Rawvianaw ONLINE LIBRARY
Rawvianaw
ONLINE LIBRARY
Chin (Zotung)
  • BAEBU
  • CCAH-UH HAE
  • PUNGKUNAW HAE
  • w23 April pp. 14-19
  • Tualeipaw Ruunaw Hae Teing Kho Nawlang Zahova Nynh Yn Bung

E selection hanglang video muekuh kho khyh.

Sorry, video phuinnaw kya error a ung.

  • Tualeipaw Ruunaw Hae Teing Kho Nawlang Zahova Nynh Yn Bung
  • Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
  • Abalu dihpaw hae
  • BAEBU SHE DOSUINKUH LANGPAW HAE
  • ATU SHE DOSUINKUH LANGPAW HAE
Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
w23 April pp. 14-19

HOKU LANGPAW ABALU 17

Tualeipaw Ruunaw Hae Teing Kho Nawlang Zahova Nynh Yn Bung

“Miding tuh vawsawnaw patae a teing, thuasalama BAWIPAW nynh khah-e vawsawnaw balyn kyate a luesah.”—SAM. 34:19.

LAW 44 နိမ့်ကျသူရဲ့ ဆုတောင်း​စကား

အကြို​သုံးသပ်ချက်a

1. Pawmou ah zyn kho oh?

ဘုရား​လူမျိုး ဖြစ်လို့ ကိုယ့်ကို ယေဟောဝါ ချစ်မှန်း၊ အကောင်းဆုံး အသက်တာ ပိုင်ဆိုင်​စေချင်​မှန်း ကျွန်တော်တို့ စိတ်ချကြတယ်။ (ရော. ၈:၃၅-၃၉) ကျမ်းစာမူတွေကို လိုက်လျှောက်​ရင် အမြဲ အကျိုးရမယ်ဆိုတာလည်း ယုံကြတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ဒါပေမဲ့ မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကြုံရတဲ့အခါ ဘာလုပ်မလဲ။

2. Paw ruunaw vawsawnaw hae mou ah tung kho oh, pawtemou a tuakuh kho?

၂ ယေဟောဝါရဲ့ ကျေးကျွန်​အားလုံး အခက်အခဲတွေ ကြုံကြရတယ်။ မိသားစုဝင် တစ်ယောက်ယောက်​ကြောင့် စိတ်​ဆင်းရဲ​ရတာ၊ ကျန်းမာရေး ပြဿနာ အကြီးအကျယ် ကြုံရ​လို့ ဆန္ဒ​ရှိသလောက် အမှုတော်မှာ မပါဝင်နိုင်တော့တာ၊ သဘာဝ ဘေး​သင့်​တာ၊ ယုံကြည်ချက်ကြောင့် နှိပ်စက်​ညှဉ်းပန်းခံရတာ ဖြစ်နိုင်တယ်။ ဒါတွေ ကြုံရတဲ့အခါ ‘ငါ့ကျမှ ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ငါ ဘာ​အမှား လုပ်မိလို့လဲ။ ယေဟောဝါ ကောင်းချီး မ​ပေးတော့​လို့​များ​လား’ လို့ တွေးမိနိုင်တယ်။ စိတ်ဓာတ်​မကျပါနဲ့။ ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန် တော်တော်​များများ အဲဒီလို ခံစားခဲ့ကြရတယ်။—ဆာ. ၂၂:၁၊ ၂။ ဟဗ. ၁:၂၊ ၃။

3. Sam 34:19 kyate pawmou ah ny oh?

၃ ဆာလံ ၃၄:၁၉ ကို ဖတ်ပါ။ ဆာလံ​ကျမ်း​ထဲက အချက် နှစ်ချက်ကို သတိပြုပါ။ (၁) ဖြောင့်မတ်သူတွေ အခက်အခဲ ကြုံကြရတယ်။ (၂) အခက်အခဲတွေ​ကနေ ယေဟောဝါ ကယ်တင်​တယ်။ ဘယ်လို ကယ်တင်​ပေးသလဲ။ တစ်နည်းကတော့ ကိစ္စရပ်တွေကို အ​ရှိ​ကို အရှိအတိုင်း လက်ခံတတ်​ဖို့ ကူညီပေးခြင်း​ပါ။ မိမိကို ဝတ်ပြု​ရင် ပျော်ရွှင်​မယ်​လို့ ကတိ​ပေးပေမဲ့ အပူအပင် ကင်းတဲ့​ဘဝ ရမယ်လို့တော့ အာမ မခံ​ထား​ဘူး။ (ဟေရှာ. ၆၆:၁၄) ဘုရား ရည်ရွယ်ထားတဲ့ ဘဝမျိုး ထာဝစဉ် ပိုင်ဆိုင်​ရမယ့် အနာဂတ်​ကို အာရုံစိုက်ဖို့ ကူညီပေးတယ်။ (၂ ကော. ၄:၁၆-၁၈) ဒီအတောအတွင်း တစ်ရက်ပြီး တစ်ရက် ရှေ့ဆက်နိုင်ဖို့ ကူညီပေးတယ်။—မြည်. ၃:၂၂-၂၄။

4. E abalu kya pawkongmou hokuh lang oh?

၄ မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကျွန်တော်တို့ ရင်ဆိုင်​ရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်​ကိုးစားမယ်ဆိုရင် ဘုရား အမြဲ ထောက်မ​ပေးမယ်။ (ဆာ. ၅၅:၂၂) ကျမ်းစာ​ခေတ်​နဲ့ ဒီနေ့ခေတ် သစ္စာရှိ ကျေးကျွန်တွေရဲ့ စံနမူနာ​ကနေ ဘာသင်ယူနိုင်ကြောင်း လေ့လာ​ကြည့်ကြစို့။ လေ့လာတဲ့အခါ ‘ငါ​သာ သူတို့​နေရာမှာ​ဆိုရင် ဘယ်လို​လုပ်မလဲ။ ယေဟောဝါကို ပိုယုံကြည်​ကိုးစားဖို့ သူတို့ရဲ့ ပုံသက်သေ​က ဘယ်လို ကူညီပေးသလဲ။ ငါ့​ဘဝမှာ ဘယ်လို လက်တွေ့​ကျင့်သုံး​နိုင်မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

BAEBU SHE DOSUINKUH LANGPAW HAE

သိုး၊ ဆိတ်တွေကို မိသားစု၊ ကျွန်တွေနဲ့အတူ ယာကုပ် ရေတိုက်နေ။

ကလိမ်ကျ​တဲ့ ဦး​ကြီး လာ​ဗန်​ဆီ​မှာ အလုပ်​လုပ်ပေး​ရတဲ့ အနှစ် ၂၀ လုံးလုံး ယာကုပ်ကို ယေဟောဝါ ကောင်းချီးပေး (စာပိုဒ် ၅ ကို ကြည့်ပါ)

5. Laban keiccu Jakop paw piahccahnaa mou a tung? (Sahkhung kha do.)

၅ ကျမ်းစာ​ခေတ်က ယေဟောဝါရဲ့ ကျေးကျွန်တွေ​လည်း မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကြုံကြရတယ်။ ဥပမာ၊ လာ​ဗန်​ရဲ့ သမီးတစ်ယောက်ကို ယူဖို့ ယာကုပ်​ကို ဖခင်​ဖြစ်သူ ပြောတယ်။ ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးမယ်လို့လည်း ပြောတယ်။ လာ​ဗန်​လည်း ယေဟောဝါကို ကိုးကွယ်တဲ့​သူပဲ။ (က. ၂၈:၁-၄) ဒါကြောင့် ဖခင် ပြောတဲ့​အတိုင်း ခါနန်ပြည်က​နေ ထွက်​ပြီး လာ​ဗန် ရှိတဲ့​နေရာကို ယာကုပ် ခရီးနှင်တယ်။ လာ​ဗန်​မှာ လေအာ​နဲ့ ရာခေလ​ဆိုတဲ့ သမီးနှစ်ယောက် ရှိတယ်။ သမီး​ငယ် ရာခေလ​ကို ယာကုပ် ချစ်​သွားတယ်။ ဒါကြောင့် ရာခေလ​ကို လက်ထပ်​ဖို့ ခုနစ်နှစ် အလုပ်​လုပ်ပေးမယ်လို့ လာ​ဗန်​ကို ကတိ​ပေးလိုက်တယ်။ (က. ၂၉:၁၈) ဒါပေမဲ့ ယာကုပ် မျှော်လင့်​သ​လို ဖြစ်​မ​လာ​ခဲ့ဘူး။ လာ​ဗန် လှည့်စား​ပြီး သမီးကြီး လေအာ​နဲ့ ပေး​စားလိုက်တယ်။ တစ်ပတ်​ကြာပြီးနောက် ရာခေလ​နဲ့ ပေးစားပေမဲ့ နောက်ထပ် ခုနစ်နှစ် အလုပ်လုပ်​ခိုင်းတယ်။ (က. ၂၉:၂၅-၂၇) စီးပွားရေး​ကိစ္စတွေမှာ​လည်း ကလိမ်ကျ​တယ်။ အနှစ် ၂၀ လုံးလုံး ယာကုပ်ကို ခေါင်းပုံဖြတ်​တယ်။—က. ၃၁:၄၁၊ ၄၂။

6. Ccangpaw paw piahccahnaa hae mou Jakop a tung?

၆ တခြား​ပြဿနာတွေလည်း ယာကုပ် ကြုံရတယ်။ ယာကုပ်ရဲ့ မိသားစုက ကြီးတယ်။ သားတွေ မတည့်ကြဘူး။ ညီ​အရင်း ယောသပ်​ကို​တောင် ကျွန်​အဖြစ် ရောင်းစား​ကြတယ်။ သား ရှိမောင်​နဲ့ လေဝိ​ရဲ့ လုပ်ရပ်ကြောင့် မိသားစု​နာမည် ပျက်ရတယ်။ ယေဟောဝါ​နာမ ထိခိုက်​တယ်။ ဒါ့အပြင် ချစ်ဇနီး ရာခေလ ဒုတိယ​သား မွေး​ရင်း မီး​တွင်း​ထဲ​မှာ ဆုံးသွား​တယ်။ တိုင်းပြည်မှာ အငတ်ဘေး ဆိုက်​လို့ အသက်ကြီးခါမှ ယာကုပ် အီဂျစ်​ပြည်ကို ပြောင်းရွှေ့​ရတယ်။—က. ၃၄:၃၀။ ၃၅:၁၆-၁၉။ ၃၇:၂၈။ ၄၅:၉-၁၁၊ ၂၈။

7. Zahova nynh Jakop kha maehoi pawtemou a pya?

၇ အခက်အခဲတွေ ယာကုပ် ကြုံရပေမဲ့ ယေဟောဝါအပေါ်၊ ဘုရား​ကတိတွေ​အပေါ် တစ်ခါမှ အယုံအကြည် မပျက်​ခဲ့ဘူး။ ယေဟောဝါ​လည်း ယာကုပ်ကို မျက်နှာသာ ပြတယ်။ လာ​ဗန် ကလိမ်ကျပေမဲ့ ယာကုပ် ကြီးပွားလာအောင် ကောင်းချီးပေးတယ်။ သေပြီလို့ ထင်တဲ့ သား​ယောသပ်နဲ့ ပြန်​ဆုံတွေ့​ရတဲ့အခါ ယေဟောဝါကို ယာကုပ် သိပ်ကျေးဇူးတင်​နေ​မှာ​ပဲ။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခြင်းက အခက်အခဲတွေကို အောင်အောင်မြင်မြင် ခံရပ်နိုင်ဖို့ ယာကုပ်ကို ကူညီပေးတယ်။ (က. ၃၀:၄၃။ ၃၂:၉၊ ၁၀။ ၄၆:၂၈-၃၀) ကျွန်တော်တို့လည်း ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိမယ်ဆိုရင် မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကြုံတဲ့အခါ အောင်အောင်မြင်မြင် ရင်ဆိုင်နိုင်မယ်။

8. Siapharang David nynh pawmou a cyi ry?

၈ ဘုရင် ဒါဝိဒ်​ဟာ ယေဟောဝါရဲ့ ဝတ်ပြုရေး​အတွက် စိတ်​ရှိသလောက် လုပ်​ခွင့် မရခဲ့ဘူး။ တကယ်ဆိုရင် ယေဟောဝါ​အတွက် ဗိမာန်တော်ကို သိပ်ဆောက်ပေးချင်တာ။ ဒီအကြောင်း ပရောဖက် နာသန်​ကို ပြောပြတော့ “စစ်မှန်တဲ့ ဘုရားသခင်ဟာ မင်းကြီး​နဲ့​အတူ ရှိတဲ့အတွက် ဆန္ဒရှိတဲ့​အတိုင်းသာ လုပ်ပါ” လို့ ပြန်ပြောတယ်။ (၁ ရာ. ၁၇:၁၊ ၂) ဒါဝိဒ် သိပ်​အားတက်​သွားမှာပဲ။ ဒါနဲ့ စီမံကိန်း စ​ဖို့ အစီအစဉ်တွေ ဆွဲတော့တယ်။

9. Tualeipaw thungpang a thae tuh David nynh pawtemou a liaru?

၉ မကြာခင်​မှာ​ပဲ ပရောဖက် နာသန်​ဆီ​က မျှော်လင့်မထားတဲ့ သတင်း ကြားလိုက်ရတယ်။ ဗိမာန်တော်ကို ဒါဝိဒ် ဆောက်ခွင့်မရဘူး၊ ဒါဝိဒ်ရဲ့ သားတွေ​ထဲက တစ်ယောက် ဆောက်ရမယ်လို့ “အဲဒီ​ညမှာ​ပဲ” နာသန်​ကတစ်ဆင့် ယေဟောဝါ ပြောတယ်။ (၁ ရာ. ၁၇:၃၊ ၄၊ ၁၁၊ ၁၂) ဒီ​သတင်း ကြားပြီးနောက် ဒါဝိဒ် ဘာလုပ်သလဲ။ အစီအစဉ် ပြောင်း​လိုက်တယ်။ စီမံကိန်း​အတွက် သားတော် ရှောလမုန် လိုအပ်​မယ့် ငွေကြေး​နဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ စုဆောင်း​ပေးတယ်။—၁ ရာ. ၂၉:၁-၅။

10. Zahova nynh David kha pawtemou hythuanaw a pya?

၁၀ ဗိမာန်တော် ဆောက်လုပ်​ရမှာ မဟုတ်ကြောင်း ယေဟောဝါ အသိပေးပြီးတာနဲ့ ချက်ချင်း ဒါဝိဒ်နဲ့ ပဋိညာဉ် ဖွဲ့တယ်။ ဒါဝိဒ်ရဲ့ မျိုးနွယ်​က ဆင်းသက်လာ​သူ တစ်ယောက် ထာဝစဉ် အုပ်ချုပ်​ရမယ်လို့ ကတိ​ပေးတာ​ပါ။ (၂ ရှ. ၇:၁၆) ကမ္ဘာသစ် ရောက်တဲ့အခါ အနှစ်တစ်ထောင် အုပ်စိုးရှင် ဘုရင် ယေရှုဟာ မိမိရဲ့​မျိုးနွယ်​က ဆင်းသက်လာ​မှန်း ဒါဝိဒ် သိလိုက်ရလို့ ဘယ်လောက်တောင် ပျော်လိုက်မလဲ။ ကိုယ်​စိတ်ကူး​ထားတဲ့​အတိုင်း ဘုရား အမှု​မဆောင်နိုင်​ရင်တောင် ကိုယ့်အတွက် ဘုရား ရည်ရွယ်ထားတဲ့ တခြား​ကောင်းချီးတွေ ရှိနေနိုင်တယ်ဆိုတာ သတိရပါ။

11. Ngaehoi ccyh kya Peenaw yn thua khyh zemah she kheitnaw Khrihccaw hae pawtemou hythuanaw a mue hae? (Locceihtu 6:7)

၁၁ ပထမရာစု ခရစ်ယာန်တွေ​လည်း မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကြုံကြရတယ်။ ဥပမာ၊ ဘုရားနိုင်ငံတော် လာမယ်​ဆိုတာ သိပေမဲ့ ဘယ်အချိန် လာမလဲ မသိကြဘူး။ (တ. ၁:၆၊ ၇) သူတို့ ဘာလုပ်သလဲ။ ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များ​နေကြတယ်။ တရားစကား ပိုပျံ့နှံ့လာတဲ့အတွက် ယေဟောဝါ ကူညီပေးနေကြောင်း မြင်တွေ့​လာတယ်။—တမန်တော် ၆:၇ ကို ဖတ်ပါ။

12. Ccakhangnaw tung ccyh kya she kheitnaw Khrihccaw hae pawmou la cyi hae?

၁၂ တစ်ခါက “မြေတစ်ပြင်လုံးမှာ” အကြီးအကျယ် အငတ်ဘေး ဆိုက်​တယ်။ (တ. ၁၁:၂၈) ပထမရာစု ခရစ်ယာန်တွေ​လည်း အငတ်ဘေး ကြုံရတယ်။ အငတ်ဘေး ဆိုးရွား​လွန်းလို့ သိပ်​ခက်​ကြ​မှာ​ပဲ။ မိသားစုကို ဘယ်လို ထောက်ပံ့​ရမလဲ​ဆိုပြီး အိမ်ထောင်ဦးစီး​တွေ စိုးရိမ်မိနိုင်တယ်။ အမှုဆောင်​လုပ်ငန်း တိုးချဲ့ဖို့ ပန်းတိုင်​ထားတဲ့ လူငယ်တွေလည်း အခြေအနေ​ကောင်းမှ​ပဲ ပြန်အမှုဆောင်တော့မယ်လို့ စဉ်းစားမိနိုင်တယ်။ ဒါပေမဲ့ လက်ရှိ​အခြေအနေနဲ့အညီ လိုက်လျောညီထွေ ပြောင်းလဲ​ကြတယ်။ တတ်​နိုင်သလောက် ဆက်​ဟောပြောတယ်။ ပိုင်ဆိုင်ရာတွေကို ယုဒပြည်မှာ​ရှိတဲ့ ညီအစ်ကို/မတွေနဲ့​အတူ ဝမ်းမြောက်ဝမ်းသာ မျှဝေ​သုံးစွဲ​ကြတယ်။—တ. ၁၁:၂၉၊ ၃၀။

13. Ccakhangccinaw tung ccyh laku Khrihccaw hae paw hythuanaw mou a mue hae?

၁၃ အငတ်ဘေး ကာလအတွင်း ခရစ်ယာန်တွေ ဘာကောင်းချီး ခံစားရသလဲ။ ကယ်ဆယ်ရေး အထောက်အပံ့ ပစ္စည်းတွေ ရလို့ ယေဟောဝါ ကူညီပေးနေကြောင်း မြင်တွေ့ရတယ်။ (မ. ၆:၃၁-၃၃) ကူညီပေးနေတဲ့ ညီအစ်ကို/မတွေနဲ့​လည်း ပိုရင်းနှီး​လာကြ​မှာ​ပဲ။ အလှူငွေ ထည့်ဝင်တဲ့​သူ​ရော ကယ်ဆယ်ရေး လုပ်ငန်းမှာ ပါ​ဝင်တဲ့သူတွေ​ပါ ပေးကမ်း​လို့ ပျော်ရွှင်ကြတယ်။ (တ. ၂၀:၃၅) အခြေအနေနဲ့အညီ အလိုက်သင့် ပြောင်းလဲ​သူ​တိုင်း​ကို ယေဟောဝါ ကောင်းချီးပေးတယ်။

14. Barnabas te zuitu Paul nynh pawmou a tung hae, pawmou a cyikuh? (Locceihtu 14:21, 22)

၁၄ ပထမရာစု ခရစ်ယာန်တွေ မကြာမကြာ နှိပ်စက်​ညှဉ်းပန်းခံရတယ်။ တစ်ခါတလေ ထင်မှတ်​မထားတဲ့​အချိန်မှာ ဖြစ်တယ်။ လုတ္တရ​မြို့မှာ ဗာနဗ​နဲ့ တမန်တော် ပေါလု ဟောပြော​ရင်း ဘာဖြစ်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ အစပိုင်းမှာ လူတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆို​ကြတယ်။ သတင်းစကားကို နားထောင်​ကြတယ်။ ဒါပေမဲ့ နောက်တော့ ဆန့်ကျင်သူတွေ ရောက်လာပြီး “လူတွေကို သွေးထိုး​တဲ့အတွက်” ပေါလု​ကို ကျောက်ခဲ​နဲ့ ပေါက်ကြတယ်။ သေပြီ အထင်နဲ့ ပစ်ထား​ခဲ့ကြတယ်။ (တ. ၁၄:၁၉) ဒါပေမဲ့ ဗာနဗ​နဲ့ ပေါလု တခြား​နေ​ရာ​မှာ ဆက်ဟောတယ်။ ဘာရလဒ် ရသလဲ။ သူတို့ရဲ့​စကား၊ ပုံသက်သေကြောင့် ယုံကြည်သူချင်းတွေ အားရှိလာကြတယ်။ လူ​အတော်များများ တပည့် ဖြစ်လာကြတယ်။ (တမန်တော် ၁၄:၂၁၊ ၂၂ ကို ဖတ်ပါ။) ဆန့်ကျင်မှု​တွေ ရုတ်တရက် ကြုံရပေမဲ့ ဗာနဗ​နဲ့ ပေါလု လက်မလျှော့​လို့ တော်တော်​များများ အကျိုး​ရသွားကြတယ်။ ကျွန်တော်တို့လည်း ယေဟောဝါရဲ့ အမှုတော်မှာ လက်မလျှော့ဘဲ ပါဝင်​နေသရွေ့ ဘုရား​ကောင်းချီး ရမယ်ဆိုတာ စိတ်ချနိုင်တယ်။

ATU SHE DOSUINKUH LANGPAW HAE

15. Unopaw A. H. Macmillan kyate pawmou ccangkuh kho athua?

၁၅ ၁၉၁၄ မှာ တစ်ခုခု ထူးခြားတာ ဖြစ်မယ်လို့ ယေဟောဝါရဲ့ လူမျိုး မျှော်လင့်ထားကြတယ်။ ဥပမာ၊ ညီအစ်ကို အေ အိတ်ချ် မက်မီလန်​ဟာ မကြာခင် ကောင်းကင်​ဆု​ကျေးဇူး ရတော့မယ်​လို့ တစ်ခေတ်တည်းသား ညီအစ်ကို/မတွေ​နည်းတူ ထင်ခဲ့တယ်။ ၁၉၁၄၊ စက်တင်ဘာလမှာ ဟောပြောချက် ပေး​တုန်းက “ဒါ ကျွန်တော့်ရဲ့ နောက်ဆုံး ဟောပြောချက်​တောင် ဖြစ်နိုင်တယ်” လို့ ပြောတယ်။ ဒါပေမဲ့ အဲဒီအတိုင်း ဖြစ်​မ​လာ​ဘူး။ “ကောင်းကင်ကို ချက်ချင်း သွားရမယ်လို့ ကျွန်တော်တို့ ကောက်ချက်ချ​တာ စောသွားပုံပဲ။ တကယ်တော့ သခင့်​အမှုတော်မှာ အလုပ်များ​နေဖို့​ပဲ လိုတာ​ပါ” လို့ ပြောတယ်။ တကယ်လည်း အလုပ်များ​နေခဲ့တယ်။ အမှုဆောင်မှာ ဇွဲရှိရှိ ပါဝင်တယ်။ ကြားနေမှုကြောင့် ထောင်ကျ​နေတဲ့ ညီအစ်ကိုတွေ​ဆီ လည်ပတ်ပြီး အားပေးတယ်။ အသက်အရွယ် ကြီးရင့်ချိန်မှာတောင် အစည်းအဝေးတွေ မှန်မှန် တက်တယ်။ ဆု​ကျေးဇူးကို စောင့်နေစဉ်အတွင်း ဘုရားအမှုတော်မှာ အလုပ်များ​နေ​လို့ ညီအစ်ကို မက်မီလန် ဘာအကျိုးရသလဲ။ “ကျွန်တော့် ယုံကြည်ခြင်း တစ်ခါမှ ယိမ်းယိုင်​မ​သွား​ဘူး” လို့ ၁၉၆၆၊ သူ မသေဆုံးခင်​မှာ ပြောတယ်။ ကျွန်တော်တို့လည်း မှန်း​ထားတာ​ထက် အခက်အခဲတွေ ပို​တာရှည်​နေ​ရင် ညီအစ်ကို မက်မီလန်​ရဲ့ သဘောထားကို တုပ​နိုင်ပါတယ်။—ဟီ. ၁၃:၇။

16. Unopaw Herbert Jenning hae zuhvaw nynh tualeipaw paw ruunaw mou a tung hae? (James 4:14)

၁၆ ညီအစ်ကို/မ တော်တော်​များများ ထင်မှတ်​မထားတဲ့ ကျန်းမာရေး ပြဿနာတွေ ကြုံရတယ်။ ဥပမာ၊ ဂါနာ​မှာ သာသနာပြု​ဘဝနဲ့ မောင်နှံစုံလိုက် ဘယ်လောက် ပျော်ခဲ့ကြောင်း ညီအစ်ကို ဟဲရ်ဘက်​ ဂျဲန်နစ်ဇ်ရဲ့ ဘဝအတ္ထုပ္ပတ္တိ​မှာ ဖော်ပြထားတယ်။b ဒါပေမဲ့ ညီအစ်ကို​မှာ စိတ်ကြွ​စိတ်ကျ​ရောဂါ ရှိကြောင်း သိလိုက်ရတယ်။ “‘မနက်ဖြန် ဘာဖြစ်လာမယ်မှန်း မသိဘူး’ လို့ ယာကုပ် ၄:၁၄ မှာ ပြော​ထားတာ သိပ်​မှန်တာ​ပဲ။ ကျွန်တော် ရုတ်တရက်​ကြီး ရောဂါ ထ​ဖြစ်တာ​ပဲ ကြည့်လေ” လို့ ညီအစ်ကို ဂျဲန်နစ်ဇ် ပြောတယ်။ (ဖတ်ပါ။) ‘ဂါနာ​နိုင်ငံ​နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကို ထားပြီး . . . [ဆေးကုသမှု ခံယူ​ဖို့] ကနေဒါကို ပြန်​ခဲ့​ရတယ်’ လို့ ပြောတယ်။ အခက်အခဲတွေ ရှိပေမဲ့ သစ္စာရှိရှိ ဆက်​အမှုဆောင်နိုင်အောင် ညီအစ်ကို ဂျဲန်နစ်ဇ်တို့ ဇနီးမောင်နှံ​ကို ယေဟောဝါ ကူညီပေးတယ်။

17. Unopaw Jenning hae ziazae keiccu ming ccangpaw hae paw thanenaw mou a mue hae?

၁၇ ဘဝအတ္ထုပ္ပတ္တိ​မှာ ကိုယ့်​အခြေအနေကို ညီအစ်ကို ဂျဲန်နစ်ဇ် အရှိအတိုင်း ပြောပြ​ထားလို့ တခြားသူတွေ အကျိုးရကြတယ်။ “ဒီဆောင်းပါး​က ကျွန်မကို လှုံ့ဆော်မှု ဖြစ်စေတယ်။ . . . ရောဂါ ကုသဖို့ ညီအစ်ကို ဂျဲန်နစ်ဇ် တာဝန်တစ်ခုကို စွန့်လွှတ်​ခဲ့​တဲ့​အကြောင်း ဖတ်​ရတော့ ကျွန်မ​လည်း ကိုယ့်​အခြေအနေကို ဟန်ချက်ညီညီ​ မြင်တတ်လာတယ်” လို့ ညီအစ်မ​တစ်ယောက် ပြောတယ်။ ညီအစ်ကို​တစ်ယောက်​လည်း “အသင်းတော် အကြီးအကဲအဖြစ် ၁၀ နှစ်ကြာ ထမ်းဆောင်ပြီးတဲ့နောက် စိတ်ပိုင်းဆိုင်ရာ ရောဂါ​တစ်မျိုး​ကြောင့် ဒီ​အခွင့်ထူးကို စွန့်လွှတ်​ခဲ့​ရတယ်။ အသုံးမကျ​ဘူး​ဆိုတဲ့ ခံစားချက်​ကြောင့် ယေဟောဝါ​လူမျိုးတော်ရဲ့ ထူးခြားတဲ့ အောင်မြင်မှုတွေ​အကြောင်း ပြန်​ပြောလေ့​ရှိတဲ့ ဘဝအတ္ထုပ္ပတ္တိတွေ သိပ်​မဖတ်​ချင်ဘူး။ ဒါပေမဲ့ ညီအစ်ကို ဂျဲန်နစ်ဇ်ရဲ့ မဆုတ်မနစ် ဇွဲရှိ​မှု​က ကျွန်တော့်ကို စိတ်အားတက်စေတယ်” လို့ ပြောတယ်။ ဘဝက မျှော်လင့်​သ​လို ဖြစ်​မ​လာ​ရင်တောင် သစ္စာရှိရှိ ခံရပ်​မယ်​ဆိုရင် တခြားသူတွေ​အတွက် အားပေးမှု ဖြစ်နိုင်ကြောင်း ဒီတွေ့ကြုံမှုက အမှတ်ရစေတယ်။—၁ ပေ. ၅:၉။

ရုပ်ပုံ– ငွေကြေး အကြပ်အတည်း ကြုံနေရတဲ့ သားအမိနှစ်ယောက်။ ၁။ အိမ်ကလေး ဘေးမှာ ထိုင်ရင်း မဝရေစာ ပမာဏလောက်ကလေးကို စားနေကြ။ ၂။ ကယ်ဆယ်ရေး အထောက်အပံ့ ပစ္စည်းတွေ ရလို့ ပျော်ရွှင်နေကြ။

ယေဟောဝါကို ယုံကြည်​ကိုးစားမယ်ဆိုရင် မျှော်လင့်မထားတဲ့ အခက်အခဲတွေကြောင့် ယေဟောဝါနဲ့ ပို​တောင် ရင်းနှီး​လာနိုင် (စာပိုဒ် ၁၈ ကို ကြည့်ပါ)

18. Bua tangthuipaw sahkhung liate, Nigeria ram kya-e luhmaenung unonung ziazae kyate pawmou ccangkuh kho lang?

၁၈ ကိုဗစ်-၁၉ ကပ်ရောဂါ​ကြောင့် ညီအစ်ကို/မ တော်တော်​များများ ဒုက္ခရောက်ကြတယ်။ ဥပမာ၊ နိုင်ဂျီးရီးယား​နိုင်ငံက မုဆိုးမ ညီအစ်မ​တစ်ယောက်မှာ စားစရာ​နဲ့ ပိုက်ဆံ နည်းနည်းပဲ ကျန်တော့တယ်။ တစ်မနက်၊ လက်ကျန်​ဆန် ချက်​စားပြီး​ရင် ဘာစားရမလဲ​လို့ သမီး​ဖြစ်သူ မေးတယ်။ ပိုက်ဆံနဲ့ စားစရာ မကျန်တော့ပေမဲ့ ဇရတ္တ​မြို့က မုဆိုးမ​ကို တုပ​ဖို့ မိခင် ပြောတယ်။ ဒါနဲ့ နောက်ဆုံး တစ်နပ် စားပြီး ကျန်တဲ့ ကိစ္စ ယေဟောဝါ လက်ထဲ အပ်​ထားလိုက်တယ်။ (၁ ဘု. ၁၇:၈-၁၆) နေ့လယ်စာအတွက် မစဉ်းစားရသေးခင်မှာပဲ ညီအစ်ကို/မတွေ​က ကယ်ဆယ်ရေး အထောက်အပံ့တွေ လာ​ပို့ပေး​ကြတယ်။ နှစ်ပတ်​ကျော်​အတွက် လုံလောက်တဲ့ အစားအစာတွေ ပါတယ်။ ‘သားအမိ​နှစ်ယောက် ပြော​နေတာတွေကို ယေဟောဝါ နားထောင်​နေခဲ့တာ​ပဲ’ လို့ ညီအစ်မ ပြောတယ်။ ယေဟောဝါကိုသာ ယုံကြည်​ကိုးစားမယ်ဆိုရင် မျှော်လင့်မထားတဲ့ အခက်အခဲတွေကြောင့် ယေဟောဝါနဲ့ ပို​တောင် ရင်းနှီး​လာနိုင်တယ်။—၁ ပေ. ၅:၆၊ ၇။

19. Aleksey Yershov nynh pawmou a tung?

၁၉ လွန်ခဲ့တဲ့ နှစ်တွေ​မှာ နှိပ်စက်​ညှဉ်းပန်းမှုတွေ​ကို ညီအစ်ကို/မတွေ မထင်မှတ်​ဘဲ ကြုံတွေ့​ကြရတယ်။ ရုရှား​နိုင်ငံက ညီအစ်ကို အလက်ဆီ ရာရှော့ဖ်​အကြောင်း စဉ်းစားကြည့်ပါ။ ၁၉၉၄၊ ညီအစ်ကို ရာရှော့ဖ် နှစ်ခြင်းခံချိန်မှာ ယေဟောဝါ​သက်သေတွေ ဘာသာရေး လွတ်လပ်​ခွင့် တော်တော်လေး ရကြတယ်။ နောက်ပိုင်း၊ ရုရှား​နိုင်ငံရဲ့ အခြေအနေ ပြောင်းလဲသွားတယ်။ ၂၀၂၀ မှာ ညီအစ်ကို ရာရှော့ဖ်ရဲ့​အိမ် ဝင်စီး​ခံရပြီး ရှာဖွေ​ခံရတယ်။ ပိုင်ဆိုင်ရာတွေ အသိမ်းခံရတယ်။ လ​အတော်ကြာ​မှာ ရာဇဝတ်မှု​နဲ့ တရားစွဲခံရတယ်။ တစ်နှစ်​ကျော်​လောက် ကျမ်းစာ စိတ်​ဝင်​စားချင်​ယောင်ဆောင်​သူ တစ်ယောက် ရိုက်ကူး​ထားတဲ့ ဗီဒီယိုတွေကို အခြေခံပြီး တရားစွဲတာ။ သစ္စာဖောက်ခံလိုက်ရတာပါပဲ။

