HOKU LANGPAW ABALU 10
Pawcce Tuipi-ing Lang?
‘Tuipi-ing oh.’—LOC 2:38.
LAW 34 သမာဓိရှိရှိ လျှောက်လှမ်းခြင်း
အကြိုသုံးသပ်ချက်a
1-2. Tuipi-ingnaw kong ho tua, e abalu kya pawkongmou hokuh lang oh?
နှစ်ခြင်းခံမယ့်သူတွေကို သင် ရပ်ကြည့်ဖူးသလား။ နှစ်ခြင်းမခံခင် မေးခွန်းနှစ်ခုကို ပြတ်ပြတ်သားသား ဖြေကြတာ ကြားရတယ်။ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ ဂုဏ်ယူနေကြတာ မြင်ရတယ်။ နှစ်ခြင်းခံသူတွေ ရေထဲကနေ ပြန်ထွက်လာတော့ လက်ခုပ်သံတွေ ကြားရတယ်။ နှစ်ခြင်းခံသူတွေရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေနေတာ မြင်ရတယ်။ ပျမ်းမျှအားဖြင့် တစ်ပတ်ကို လူထောင်ချီ ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံကြတယ်။
၂ သင်ကော။ နှစ်ခြင်းခံဖို့ စိတ်ကူးနေတယ်ဆိုရင် ဆိုးညစ်တဲ့ ဒီလောကမှာ သင်ဟာ သိပ်ထူးခြားတယ်။ “ယေဟောဝါကို ရှာတဲ့သူ” ဖြစ်နေလို့ပဲ။ (ဆာ. ၁၄:၁၊ ၂) အသက်ကြီးကြီး၊ ငယ်ငယ် ဒီဆောင်းပါးက သင့်အတွက် ရည်ရွယ်ပါတယ်။ ဒါပေမဲ့ နှစ်ခြင်းခံပြီးသူတွေလည်း ယေဟောဝါကို ထာဝစဉ် ဝတ်ပြုသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာချင်ကြတယ်။ ဒါကြောင့် ယေဟောဝါကို ဝတ်ပြုရတဲ့ အကြောင်းရင်း များစွာထဲက သုံးခုကို သုံးသပ်ကြရအောင်။
BYACCING TE DINGNAW KHA NA SUNGSAH
ယေဟောဝါရဲ့ ကောင်းမြတ်တဲ့ နာမတော်ကို စာတန် ဂုဏ်ဖျက်နေတာ နှစ်ထောင်ချီ ရှိနေပြီ။ ဆက်ဖျက်နေတုန်းပဲ (စာပိုဒ် ၃-၄ ကို ကြည့်ပါ)
3. Zahova a see hae nynh byaccing te dingnaw kha pawcce a sungsah hae? (Sam 119:128, 163)
၃ ‘အမှန်တရားကို ချစ်မြတ်နိုး’ ဖို့ မိမိလူမျိုးကို ယေဟောဝါ မိန့်မှာတယ်။ (ဇာ. ၈:၁၉) ဖြောင့်မှန်တာကို လုပ်ဖို့ နောက်လိုက်တွေကို ယေရှု တိုက်တွန်းတယ်။ (မ. ၅:၆) ဘုရားအမြင်မှာ မှန်ကန်တာ၊ ကောင်းမြတ်တာ၊ သန့်ရှင်းတာကို လုပ်ချင်စိတ် ပြင်းပြဖို့ ဆိုလိုတာပါ။ အမှန်တရားနဲ့ ဖြောင့်မတ်မှုကို သင် ချစ်မြတ်နိုးသလား။ ချစ်မြတ်နိုးမှာ သေချာတယ်။ အလိမ်အညာ၊ မဟုတ်မမှန်တာ၊ ဆိုးညစ်တာ မှန်သမျှ သင် မုန်းတာကိုး။ (ဆာလံ ၁၁၉:၁၂၈၊ ၁၆၃ ကို ဖတ်ပါ။) မုသား ပြောသူဟာ ဒီလောကရဲ့မင်း စာတန်ကို တုပနေတာပဲ။ (ယော. ၈:၄၄။ ၁၂:၃၁) စာတန့်ပန်းတိုင်တစ်ခုကတော့ ယေဟောဝါဘုရားရဲ့ သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို ဂုဏ်ဖျက်ဖို့ပါ။ ဧဒင် ပုန်ကန်မှုကတည်းက ဘုရားအကြောင်း အလိမ်အညာတွေ ဖြန့်တယ်။ ဘုရားကို တစ်ကိုယ်ကောင်း ဆန်တဲ့၊ မရိုးသားတဲ့၊ ကောင်းတာတွေ ထိမ်ချန်ထားတဲ့ အုပ်စိုးရှင်လို့ လူတွေ ထင်အောင် လုပ်တယ်။ (က. ၃:၁၊ ၄၊ ၅) ယေဟောဝါအကြောင်း စာတန့်အလိမ်အညာမှိုင်း လူတွေ မိနေကြတုန်းပဲ။ လူတွေ “အမှန်တရား” မချစ်မြတ်နိုးတော့ဘူးဆိုရင် မဖြောင့်မတ်မှု၊ ဆိုးညစ်မှုမျိုးစုံ လုပ်မိအောင် စာတန် သွေးဆောင်နိုင်ပြီ။—ရော. ၁:၂၅-၃၁။
4. ‘Byaccing Pachia’ athuanawpaw kha Zahova nynh pawtemou a langsah? (Sahkhung kha do.)
၄ ယေဟောဝါဟာ “အမှန်တရားရဲ့ ဘုရား” ဖြစ်တယ်။ မိမိကို ချစ်မြတ်နိုးသူတွေ အမှန်တရား သိဖို့ ရက်ရက်ရောရော သင်ပေးတယ်။ (ဆာ. ၃၁:၅) ဒီနည်းနဲ့ စာတန့်အလိမ်အညာတွေကနေ လွတ်မြောက်စေတယ်။ ကျေးကျွန်တွေ ရိုးသားဖို့၊ ဖြောင့်မတ်ဖို့လည်း သင်ပေးတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ စိတ်ငြိမ်သက်မှု ရှိစေတယ်။ (ပညာ. ၁၃:၅၊ ၆) သင် ကျမ်းစာ လေ့လာတုန်းကလည်း ဘုရား အဲဒီလို သင်ပေးခဲ့မှာပဲ။ ဒီလိုနဲ့ ယေဟောဝါရဲ့ လမ်းစဉ်တွေဟာ လူတိုင်းအတွက်၊ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်ကြောင်း သိလာတယ်။ (ဆာ. ၇၇:၁၃) ဘုရားရဲ့ ဖြောင့်မတ်မှုစံနှုန်းအတိုင်း နေချင်လာတယ်။ (မ. ၆:၃၃) အမှန်တရားဘက် ရပ်တည်ချင်လာတယ်။ ယေဟောဝါဘုရားအကြောင်း စာတန် ပြောတာတွေ မှားတယ်ဆိုတာ သက်သေထူချင်လာတယ်။ ဘယ်လို သက်သေထူနိုင်သလဲ။
5. Byaccing te dingnaw kalang pawtemou na ung kho?
၅ စာတန့်အလိမ်အညာတွေကို ငြင်းပယ်ကြောင်း၊ အမှန်တရားဘက် ရပ်တည်ကြောင်း၊ ယေဟောဝါကို အချုပ်အခြာ အာဏာရှင်အဖြစ် လက်ခံကြောင်း၊ ဘုရား မိန့်မှာတဲ့အတိုင်း လုပ်ချင်ကြောင်း ပြရာရောက်မယ့် ဘဝလမ်းစဉ်ကို သင် ရွေးချယ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေဟောဝါဆီ ဆုတောင်းပြီး ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံခြင်းအားဖြင့်ပါ။ အမှန်တရားနဲ့ ဖြောင့်မတ်မှုကို ချစ်မြတ်နိုးခြင်းက နှစ်ခြင်းခံဖို့ တွန်းအားပါပဲ။
