HOKU LANGPAW ABALU 35
Pou Lungsae Oh
“Lungsae oh.”—Jam. 3:12.
LAW 114 “စိတ်ရှည်ကြပါ”
အကြိုသုံးသပ်ချက်a
1. Mih lungsaepaw kha pawcce na ry hae?
စိတ်ရှည်သူတွေကို ကျွန်တော်တို့အားလုံး သဘောကျတယ်။ တစ်ခုခု ရဖို့ ပျာယာခတ်မနေဘဲ စောင့်နိုင်တဲ့သူကို လေးစားတယ်။ ကိုယ် အမှား လုပ်မိပေမဲ့ သည်းခံပေးတယ်ဆိုရင် ကျေးဇူးတင်တယ်။ ကျမ်းစာ သွန်သင်ချက်တစ်ခု သဘောပေါက်ဖို့၊ လက်ခံဖို့၊ လက်တွေ့ကျင့်ဖို့ ခက်နေတုန်းက ကျမ်းစာ သင်ပေးသူ စိတ်ရှည်ပေးခဲ့လို့ ကျေးဇူးတင်တယ်။ ကျွန်တော်တို့ကို စိတ်ရှည်တဲ့ ယေဟောဝါဘုရားကတော့ ကျေးဇူးတင်စရာ အကောင်းဆုံးပါပဲ။—ရော. ၂:၄။
2. Paw ungtuzia kya mou lungsae lang a ruu thya?
၂ တခြားသူတွေ စိတ်ရှည်တာ သဘောကျပေမဲ့ ကိုယ်တိုင် စိတ်ရှည်ဖို့ကျတော့ အမြဲ မလွယ်ဘူး။ ဥပမာ၊ နောက်ကျနေရတဲ့အထဲ ကားလမ်း ပိတ်နေရင် စိတ်ရှည်ဖို့ ခက်နိုင်တယ်။ ဒေါသ ဆွခံရတဲ့အခါ ပေါက်ကွဲပစ်မိနိုင်တယ်။ တစ်ခါတလေ ကမ္ဘာသစ် စောင့်ရတာတောင် စိတ်မရှည် ဖြစ်လာနိုင်တယ်။ သင် ပိုစိတ်ရှည်တတ်ချင်သလား။ စိတ်ရှည်တယ်ဆိုတာ ဘာလဲ၊ စိတ်ရှည်ဖို့ ဘာကြောင့် အရေးကြီးသလဲ၊ ဘယ်လိုနည်းနဲ့ ပိုစိတ်ရှည်တတ်လာမလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
LUNGSAE CIPAW TUH PAWMOU A HORY?
3. Thinria lang cyi ccyh kya mih lungsae hae paw nynh pawtemou a liaru hae?
၃ စိတ်ရှည်မှု ပြနိုင်တဲ့ အခြေအနေ လေးခု သုံးသပ်ကြည့်ရအောင်။ ပထမ၊ စိတ်ရှည်သူဟာ အမျက်ထွက် နှေးတယ်။ ဒေါသ ဆွခံရတဲ့အခါ၊ ဖိစီးမှု များတဲ့အခါ စိတ်အေးအေး ထားဖို့၊ ရှူးရှူးရှဲရှဲ မတုံ့ပြန်မိဖို့ ကြိုးစားတယ်။ ကျမ်းစာမှာ “အမျက်ထွက် နှေး” ဆိုတဲ့ စကားလုံးကို ထွက်မြောက်ရာ ၃၄:၆ မှာ ဦးဆုံး တွေ့ရတယ်။ အဲဒီမှာ “ယေဟောဝါဟာ ကရုဏာ ရှိပြီး သနားစာနာတတ်တဲ့ ဘုရား၊ ယေဟောဝါဟာ အမျက်ထွက် နှေးပြီး ခိုင်မြဲတဲ့ မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ ဘုရား” ဖြစ်တယ်လို့ ဖော်ပြထားတယ်။
4. Ngawccyh kya mih lungsaepaw nynh pawtemou a liaru hae?
၄ ဒုတိယ၊ စိတ်ရှည်သူဟာ စိတ်အေးအေး ထားပြီး စောင့်တတ်တယ်။ တစ်ခုခုကို မှန်းထားတာထက် အချိန် ပိုကြာကြာ စောင့်ရတဲ့အခါ ဂနာမငြိမ်၊ တကြွကြွ တရွရွ မဖြစ်ဖို့ ကြိုးစားတယ်။ (မ. ၁၈:၂၆၊ ၂၇) စိတ်အေးအေး ထားပြီး စောင့်ဖို့ လိုတဲ့ အခြေအနေ အများကြီး ရှိတယ်။ ဥပမာ၊ တစ်ယောက်ယောက် စကားပြောရင် ဖြတ်မပြောဘဲ စိတ်ရှည်ရှည် နားထောင်ရမယ်။ (ယောဘ ၃၆:၂) ကျမ်းစာ သွန်သင်ချက်တစ်ခု သဘောပေါက်ဖို့၊ အကျင့်ဆိုးတစ်ခု ဖြတ်ဖို့ ကျမ်းစာ သင်သားကို ကူညီပေးတဲ့အခါ စိတ်ရှည်ရမယ်။
5. Lungsaenaw langsah kho nawpaw ccangpaw zia tuh pawmou?
၅ တတိယ၊ စိတ်ရှည်သူဟာ မလောဘူး။ မြန်မြန်ဆန်ဆန် လုပ်မှ ရမယ့် အခြေအနေတွေ ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ စိတ်ရှည်သူဟာ အရေးကြီး တာဝန်ကို ကတိုက်ကရိုက် မလုပ်ဘူး။ ကတိုက်ကရိုက် မပြီးလိုက်ဘူး။ အချိန်ယူပြီး စီစဉ်တယ်။ အချိန်ယူပြီး လုပ်တယ်။
6. Ruunaw tung ccyh kya mih lungsaepaw nynh pawtemou a liaru hae?
၆ စတုတ္ထ၊ စိတ်ရှည်သူဟာ အခက်အခဲတွေကို မညည်းမညူ ခံရပ်ဖို့ ကြိုးစားတယ်။ ဒါကြောင့် စိတ်ရှည်ခြင်းနဲ့ ခံနိုင်ရည် ဆက်စပ်နေတယ်လို့ ပြောကြတာ။ အခက်အခဲ ကြုံတဲ့အခါ မိတ်ဆွေတစ်ယောက်ကို ကိုယ့်ခံစားချက် ရင်ဖွင့်တာ မမှားပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့သာ စိတ်ရှည်မယ်ဆိုရင် အကောင်းမြင်စိတ် ဆက်ရှိမှာ၊ အတတ်နိုင်ဆုံး ဆက်ခံရပ်မှာ ဖြစ်တယ်။ (ကော. ၁:၁၁) ဒီအခြေအနေ လေးခုစလုံးမှာ ခရစ်ယာန်တွေ စိတ်ရှည်ကြရမယ်။ ဘာကြောင့်လဲ။ အကြောင်းရင်းတချို့ ကြည့်ရအောင်။
LUNGSAE LANG AZICI
လယ်သမားဟာ အချိန်တန်ရင် ရိတ်သိမ်းရမယ်ဆိုတာ စိတ်ချပြီး စိတ်ရှည်ရှည် စောင့်။ ကျွန်တော်တို့လည်း ကတိအားလုံးကို အချိန်တန်ရင် ယေဟောဝါ ပြည့်စုံစေမယ်ဆိုတာ စိတ်ချပြီး စိတ်ရှည်ရှည် စောင့် (စာပိုဒ် ၇ ကို ကြည့်ပါ)
