HOKU LANGPAW ABALU 11
Tuipi-ing Lang—Paccynkuh Khonaw Zia
“Baptisama in lanpaw hynh paw nynh mou yn khaw?”—LOC 8:36.
LAW 50 ဆက်ကပ်အပ်နှံခြင်း ဆုတောင်းချက်
အကြိုသုံးသပ်ချက်a
ကမ္ဘာတစ်ဝန်းက လူကြီးလူငယ်တွေ ဘုရားရေးရာမှာ တိုးတက်လာပြီး နှစ်ခြင်းခံကြ (စာပိုဒ် ၁-၂ ကို ကြည့်ပါ)
1-2. Tuipi-ing lang na paccynkuh lah khyhze pawcce lungthang lang a ccang khyh? (Ccahbung Sahkhung kha do.)
နှစ်ခြင်းခံဖို့ စိတ်ကူးနေတယ်ဆိုရင် ဒါ သိပ်ကောင်းတဲ့ ပန်းတိုင်ပဲ။ နှစ်ခြင်းခံဖို့ အဆင်သင့်ဖြစ်ပြီလား။ အဆင်သင့်ဖြစ်ပြီလို့ သင် ထင်တယ်၊ အကြီးအကဲတွေ သဘောတူတယ်ဆိုရင် အခွင့်အရေး ရတာနဲ့ နှစ်ခြင်းခံပါ။ ယေဟောဝါရဲ့ အမှုတော်မှာ အဓိပ္ပာယ် ပြည့်ဝတဲ့ ဘဝ ပိုင်ဆိုင်ရပါလိမ့်မယ်။
၂ ဒါပေမဲ့ နှစ်ခြင်းမခံခင် ထပ်တိုးတက်ဖို့ လိုသေးတယ်လို့ အကြံပေးခံရရင် ဒါမှမဟုတ် ခံစားရရင်ကော။ စိတ်ဓာတ်မကျပါနဲ့။ အသက်ကြီးကြီး၊ ငယ်ငယ် နှစ်ခြင်းခံတဲ့အထိ တိုးတက်အောင် လုပ်နိုင်ပါတယ်။
“PAW NYNH MOU YN KHAW?”
3. Filip kha Ethiopia kawhoitu nynh pawmou a khia, paw bakhianaw mou yn ung? (Locceihtu 8:36, 38)
၃ တမန်တော် ၈:၃၆၊ ၃၈ ကို ဖတ်ပါ။ “ကျွန်တော် နှစ်ခြင်းမခံရအောင် ဘာက တားဆီးနေလို့လဲ” လို့ သတင်းကောင်း ဟောပြောသူ ဖိလိပ္ပုကို အီသီယိုးပီးယား အရာရှိ မေးတယ်။ အီသီယိုးပီးယား အရာရှိ နှစ်ခြင်းခံချင်နေပြီ။ နှစ်ခြင်းခံဖို့ တကယ် အဆင်သင့် ဖြစ်ပြီလား။
ယေဟောဝါအကြောင်း ဆက်လေ့လာသင်ယူဖို့ အီသီယိုးပီးယား အရာရှိ ဆုံးဖြတ်ထား (စာပိုဒ် ၄ ကို ကြည့်ပါ)
4. Pou leihla te a ccangkuh ry cipaw Ethiopia kawhoitupaw nynh pawtemou a langsah?
၄ အီသီယိုးပီးယား အရာရှိက “ဂျေရုဆလင်မြို့မှာ သွားဝတ်ပြု” တယ်။ (တ. ၈:၂၇) ဒါကြောင့် ဂျူးဘာသာ ပြောင်းဝင်လာသူ ဖြစ်ရမယ်။ ဟီဘရူး ကျမ်းစောင်တွေကနေ ယေဟောဝါဘုရားအကြောင်း သင်ယူခဲ့မှာ သေချာတယ်။ ဒါပေမဲ့ ထပ်လေ့လာသင်ယူချင်နေတုန်းပဲ။ လမ်းမှာ ဖိလိပ္ပုနဲ့ တွေ့တဲ့အချိန် အီသီယိုးပီးယား အရာရှိ ဘာလုပ်နေသလဲ။ ပရောဖက် ဟေရှာယကျမ်း ဖတ်နေတယ်။ (တ. ၈:၂၈) သိပ်လေးနက်တဲ့ အကြောင်းအရာတွေပဲ။ အီသီယိုးပီးယား အရာရှိဟာ အခြေခံ ကျမ်းစာ သွန်သင်ချက်တွေ သိရုံနဲ့ ကျေနပ်မနေဘူး။ ဆက်လေ့လာသင်ယူချင်တယ်။
5. Ethiopia kawhoitupaw nynh a ny hae paw hawte pawtemou a zui?
၅ အရာရှိဟာ အီသီယိုးပီးယား ဘုရင်မ ကန်ဒက်ရဲ့ “ဘဏ္ဍာတော်ထိန်း” လည်း ဖြစ်တယ်။ (တ. ၈:၂၇) ဒါကြောင့် တာဝန်တွေ အများကြီး ရထားမှာပဲ။ ဒါပေမဲ့ ယေဟောဝါကို ဝတ်ပြုဖို့ အချိန်ပေးတယ်။ အမှန်တရား သိရုံနဲ့ ကျေနပ်မနေဘူး။ သိလာတဲ့အတိုင်း လက်တွေ့လုပ်တယ်။ ဂျေရုဆလင်မြို့ ဗိမာန်တော်မှာ ယေဟောဝါကို ဝတ်ပြုဖို့ အီသီယိုးပီးယားကနေ ခရီးဝေးနှင်ခဲ့တယ်။ အချိန်ကုန်၊ ငွေကုန်တဲ့ ခရီး ဖြစ်ပေမဲ့ ယေဟောဝါကို ဝတ်ပြုချင်လို့ သွားတယ်။
6-7. Ethiopia kawhoitupaw nynh paw liatemou Zahova kha sungsahnaw yn lungthung?
၆ ယေရှုဟာ မေရှိယ ဖြစ်တယ်ဆိုတဲ့ အချက် အပါအဝင် အရေးကြီး အမှန်တရားအသစ်တချို့ကို ဖိလိပ္ပုဆီကနေ အီသီယိုးပီးယား အရာရှိ သိလိုက်ရတယ်။ (တ. ၈:၃၄၊ ၃၅) မိမိအတွက် ယေရှု လုပ်ပေးတာကို သိလိုက်ရတော့ အရာရှိ စိတ်ထိမိသွားတယ်။ ဒါနဲ့ ဘာလုပ်သလဲ။ တကယ်ဆိုရင် လေးစားခံရတဲ့ ဂျူးဘာသာ ပြောင်းဝင်လာသူအဖြစ် ဆက်နေလို့ ရတယ်။ ဒါပေမဲ့ ယေရှုခရစ်ရဲ့ နောက်လိုက်အဖြစ် နှစ်ခြင်းခံဖို့ ဆုံးဖြတ်လိုက်တယ်။ ယေဟောဝါနဲ့ သားတော်ကို ချစ်တဲ့ မေတ္တာ တိုးများနေပြီ။ အီသီယိုးပီးယား အရာရှိ အဆင်သင့်ဖြစ်ပြီဆိုတာ ဖိလိပ္ပု မြင်တဲ့အတွက် နှစ်ခြင်းပေးလိုက်တယ်။
၇ သင်လည်း အီသီယိုးပီးယား အရာရှိရဲ့ စံနမူနာအတိုင်း လုပ်မယ်ဆိုရင် နှစ်ခြင်းခံဖို့ အဆင်သင့်ဖြစ်နိုင်ပါတယ်။ “ကျွန်တော် နှစ်ခြင်းမခံရအောင် ဘာက တားဆီးနေလို့လဲ” လို့ ရဲရဲဝံ့ဝံ့ ပြောနိုင်ပါလိမ့်မယ်။ အီသီယိုးပီးယား အရာရှိလို ဆက်လေ့လာသင်ယူနိုင်ပုံ၊ သိလာတဲ့အတိုင်း လက်တွေ့ကျင့်နိုင်ပုံ၊ ဘုရားကို ချစ်တဲ့ မေတ္တာ တိုးများအောင် လုပ်နိုင်ပုံကို ဆွေးနွေးကြရအောင်။
POU CCANGKUH
8. Paw cyi lang cihtemou Johan 17:3 kya a langsah?
၈ ယောဟန် ၁၇:၃ ကို ဖတ်ပါ။ ယေရှုရဲ့ ဒီစကားတွေက ကျမ်းစာ စလေ့လာဖို့ကော ဆက်လေ့လာသင်ယူဖို့ပါ လှုံ့ဆော်ပေးတယ်။ “တစ်ဆူတည်းသော စစ်မှန်တဲ့ ဘုရားသခင်” အကြောင်း “ကောင်းကောင်း သိအောင် လေ့လာဆည်းပူး” စရာ ဘယ်တော့မှ ကုန်မှာ မဟုတ်ဘူး။ (ဒေ. ၃:၁၁။ ယော. ၁၇:၃၊ အောက်ခြေမှတ်ချက်) ထာဝစဉ် လေ့လာဆည်းပူးကြရမှာ။ လေ့လာလေ ဘုရားနဲ့ ရင်းနှီးလေ ဖြစ်လာမယ်။—ဆာ. ၇၃:၂၈။
9. Baebu aleihpaw ccangpyanaw hae ny koute paw cyi lang mou ahoo?
၉ အခြေခံ ကျမ်းစာ သွန်သင်ချက်တွေကတစ်ဆင့် ယေဟောဝါအကြောင်း ကျွန်တော်တို့ စသိလာကြတယ်။ ဟီဘရူး ခရစ်ယာန်တွေဆီ ရေးတဲ့ စာမှာ အခြေခံ သွန်သင်ချက်တွေကို “အခြေခံ အကြောင်းတွေ” လို့ တမန်တော် ပေါလု ခေါ်ထားတယ်။ “အခြေခံ အယူဝါဒတွေ” ကို ပေါလု အလေးမထားလို့ မဟုတ်ပါဘူး။ ကလေးကို ကြီးထွားစေတဲ့ နို့နဲ့တောင် နှိုင်းယှဉ်ထားတယ်။ (ဟီ. ၅:၁၂။ ၆:၁) ဒါပေမဲ့ အခြေခံ သွန်သင်ချက်တွေလောက် သာမက နက်နဲတဲ့ ကျမ်းစာ အမှန်တရားတွေကို ဆက်လေ့လာဖို့ ခရစ်ယာန်အားလုံးကို တိုက်တွန်းတယ်။ နက်နဲတဲ့ ကျမ်းစာ သွန်သင်ချက်တွေကို သင် လေ့လာချင်စိတ် ရှိသလား။ ယေဟောဝါအကြောင်း၊ ဘုရားရည်ရွယ်ချက်တွေအကြောင်း ဆက်လေ့လာသင်ယူချင်စိတ် ရှိသလား။
10. Leihla lang abang ccungccaw hae hanglang pawcce a ru?
၁၀ လူအများစုအတွက် လေ့လာမှု လုပ်ရတာ ခက်တယ်။ သင့်အတွက်ကော။ ကျောင်းမှာ ကောင်းကောင်း ဖတ်ရှုလေ့လာတတ်ဖို့ သင်ယူခဲ့သလား။ လေ့လာတဲ့အခါ ပျော်စရာကောင်းတယ်၊ လေ့လာရကျိုးနပ်တယ်လို့ ခံစားရသလား။ ဒါမှမဟုတ် စာပေဘက် ပါရမီ မပါဘူးလို့ ခံစားရသလား။ လူများစွာ အဲဒီလို ခံစားကြရတယ်။ ဒါပေမဲ့ အကောင်းဆုံး သွန်သင်ရှင် ယေဟောဝါ ကူညီပေးနိုင်တယ်။
11. “Sazaepaw” athuanaw kong Zahova nynh pawtemou a langsah?
၁၁ “မဟာသွန်သင်ရှင်” လို့ မိမိကိုယ်မိမိ ယေဟောဝါ ခေါ်ဆိုတယ်။ (ဟေရှာ. ၃၀:၂၀၊ ၂၁) ယေဟောဝါဟာ စိတ်ရှည်၊ ကြင်နာပြီး နားလည်ပေးတတ်တဲ့ သွန်သင်ရှင် ဖြစ်တယ်။ သင်သားတွေရဲ့ ကောင်းကွက်ကို ရှာတယ်။ (ဆာ. ၁၃၀:၃) လုပ်နိုင်တာထက် ပိုလုပ်ဖို့ ဘယ်တော့မှ မတောင်းဆိုဘူး။ ကျွန်တော်တို့ရဲ့ ဦးနှောက်ကို ဖန်ဆင်းထားတာ ယေဟောဝါဆိုတာ သတိရပါ။ (ဆာ. ၁၃၉:၁၄) ကျွန်တော်တို့ကို လေ့လာသင်ယူချင်စိတ် ထည့်သွင်းဖန်ဆင်းပေးထားတယ်။ ထာဝစဉ် လေ့လာသင်ယူစေချင်တယ်။ လေ့လာသင်ယူရတာ ပျော်မွေ့စေချင်တယ်။ ဒါကြောင့် ကျမ်းစာ အမှန်တရားကို “အငမ်းမရ လိုချင်တဲ့ စိတ် ရှိ” အောင် အခုကတည်းက လုပ်ထားသင့်တယ်။ (၁ ပေ. ၂:၂) လက်လှမ်းမီတဲ့ ပန်းတိုင်တွေ ချပါ။ ကျမ်းစာ မှန်မှန် ဖတ်ရှုလေ့လာပါ။ (ယရ. ၁:၈) ယေဟောဝါရဲ့ အကူအညီကြောင့် ဘုရားအကြောင်း ဖတ်ရှု၊ လေ့လာရတာ ပိုပျော်လာပါလိမ့်မယ်။
12. Zisu a hingnaw te phungho ryalawnaw kong pawcce leihla lang a ccang?
၁၂ ယေရှုရဲ့ အသက်တာနဲ့ အမှုဆောင်လုပ်ငန်းအကြောင်း မှန်မှန် အချိန်ယူ တွေးတောပါ။ အထူးသဖြင့်၊ အခုလို ခက်ခဲတဲ့အချိန်မှာ ယေဟောဝါရဲ့ အမှုဆောင်နိုင်ဖို့ဆိုရင် ယေရှုရဲ့ခြေရာကို ထက်ကြပ်မကွာ လိုက်ရမယ်။ (၁ ပေ. ၂:၂၁) နောက်လိုက်တွေ အခက်အခဲ ကြုံရမယ်လို့ ယေရှု ပြောတယ်။ (လု. ၁၄:၂၇၊ ၂၈) ဒါပေမဲ့ မိမိလိုပဲ နောက်လိုက်စစ်တွေ အောင်မြင်ကြမယ်ဆိုတာ စိတ်ချတယ်။ (ယော. ၁၆:၃၃) ဒါကြောင့် ယေရှုရဲ့ ဘဝလမ်းစဉ်အကြောင်း အသေးစိတ် လေ့လာပါ။ နေ့စဉ် အသက်တာမှာ ယေရှုကို အတုယူဖို့ ပန်းတိုင်ထားပါ။
13. Zahova kalang pawmou sawsang lang a ccang, pawcce?
၁၃ အသိပညာ တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ အသိပညာ ဆည်းပူးတယ်ဆိုတာ ယေဟောဝါအကြောင်း ပိုသိချင်လို့၊ မေတ္တာ၊ ယုံကြည်ခြင်း စတဲ့ အရည်အသွေးတွေ ရှိချင်လို့ ဖြစ်တယ်။ (၁ ကော. ၈:၁-၃) ဒါကြောင့် လေ့လာမှု လုပ်တဲ့အခါ ယုံကြည်ခြင်း တိုးများအောင် လုပ်ပေးပါလို့ ယေဟောဝါဆီ ဆုတောင်းပါ။ (လု. ၁၇:၅) ဘုရား လိုလိုလားလား ဖြေပေးပါလိမ့်မယ်။ ဘုရားအကြောင်း တိကျမှန်ကန်စွာ သိခြင်းအပေါ် အခြေခံတဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်းက သိလာတဲ့အတိုင်း လက်တွေ့ကျင့်ဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။—ယာ. ၂:၂၆။
NYPAW HAWTE ZUI
ရေလွှမ်းမိုးဘေး မတိုင်ခင် နောဧတို့ မိသားစုဟာ သိလာတဲ့အတိုင်း လက်တွေ့လုပ် (စာပိုဒ် ၁၄ ကို ကြည့်ပါ)
14. Nypaw hawte zui lang azici cipaw Zuitu Peter nynh pawtemou abapi langte a ho? (Sahkhung kha do.)
၁၄ ခရစ်တော်ရဲ့ နောက်လိုက်တွေ သိလာတဲ့အတိုင်း လက်တွေ့ကျင့်ဖို့ အရေးကြီးကြောင်း နောဧကျမ်းမှတ်တမ်းကို သုံးပြီး တမန်တော် ပေတရု အလေးပေးပြောတယ်။ ရေလွှမ်းမိုးဘေးအားဖြင့် အဲဒီခေတ်က လူဆိုးတွေကို ဖျက်ဆီးမယ်လို့ နောဧကို ယေဟောဝါ ပြောတယ်။ ရေလွှမ်းမိုးမယ်ဆိုတာ သိရုံနဲ့ နောဧတို့မိသားစု အသက်ဘေးကနေ မလွတ်နိုင်ဘူး။ ရေလွှမ်းမိုးဘေး မတိုင်ခင်အချိန်ကို “သင်္ဘော ဆောက်လုပ်” တဲ့အချိန်လို့ ပေတရု ရည်ညွှန်းပြောတာ သတိပြုပါ။ (၁ ပေ. ၃:၂၀) နောဧတို့မိသားစုဟာ သင်္ဘောဆောက်လုပ်ခြင်းအားဖြင့် ဘုရားဆီကနေ သိလာတဲ့အချက်ကို မှီပြီး လက်တွေ့လုပ်တယ်။ (ဟီ. ၁၁:၇) နောဧ သင်္ဘောဆောက်တာကို နှစ်ခြင်းနဲ့ ခိုင်းနှိုင်းပြီး “အဲဒါနဲ့ ဆင်တူတဲ့အရာ၊ အခုအချိန်မှာ ခင်ဗျားတို့ကို ကယ်တင်တဲ့အရာဟာ နှစ်ခြင်းပဲ” လို့ ပေတရု ပြောတယ်။ (၁ ပေ. ၃:၂၁) ဒါကြောင့် နှစ်ခြင်းခံဖို့ ပြင်ဆင်နေတာကို နောဧတို့မိသားစု နှစ်နဲ့ချီ သင်္ဘောဆောက်တာနဲ့ ခိုင်းနှိုင်းနိုင်ပါတယ်။ ဒါဆိုရင် နှစ်ခြင်းခံဖို့ အဆင်သင့်ဖြစ်အောင် ဘာတွေ လုပ်ရမလဲ။
15. Thinlung ccaccingte ngaesikunaw kha pawtemou langsah kho lang?
၁၅ အရင်ဆုံး၊ အပြစ်တွေအတွက် စိတ်ရင်းမှန်နဲ့ နောင်တယူပါ။ (တ. ၂:၃၇၊ ၃၈) စိတ်ရင်းမှန်နဲ့ နောင်တရမှ စိတ်ရင်းမှန်နဲ့ ပြောင်းလဲနိုင်မယ်။ လိင်အကျင့်ယိုယွင်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆဲဆိုခြင်းစတဲ့ ယေဟောဝါ မနှစ်သက်တဲ့ အကျင့်တွေ ဖြတ်ပြီးပြီလား။ (၁ ကော. ၆:၉၊ ၁၀။ ၂ ကော. ၇:၁။ ဧ. ၄:၂၉) မဖြတ်ရသေးဘူးဆိုရင် ပြောင်းလဲဖို့ ဆက်ကြိုးစားပါ။ ကျမ်းစာ သင်ပေးသူကို ပြောပြပါ။ ဒါမှမဟုတ် အသင်းတော် အကြီးအကဲတွေဆီကနေ အကူအညီနဲ့ လမ်းညွှန်မှု တောင်းပါ။ သင်ဟာ အသက် ငယ်သေးတယ်၊ မိဘအုပ်ထိန်းမှုအောက်မှာ ရှိနေတုန်းပဲဆိုရင် နှစ်ခြင်းခံဖို့ အတားအဆီး ဖြစ်စေတဲ့ အကျင့်ဆိုးတွေ ဖြတ်နိုင်အောင် မိဘတွေဆီကနေ အကူအညီ တောင်းပါ။
16. Beihnaw ahoypaw cyisahnaw hae kya pawmou a pa?
၁၆ ဝတ်ပြုရေး အလေ့အထကောင်း ရှိဖို့လည်း အရေးကြီးတယ်။ အဲဒီထဲမှာ ခရစ်ယာန် အစည်းအဝေးတွေ တက်ရောက်ခြင်း၊ ပါဝင်ခြင်း ပါတယ်။ (ဟီ. ၁၀:၂၄၊ ၂၅) အရည်အချင်း ပြည့်မီပြီဆိုတာနဲ့ ဟောပြောခြင်းလုပ်ငန်းမှာ မှန်မှန် ပါဝင်ပါ။ ပါဝင်လေ ပိုပျော်လေ ဖြစ်လာမယ်။ (၂ တိ. ၄:၅) သင်ဟာ အသက် ငယ်သေးတယ်၊ မိဘအုပ်ထိန်းမှုအောက်မှာ ရှိနေတုန်းပဲဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘အစည်းအဝေး တက်ဖို့၊ အမှုဆောင် ထွက်ဖို့ မိဘတွေ ငါ့ကို တိုက်တွန်းနေရသလား။ ဒါမှမဟုတ် ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်သလား။ ဒီလုပ်ဆောင်မှုတွေမှာ ကိုယ့်အသိစိတ်နဲ့ကိုယ် ပါဝင်တာက ယေဟောဝါဘုရားကို ယုံတယ်၊ ချစ်တယ်၊ ကျေးဇူးတင်တယ်ဆိုတာ ဖော်ပြရာရောက်တယ်။ “ဘုရားတရား ကိုင်းရှိုင်း” ရာရောက်တယ်။ ယေဟောဝါဆီ လက်ဆောင် ပေးတာနဲ့ တူတယ်။ (၂ ပေ. ၃:၁၁။ ဟီ. ၁၃:၁၅) တစ်ယောက်ယောက် တိုက်တွန်းလို့ မဟုတ်ဘဲ သင် လိုလိုလားလား ပေးဆက်တဲ့အခါ ဘုရား နှစ်သက်တယ်။ (၂ ကောရိန္သု ၉:၇ နဲ့ နှိုင်းယှဉ်ပါ။) ယေဟောဝါကို အကောင်းဆုံး ပေးဆက်ရတာ ပျော်လို့ ဒီလုပ်ဆောင်မှုတွေမှာ ကျွန်တော်တို့ ပါဝင်ကြတယ်။
ZAHOVA KHA SUNGSAHNAW LUNGTHUNGSAH
17-18. Tuipi-ing lang cia kaethung nawlang paw ziazae nynh mou ae bung cih, pawcce? (Phungtangbya 3:3-6)
၁၇ နှစ်ခြင်းခံဖို့ ကြိုးစားနေတုန်း အခက်အခဲတွေ ကြုံရနိုင်တယ်။ ယုံကြည်ချက်အသစ်ကို လှောင်ပြောင်တာ၊ ဆန့်ကျင်တာ ကြုံရနိုင်တယ်။ (၂ တိ. ၃:၁၂) ဒါမှမဟုတ် အကျင့်ဆိုး ဖြတ်ဖို့ ကြိုးစားလိုက် အထမမြောက်လိုက် ဖြစ်နိုင်တယ်။ ပန်းတိုင် အလှမ်းဝေးလွန်းတယ်လို့ ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် စိတ်မရှည်၊ အားမလို အားမရ ဖြစ်နိုင်တယ်။ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ဘာက ကူညီပေးမလဲ။ ယေဟောဝါကို ချစ်တဲ့ မေတ္တာပါ။
၁၈ သင့်မှာ ရှိသမျှ အရည်အသွေးတွေထဲမှာ ယေဟောဝါကို ချစ်တဲ့ မေတ္တာဟာ အကောင်းဆုံးပဲ။ (ပညာအလိမ္မာ ၃:၃-၆ ကို ဖတ်ပါ။) ဘုရားအပေါ် ထားတဲ့ ခိုင်မြဲတဲ့ မေတ္တာက အခက်အခဲတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်ဖို့ ကူညီပေးနိုင်တယ်။ ကျေးကျွန်တွေအပေါ် ယေဟောဝါ ပြတဲ့ ခိုင်မြဲတဲ့ မေတ္တာအကြောင်း ကျမ်းစာမှာ မကြာခဏ ဖော်ပြတယ်။ ခိုင်မြဲတဲ့ မေတ္တာဟာ ထာဝစဉ် တည်မြဲတယ်။ (ဆာ. ၁၀၀:၅) ဘုရားသခင့် ပုံသဏ္ဌာန်အတိုင်း သင် ဖန်ဆင်းခံထားရလို့ ဘုရားမေတ္တာကို အတုယူနိုင်ပါတယ်။ (က. ၁:၂၆) ဘယ်လိုနည်းနဲ့လဲ။
ယေဟောဝါကို ကျေးဇူးတင်ကြောင်း နေ့တိုင်း ပြနိုင် (စာပိုဒ် ၁၉ ကို ကြည့်ပါ)b
19. Zahova nynh a cyipaw miakaw hanglang lungtuanaw thinlung a lungthung nawlang pawtemou na cyi kho? (Galati 2:20)
၁၉ ကျေးဇူးတင်စိတ် တိုးများအောင် လုပ်ပါ။ (၁ သက်. ၅:၁၈) ‘ငါ့ကို ယေဟောဝါ မေတ္တာ ဘယ်လို ပြသလဲ’ လို့ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် မေးပါ။ အဲဒီနောက် ကိုယ့်အတွက် ဘုရား သတ်သတ်မှတ်မှတ် လုပ်ပေးတာတွေ စဉ်းစားပြီး ကျေးဇူးတင်ကြောင်း ဆုတောင်းပြောပြပါ။ ကိုယ့်ကို ချစ်လို့ ကောင်းမွန်ရာတွေ ယေဟောဝါ လုပ်ပေးတယ်ဆိုတာ အသိအမှတ်ပြုပါ။ တမန်တော် ပေါလု အဲဒီလိုပဲ ခံစားရတယ်။ (ဂလာတိ ၂:၂၀ ကို ဖတ်ပါ။) ‘ယေဟောဝါကို ချစ်ကြောင်း ငါ ပြချင်သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ သွေးဆောင်မှုတွေ ဆက်တွန်းလှန်ဖို့၊ အခက်အခဲတွေ အောင်အောင်မြင်မြင် ကျော်ဖြတ်ဖို့၊ ဝတ်ပြုရေး အလေ့အထကောင်းတွေ ဆက်ရှိဖို့၊ ကောင်းကင်ဘုံစံ ဖခင်ကို ချစ်ကြောင်း နေ့တိုင်း ပြဖို့ ယေဟောဝါကို ချစ်တဲ့ မေတ္တာက လှုံ့ဆော်ပေးပါလိမ့်မယ်။