ZISU KHRIH KHA NA SUNGSAH
6. Sam 45:4 liate Zisu Khrih kha pawcce na sungsah?
၆ ယေရှုခရစ်ကို သင် ဘာကြောင့် ချစ်သလဲ။ ဆာလံ ၄၅:၄ မှာ ပါတဲ့ အကြောင်းကောင်းတချို့ကို သတိပြုပါ။ (ဖတ်ပါ။) ယေရှုဟာ အမှန်တရား၊ နှိမ့်ချမှု၊ ဖြောင့်မတ်မှုဘက် ရပ်တည်တယ်။ သင်သာ အမှန်တရားနဲ့ ဖြောင့်မတ်မှုကို ချစ်မြတ်နိုးရင် ယေရှုခရစ်ကိုလည်း ချစ်မှာပဲ။ အမှန်တရားနဲ့ ဖြောင့်မတ်မှုဘက် ယေရှု ဘယ်လို သတ္တိရှိရှိ ရပ်တည်ခဲ့ကြောင်း စဉ်းစားကြည့်ပါ။ (ယော. ၁၈:၃၇) နှိမ့်ချမှု ရှိဖို့ကော ယေရှု ဘယ်လို သင်ပေးသလဲ။
7. Zisu zakawsangsahkunaw te asekuhte pawtemou na ung?
၇ နှိမ့်ချမှု ရှိဖို့ စံနမူနာအားဖြင့် ယေရှု သင်ပေးတယ်။ ဥပမာ၊ ကိုယ့်ကိုယ်ကိုယ် တစ်ခါမှ ဂုဏ်မတင်ဘူး။ ဖခင်ကိုပဲ အမြဲ ဂုဏ်တင်တယ်။ (မာ. ၁၀:၁၇၊ ၁၈။ ယော. ၅:၁၉) ယေရှုရဲ့ နှိမ့်ချမှုနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ။ ယေရှုကို ချစ်ဖို့၊ အတုယူဖို့ လှုံ့ဆော်ခံရတယ် မဟုတ်လား။ ယေရှု ဘာကြောင့် နှိမ့်ချသလဲ။ နှိမ့်ချမှု ရှိတဲ့ ဖခင်ကို ချစ်လို့၊ အတုယူလို့ပါပဲ။ (ဆာ. ၁၈:၃၅။ ဟီ. ၁:၃) ယေဟောဝါရဲ့ အရည်အသွေးတွေကို အပြည့်အဝ အတုယူတဲ့ ယေရှုကို ကျွန်တော်တို့ ချစ်ကြတယ်။
8. Siapharang Zisu kha pawcce ah sungsah oh?
၈ အကောင်းဆုံး အုပ်စိုးရှင် ဖြစ်လို့ ဘုရင် ယေရှုကို ကျွန်တော်တို့ ချစ်ကြတယ်။ အဲဒီလိုဘုရင်မျိုး ဖြစ်ဖို့ ယေဟောဝါကိုယ်တိုင် လေ့ကျင့်၊ ခန့်အပ်ထားတာ။ (ဟေရှာ. ၅၀:၄၊ ၅) ယေရှု ပြတဲ့ ကိုယ်ကျိုးစွန့် မေတ္တာကိုလည်း စဉ်းစားကြည့်ပါ။ (ယော. ၁၃:၁) သင့်မေတ္တာကို ဘုရင် ယေရှု အပြည့်အဝ ရထိုက်တယ် မဟုတ်လား။ မိမိကို အမှန်တကယ် ချစ်တဲ့သူတွေဟာ မိန့်မှာချက်တွေ လိုက်နာခြင်းအားဖြင့် ချစ်ကြောင်း ပြကြမယ့်အကြောင်း၊ သူတို့ကို မိတ်ဆွေလို့ ခေါ်မယ့်အကြောင်း ယေရှု ရှင်းပြတယ်။ (ယော. ၁၄:၁၅။ ၁၅:၁၄၊ ၁၅) ယေဟောဝါရဲ့ သားတော်နဲ့ မိတ်ဆွေ ဖြစ်ရတာ အခွင့်ထူးပါပဲ။