7. James 5:7, 8 liate, lungsae lang pawcce azici? (Sahkhung kha do.)
၇ ကယ်တင်ခြင်း ရချင်ရင် စိတ်ရှည်မှ ရမယ်။ ရှေးခေတ် သစ္စာရှိ ကျေးကျွန်တွေလိုပဲ ဘုရားကတိတွေ ပြည့်စုံလာဖို့ စိတ်ရှည်ရှည် စောင့်ကြရမယ်။ (ဟီ. ၆:၁၁၊ ၁၂) ကျမ်းစာမှာ ကျွန်တော်တို့ကို လယ်သမားနဲ့ ခိုင်းနှိုင်းထားတယ်။ (ယာကုပ် ၅:၇၊ ၈ ကို ဖတ်ပါ။) လယ်သမားက မျိုးကြဲတယ်။ ရေလောင်းတယ်။ ဘယ်အချိန် အပင်ပေါက်မယ်ဆိုတာတော့ အတိအကျ မသိဘူး။ အချိန်တန်ရင် ရိတ်သိမ်းရမယ်ဆိုတာ စိတ်ချပြီး စိတ်ရှည်ရှည် စောင့်တယ်။ ကျွန်တော်တို့လည်း ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေနဲ့ အလုပ်များနေကြတယ်။ ‘သခင် ဘယ်နေ့ လာမယ်ဆိုတာတော့ မသိ’ ကြဘူး။ (မ. ၂၄:၄၂) အချိန်တန်တဲ့အခါ ကတိပေးထားသမျှ ယေဟောဝါ ပြည့်စုံစေမယ်ဆိုတာ စိတ်ချပြီး စိတ်ရှည်ရှည် စောင့်ကြတယ်။ စိတ်မရှည် ဖြစ်လာရင် စောင့်ရတာ စိတ်မောလာမယ်။ အမှန်တရားကနေ တဖြည်းဖြည်း ဝေးသွားမယ်။ အခု လုပ်၊ အခု ရမယ့်အရာတွေနောက် ပါသွားမယ်။ စိတ်ရှည်ရင်တော့ အဆုံးထိ ခံရပ်နိုင်မယ်။ ကယ်တင်ခံရမယ်။—မိ. ၇:၇။ မ. ၂၄:၁၃။
8. Lungsaenaw nynh ccuepe lang ahoypaw lang pawtemou athuasah? (Kolose 3:12, 13)
၈ စိတ်ရှည်တာက ဆက်ဆံရေး ကောင်းသူ ဖြစ်လာစေတယ်။ တခြားသူတွေ စကားပြောတဲ့အခါ အာရုံစိုက် နားထောင်ဖို့ ကူညီပေးတယ်။ (ယာ. ၁:၁၉) စိတ်ဖိစီးနေလို့ဆိုပြီး ကမူးရှူးထိုး မလုပ်မိဖို့၊ လွှတ်ခနဲ မပြောမိဖို့၊ တစ်ယောက်ယောက် စိတ်ထိခိုက်အောင် ပြောတဲ့အခါ လွယ်လွယ် ဒေါသ မထွက်ဖို့၊ သင့်သင့်မြတ်မြတ် နေဖို့၊ “ဆက်ပြီး သည်းခံ” ဖို့၊ “ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်” ဖို့ ကူညီပေးတယ်။—ကောလောသဲ ၃:၁၂၊ ၁၃ ကို ဖတ်ပါ။
9. Byapae lang ahoo ccyh kya lungsaenaw nynh pawtemou yn bung? (Phungtangbya 21:5)
၉ ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့လည်း စိတ်ရှည်မှုက ကူညီပေးတယ်။ စိတ်ရှည်မယ်ဆိုရင် ကျွန်တော်တို့ အလျင်စလို၊ စိတ်မြန်လက်မြန် ဆုံးဖြတ်မှာ မဟုတ်ဘူး။ မဆုံးဖြတ်ခင် အချိန်ယူ လေ့လာမှာ၊ ချင့်ချိန်မှာ ဖြစ်တယ်။ (ပညာအလိမ္မာ ၂၁:၅ ကို ဖတ်ပါ။) ဥပမာ၊ အလုပ် ရှာနေတယ် ဆိုပါစို့။ အစည်းအဝေး၊ အမှုဆောင် ပျက်မယ်ဆိုရင်တောင် ဦးဆုံး ခေါ်တဲ့ အလုပ် လုပ်ချင်တတ်တယ်။ ဒါပေမဲ့ စိတ်ရှည်သူဆိုရင် အိမ်နဲ့ အလုပ် ဘယ်လောက် ဝေးသလဲ၊ ဘယ်နှနာရီ လုပ်ရမလဲ၊ မိသားစုနဲ့ ဝတ်ပြုရေးကို ဘယ်လို ထိခိုက်မလဲဆိုတာ ထည့်စဉ်းစားမှာပဲ။ စိတ်ရှည်မှုက ဆုံးဖြတ်ချက် အမှား မချမိဖို့ တကယ် ကူညီပေးတယ်။
PAWTEMOU HOUH LUNGSAE THYA LANG
10. Khrihccaw hae pawtemou houh lungsae thya lang?
၁၀ ပိုစိတ်ရှည်တတ်လာဖို့ ဆုတောင်းပါ။ စိတ်ရှည်ခြင်းဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး ဖြစ်တယ်။ (ဂလ. ၅:၂၂၊ ၂၃) ဒါကြောင့် စိတ်ရှည်တတ်လာဖို့ ယေဟောဝါဆီကနေ စွမ်းအားတော် တောင်းပါ။ စိတ်ရှည်ဖို့ ခက်တဲ့ အခြေအနေ ကြုံရတဲ့အခါ ဆက်စိတ်ရှည်နိုင်ဖို့ စွမ်းအားတော် “တောင်းမြဲ တောင်းပါ။” (လု. ၁၁:၉၊ ၁၃) ဒါ့အပြင် ကိစ္စရပ်တွေကို ဘုရား မြင်သလို မြင်တတ်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ ကိုယ့်ဘက်ကလည်း စိတ်ရှည်ဖို့ နေ့တိုင်း ကြိုးစားပါ။ ဆုတောင်းမယ်၊ ကြိုးစားမယ်ဆိုရင် ပင်ကို စိတ်ရှည်သူ မဟုတ်ရင်တောင် စိတ်ရှည်တတ်လာမယ်။
11-12. Zahova nynh lungsaenaw kha pawtemou a langsah?
၁၁ ကျမ်းစာ စံနမူနာရှင်တွေအကြောင်း စဉ်းစားပါ။ ကျမ်းစာမှာ စိတ်ရှည်သူများစွာရဲ့ စံနမူနာတွေ ပါတယ်။ စိတ်ရှည်မှု ပြနိုင်တဲ့ နည်းတွေ သူတို့ဆီကနေ သင်ယူနိုင်တယ်။ စိတ်ရှည်တဲ့နေရာမှာ အကောင်းဆုံး စံနမူနာရှင် ဖြစ်တဲ့ ယေဟောဝါအကြောင်း အရင်ဆုံး သုံးသပ်ကြည့်ရအောင်။
