HOKU LANGPAW ABALU 36
Phu lang Accangpaw Kha Phu Lah, Vua Lang Accangpaw Kha Vua
“Phupaw miakaw kha ccanglang dae nung oh sih lah, aening malang a umpaw ccuetaekunaw kyakhe lungsaenaw te ccue oh sih.”—HEB. 12:1.
LAW 33 သင့်ရဲ့ ဝန်ကို ယေဟောဝါဆီ ပုံအပ်ပါ
အကြိုသုံးသပ်ချက်a
1. Hebru 12:1 liate, hingnaw ccuenaw kya tae nawlang pawmou cyi lang?
ခရစ်ယာန် အသက်တာကို ပြေးပွဲနဲ့ ကျမ်းစာမှာ နှိုင်းယှဉ်ထားတယ်။ ပန်းဝင်တဲ့အထိ ပြေးသူတွေ ထာဝရ အသက်ဆု ရမယ်။ (၂ တိ. ၄:၇၊ ၈) ပန်းတိုင် နီးသည်ထက် နီးနေပြီ ဖြစ်လို့ အားကုန်ထုတ်ပြီး ဆက်ပြေးကြရမယ်။ အသက်ပြေးပွဲမှာ ပန်းဝင်တဲ့အထိ ပြေးခဲ့တဲ့ တမန်တော် ပေါလုက ပန်းဝင်နိုင်မယ့်နည်း ပြောပြတယ်။ အဲဒါကတော့ ‘ဝန်ပိစေတဲ့ အရာမှန်သမျှ ဖယ်ရှား’ ခြင်း၊ “ရှေ့မှာ ရှိတဲ့ ပြေးပွဲကို ခံနိုင်ရည်ရှိရှိ ပြေး” ခြင်းပါပဲ။—ဟီဘရူး ၁၂:၁ ကို ဖတ်ပါ။
2. ‘Aripaw phupaw vua’ cipaw tuh pawmou?
၂ ‘ဝန်ပိစေတဲ့ အရာမှန်သမျှ ဖယ်ရှား’ ရမယ်လို့ ပေါလု ပြောတယ်။ ခရစ်ယာန်တွေ ဘာဝန်မှ မထမ်းရဘူးလို့ ပြောတာလား။ မဟုတ်ပါဘူး။ မလိုအပ်တဲ့ ဝန်တွေ ဖယ်ရှားဖို့ ပြောတာပါ။ အဲဒီဝန်တွေက ပြေးပွဲမှာ အရှိန်လျော့သွားစေနိုင်တယ်။ လူပင်ပန်းစေနိုင်တယ်။ ဒါကြောင့် ခံနိုင်ရည်ရှိရှိ ပြေးနိုင်ဖို့ဆိုရင် အရှိန်လျော့စေနိုင်တဲ့ မလိုအပ်တဲ့ ဝန်တွေ ထမ်းမိနေသလားဆိုတာ သိအောင် မြန်မြန် လုပ်ရမယ်။ မြန်မြန် ဖယ်ရှားရမယ်။ ဒါပေမဲ့ ထမ်းရမယ့် ဝန်တွေ မဖယ်လိုက်မိဖို့တော့ သတိထားရမယ်။ ထမ်းရမှာတွေ ဖယ်လိုက်မိရင် ပြိုင်ပွဲ စည်းမျဉ်းနဲ့ မညီဘဲ ဖြစ်သွားမယ်။ (၂ တိ. ၂:၅) အဲဒီဝန်တွေက ဘာလဲ။
3. (a) Galati 6:5 liate, phu langpaw phupaw tuh pawmou? (b) E abalu kya pawkongmou hokuh lang oh, pawcce?
၃ ဂလာတိ ၆:၅ ကို ဖတ်ပါ။ ထမ်းရမယ့် ဝန်တစ်ခုကို ပေါလု ဖော်ပြတယ်။ “လူတိုင်း ကိုယ့်တာဝန်ကိုယ် ထမ်းရ” မယ်တဲ့။ ဘုရား ထမ်းစေချင်တဲ့ ဝန်၊ ကိုယ်တိုင် ထမ်းမှပဲ ရမယ့် ဝန်ကို ပြောနေတာ။ “ကိုယ့်တာဝန်” ထဲမှာ ဘာတွေ ပါသလဲ၊ ဘယ်လို ထမ်းရမလဲ၊ ထမ်းမိနေနိုင်တဲ့ မလိုအပ်တဲ့ ဝန်တွေက ဘာလဲ၊ ဘယ်လို ဖယ်ရှားရမလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးကြမယ်။ ကိုယ့်တာဝန်ကိုယ် ထမ်းတာ၊ မလိုအပ်တဲ့ ဝန်တွေ ဖယ်ရှားတာက အသက်ပြေးပွဲမှာ ပန်းဝင်တဲ့အထိ ပြေးနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
PHU LANGPAW PHUPAW HAE
ထမ်းရမယ့် ဝန်ထဲမှာ ဆက်ကပ်အပ်နှံခြင်း ကတိသစ္စာအတိုင်း နေတာ၊ မိသားစုမှာ ကိုယ့်တာဝန်ကိုယ် ကျေတာ၊ ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်တွေကို လက်ခံတာ ပါတယ် (စာပိုဒ် ၄-၉ ကို ကြည့်ပါ)
4. Pynpyakunaw byakingnaw tuh pawcce aripaw phupaw athua khyh? (Sahkhung kha do.)
၄ ဆက်ကပ်အပ်နှံခြင်း ကတိသစ္စာ။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံတုန်းက ဘုရားကို ဝတ်ပြုပါ့မယ်၊ အလိုတော် ဆောင်ပါ့မယ်လို့ ကတိပေးခဲ့ကြတယ်။ အဲဒီကတိ တည်ရမယ်။ ကတိအတိုင်း နေရတာ တကယ် တာဝန်ကြီးတယ်။ ဒါပေမဲ့ ဝန်ထုပ်ဝန်ပိုး မဟုတ်ဘူး။ ကျွန်တော်တို့ကို ယေဟောဝါ ဖန်ဆင်းထားတာကိုက အလိုတော် ဆောင်ဖို့ပဲ။ (ဗျာ. ၄:၁၁) မိမိကို သိကျွမ်း၊ ဝတ်ပြုချင်စိတ်၊ အလိုဆောင်ချင်စိတ် ထည့်ပေးထားတယ်။ ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းထားတယ်။ ဒါကြောင့် အလိုတော် ဆောင်တဲ့အခါ ဘုရားနဲ့ ရင်းနှီးလာတယ်။ ပျော်လာတယ်။ (ဆာ. ၄၀:၈) ဒါ့အပြင် ဘုရားအလို ဆောင်တာ၊ သားတော်နောက် လိုက်တာက “လန်းဆန်း” စေတယ်။—မ. ၁၁:၂၈-၃၀။
(စာပိုဒ် ၄-၅ ကို ကြည့်ပါ)
5. Pynpyakunaw byakingnaw tyn kho nawlang pawnynhmou yn bung kho? (1 John 5:3)
၅ ဒီဝန်ကို ဘယ်လို ထမ်းမလဲ။ အချက်နှစ်ချက်က ကူညီပေးနိုင်တယ်။ ပထမ၊ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးအောင် လုပ်ပါ။ ကိုယ့်အတွက် ဘုရား လုပ်ပေးတာတွေ၊ လုပ်ပေးမှာတွေကို စဉ်းစားခြင်းအားဖြင့် ဘုရားကို ချစ်တဲ့ မေတ္တာ တိုးစေနိုင်တယ်။ မေတ္တာ တိုးလေ ဘုရားစကား နားထောင်ဖို့ လွယ်လေ ဖြစ်လာမယ်။ (၁ ယောဟန် ၅:၃ ကို ဖတ်ပါ။) ဒုတိယ၊ ယေရှုကို အတုယူပါ။ အကူအညီ ရဖို့ ယေဟောဝါဆီ ဆုတောင်းတဲ့အတွက်၊ ရမယ့် ဆုကို အမြဲ အာရုံစိုက်တဲ့အတွက် အလိုတော်ကို ယေရှု အောင်အောင်မြင်မြင် ဆောင်နိုင်ခဲ့တယ်။ (ဟီ. ၅:၇။ ၁၂:၂) ဒါကြောင့် ယေရှုလိုပဲ ခွန်အား ရဖို့ ဘုရားဆီ ဆုတောင်းပါ။ ထာဝရ အသက် မျှော်လင့်ချက်ကို အမြဲ အာရုံစိုက်ပါ။ ဘုရားကို ချစ်တဲ့ မေတ္တာ တိုးလာတာနဲ့အမျှ၊ သားတော်ကို အတုယူတာနဲ့အမျှ ဆက်ကပ်အပ်နှံခြင်း ကတိသစ္စာ တည်ဖို့ လွယ်လာမယ်။
6. Innbyn taevue accing lang pawcce law lang accang? (Sahkhung kha do.)
၆ မိသားစု တာဝန်။ အသက်ပြေးပွဲမှာ ပြေးတဲ့အခါ ဆွေမျိုးမိဘတွေထက် ယေဟောဝါနဲ့ ယေရှုကို ပိုချစ်ရမယ်။ (မ. ၁၀:၃၇) ဒါပေမဲ့ မိသားစု တာဝန်တွေကပဲ အဟန့်အတား ဖြစ်စေသယောင်ယောင်နဲ့ တာဝန်တွေ လျစ်လျူရှုလို့ မရဘူး။ တကယ်တမ်း ဘုရားနဲ့ ခရစ်တော်ရဲ့ နှစ်သက်လက်ခံမှု လိုချင်ရင် မိသားစု တာဝန် ကျေရမှာ။ (၁ တိ. ၅:၄၊ ၈) မိသားစု တာဝန် ကျေမှ ပိုပျော်မယ်။ ခင်ပွန်းနဲ့ ဇနီး အပြန်အလှန် ချစ်ခင်လေးစားတဲ့အခါ၊ သားသမီးတွေကို မိဘတွေ မေတ္တာထား လေ့ကျင့်ပေးတဲ့အခါ၊ မိဘစကား သားသမီးတွေ နားထောင်တဲ့အခါ မိသားစုဘဝ သာယာမယ်ဆိုတာ ယေဟောဝါ သိနေလို့ပဲ။—ဧ. ၅:၃၃။ ၆:၁၊ ၄။
(စာပိုဒ် ၆-၇ ကို ကြည့်ပါ)
7. Innbyn kya maw taevue accing lang pawtemou law kho lang?
၇ ဒီဝန်ကို ဘယ်လို ထမ်းမလဲ။ သင်ဟာ ခင်ပွန်း ဖြစ်ဖြစ်၊ ဇနီး ဖြစ်ဖြစ်၊ သားသမီး ဖြစ်ဖြစ် ကျမ်းစာ အကြံဉာဏ်ကို လိုက်နာပါ။ ခံစားချက်၊ ယဉ်ကျေးမှု ထုံးစံတွေနောက် မလိုက်ပါနဲ့။ တတ်ယောင်ကားတွေ စကား နားမယောင်ပါနဲ့။ (ပညာ. ၂၄:၃၊ ၄) ကျမ်းစာ အခြေပြု စာပေတွေကနေ အကျိုးရယူပါ။ အဲဒီစာပေတွေမှာ ကျမ်းစာ အခြေခံမူတွေ ဘယ်လို လက်တွေ့ကျင့်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး အကြံပြုချက်တွေ ပါတယ်။ ဥပမာ၊ jw.org ဝက်ဘ်ဆိုက်က “မိသားစုအတွက် အကူအညီ” ဆောင်းပါးတွဲမှာ အိမ်ထောင်သည်တွေ၊ မိဘတွေ၊ ဆယ်ကျော်သက်တွေအတွက် အကြံပြုချက်တွေ ပါတယ်။b ကျမ်းစာအဆိုကို မိသားစုဝင်တွေ မလိုက်နာရင်တောင် သင် လိုက်နာဖို့ ဆုံးဖြတ်ထားပါ။ ဒါဆိုရင် သင့်မိသားစု အကျိုးရမယ်။ ဘုရားကောင်းချီး သင် ခံစားရမယ်။—၁ ပေ. ၃:၁၊ ၂။
8. Byapaenaw hae nynh maw tungvaw pawtemou thanenaw a ungsah?
၈ ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်တွေ။ လွတ်လွတ်လပ်လပ် ရွေးချယ်ဆုံးဖြတ်ခွင့် ကျွန်တော်တို့ကို ယေဟောဝါ ပေးထားတယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချပြီး ပျော်နေတာ မြင်ချင်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် အမှား ချမိလို့ ဆိုးကျိုးတွေ ကြုံရတဲ့အခါ ကာကွယ်မပေးဘူး။ (ဂလ. ၆:၇၊ ၈) ဒါကြောင့် ဆုံးဖြတ်ချက် အမှား ချမိတဲ့အခါ၊ မဆင်မခြင် ပြောမိတဲ့အခါ၊ ကမူးရှူးထိုး လုပ်မိတဲ့အခါ ကိုယ့်မိုက်ပြစ်နဲ့ကိုယ် ခံကြရတယ်။ သိစိတ် မကြည် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်အတွက် တာဝန်ယူရမယ်ဆိုတဲ့ သိစိတ်က အကျိုးရှိတယ်။ အမှား ဝန်ခံဖို့၊ အမှား ပြင်ဖို့၊ အမှား ထပ်မလုပ်ဖို့ ကူညီပေးလို့ပဲ။ ဒါဆိုရင် အသက်ပြေးပွဲမှာ ဆက်ပြေးနိုင်ပါလိမ့်မယ်။
(စာပိုဒ် ၈-၉ ကို ကြည့်ပါ)
9. Byapaenaw a sei langze pawmou cyi kho athua? (Sahkhung kha do.)
၉ ဒီဝန်ကို ဘယ်လို ထမ်းမလဲ။ အမှားကို အမှန် ပြင်လို့ မရတော့တဲ့အခါ အရှိကို အရှိအတိုင်းသာ လက်ခံလိုက်ပါ။ အချိန်တွေ နောက်ပြန်လှည့်လို့ မရဘူးဆိုတာ သတိရပါ။ ကိုယ့်အမှားအတွက် ဆင်ခြေပေးရင်း၊ ကိုယ့်ကိုယ်ကိုယ် ဒါမှမဟုတ် တခြားသူတွေကို အပြစ်တင်ရင်း အချိန်ကုန် လူပင်ပန်း မခံပါနဲ့။ အမှားကို လက်ခံပါ။ လက်ရှိမှာ အကောင်းဆုံး ကြိုးစားပါ။ အမှားအတွက် နောင်တရတယ်ဆိုရင် ယေဟောဝါဆီ နှိမ့်ချမှုရှိရှိ ဆုတောင်းပြီး အမှား ဝန်ခံပါ။ ခွင့်လွှတ်ပေးဖို့ အသနားခံပါ။ (ဆာ. ၂၅:၁၁။ ၅၁:၃၊ ၄) ကိုယ် အမှားလုပ်မိခဲ့သူတွေကို တောင်းပန်ပါ။ လိုအပ်ရင် အကြီးအကဲတွေကို အကူအညီ တောင်းပါ။ (ယာ. ၅:၁၄၊ ၁၅) အမှားကနေ သင်ခန်းစာ ယူပါ။ အမှား ထပ်မလုပ်ပါနဲ့။ ဒါဆိုရင် ယေဟောဝါ ကရုဏာ ပြမယ်၊ လိုအပ်သလို ထောက်မမယ်ဆိုတာ စိတ်ချနိုင်တယ်။—ဆာ. ၁၀၃:၈-၁၃။
“VUA” LANGPAW PHUPAW HAE
10. Athua kho leipaw hae ngaehoipaw tuh pawcce aripaw phupaw athua? (Galati 6:4)
၁၀ မဖြစ်နိုင်တာတွေ မျှော်လင့်တာ။ တခြားသူတွေနဲ့ လိုက်ယှဉ်ရင် ကိုယ်ပဲ ဝန်ပိမယ်။ (ဂလာတိ ၆:၄ ကို ဖတ်ပါ။) တစ်ချိန်လုံး ယှဉ်နေရင်တော့ မနာလိုစိတ်၊ အပြိုင်အဆိုင်စိတ်တွေပါ ဝင်လာမယ်။ (ဂလ. ၅:၂၆) တခြားသူတွေ လုပ်တာ မြင်တာနဲ့ပဲ ကိုယ့်အစွမ်းအစ၊ အခြေအနေနဲ့ လက်လှမ်းမမီတာတွေ လိုက်လုပ်ရင် မနိုင်ဝန် ထမ်းရာ ရောက်မယ်။ “မျှော်လင့်နေတဲ့အရာက ကြန့်ကြာနေရင် စိတ်အားလျော့စေတယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ပညာ. ၁၃:၁၂) ဖြစ်နိုင်တာတွေတောင် မျှော်ရတာ ကြာလို့ စိတ်အားလျော့စေတတ်တယ်ဆိုရင် မဖြစ်နိုင်တာတွေ မျှော်လင့်တာ ပိုစိတ်အားလျော့စေနိုင်တယ်။ စိတ်ပင်ပန်းပြီး အသက်ပြေးပွဲမှာ အရှိန်လျော့လာစေနိုင်တယ်။—ပညာ. ၂၄:၁၀။
11. Athua kho leipaw hae ngaehoi sei khyh nawlang pawnynhmou yn bung cih?
၁၁ ဒီဝန်ကို ဘယ်လို ဖယ်ရှားမလဲ။ ကိုယ့်ဆီကနေ ယေဟောဝါတောင် မတောင်းဆိုတဲ့အရာတွေကို ကိုယ့်ကိုယ်ကိုယ် မတောင်းဆိုပါနဲ့။ မတတ်နိုင်တာ ပေးဖို့ ဘုရား မတောင်းဆိုဘူး။ (၂ ကော. ၈:၁၂) သင့်ကို တခြားသူတွေနဲ့ မယှဉ်ဘူး။ (မ. ၂၅:၂၀-၂၃) သင် စိတ်နှလုံး အကြွင်းမဲ့ အမှုဆောင်တာ၊ သင် သစ္စာရှိတာ၊ သင် ခံနိုင်ရည် ရှိတာကို တန်ဖိုးထားတယ်။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ တခြားအခြေအနေတွေကြောင့် စိတ်ရှိသလောက် လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ နှိမ့်ချမှုရှိရှိ လက်ခံပါ။ ကျန်းမာရေး မကောင်းတော့တဲ့အခါ၊ ဇရာထောင်းလာတဲ့အခါ ဗာဇိလဲလိုပဲ အခွင့်ထူးတွေကို ကျေကျေနပ်နပ်ကြီး ငြင်းလိုက်ပါ။ (၂ ရှ. ၁၉:၃၅၊ ၃၆) မောရှေလိုပဲ တခြားသူတွေဆီက အကူအညီ လက်ခံပါ။ ဖြစ်နိုင်ရင် တာဝန် ခွဲပေးပါ။ (ထွ. ၁၈:၂၁၊ ၂၂) နှိမ့်ချမှုသာ ရှိရင် မဖြစ်နိုင်တာတွေ မျှော်လင့်နေမှာ မဟုတ်ဘူး။ အသက်ပြေးပွဲမှာ အားယုတ်တော့မှာ မဟုတ်ဘူး။
12. Minccangpaw hae byapaenaw ame khyh keiccuze taevue ka hoi cite tua lang accang tou? Ccaesah tua.
၁၂ တခြားသူတွေရဲ့ ဆုံးဖြတ်ချက် အမှားအတွက် တာဝန်မကင်းဘူးလို့ ခံစားရတာ။ တခြားသူတွေအတွက် ကျွန်တော်တို့ ဆုံးဖြတ်ပေးလို့ မရဘူး။ သူတို့ ဆုံးဖြတ်ချက် အမှား ချမိတဲ့အခါ ဆိုးကျိုး မခံရအောင် အမြဲ လိုက်ကာကွယ်ပေးလို့ မရဘူး။ ဥပမာ၊ သားသမီးတစ်ယောက် ယေဟောဝါကို ဆက်ဝတ်မပြုတော့တဲ့အခါ မိဘတွေ ရင်ကျိုးနိုင်တယ်။ ဒါပေမဲ့ သားသမီးရဲ့ မိုက်မဲတဲ့ ဆုံးဖြတ်ချက်ကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာဟာ ဝန်ထုပ်ဝန်ပိုး ထမ်းနေတာပဲ။ ဒါ ယေဟောဝါ ထမ်းစေချင်တဲ့ ဝန်မျိုး မဟုတ်ဘူး။—ရော. ၁၄:၁၂။
13. Ccaw hae nynh ahoy leipaw bya a pae hae ze nungpaw hae nynh pawmou a cyi kho hae?
၁၃ ဒီဝန်ကို ဘယ်လို ဖယ်ရှားမလဲ။ လွတ်လွတ်လပ်လပ် ရွေးချယ်ဆုံးဖြတ်ခွင့် လူတိုင်းကို ယေဟောဝါ ပေးထားတယ်ဆိုတာ သတိရပါ။ ဘုရားက ဘယ်သူ့ကိုဖြစ်ဖြစ် ကိုယ့်လမ်းကိုယ် ရွေးခိုင်းတယ်။ အဲဒီထဲမှာ ဘုရားကို ဝတ်ပြုမပြု ရွေးတာ ပါတယ်။ သင် စုံလင်တဲ့ မိဘ မဟုတ်မှန်း ဘုရား သိတယ်။ အတတ်နိုင်ဆုံး ကြိုးစားတာပဲ လိုချင်တာ။ သားသမီးရဲ့ ရွေးချယ်မှုအတွက် သားသမီးကပဲ တာဝန် ယူရမှာ။ သင် မဟုတ်ဘူး။ (ပညာ. ၂၀:၁၁) ဒါပေမဲ့ မိဘတာဝန် မကျေဘူးလို့ ခံစားနေရရင် ဘုရားဆီ ရင်ဖွင့် ပြောပြပါ။ ခွင့်လွှတ်မှု တောင်းခံပါ။ အတိတ်ကို ပြန်သွားလို့ မရဘူး၊ ပြီးခဲ့တာတွေ ပြင်လို့ မရဘူးဆိုတာ ဘုရား သိတယ်။ တစ်ချိန်တည်းမှာ သားသမီး စိုက်တဲ့အတိုင်း ရိတ်နေရတာကို သင် ကာဆီးကာဆီး လုပ်တာမျိုး ဘုရား မဖြစ်စေချင်ဘူး။ သင့်သားသမီးသာ လှည့်လာဖို့ ကြိုးစားရင် ဝမ်းသာအားရ ပြန်လက်ခံမှာ။—လု. ၁၅:၁၈-၂၀။
14. Mawtemaw seisakuhpaw thinlung kha pawcce vua lang accang?
၁၄ အပြစ်တင်မဆုံး ဖြစ်နေတာ။ အပြစ်လုပ်လို့ အပြစ်ရှိတယ် ခံစားရတာ သဘာဝပါပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံး ဖြစ်နေတာမျိုး ယေဟောဝါ မဖြစ်စေချင်ဘူး။ ဖယ်ရှားရမယ့် ဝန်ထဲမှာ အဲဒါ ပါတယ်။ တကယ်တော့ အပြစ် ဝန်ခံပြီးပြီ၊ နောင်တ ယူပြီးပြီ၊ အပြစ် ထပ်မလုပ်တော့ဘူးဆိုရင် ဘုရား ခွင့်လွှတ်တယ်ဆိုတာ စိတ်ချလို့ ရနေပြီ။ (တ. ၃:၁၉) အပြစ်ရှိတယ်လို့ ဘုရား မခံစားစေချင်တော့ဘူး။ အဲဒီလို ခံစားတာ အန္တရာယ် ရှိမှန်း သိနေလို့ပဲ။ (ဆာ. ၃၁:၁၀) တစ်ချိန်လုံး ပူဆွေးနေရင် အသက်ပြေးပွဲမှာ ကျွန်တော်တို့ အရှုံးပေးမိသွားနိုင်တယ်။—၂ ကော. ၂:၇။
စိတ်ရင်းမှန်နဲ့ နောင်တယူပြီးပြီဆိုရင် သင့်အပြစ်တွေကို ယေဟောဝါ မေ့ပစ်လိုက်ပြီ။ သင်လည်း မေ့ပစ်သင့်တယ် (စာပိုဒ် ၁၅ ကို ကြည့်ပါ)
15. Mawtemaw seisakuh khyh nawlang pawnynhmou yn bung kho? (1 John 3:19, 20) (Sahkhung kha do.)
၁၅ ဒီဝန်ကို ဘယ်လို ဖယ်ရှားမလဲ။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံး ဖြစ်နေတယ်ဆိုရင် “ကိုယ်တော် တကယ် ခွင့်လွှတ်” တယ်ဆိုတဲ့ အချက်ကို အာရုံစိုက်ပါ။ (ဆာ. ၁၃၀:၄) စိတ်ရင်းမှန်နဲ့ နောင်တ ရသူတွေရဲ့ “အပြစ်ကို သတိရမှာ မဟုတ်ဘူး” လို့ ဘုရား ကတိပေးထားတယ်။ (ယေ. ၃၁:၃၄) ခွင့်လွှတ်ပြီးသား အပြစ်တွေကို အစ ပြန်မဖော်ဘူးလို့ ဆိုလိုတာပါ။ ဒါကြောင့် အမှားရဲ့ အကျိုးဆက် ခံနေရတာကို ဘုရား ခွင့်မလွှတ်ဘူးဆိုပြီး အထင်မမှားပါနဲ့။ အမှားကြောင့် အခွင့်ထူးတွေ လက်လွှတ်လိုက်ရရင်လည်း ကိုယ့်ကိုယ်ကိုယ် စိတ်ဒုက္ခ မပေးပါနဲ့။ သင့်အမှားတွေကို ဘုရား မေ့ပစ်လိုက်ပြီ။ သင်လည်း မေ့ပစ်လိုက်ပါ။—၁ ယောဟန် ၃:၁၉၊ ၂၀ ကို ဖတ်ပါ။