20. Zahova kalang pyng pyakuhnaw kya pawmou a pa, pawcce azicipaw byapaenaw athua?
၂၀ အချိန်တန်တဲ့အခါ ယေဟောဝါကို ချစ်တဲ့ မေတ္တာက ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံဖို့ လှုံ့ဆော်ပေးလာပါလိမ့်မယ်။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံလိုက်တာနဲ့ သင့်မှာ သိပ်ကောင်းတဲ့ မျှော်လင့်ချက် ရှိသွားပြီ။ ဘုရားပိုင်ဆိုင်ရာ ထာဝစဉ် ဖြစ်နိုင်ပြီ။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံတယ်ဆိုတာ အခြေအနေ ကောင်းချိန်မှာရော၊ မကောင်းချိန်မှာပါ ဘုရားကို ဝတ်ပြုမယ်လို့ ကတိပေးလိုက်တာပဲ။ အဲဒီကတိကို ထပ်ခါထပ်ခါ ပေးစရာ မလိုဘူး။ ဒါကြောင့် ဆက်ကပ်အပ်နှံခြင်းဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ သင့်ဘဝမှာ ဆုံးဖြတ်ချက်တွေ အများကြီး ချရမယ်။ တချို့ဆုံးဖြတ်ချက်တွေ ဘယ်လောက် ကောင်းကောင်း ဆက်ကပ်အပ်နှံဖို့ ဆုံးဖြတ်တာလောက် ကောင်းတဲ့ ဆုံးဖြတ်ချက် မရှိနိုင်ဘူး။ (ဆာ. ၅၀:၁၄) စာတန်က သင့်ကို သမာဓိ ချိုးဖောက်စေချင်လို့ ဘုရားကို ချစ်တဲ့ မေတ္တာ လျော့သွားအောင် ကြိုးစားလိမ့်မယ်။ စာတန်ကို အရှုံးမပေးပါနဲ့။ (ယောဘ ၂၇:၅) ဆက်ကပ်အပ်နှံခြင်း ကတိသစ္စာအတိုင်း နေဖို့၊ ကောင်းကင်ဘုံစံ ဖခင်နဲ့ ပိုရင်းနှီးလာအောင် လုပ်ဖို့ ယေဟောဝါကို ချစ်တဲ့ မေတ္တာက ကူညီပေးပါလိမ့်မယ်။
21. Tuipi-ingnaw tuh athonaw nynh thua cite pawcce ho kho athua?
၂၁ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီးပြီဆိုရင် နှစ်ခြင်းခံနိုင်ဖို့ အသင်းတော် အကြီးအကဲတွေနဲ့ စကားပြောပါ။ နှစ်ခြင်းဟာ အဆုံး မဟုတ်ဘူး၊ အစဆိုတာ အမြဲ သတိရပါ။ ယေဟောဝါကို ထာဝစဉ် ဝတ်ပြုသွားမယ်ဆိုတဲ့ အဆုံးမဲ့ လမ်းစဉ်ရဲ့ အစ ဖြစ်တယ်။ ဒါကြောင့် အခုကတည်းက ကောင်းကင်ဘုံစံ ဖခင်ကို ချစ်တဲ့ မေတ္တာ တိုးများအောင် လုပ်နေပါ။ တစ်နေ့ထက် တစ်နေ့ မေတ္တာ တိုးလာစေမယ့် ပန်းတိုင်တွေ ချပါ။ ဒါဆိုရင် နှစ်ခြင်းခံဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ နှစ်ခြင်းခံတဲ့နေ့ဟာ ဘဝရဲ့ မမေ့နိုင်စရာ နေ့တစ်နေ့ ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ အစပဲ ရှိသေးတယ်။ ဒါကြောင့် ယေဟောဝါနဲ့ သားတော်ကို ချစ်တဲ့ မေတ္တာ ထာဝစဉ် တိုးများနိုင်ပါစေ။
LAW 135 ယေဟောဝါရဲ့ မေတ္တာရပ်ခံချက်– ‘ငါ့သား၊ ပညာရှိပါ’
a ရှေ့ဆောင်းပါးမှာ သိခဲ့ရတဲ့အတိုင်း နှစ်ခြင်းခံတဲ့အထိ တိုးတက်ဖို့ဆိုရင် ကျွန်တော်တို့မှာ မှန်ကန်တဲ့ အကြောင်းရင်း ရှိရမယ်။ ဒါ့အပြင် လုပ်သင့်တာတွေ လုပ်ဖို့လည်း လိုတယ်။ နှစ်ခြင်းခံတဲ့အထိ တိုးတက်ဖို့ ကျမ်းစာသင်သား ဘာတွေ လုပ်ဖို့ လိုကြောင်း အီသီယိုးပီးယား အရာရှိရဲ့ စံနမူနာကို သုံးပြီး ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
b ပုံအညွှန်း– ဘုရား ပြင်ဆင်ပေးရာအတွက် ကျေးဇူးတင်ကြောင်း လူငယ် ညီအစ်မ ယေဟောဝါဆီ ဆုတောင်း ပြောပြနေ။