၁၂ ဧဒင်ဥယျာဉ်မှာတုန်းက ယေဟောဝါကို စာတန် နာမည် ဖျက်တယ်။ ဘုရားဟာ တရားမျှတတဲ့၊ မေတ္တာ ပြည့်ဝတဲ့ အုပ်စိုးရှင် ဟုတ်မဟုတ် ဧဝ သံသယ ဝင်အောင် လုပ်တယ်။ နာမည်ဖျက်သူ စာတန်ကို ယေဟောဝါ ချက်ချင်း မဖျက်ဆီးဘူး။ စိတ်ရှည်တယ်၊ စိတ်ထိန်းတယ်။ မိမိအုပ်ချုပ်မှု အကောင်းဆုံး ဖြစ်တယ်ဆိုတာ သက်သေထူဖို့ အချိန်လိုမှန်း သိတယ်။ ဒီအတောအတွင်း နာမည်ဖျက်တာကို သည်းခံနေရတယ်။ ဒါ့အပြင် လူများနိုင်သမျှ များများ ထာဝရ အသက်ရှင်ခွင့် ရဖို့ ယေဟောဝါ စိတ်ရှည်ရှည် စောင့်ပေးနေတယ်။ (၂ ပေ. ၃:၉၊ ၁၅) ဒါကြောင့်လည်း လူသန်းချီ ဘုရားအကြောင်း သိလာကြတာ။ ယေဟောဝါ စိတ်ရှည်လို့ ရလာတဲ့ အကျိုးကျေးဇူးတွေကို အာရုံစိုက်ရင် အဆုံးရောက်မယ့် အချိန်ကို စိတ်ရှည်ရှည် စောင့်ဖို့ လွယ်မယ်။
ဒေါသ ဆွခံရတဲ့အခါ လွယ်လွယ် ဒေါသမထွက်ဖို့ စိတ်ရှည်မှုက ကူညီပေး (စာပိုဒ် ၁၃ ကို ကြည့်ပါ)
13. A Paaw kha dosuinkuhte Zisu nynh lungsaenaw kha pawtemou a langsah? (Sahkhung kha do.)
၁၃ ယေရှု မြေကြီးပေါ် ရှိစဉ် ဖခင်ကို အပြည့်အဝ အတုယူပြီး စိတ်ရှည်မှု ပြတယ်။ စိတ်ရှည်ဖို့ အမြဲ လွယ်မှာတော့ မဟုတ်ဘူး။ အထူးသဖြင့် အရေခြုံ ကျမ်းတတ်တွေ၊ ဖာရိရှဲတွေကို စိတ်ရှည်ဖို့ တော်တော် ခက်မှာပဲ။ (ယော. ၈:၂၅-၂၇) ဒါပေမဲ့ ဖခင်လိုပဲ ယေရှု အမျက်ထွက် နှေးတယ်။ စော်ကားခံရတဲ့အခါ၊ ဒေါသ ဆွခံရတဲ့အခါ လက်တုံ့မပြန်ဘူး။ (၁ ပေ. ၂:၂၃) အခက်အခဲတွေကို မညည်းမညူ စိတ်ရှည်ရှည် ခံရပ်တယ်။ ဒါကြောင့်လည်း ‘ရန်လိုစကားတွေ ပြောတဲ့ အပြစ်ကျူးလွန်သူတွေရဲ့ စကားကို သည်းခံခဲ့သူအကြောင်း အသေအချာ စဉ်းစားကြည့်ပါ’ လို့ ကျမ်းစာမှာ ပြောတာ။ (ဟီ. ၁၂:၂၊ ၃) ကျွန်တော်တို့လည်း ယေဟောဝါရဲ့ အကူအညီနဲ့သာဆိုရင် ဘယ်အခက်အခဲမဆို စိတ်ရှည်ရှည် ခံရပ်နိုင်ပါတယ်။
အာဗြဟံလို စိတ်ရှည်မယ်ဆိုရင် အခုအချိန်မှာ ယေဟောဝါဆီက ဆုကျေးဇူးတွေ ခံစားရမယ်၊ ကတိထားရာ ကမ္ဘာသစ်မှာ ပိုလို့တောင် ခံစားရဦးမယ်ဆိုတာ စိတ်ချနိုင် (စာပိုဒ် ၁၄ ကို ကြည့်ပါ)
