HOKU LANGPAW ABALU 37
Zahova Kha Samson Nynh, A Doliakuh Hawte Doliakuh
“Bawipaw PACHIA, atu vae kheit kyalya kae hynh yn liathui lah, thawzung beih yn pya.”—BPT. 16:28.
LAW 30 ကျွန်တော့်ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ
အကြိုသုံးသပ်ချက်a
1-2. Samson kong pawcce leihla lang a ccang?
ရှံဆုန်လို့ ပြောလိုက်တာနဲ့ ဘာပြေးမြင်သလဲ။ လူသန်ကြီးတစ်ယောက်လို့ ပြေးမြင်မိနိုင်တယ်။ တကယ်လည်း ရှံဆုန်ရဲ့ ခွန်အားဟာ သိပ်ထူးခြားတယ်။ ဒါပေမဲ့ တစ်ခေါက် ဆုံးဖြတ်ချက် မှားသွားလို့ ဆိုးကျိုးတွေ ကြုံရတယ်။ ဒါတောင် ရှံဆုန်ရဲ့ သစ္စာရှိ လုပ်ရပ်တွေကို ယေဟောဝါ တန်ဖိုးထားတယ်။ ကျွန်တော်တို့ အကျိုးရဖို့ ကျမ်းစာမှာ မှတ်တမ်းတင်စေတယ်။
၂ အစ္စရေးလူမျိုးရဲ့ အကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ဖို့ ရှံဆုန်ကို ယေဟောဝါ သုံးတယ်။ ရှံဆုန် သေဆုံးပြီးနောက် နှစ်ရာချီအကြာမှာ ယုံကြည်ခြင်း စံနမူနာရှင် စာရင်းထဲ ရှံဆုန်ရဲ့ နာမည် ထည့်ဖို့ တမန်တော် ပေါလုကို ယေဟောဝါ စွမ်းအားတော်နဲ့ ညွှန်ကြားတယ်။ (ဟီ. ၁၁:၃၂-၃၄) ခက်ခဲတဲ့ အခြေအနေမှာ ယေဟောဝါကို ရှံဆုန် အားကိုးတယ်။ ရှံဆုန်ရဲ့ စံနမူနာက ကျွန်တော်တို့ကို ခွန်အား ရှိစေနိုင်တယ်။ ဘယ်လို ရှိစေသလဲ၊ ဘာသင်ခန်းစာတွေ ယူနိုင်သလဲ ဆိုတာ ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။
SAMSON NYNH ZAHOVA KHA A DOLIAKUH
3. Samson paw taevue mou a mue?
၃ ရှံဆုန် မွေးတဲ့အချိန်မှာ အစ္စရေးလူမျိုးