HOKU LANGPAW ABALU 18
Khrihccawbuu Pungkunaw Hae Kya Lukheit Te Lukheit Thaw Pyakuh Oh
“Sungsaku nawlan te ahoypaw rya kha law khylan lu kheit te lu kheit pawtemou lungthosaku lan cipaw kha tua kalang oh sih.”—HEB. 10:24, 25.
LAW 88 ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ
အကြိုသုံးသပ်ချက်a
1. Pungkunaw hae kya pawcce aphi ah pya oh?
အသင်းတော် အစည်းအဝေးတွေ ကျွန်တော်တို့ ဘာကြောင့် တက်ကြသလဲ။ အဓိကကတော့ ယေဟောဝါဘုရားကို ချီးမွမ်းဖို့ပါ။ (ဆာ. ၂၆:၁၂။ ၁၁၁:၁) ခက်ခဲတဲ့ ဒီကာလအတွင်း အချင်းချင်း အားပေးဖို့လည်း ပါတယ်။ (၁ သက်. ၅:၁၁) လက်ထောင်ပြီး မှတ်ချက်ပေးတဲ့အခါ ဘုရားကို ချီးမွမ်းရာလည်း ရောက်တယ်၊ ညီအစ်ကို/မတွေကို အားပေးရာလည်း ရောက်တယ်။
2. Pungkunaw lungkhu paw phianaw kya mou aphi a pyakuh kho?
၂ ပတ်စဉ် အစည်းအဝေးတွေမှာ မှတ်ချက်ပေးဖို့ အခွင့်အရေးတွေ ရှိတယ်။ ဥပမာ၊ ကင်းမျှော်စင် သင်တန်းမှာ မှတ်ချက်ပေးနိုင်တယ်။ ကြားရက် အစည်းအဝေးရဲ့ ဘုရားရေးရာ ရတနာ၊ အသင်းတော် ကျမ်းစာလေ့လာမှုနဲ့ တခြား မေးဖြေဆွေးနွေးမှု အပိုင်းတွေမှာ မှတ်ချက်ပေးနိုင်တယ်။
3. Aphi pyanawte asekuhte paw ruunaw hae mou a ung kho, Hebru 10:24, 25 nynh pawtemou yn bung kho?
၃ ကျွန်တော်တို့အားလုံး ယေဟောဝါကို ချီးမွမ်းချင်ကြတယ်။ ညီအစ်ကို/မတွေကို အားပေးချင်ကြတယ်။ ဒါပေမဲ့ မှတ်ချက်ပေးတာနဲ့ပတ်သက်ပြီး အခက်အခဲတွေ ကြုံရနိုင်တယ်။ မှတ်ချက်ပေးဖို့ ကြောက်နေနိုင်တယ်။ ဒါမှမဟုတ် မှတ်ချက် ခဏခဏ ပေးချင်ပေမဲ့ သိပ်အခေါ်မခံရတာ ဖြစ်နိုင်တယ်။ ဒီအခက်အခဲတွေကို ဘယ်လို ဖြေရှင်းနိုင်သလဲ။ ဟီဘရူး ခရစ်ယာန်တွေဆီ တမန်တော် ပေါလု ရေးတဲ့ စာမှာ အဖြေတွေ့နိုင်တယ်။ အတူတကွ စည်းဝေးခြင်းရဲ့ အရေးကြီးမှုကို ပေါလု ပြောပြတုန်းက “အချင်းချင်း အားပေးကြပါ” လို့လည်း ပြောတယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅ ကို ဖတ်ပါ။) ကိုယ့်ယုံကြည်ခြင်းကို ဖော်ပြတဲ့ မှတ်ချက်တိုလေး တစ်ခုကတောင် အစည်းအဝေး တက်ရောက်သူတွေကို အားရှိစေနိုင်မှန်း သတိရရင် လက်ထောင်ဖို့ ကြောက်တဲ့စိတ် လျော့လာပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ်သိပ်အခေါ်မခံရရင်လည်း တခြားသူတွေ မှတ်ချက်ပေးခွင့် ရလို့ ဝမ်းသာပေးနိုင်တယ်။—၁ ပေ. ၃:၈။
4. E abalu kya paw akong ccangthung mou hokuh lang oh?
၄ မှတ်ချက်ပေးမယ့်သူ သိပ်မရှိတဲ့ အသင်းတော်လေးမှာ အချင်းချင်း ဘယ်လို အားပေးနိုင်သလဲ။ မှတ်ချက်ပေးမယ့်သူ များတဲ့ အသင်းတော်ကြီးမှာ အချင်းချင်း ဘယ်လို အားပေးနိုင်သလဲ။ တခြားသူတွေကို တကယ် အားပေးရာရောက်ဖို့ ဘယ်လို မှတ်ချက်မျိုး ပေးနိုင်သလဲ။ ဒီဆောင်းပါးမှာ ဒီအချက် သုံးချက် ဆွေးနွေးသွားပါမယ်။
KHRIHCCAWBUU TARAW KYA LUKHEIT TE LUKHEIT THAW PYAKUH OH
5. Pungkunaw kya ccungccaw a zya ze lukheit te lukheit pawtemou thaw pyakuh kho lang?
၅ အသင်းတော်လေးတွေမှာ၊ အုပ်စုတွေမှာ မှတ်ချက်ပေးတဲ့သူ သိပ်မရှိဘူး။ တစ်ခါတလေ သင်တန်းကိုင်သူ တော်တော်လေး စောင့်ပေးမှ တစ်ယောက်လောက် လက်ထောင်လာတယ်။ ဒီလိုသာဆိုရင် အစည်းအဝေးက မမြိုင်တော့ဘူး။ အားရှိစရာ မကောင်းတော့ဘူး။ သင် ဘာလုပ်နိုင်သလဲ။ ခဏခဏ လက်ထောင်ပေးနိုင်တယ်။ ဒါဆိုရင် တခြားသူတွေလည်း လက်ထောင်ချင်စိတ် ပေါ်လာမယ်။
6-7. Aphi pya lang rinaw thinlung a zya nawlang pawmou cyi kho athua?
၆ မှတ်ချက်ပေးရမှာ ကြောက်နေတယ်ဆိုရင်ကော။ တော်တော်များများ ကြောက်ကြပါတယ်။ ဒါဆိုရင် ညီအစ်ကို/မတွေကို ပိုအားပေးနိုင်ဖို့ မှတ်ချက်ပေးရမှာ ကြောက်တဲ့စိတ် လျော့အောင် လုပ်နိုင်တဲ့ နည်းတွေ ရှာဖွေကြည့်ပါ။ ဘယ်လို ရှာဖွေနိုင်သလဲ။
၇ အကြံပြုချက်တချို့ကို ကင်းမျှော်စင် တွေမှာ ရှာတွေ့နိုင်တယ်။b ဥပမာ၊ ကောင်းကောင်း ပြင်ဆင်ပါ။ (ပညာ. ၂၁:၅) အကြောင်းအရာကို ကောင်းကောင်း သဘောပေါက်လေ မှတ်ချက်ပေးဖို့ စိတ်ပေါ့လေပဲ။ တိုတိုတုတ်တုတ် ဖြေပါ။ (ပညာ. ၁၅:၂၃။ ၁၇:၂၇) မှတ်ချက်တိုရင် ဖြေဖို့ သိပ်စိုးရိမ်မှာ မဟုတ်တော့ဘူး။ ဝါကျ တစ်ကြောင်း၊ နှစ်ကြောင်းပဲ ပါတဲ့ မှတ်ချက်တိုတွေက အချက်အလက် အများကြီး ပါတဲ့ မှတ်ချက်အရှည်ကြီးတွေထက် နားလည်ဖို့ ပိုလွယ်တယ်။ ကိုယ်ပိုင် စကားနဲ့ တိုတိုတုတ်တုတ် ဖြေတာက ကောင်းကောင်း ပြင်ဆင်ထားကြောင်း၊ အကြောင်းအရာကို ကောင်းကောင်း နားလည်ကြောင်း ပြရာရောက်တယ်။
8. Taening thyhte na zuakuhpaw kha Zahova nynh pawtemou a tua?
၈ အကြံပြုချက်တွေအတိုင်း စမ်းကြည့်ပေမဲ့ တစ်ကြိမ်၊ နှစ်ကြိမ်အပြင် ပိုမဖြေရဲသေးဘူးဆိုရင်ကော။ သင် တတ်နိုင်သလောက် ကြိုးစားတာကို ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ စိတ်ချပါ။ (လု. ၂၁:၁-၄) အကောင်းဆုံး ပေးဆက်တယ်ဆိုတာ မတတ်နိုင်တာကို ဖျစ်ညှစ်လုပ်တာ မဟုတ်ဘူး။ (ဖိ. ၄:၅) ကိုယ် ဘယ်လောက် တတ်နိုင်သလဲ စဉ်းစားပါ။ ပန်းတိုင်ထားပါ။ စိတ်တည်ငြိမ်ဖို့ ဆုတောင်းပါ။ မှတ်ချက်တိုလေး တစ်ခု ပေးဖို့ကိုပဲ အရင်ဆုံး ပန်းတိုင်ထားကြည့်ပါ။
KHRIHCCAWBUU PI KYA LUKHEIT TE LUKHEIT THAW PYAKUH OH
9. Alepaw Khrihccawbuu hae kya paw ruunaw hae mou a ung kho?
၉ ကြေညာသူ များတဲ့ အသင်းတော်တွေမှာ နောက်အခက်အခဲတစ်မျိုး ရှိတယ်။ မှတ်ချက်ပေးမယ့် ညီအစ်ကို/မ များလို့ သင် သိပ်အခေါ်မခံရတာ ဖြစ်နိုင်တယ်။ ဥပမာ၊ ညီအစ်မ ဒန်ယယ်ဟာ အစည်းအဝေးတွေမှာ မှတ်ချက်ပေးရတာ သိပ်ကြိုက်တယ်။c ဝတ်ပြုမှု ကဏ္ဍတစ်ခု၊ တခြားသူတွေကို အားပေးနိုင်တဲ့ နည်း၊ ကိုယ်တိုင်ရဲ့ ယုံကြည်ခြင်း ခိုင်မာအောင် လုပ်နိုင်တဲ့ နည်းလို့ သဘောထားတယ်။ ဒါပေမဲ့ အသင်းတော်ကြီးကို ပြောင်းသွားတော့ လက်ထောင်တဲ့အခါ သိပ်အခေါ်မခံရတော့ဘူး။ တစ်ခါတလေဆိုရင် အစည်းအဝေးသာ ပြီးသွားတယ်။ တစ်ခါလေးတောင် မှတ်ချက်မပေးလိုက်ရဘူး။ “အားမလို အားမရ ဖြစ်မိတယ်။ . . . အခွင့်အရေး ဆုံးရှုံးသလို ခံစားရတယ်။ ကြာလာတော့ တမင်သက်သက် မခေါ်တာများလားလို့တောင် တွေးမိလာတယ်” လို့ ပြောတယ်။