14. Abraham a lungsaenaw kyate pawmou ccangkuh kho lang? (Hebru 6:15) (Sahkhung kha do.)
၁၄ အဆုံး ရောက်လာဖို့ ညီအစ်ကို/မတချို့ မျှော်နေတာ ကြာပြီ။ ကိုယ်မသေခင် အဆုံး ရောက်မလာမှာကို တွေးပူမိနိုင်တယ်။ စိတ်ရှည်ရှည် စောင့်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ အာဗြဟံအကြောင်း စဉ်းစားကြည့်ပါ။ ‘မင်းကို လူမျိုးကြီး ဖြစ်စေမယ်’ လို့ ယေဟောဝါ ကတိပေးချိန်မှာ အာဗြဟံ အသက် ၇၅ နှစ် ရှိပြီ။ သားသမီး မရှိဘူး။ (က. ၁၂:၁-၄) အဲဒီကတိ ပြည့်စုံလာတာ အာဗြဟံ မြင်လိုက်ရသလား။ အကုန်အစင် မမြင်လိုက်ရဘူး။ ယူဖရေးတီးမြစ်ကို ဖြတ်၊ ၂၅ နှစ် စောင့်ပြီးနောက် သားအိဇက် မွေးတာ မြင်ရတယ်။ နောက်အနှစ် ၆၀ အကြာမှာ မြေး ဧသောနဲ့ ယာကုပ် မွေးတာ မြင်ရတယ်။ (ဟီဘရူး ၆:၁၅ ကို ဖတ်ပါ။) မိမိမျိုးနွယ် လူမျိုးကြီး ဖြစ်လာတာ၊ ကတိထားရာပြည် အမွေရတာတော့ မမြင်လိုက်ရဘူး။ ဒါပေမဲ့ ဖန်ဆင်းရှင်နဲ့ သိပ်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တယ်။ (ယာ. ၂:၂၃) ပြန်ထမြောက်လာတဲ့အခါ မိမိရဲ့ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းကြောင့် လူမျိုးအားလုံး ကောင်းချီး ရတာ သိရင် ဝမ်းသာသွားမှာပဲ။ (က. ၂၂:၁၈) ဘာသင်ခန်းစာ ရသလဲ။ ယေဟောဝါရဲ့ ကတိအားလုံး ပြည့်စုံလာတာ ကျွန်တော်တို့ ချက်ချင်းလက်ငင်း မြင်ချင်မှ မြင်ရမယ်။ ဒါပေမဲ့ အာဗြဟံလို စိတ်ရှည်ရင် အခုအချိန်မှာ ယေဟောဝါဆီက ဆုကျေးဇူးတွေ ခံစားရမယ်။ ကမ္ဘာသစ်ကျရင် ပိုလို့တောင် ခံစားရဦးမယ်။—မာ. ၁၀:၂၉၊ ၃၀။
15. Maw leihlanaw kya pawkongmou leihla kho athua?
၁၅ စိတ်ရှည်သူတွေအကြောင်း ကျမ်းစာ စံနမူနာတွေ အများကြီး ရှိသေးတယ်။ (ယာ. ၅:၁၀) ကိုယ်ပိုင် လေ့လာမှုမှာ သူတို့အကြောင်း လေ့လာကြည့်ပါ။b ဥပမာ၊ ဒါဝိဒ်ဟာ အစ္စရေး မင်းလောင်းအဖြစ် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘိသိက်ပေးခံရပေမဲ့ နန်းတက်ရဖို့ နှစ်တွေ အကြာကြီး စောင့်ခဲ့ရတယ်။ ရှိမောင်နဲ့ အန္နဟာ ကတိထားရာ မေရှိယကို စောင့်မျှော်ရင်း ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုခဲ့တယ်။ (လု. ၂:၂၅၊ ၃၆-၃၈) အဲဒီမှတ်တမ်းတွေ လေ့လာတဲ့အခါ ‘သူ ဘာကြောင့် စိတ်ရှည်နိုင်ခဲ့တာ ဖြစ်မလဲ။ စိတ်ရှည်လို့ သူ ဘာအကျိုး ရသလဲ။ ငါ ဘယ်လို အတုယူနိုင်မလဲ’ လို့ စဉ်းစားပါ။ စိတ်မရှည်သူတွေဆီကနေလည်း သင်ခန်းစာ ယူနိုင်တယ်။ (၁ ရှ. ၁၃:၈-၁၄) ‘သူ ဘာကြောင့် စိတ်မရှည်နိုင်ခဲ့တာ ဖြစ်မလဲ။ စိတ်မရှည်လို့ ဘာဆိုးကျိုးတွေ ကြုံရသလဲ’ လို့ စဉ်းစားပါ။