20. Zahova te vaeccawkunaw a tyn nawlang unopaw Yershov nynh pawmou a cyi?

၂၀ အဆိုး​ထဲက အကောင်း​ပါပဲ။ ညီအစ်ကို ရာရှော့ဖ် နှိပ်စက်​ညှဉ်းပန်းမှု ကြုံရပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေး ပိုခိုင်မာလာတယ်။ “ကျွန်တော်နဲ့ ဇနီး​က အရင်ကထက် ပို​ဆုတောင်း​ဖြစ်တယ်။ ယေဟောဝါရဲ့ အကူအညီ မပါရင် ဒီ​အခြေအနေမျိုးမှာ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။ . . . ကိုယ်ပိုင်​လေ့လာမှု​က စိတ်ဓာတ်ကျစရာ​တွေ​ကို ရင်ဆိုင်နိုင်ဖို့ ကူညီပေးတယ်။ ရှေးအချိန်က သစ္စာ​ရှိသူတွေရဲ့​အကြောင်းကို ပြန်​စဉ်းစားတယ်။ တည်တည်ငြိမ်ငြိမ်​နဲ့ ယေဟောဝါကို အားကိုး​တာက သိပ်အရေးကြီးတယ်ဆိုတာ ကျမ်းစာ​မှတ်တမ်းတွေမှာ ပါတယ်” လို့ ပြောတယ်။

21. E abalu kya pawkongmou ah ny vae oh?

၂၁ ဒီဆောင်းပါးမှာ ဘာတွေ သိခဲ့ရပြီလဲ။ တစ်ခါတလေ မျှော်လင့်မထားတာတွေ ကျွန်တော်တို့ ကြုံရ​နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်​ကိုးစားမယ်ဆိုရင် ဘုရား အမြဲ ထောက်မ​ပေးတယ်။ အဓိက ကျမ်းချက်မှာ ပြောသလို “ဖြောင့်မတ်သူဟာ အခက်အခဲ အများကြီး ကြုံရပေမဲ့ ယေဟောဝါက အခက်အခဲ​မှန်သမျှ​ကနေ သူ့ကို ကယ်တင်​တယ်။” (ဆာ. ၃၄:၁၉) အခက်အခဲတွေကို မဟုတ်ဘဲ ယေဟောဝါရဲ့ ထောက်မ​ပေးနိုင်စွမ်း​ကို ဆက်​အာရုံစိုက်​ကြပါစို့။ ဒါဆိုရင် “ကျွန်တော့်ကို အစွမ်း​ခွန်အား ပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်​နိုင်လို့ပဲ” ဆိုပြီး တမန်တော် ပေါလုလို ပြော​နိုင်​ကြပါလိမ့်မယ်။—ဖိ. ၄:၁၃။

PAWTEMOU NA PHI CIH?

  • E laephi kya a cyikuhpaw kha lehkhan kho nawlang Zahova nynh pawtemou yn bung?

  • Baebu she kya-e zyntynpaw a see hae kha Zahova nynh pawtemou a bung hae?

  • Atu she amaw a beih hae paw kha Zahova nynh pawtemou a bung hae?

LAW 38 ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်

a ဒီလောကစနစ်​မှာ မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကြုံရ​နိုင်တယ်။ ဒါပေမဲ့ သစ္စာရှိ ဝတ်ပြု​သူတွေကို ယေဟောဝါ ထောက်မ​ပေးမယ်​ဆိုတာ စိတ်ချနိုင်တယ်။ ရှေးခေတ် ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို ထောက်မ​ပေးခဲ့သလဲ။ ဒီနေ့​အချိန်မှာ ဘယ်လို ထောက်မပေးနေသလဲ။ ယေဟောဝါကို ယုံကြည်​ကိုးစားမယ်ဆိုရင် ဘုရား ကူညီပေးမယ်​ဆိုတာ ယုံကြည်​စိတ်ချနိုင်ကြောင်း ကျမ်းစာ​ခေတ်​နဲ့ ဒီနေ့ခေတ် ပုံနမူနာ​တချို့ကို သုံးသပ်​ကြည့်ကြစို့။

b ၂၀၀၀၊ ဒီဇင်ဘာ ၁ ကင်းမျှော်စင် စာ. ၂၄-၂၈ ကို ကြည့်ပါ။

    Chin (Zotung) Ccah-uh Hae (2000-2025)
    Log Out
    Log In
    • Chin (Zotung)
    • Share
    • Preferences
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • Terms of Use
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • Log In
    Share