10. Aphi patae pya kho nawlang pawmou cyi kho athua?
၁၀ ညီအစ်မ ဒန်ယယ်လို သင် ခံစားဖူးသလား။ အဲဒီလို ခံစားရတယ်ဆိုရင် လက်မထောင်ချင်တော့တာ၊ အစည်းအဝေးမှာ နားထောင်ရုံပဲ နားထောင်ချင်တော့တာမျိုး ဖြစ်လာနိုင်တယ်။ မှတ်ချက်မပေးတော့ဘူးလို့တော့ မတွေးလိုက်ပါနဲ့။ ဘာလုပ်လို့ ရသလဲ။ အစည်းအဝေးတိုင်းအတွက် မှတ်ချက် အများကြီး ပြင်ထားလို့ ရတယ်။ ဒါဆိုရင် အစည်းအဝေး အစပိုင်းမှာ မှတ်ချက်မပေးရရင်လည်း နောက်အပိုင်းတွေမှာ မှတ်ချက်ပေးဖို့ အခွင့်အရေး ရှိနေဦးမှာ ဖြစ်တယ်။ ကင်းမျှော်စင် သင်တန်းအတွက် ပြင်တဲ့အခါ စာပိုဒ်တိုင်းက ဆောင်းပါးရဲ့ အဓိက အချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲဆိုတာ စဉ်းစားပါ။ ဒါဆိုရင် ဆောင်းပါးတစ်လျှောက် မှတ်ချက်ပေးစရာ တစ်ခုမဟုတ် တစ်ခု ရှိနေပါလိမ့်မယ်။ ဒါ့အပြင် နက်နဲတဲ့ ကျမ်းစာ သွန်သင်ချက်တွေ ပါတဲ့ စာပိုဒ်တွေအတွက် မှတ်ချက် ပြင်ထားနိုင်တယ်။ (၁ ကော. ၂:၁၀) ဘာကြောင့်လဲ။ အဲဒီလိုအပိုင်းတွေမှာ မှတ်ချက်ပေးသူ သိပ်မရှိတတ်လို့ပဲ။ ဒီအကြံပြုချက်တွေအတိုင်း စမ်းကြည့်တာတောင် မှတ်ချက်ပေးခွင့် မရတာ အပတ်နဲ့ချီ ကြာလာပြီဆိုရင်ကော။ အစည်းအဝေး မတိုင်ခင် သင်တန်းကိုင်သူဆီ သွားပြီး မှတ်ချက်ပေးချင်တဲ့ စာပိုဒ်ကို ပြောပြထားနိုင်တယ်။
11. Filipi 2:4 kya pawtemou thaw yn pya?
၁၁ ဖိလိပ္ပိ ၂:၄ ကို ဖတ်ပါ။ သူတစ်ပါးအကျိုးကို ထည့်စဉ်းစားပေးဖို့ ခရစ်ယာန်တွေကို တမန်တော် ပေါလု အားပေးထားတယ်။ အစည်းအဝေးတွေမှာ ဒီအကြံပြုချက်ကို ဘယ်လို လက်တွေ့ကျင့်နိုင်သလဲ။ ကိုယ့်လိုပဲ တခြားသူတွေလည်း မှတ်ချက်ပေးချင်ကြတယ်ဆိုတာ သတိရခြင်းအားဖြင့်ပါ။
စကားပြောတဲ့အခါ တခြားသူတွေကို ဝင်ပြောခွင့် ပေးသလို အစည်းအဝေးမှာ တခြားသူတွေကို မှတ်ချက်ပေးခွင့် ပေးပါ (စာပိုဒ် ၁၂ ကို ကြည့်ပါ)