9. Zisu tuipi-ingnaw te Khrihccaw hae tuipi-ingnaw tuh pawmou a lokuh?
၉ ယေရှုရဲ့ မိန့်မှာချက်တစ်ခုကတော့ နောက်လိုက်တွေ နှစ်ခြင်းခံဖို့ပါ။ (မ. ၂၈:၁၉၊ ၂၀) ယေရှုကိုယ်တိုင် စံနမူနာ ပြတယ်။ ယေရှုရဲ့ နှစ်ခြင်းနဲ့ နောက်လိုက်တွေရဲ့ နှစ်ခြင်း ကွာတာ ရှိတယ်။ (“ယေရှုရဲ့ နှစ်ခြင်းနဲ့ နောက်လိုက်တွေရဲ့ နှစ်ခြင်း ဘာကွာသလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။) တူတာလည်း ရှိပါတယ်။ ဖခင်ရဲ့ အလိုတော် ဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဆက်သကြောင်း နှစ်ခြင်းခံချိန်မှာ ယေရှု ဖော်ပြတယ်။ (ဟီ. ၁၀:၇) နောက်လိုက်တွေလည်း ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံထားကြောင်း နှစ်ခြင်းခံချိန်မှာ လူသိရှင်ကြား ဖော်ပြကြတယ်။ အဲဒီအချိန်ကစပြီး ဘဝမှာ ကိုယ့်အလိုကို မဟုတ်ဘဲ ဘုရားအလိုကို ဦးစားထားကြတယ်။ ဒီနည်းနဲ့ သခင့်စံနမူနာကို လိုက်ကြတယ်။
10. Zisu sungsahnaw nynh pawcyi langmou na lung ae thosah?
၁၀ ယေရှုဟာ ယေဟောဝါရဲ့ တစ်ဦးတည်းသော သား၊ ခန့်အပ်ခံ ဘုရင်၊ နှိမ့်ချသူ၊ ဖခင်ကို အပြည့်အဝ အတုယူသူ ဖြစ်တယ်။ ဆာလောင်သူတွေကို ကျွေးမွေးတယ်။ စိတ်ဓာတ်ကျသူတွေကို နှစ်သိမ့်ပေးတယ်။ ဖျားနာသူတွေကို ကုသပေးတယ်။ (မ. ၁၄:၁၄-၂၁) ဒီနေ့ခေတ် အသင်းတော်ကို ဦးဆောင်နေတယ်။ (မ. ၂၃:၁၀) အနာဂတ်မှာ ဘုရားနိုင်ငံတော် ဘုရင်အဖြစ် ဒီ့ထက်မက လုပ်ပေးဦးမယ်။ ဒီတော့ ယေရှုကို ချစ်ကြောင်း သင် ဘယ်လို ပြနိုင်သလဲ။ စံနမူနာ လိုက်လျှောက်ခြင်းအားဖြင့်ပါ။ (ယော. ၁၄:၂၁) စံနမူနာ လိုက်တဲ့အနေနဲ့ လုပ်နိုင်တာကတော့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတာပဲ။
ZAHOVA PACHIA KHA NA SUNGSAH
11. Tuipi-ingnawpaw abapi akonglang tuh pawmou, pawccemou?
၁၁ နှစ်ခြင်းခံရတဲ့ အရေးကြီးဆုံး အကြောင်းရင်းက ဘာလဲ။ “ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ချစ်ပါဆိုတဲ့ ပညတ်ဟာ အရေးကြီးဆုံးပဲ” လို့ ယေရှု ပြောတယ်။ (မာ. ၁၂:၃၀) ဘုရားကို သင် အဲဒီလို ချစ်နေသလား။
သင် ခံစားရတဲ့၊ ခံစားရမယ့် ကောင်းမြတ်တာ မှန်သမျှ ယေဟောဝါဆီက လာ (စာပိုဒ် ၁၂-၁၃ ကို ကြည့်ပါ)
12. Zahova kha pawcce na sungsah? (Sahkhung kha do.)
၁၂ ယေဟောဝါကို ချစ်ရတဲ့ အကြောင်းရင်းများစွာ ရှိတယ်။ ဥပမာ၊ ယေဟောဝါဟာ “အသက်ရဲ့ပင်ရင်း၊” “ကောင်းမြတ်တဲ့ ဆုကျေးဇူး၊ ပြည့်ဝစုံလင်တဲ့ လက်ဆောင်မှန်သမျှ” ပေးတဲ့အရှင် ဖြစ်တယ်။ (ဆာ. ၃၆:၉။ ယာ. ၁:၁၇) သင် ပျော်မွေ့ခံစားနေတဲ့ ကောင်းမြတ်တာ မှန်သမျှ ရက်ရောတဲ့ မေတ္တာရှင် ဘုရားဆီကနေ လာတာ။
13. Sawnawme tuh pawcce ngaengan lang ungpaw lasung athua?
၁၃ ယေဟောဝါ ပေးတဲ့ အံ့ဖွယ်လက်ဆောင်တစ်ခုကတော့ ရွေးဖိုးပါ။ ဘာကြောင့်လဲ။ ယေဟောဝါနဲ့ ယေရှုကြားက နှောင်ကြိုးကို စဉ်းစားကြည့်ပါ။ “အဖဘုရားက ကျွန်တော့်ကို ချစ်တယ်၊” “ကျွန်တော် အဖဘုရားကို ချစ်တယ်” လို့ ယေရှု ပြောတယ်။ (ယော. ၁၀:၁၇။ ၁၄:၃၁) နှစ်သန်းထောင်ချီအတွင်း အဲဒီနှောင်ကြိုး ခိုင်မြဲသည်ထက် ခိုင်မြဲလာတယ်။ (ပညာ. ၈:၂၂၊ ၂၃၊ ၃၀) ဒီတော့ သားတော် ဝေဒနာ ခံစားပြီး သေဆုံးဖို့ ခွင့်ပြုရချိန်မှာ ဘုရား ဘယ်လောက် စိတ်ထိခိုက်မယ်ဆိုတာ စဉ်းစားကြည့်ပါ။ သင် အပါအဝင် လူတွေကို ချစ်လွန်းလို့ ထာဝရအသက် ရစေဖို့ ချစ်သားကို ပူဇော်သက္ကာအဖြစ် လိုလိုလားလား ပေးအပ်ခဲ့တယ်။ (ယော. ၃:၁၆။ ဂလ. ၂:၂၀) ဘုရားကို ချစ်ဖို့ ဒီ့ထက် ကောင်းတဲ့ အကြောင်းရင်း မရှိနိုင်တော့ဘူး။
14. Ahoy huapaw hingnaw kuetung tuh pawmou?
၁၄ ယေဟောဝါဘုရားအကြောင်း သိလာတာနဲ့အမျှ ဘုရားကို သင် ပိုချစ်လာတယ်။ အခုကော ထာဝစဉ်ပါ ရင်းနှီးချင်လာတယ်။ ရင်းလည်း ရင်းနှီးနိုင်ပါတယ်။ စိတ်တော် ရွှင်လန်းစေဖို့ ဘုရား ကြင်ကြင်နာနာ တိုက်တွန်းထားတယ်။ (ပညာ. ၂၃:၁၅၊ ၁၆) သင့်အပြောအဆို၊ လုပ်ရပ်အားဖြင့် ဘုရားကို စိတ်ရွှင်လန်းစေနိုင်တယ်။ သင့်အသက်တာအားဖြင့် ဘုရားကို တကယ် ချစ်ကြောင်း ပြနိုင်တယ်။ (၁ ယော. ၅:၃) ဒါ အကောင်းဆုံး ဘဝပန်းတိုင်ပဲ။
15. Zahova na sungsah cipaw pawtemou na langsah kho?
၁၅ တစ်ဆူတည်းသော စစ်မှန်တဲ့ ယေဟောဝါကို ချစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။ ဦးဆုံး၊ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံပါ။ (ဆာ. ၄၀:၈) နှစ်ခြင်းခံခြင်းအားဖြင့် ဆက်ကပ်အပ်နှံမှုကို လူသိရှင်ကြား ဖော်ပြပါ။ ဒီဆောင်းပါး အစပိုင်းမှာ ဆွေးနွေးခဲ့တဲ့အတိုင်း နှစ်ခြင်းဟာ သင့်အတွက် ပျော်စရာ ဘဝမှတ်တိုင်၊ အလှည့်အပြောင်းတစ်ခု ဖြစ်လာမယ်။ ကိုယ့်အတွက် မဟုတ်ဘဲ ယေဟောဝါအတွက် စအသက်ရှင်ရတော့မယ်။ (ရော. ၁၄:၈။ ၁ ပေ. ၄:၁၊ ၂) တကယ့် ဆုံးဖြတ်ချက်ကြီးပါပဲ။ ဒါပေမဲ့ အကောင်းဆုံး အသက်တာ ရစေတယ်။ ဘယ်လိုနည်းနဲ့လဲ။
