဖို့ “အတွေ့အကြုံ မရှိသူတို့၊ ဒီ​ကို လာကြ” ဆိုပြီး “မြို့ရဲ့ မြင့်တဲ့ နေရာတွေကနေ” ဖိတ်ခေါ်​ရလို့ ပျော်နေကြတယ်။ ကျွန်တော်တို့ ကိုယ်တိုင်​ကော၊ ဖိတ်ခေါ်ချက်ကို လက်ခံသူတွေ​ပါ ရမယ့် အကျိုးကျေးဇူးတွေဟာ လက်ရှိ​အတွက်ပဲ မဟုတ်ဘူး။ ရေရှည်​အတွက် ဖြစ်တယ်။ “သိနားလည်မှု လမ်းစဉ်​အတိုင်း ရှေ့ဆက်လျှောက်လှမ်း” ရင်း ထာဝစဉ် “အသက်ရှင်” နိုင်​ပါလိမ့်မယ်။—ပညာ. ၉:၃၊ ၄၊ ၆။

19. Phunghotu 12:13, 14 liate, paw cyilangmou byapaekuh lang a ccang? (“Pachia Rinaw Kyate A Muekuhpaw Hythuanaw Hae” ringpali kueh kha do.)

၁၉ ဒေသနာ ၁၂:၁၃၊ ၁၄ ကို ဖတ်ပါ။ ဘုရားကို အမြဲ ချစ်​ကြောက်​ရိုသေ​ဖို့ ဆုံးဖြတ်​ထား​ကြပါစို့။ ဒါဆိုရင် ဆိုးညစ်တဲ့ ဒီနောက်ဆုံး​ကာလမှာ ကိုယ့်စိတ်နှလုံးကို ကာကွယ်​နိုင်မယ်။ ကိုယ်ကျင့်တရား စင်ကြယ်​နေမယ်။ ဘုရားနဲ့ ရင်းနှီး​နေမယ်။ လူများနိုင်သမျှ များများ “စစ်မှန်တဲ့ ဉာဏ်ပညာ” ကို ရှာတွေ့ပြီး လိုက်လျှောက်​နိုင်အောင် ဆက်​ဖိတ်ခေါ်​နိုင်​ပါလိမ့်မယ်။

ဘုရားကို ကြောက်ရွံ့ခြင်း​ရဲ့ အကျိုးကျေးဇူးများ

  • ယေဟောဝါနဲ့ ရင်းနှီးစေတယ်။—ဆာ. ၂၅:၁၄။ ဟီ. ၅:၇။

  • ဘုရားကို ပျော်ပျော်​ကြီး နာခံဖို့ ကူညီပေးတယ်။—ဆာ. ၁၁၂:၁။

  • နှိမ့်ချ​ဖို့၊ ဉာဏ်ပညာ ရှိဖို့၊ မကောင်းမှုကို မုန်း​ဖို့ ကူညီပေးတယ်။—ယောဘ ၂၈:၂၈။ ပညာ. ၈:၁၃။

  • မှန်ရာ လုပ်ဖို့ သတ္တိ ရှိစေတယ်။—ထွ. ၁:၁၅-၁၇၊ ၂၁။

  • ကြင်နာ​ဖို့၊ ယုံကြည်​စိတ်ချထိုက်သူ ဖြစ်ဖို့ လှုံ့ဆော်ပေးတယ်။—နေ. ၅:၁၅။ ၇:၂။

PAWTEMOU NA PHI CIH?

  • Zahova kha sungsahte rinaw nynh thinlung kha pawtemou a thungkhaw?

  • “A ngaepaw nopi” hyynaw kha lehkhan langze pawhaemou a muekuh cih, pawtemou sungkuh kho lang?

  • “Amepaw hawnaw” hyynaw kha lehkhan langze paw thanenaw hae mou mue lang?

LAW 127 ဘယ်လို လူစားမျိုး ဖြစ်​သင့်

a ဘုရားကို ခရစ်ယာန်တွေ ချစ်​ကြောက်​ရိုသေ​ကြရမယ်။ ဘုရားကို ချစ်​ကြောက်​ရိုသေ​တာက စိတ်နှလုံးကို ကာကွယ်ပေးတယ်။ လိင်အကျင့်ယိုယွင်းမှု၊ ညစ်ညမ်း​ရုပ်ပုံ​စာပေတွေ ရှောင်ဖို့ ကူညီပေးတယ်။ ဒီဆောင်းပါးမှာ ပညာအလိမ္မာ အခန်းကြီး ၉ ကို သုံးသပ်​သွားပါမယ်။ အဲဒီမှာ စစ်မှန်တဲ့ ဉာဏ်ပညာကို ကိုယ်စားပြုတဲ့ မိန်းမ​တစ်ယောက်နဲ့ မိုက်မဲမှု​ကို ကိုယ်စားပြုတဲ့ မိန်းမ​တစ်ယောက်​အကြောင်း ဖော်ပြထားတယ်။ အဲဒီ​အခန်းကြီး​မှာ ပါတဲ့ အကြံ​ပေး​ချက်​တွေ​က လက်ရှိ​ကော ရေရှည်​မှာ​ပါ အကျိုးပြုနိုင်တယ်။

b အမည်လွှဲများ။

c သက်မဲ့တွေကို လူ​အဖြစ် တင်စား​ဖော်ပြထားတဲ့ နမူနာ​တချို့ကို ရောမ ၅:၁၄ နဲ့ ဂလာတိ ၄:၂၄ မှာ ကြည့်ပါ။

    Chin (Zotung) Ccah-uh Hae (2000-2025)
    Log Out
    Log In
    • Chin (Zotung)
    • Share
    • Preferences
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • Terms of Use
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • Log In
    Share