12. Pungkunaw kya ming ccangpaw hae kha thawpya kho nawpaw zia tuh pawmou? (Sahkhung kha do.)
၁၂ ဥပမာ၊ မိတ်ဆွေတွေနဲ့ စကားပြောတဲ့အခါ ကိုယ်တစ်ယောက်တည်း ဒိုင်ခံ ပြောမလား။ မပြောဘူး။ တခြားသူတွေကို ဝင်ပြောခွင့် ပေးမှာပဲ။ အဲဒီလိုပဲ အစည်းအဝေးမှာ ကျွန်တော်တို့ လူများနိုင်သမျှ များများကို မှတ်ချက်ပေးခွင့် ရစေချင်ကြတယ်။ ညီအစ်ကို/မတွေကို အားပေးနိုင်တဲ့ အကောင်းဆုံး နည်းတစ်နည်းက သူတို့ရဲ့ ယုံကြည်ချက်ကို ထုတ်ပြောဖို့ အခွင့်အရေး ပေးတာပဲ။ (၁ ကော. ၁၀:၂၄) နည်းလမ်းတချို့ ဆွေးနွေးကြရအောင်။
13. Ccungccaw patae aphi pya kho nawlang pawmou cyi kho lang?
၁၃ တစ်နည်းကတော့ တိုတိုတုတ်တုတ် မှတ်ချက်ပေးခြင်းပါ။ ဒါဆိုရင် လူများများ မှတ်ချက်ပေးဖို့ အချိန်ထွက်လာမယ်။ ဒီကဏ္ဍမှာ အကြီးအကဲတွေ၊ ဝါရင့် ကြေညာသူတွေ စံနမူနာ ပြနိုင်တယ်။ မှတ်ချက်တိုတယ်ဆိုရင်တောင် အချက် အများကြီး ထည့်မပြောပါနဲ့။ တစ်ပိုဒ်လုံး ခြုံဖြေလိုက်ရင် တခြားသူတွေ ဖြေစရာ မကျန်ဘဲ ဖြစ်သွားမယ်။ ဥပမာ၊ ဒီစာပိုဒ်မှာ အကြံပြုချက် နှစ်ခု ပါတယ်။ တိုတိုတုတ်တုတ် ဖြေဖို့နဲ့ အချက် အများကြီး ခြုံမဖြေဖို့။ တကယ်လို့ ဒီစာပိုဒ်အတွက် မှတ်ချက်ပေးဖို့ သင် ဦးဆုံး အခေါ်ခံရတယ်ဆိုရင် တစ်ချက်ပဲ ဖြေပါ။ ဒါဆိုရင် နောက်တစ်ယောက် ဖြေစရာ ကျန်မယ်။
ဘယ်လို အခြေအနေမျိုးမှာ လက်မထောင်ဘဲ နေကြမလဲ (စာပိုဒ် ၁၄ ကို ကြည့်ပါ)f
14. Vaehozeih mou kuih hanglang cipaw byapae nawlang pawnynhmou yn bung cih? (Sahkhung kha do.)
၁၄ ဘယ်နှခါ လက်ထောင်မယ်ဆိုတာ ဆုံးဖြတ်တဲ့အခါ ချင့်ချိန်မှု ရှိရမယ်။ ခဏခဏ လက်ထောင်နေတယ်ဆိုရင် တခြားသူတွေကို မခေါ်ရသေးပေမဲ့ သင်တန်းကိုင်သူက မကောင်းတတ်လို့ ကိုယ့်ကို ခေါ်လိုက်ရနိုင်တယ်။ ဒါဆိုရင် တခြားသူတွေ စိတ်ဓာတ်ကျလာမယ်။—ဒေ. ၃:၇။
15. (a) Aphi pya lang yn ko khyh hae ze pawtemou liaru lang a ccang? (b) Rawvianaw akyngtupaw nynh ccungccaw miakaw tungvaw ngaethyaungsahkunaw kha pawtemou a langsah kho? (“Akyngtupaw Hanglang Langhroinaw” cihkupaw ringpali kueh kha do.)