16. Kykheitnaw Johan 2:25 liate amaw kalang pyng a pyakuh hae paw kha Zahova nynh pawtemou hythuanaw a pya cih hae?
၁၆ ယေဟောဝါဟာ အရက်ရောဆုံး ပုဂ္ဂိုလ်ပါ။ ကျွန်တော်တို့ ပေးသမျှထက် အဆများစွာ အမြဲ ပြန်ပေးတယ်။ (မာ. ၁၀:၂၉၊ ၃၀) ဒီစနစ်ဆိုးမှာတောင် အဓိပ္ပာယ် အရှိဆုံး၊ စိတ်ချမ်းသာစရာ အကောင်းဆုံး အသက်တာ ရစေပါလိမ့်မယ်။ ဒါ အစပဲ ရှိသေးတယ်။ နှစ်ခြင်းခံချိန်မှာ စလိုက်တဲ့ ဘဝခရီးဟာ အဆုံး မရှိဘူး။ ချစ်ဖခင်ကို ထာဝစဉ် ဝတ်ပြုသွားနိုင်မယ်။ ဘုရားနဲ့ မေတ္တာနှောင်ကြိုး ဆက်ခိုင်မြဲနေမယ်။ ဘုရား တည်ရှိသရွေ့ ထာဝစဉ် အသက်ရှင်နိုင်မယ်။—၁ ယောဟန် ၂:၂၅ ကို ဖတ်ပါ။
17. Zahova nynh ahoi loh lei ungpaw pawkhamou na pya kho?
၁၇ ကောင်းမြတ်တာ မှန်သမျှ၊ ပျော်စရာ အခိုက်အတန့် မှန်သမျှ သင့်ကို ဘုရား ပေးထားတယ်။ သင် ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတဲ့အခါ ဘုရားကို အဖိုးတန်အရာတစ်ခု ပေးဖို့ အခွင့်အရေး ရှိလာတယ်။ ယေဟောဝါဟာ ကောင်းကင်မြေကြီး ပိုင်သအုပ်စိုးရှင် ဖြစ်ပေမဲ့ သင် ပေးမှ ပိုင်မယ့်အရာ ရှိတယ်။ သင့်ရဲ့ စိတ်လိုကိုယ်လျောက် ဝတ်ပြုအမှုဆောင်ခြင်းပါ။ (ယောဘ ၁:၈။ ၄၁:၁၁။ ပညာ. ၂၇:၁၁) ဒါအကောင်းဆုံး ဘဝလမ်းစဉ်ပဲ။ မှန်ပါတယ်၊ ယေဟောဝါကို ချစ်တဲ့ မေတ္တာက နှစ်ခြင်းခံဖို့ အကောင်းဆုံး အကြောင်းရင်း ဖြစ်တယ်။
PAWCCE NA NGAW?