TAENAW MUE NAWLANG CCUE
16. Hingnaw ccuenaw kya a ccue hae paw pawmou ny lang?
၁၆ အသက်ပြေးပွဲမှာ ပြေးတဲ့အခါ ‘ဆုရမယ့် နည်းအတိုင်း ပြေး’ ရမယ်။ (၁ ကော. ၉:၂၄) ဘာထမ်းရမလဲ၊ ဘာဖယ်ရှားရမလဲ ကောင်းကောင်း ခွဲတတ်ရင် အဲဒီလို ပြေးနိုင်တယ်။ ဒီဆောင်းပါးမှာ ထမ်းရမယ့် ဝန်၊ ဖယ်ရှားရမယ့် ဝန်တချို့လောက်ကိုပဲ ဆွေးနွေးထားတယ်။ နောက်ထပ် ရှိသေးတယ်။ ဥပမာ၊ “စားကြူးသောက်ကြူးတာတွေ၊ ဘဝရဲ့ စိုးရိမ်ပူပန်စရာတွေကြောင့် စိတ်နှလုံး ဝန်ပိ” နိုင်တယ်လို့ ယေရှု ပြောတယ်။ (လု. ၂၁:၃၄) အသက်ပြေးပွဲမှာ ပြေးတဲ့အခါ ဘာထမ်းရမယ်၊ ဘာဖယ်ရှားရမယ်ဆိုတာ သိဖို့ ဒီကျမ်းပိုဒ်တွေနဲ့ တခြားကျမ်းပိုဒ်တွေ ကူညီပေးနိုင်ပါတယ်။
17. Hingnaw ccuenaw kya taenaw lasung mue lang cipaw pawcce zyn kho athua?
၁၇ လိုအပ်တဲ့ ခွန်အား ယေဟောဝါ ပေးမှာ ဖြစ်လို့ အသက်ပြေးပွဲမှာ ဆုရမယ်ဆိုတာ စိတ်ချနိုင်တယ်။ (ဟေရှာ. ၄၀:၂၉-၃၁) ဒါကြောင့် လက်မလျှော့ပါနဲ့။ ရှေ့မှာ ရှိတဲ့ ဆုရဖို့ အားသွန်ခွန်စိုက် ပြေးခဲ့တဲ့ တမန်တော် ပေါလုကို အတုယူပါ။ (ဖိ. ၃:၁၃၊ ၁၄) ဒီပြေးပွဲကို သင့်အစား ဘယ်သူ့မှ ပြေးပေးလို့ မရဘူး။ ဒါပေမဲ့ ထမ်းစရာ ရှိတာ ထမ်းဖို့၊ ဖယ်ရှားစရာ ရှိတာ ဖယ်ရှားဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ (ဆာ. ၆၈:၁၉) ယေဟောဝါရဲ့ အကူအညီကြောင့် ဆုရတဲ့အထိ သင် ခံနိုင်ရည်ရှိရှိ ပြေးနိုင်မှာပါ။
LAW 65 တိုးတက်နေပါ
a အသက်ပြေးပွဲမှာ ပြေးရင်း ကျွန်တော်တို့ ထမ်းရမယ့် ဝန်တွေ ရှိတယ်။ ဆက်ကပ်အပ်နှံခြင်း ကတိသစ္စာ တည်ဖို့ တာဝန်၊ မိသားစု တာဝန်၊ ဆုံးဖြတ်ချက်အတွက် ယူရမယ့် တာဝန်တို့ ဖြစ်တယ်။ ပြေးနေတုန်း အရှိန်လျော့သွားစေနိုင်တဲ့ မလိုအပ်တဲ့ ဝန်တွေကိုတော့ ဖယ်ရှားရမယ်။ ဘာတွေလဲ။ ဒီဆောင်းပါးမှာ ဖြေပေးသွားပါမယ်။
b ဥပမာ၊ အိမ်ထောင်သည်တွေအတွက်ဆိုရင် “ရိုသေလေးစားမှု ပြနိုင်ပုံ၊” “ကျေးဇူးတင်လေးမြတ်ကြောင်း ပြနိုင်ပုံ၊” မိဘတွေအတွက်ဆိုရင် “စမတ်ဖုန်းကို ချင့်ချိန်မှုရှိရှိ သုံးတတ်အောင် သားသမီးတွေကို သင်ပေးပါ၊” “သင့်ဆယ်ကျော်သက် ကလေးနဲ့ ပြောဆိုဆက်သွယ်နိုင်ပုံ၊” ဆယ်ကျော်သက်တွေအတွက်ဆိုရင် “ရွယ်တူချင်း ဖိအားကို တွန်းလှန်နိုင်ပုံ၊” “အထီးကျန်မှုကို လက်တွေ့ဖြေရှင်းနိုင်ပုံ” စတဲ့ ဆောင်းပါးတွေ ရှိတယ်။