၁၅ ညီအစ်ကို/မ အများကြီး လက်ထောင်တဲ့အခါ ကျွန်တော်တို့ ခဏခဏ အခေါ်ခံရချင်မှ ခံရမယ်။ တစ်ခါတလေ လုံးဝ အခေါ်မခံရတာတောင် ဖြစ်နိုင်တယ်။ စိတ်ဓာတ်ကျချင်စရာပါပဲ။ ဒါပေမဲ့ အခေါ်မခံရတဲ့အခါ စိတ်မဆိုးသင့်ဘူး။—ဒေ. ၇:၉။
16. Aphi a pyatu hae kha pawtemou thawpya kho athua?
၁၆ ကိုယ် ဆန္ဒရှိသလောက် မှတ်ချက်မပေးရရင်လည်း တခြားသူတွေ မှတ်ချက်ပေးတာ သေသေချာချာ နားထောင်နိုင်တယ်။ အစည်းအဝေး ပြီးသွားတဲ့အခါ မှတ်ချက်အတွက် ချီးမွမ်းပေးနိုင်တယ်။ ချီးမွမ်းပေးတာက မှတ်ချက်ပေးသလောက်ကို ညီအစ်ကို/မတွေအတွက် အားပေးမှု ဖြစ်စေတယ်။ (ပညာ. ၁၀:၂၁) ချီးမွမ်းပေးခြင်းဟာ အချင်းချင်း အားပေးနိုင်တဲ့ နောက်နည်းတစ်နည်းပါပဲ။
LUKHEIT TE LUKHEIT THAWPYAKUH KHO NAWPAW CCANGPAW AKONGLANG HAE
17. (a) Ccaw hae kha mih kumte a ngaekuhpaw aphi hae pawtemou paccyn pya kho lang hae? (b) Video kya-e hawte, aphi paccynkuh kho nawpaw zia ziapali tuh pawhaemou? (Akaw lang-e ccaesahnaw kha do.)
၁၇ အစည်းအဝေးတွေမှာ အချင်းချင်း ဘယ်လို အားပေးနိုင်သေးသလဲ။ သင်ဟာ မိဘဆိုရင် ကိုယ့်သားသမီးတွေကို အသက်အရွယ်နဲ့ လိုက်တဲ့ မှတ်ချက်တွေ ပြင်ပေးနိုင်တယ်။ (မ. ၂၁:၁၆) တစ်ခါတလေ အိမ်ထောင်ရေး ကိစ္စ၊ ကိုယ်ကျင့်တရား ကိစ္စလိုမျိုး လေးနက်တဲ့ အကြောင်းအရာတွေ ဆွေးနွေးလေ့ရှိတယ်။ ဒါပေမဲ့ ကလေးတွေ မှတ်ချက်ပေးလို့ ရတဲ့ စာပိုဒ် တစ်ပိုဒ်၊ နှစ်ပိုဒ်တော့ ရှိနိုင်ပါတယ်။ လက်ထောင်တိုင်း အခေါ်ခံရချင်မှ ခံရမယ်ဆိုတာကို သားသမီးတွေ နားလည်အောင် ရှင်းပြထားပါ။ အဲဒီလို ရှင်းပြထားတာက ကိုယ့်ကို မခေါ်ဘဲ တခြားသူတွေကို ခေါ်တဲ့အခါ စိတ်ဓာတ်မကျဖို့ ကူညီပေးတယ်။—၁ တိ. ၆:၁၈။d
18. Aphi pya vae ze maw kha yn peki nawlang hae cipaw kha pawtemou sihaekuh kho lang? (Phungtangbya 27:2)
၁၈ ကျွန်တော်တို့အားလုံး ယေဟောဝါကို ဂုဏ်တင်ရာရောက်မယ့်၊ ညီအစ်ကို/မတွေကို အားပေးရာရောက်မယ့် မှတ်ချက်တွေ ပြင်နိုင်ပါတယ်။ (ပညာ. ၂၅:၁၁) ရံဖန်ရံခါ ကိုယ်ပိုင် တွေ့ကြုံမှု ထည့်ပြောနိုင်ပေမဲ့ ကိုယ့်အကြောင်း အများကြီး ပြောတာမျိုး ရှောင်သင့်တယ်။ (ပညာအလိမ္မာ ၂၇:၂ ကို ဖတ်ပါ။ ၂ ကော. ၁၀:၁၈) ယေဟောဝါဘုရား၊ ဘုရားရဲ့ တရားစကား၊ ဘုရားလူမျိုးအကြောင်း ပိုအလေးပေးသင့်တယ်။ (ဗျာ. ၄:၁၁) စာပိုဒ်ရဲ့ မေးခွန်းကိုယ်နှိုက်က ကိုယ့်အကြောင်း ဖြေခိုင်းတာဆိုရင်တော့ ဖြေသင့်ပါတယ်။ ဥပမာ၊ နောက်စာပိုဒ်မှာဆိုရင် အဲဒီလိုပဲ မေးထားတယ်။
19. (a) A pungkuhpaw miakaw tungvaw ngaethyaungsahkunaw langsah langze paw thanenaw mou a ung cih? (Rom 1:11, 12) (b) Pungkunaw hae kya aphi pyanawte asekuhte pawkhamou na ry?