18. Paw bakhianaw hae mou na khia kho?
၁၈ နှစ်ခြင်းခံ၊ မခံ သင် ကိုယ်တိုင် ဆုံးဖြတ်ရမယ်။ ‘ဘာကြောင့် စောင့်နေသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ (တ. ၈:၃၆) ဆွေးနွေးခဲ့တဲ့ အကြောင်းရင်း သုံးခုကို သတိရပါ။ ပထမ၊ အမှန်တရားနဲ့ ဖြောင့်မတ်မှုကို သင် ချစ်မြတ်နိုးတယ်။ ဒုတိယ၊ ယေရှုခရစ်ကို သင် ချစ်မြတ်နိုးတယ်။ တတိယ၊ ယေဟောဝါကို သင် ချစ်မြတ်နိုးတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်ပါ– ‘လူတိုင်း အမှန်အတိုင်း ပြောမယ့်၊ လုပ်မယ့်အချိန်မှာ ငါ အသက်ရှင်ချင်သလား။ ယေရှုကို ငါ့ဘုရင်အဖြစ် လက်ခံချင်သလား။ ယေရှုရဲ့ စံနမူနာ လိုက်လျှောက်ချင်သလား။ ဘုရားအမှုဆောင်ခြင်းအားဖြင့် ယေဟောဝါကို စိတ်ရွှင်လန်းစေချင်သလား။’ ဒီမေးခွန်းတွေကို ဟုတ်ကဲ့လို့ ဖြေတယ်ဆိုရင် ဘာကြောင့် နှစ်ခြင်းမခံသေးသလဲ။ ဘာကြောင့် စောင့်နေသလဲ။—တ. ၁၆:၃၃။
19. Tuipi-ing lang pawcce risung lang a ccang khyh? Tousenaw pya tua. (Johan 4:34)
၁၉ နှစ်ခြင်းခံဖို့ တွန့်ဆုတ်နေတယ်ဆိုရင် ယေရှု ပေးတဲ့ ဥပမာကို စဉ်းစားကြည့်ပါ။ (ယောဟန် ၄:၃၄ ကို ဖတ်ပါ။) ဖခင်ရဲ့ အလိုဆောင်တာကို စားစရာနဲ့ ယေရှု နှိုင်းယှဉ်တယ်။ ဘာကြောင့်လဲ။ အစားအစာက ကျွန်တော်တို့ကို အကျိုးပြုသလို ယေဟောဝါရဲ့ တောင်းဆိုချက် မှန်သမျှ အကျိုးပြုမှန်း ယေရှု သိတယ်။ ယေဟောဝါ တောင်းဆိုတဲ့အရာထဲမှာ သင် နှစ်ခြင်းခံတာ ပါတယ်။ (တ. ၂:၃၈) သင် အကျိုးယုတ်မယ့်အရာ ဘာတစ်ခုမှ ယေဟောဝါ မတောင်းဆိုဘူး။ ဒါကြောင့် နှစ်ခြင်းခံပါဆိုတဲ့ တောင်းဆိုချက်ကို လိုက်နာရင် အကျိုးရှိမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ အစားကောင်း စားဖို့ ကျွန်တော်တို့ မတွန့်ဆုတ်ကြဘူး။ ဒါဆိုရင် နှစ်ခြင်းခံဖို့ကျမှ ဘာကြောင့် တွန့်ဆုတ်နေမလဲ။
20. Malang abalu kya pawkongmou hokuh lang oh?
၂၀ ဘာကြောင့် စောင့်နေသလဲ။ “အဆင်သင့်မဖြစ်သေးလို့” ဆိုပြီး လူများစွာ ဖြေကြပါလိမ့်မယ်။ မှန်ပါတယ်၊ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ ဆုံးဖြတ်ချက်ဟာ အရေးကြီးဆုံး ဆုံးဖြတ်ချက် ဖြစ်တယ်။ ဒါကြောင့် သေသေချာချာ စဉ်းစားဖို့၊ အချိန်ယူဖို့၊ ဝီရိယရှိရှိ ကြိုးစားအားထုတ်ဖို့ လိုတယ်။ ဒါပေမဲ့ သင် နှစ်ခြင်းခံချင်တယ်ဆိုရင် အခု ဘယ်လို ပြင်ဆင်နိုင်သလဲ။ ဒီမေးခွန်းကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။
LAW 28 ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်ခြင်း
a နှစ်ခြင်းဟာ ကျမ်းစာသင်သားတိုင်းအတွက် အရေးကြီး ခြေလှမ်း ဖြစ်တယ်။ နှစ်ခြင်းခံဖို့ သင်သားကို ဘာက လှုံ့ဆော်ပေးနိုင်သလဲ။ မေတ္တာပါ။ ဘာကို ချစ်တဲ့ မေတ္တာလဲ။ ဘယ်သူ့ကို ချစ်တဲ့ မေတ္တာလဲ။ အဖြေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တွေ ဘယ်လို အသက်တာ မျှော်လင့်နိုင်သလဲဆိုတာလည်း ဆွေးနွေးပါမယ်။