16. Lungsae langze a muekuh cihpaw hythuanaw abang tuh pawhaemou?
၁၆ စိတ်ရှည်ရင် ရမယ့် အကျိုးကျေးဇူးတွေ စဉ်းစားပါ။ စိတ်ရှည်ရင် ပိုပျော်မယ်။ စိတ်ပိုအေးချမ်းမယ်။ ကိုယ်ရော စိတ်ပါ ကျန်းမာမယ်။ တခြားသူတွေနဲ့ ဆက်ဆံရေး ပိုကောင်းမယ်။ အသင်းတော်မှာ ပိုစည်းလုံးမယ်။ ဒေါသ ဆွခံရရင်လည်း လွယ်လွယ် ဒေါသ မထွက်တဲ့အတွက် ပြဿနာ ပိုမကြီးတော့ဘူး။ (ဆာ. ၃၇:၈၊ အောက်ခြေမှတ်ချက်။ ပညာ. ၁၄:၂၉) ကောင်းကင်ဘုံစံ ဖခင်ကို အတုယူရာ ရောက်မယ်။ ဘုရားနဲ့ ပိုရင်းနှီးလာမယ်။
17. Paw cyi lang mou byapaekuh lang accang?
၁၇ စိတ်ရှည်မှုဟာ တကယ့်ကို အကျိုးရှိတဲ့ အရည်အသွေးကောင်းပါပဲ။ စိတ်ရှည်ဖို့ အမြဲ လွယ်မှာ မဟုတ်ပေမဲ့ ယေဟောဝါရဲ့ အကူအညီကြောင့် ဆက်ပြီး စိတ်ရှည်နိုင်ပါတယ်။ ‘မိမိကို ကြောက်ရွံ့သူတွေ၊ ခိုင်မြဲတဲ့ မေတ္တာတော် စောင့်မျှော်နေသူတွေကို ယေဟောဝါ ကြည့်ရှုနေတယ်’ ဆိုတာ စိတ်ချရင်း ကမ္ဘာသစ်ကို စိတ်ရှည်ရှည် စောင့်နိုင်မယ်။ (ဆာ. ၃၃:၁၈) ဒါကြောင့် ကျွန်တော်တို့အားလုံး ဆက်ပြီး စိတ်ရှည်ဖို့ ဆုံးဖြတ်ထားကြရအောင်။
LAW 41 ဆုတောင်းသံကို နားထောင်ပေးပါ
a ဒီနေ့ခေတ် လူတော်တော်များများ စိတ်မရှည်ကြဘူး။ ဒါပေမဲ့ စိတ်ရှည်ဖို့ ကျမ်းစာမှာ အားပေးထားတယ်။ စိတ်ရှည်ဖို့ ဘာကြောင့် အရေးကြီးသလဲ၊ ဘယ်လိုနည်းနဲ့ ပိုစိတ်ရှည်တတ်လာမလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
b စိတ်ရှည်ခြင်းအကြောင်း ကျမ်းမှတ်တမ်းတွေ ရှာချင်ရင် ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန် စာအုပ် “စိတ်ခံစားမှု၊ အရည်အသွေးနဲ့ အမူအကျင့်များ” ခေါင်းစဉ်အောက်က “စိတ်ရှည်ခြင်း” ဆိုတဲ့ ခေါင်းစဉ်ခွဲမှာ ကြည့်ပါ။