၁၉ မှတ်ချက်ပေးတာနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းရယ်လို့ မရှိပေမဲ့ အချင်းချင်းအတွက် အားရှိစရာ ဖြစ်စေသင့်တယ်။ ဥပမာ၊ လူနည်းတယ်ဆိုရင် ခဏခဏ မှတ်ချက်ပေးနိုင်တယ်။ လူများတယ်ဆိုရင် ရသလောက် အခွင့်အရေးနဲ့ ကျေနပ်နိုင်တယ်။ တခြားသူတွေ မှတ်ချက်ပေးခွင့် ရလို့ ဝမ်းသာပေးနိုင်တယ်။ အသင်းတော် အစည်းအဝေးတွေမှာ သူတစ်ပါးအကျိုး ထည့်စဉ်းစားပေးမယ်ဆိုရင် ကျွန်တော်တို့အားလုံး “အပြန်အလှန် အားပေးခွင့်” ရကြပါလိမ့်မယ်။—ရောမ ၁:၁၁၊ ၁၂ ကို ဖတ်ပါ။
LAW 93 အစည်းအဝေးတွေကို ကောင်းချီးပေးပါ
a အစည်းအဝေးတွေမှာ မှတ်ချက်ပေးတာက အချင်းချင်း အားပေးရာရောက်တယ်။ ဒါပေမဲ့ တချို့က မှတ်ချက်ပေးရမှာ ကြောက်ကြတယ်။ တချို့ကျတော့ မှတ်ချက်ပေးရတာ ကြိုက်လွန်းလို့ ခဏခဏ အခေါ်ခံချင်ကြတယ်။ ညီအစ်ကို/မအားလုံး အားပေးမှု ရစေဖို့ အချင်းချင်း ထောက်ထားစာနာကြောင်း ဘယ်လို ပြနိုင်သလဲ။ မေတ္တာစိတ် ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ ညီအစ်ကို/မတွေကို တိုက်တွန်းအားပေးရာရောက်မယ့် မှတ်ချက်မျိုး ဘယ်လို ပေးနိုင်သလဲ။ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
b ထပ်ဆင့် အကြံပြုချက်တွေကို ၂၀၁၉၊ ဇန်နဝါရီ ကင်းမျှော်စင် စာ. ၈-၁၃၊ ၂၀၀၃၊ စက်တင်ဘာ ၁ ကင်းမျှော်စင် စာ. ၂၅-၂၈ မှာ ကြည့်ပါ။
c အမည်လွှဲများ။
d ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်ပါ— မှတ်ချက် ပေးဖို့ ပြင်ဆင်ပါ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။
f ပုံအညွှန်း– အသင်းတော်ကြီးတစ်ခုမှာ မှတ်ချက်ပေးပြီးသား ညီအစ်ကိုတစ်ယောက် တခြားသူတွေကို မှတ်ချက်ပေးဖို့ အခွင့်အရေးပေး။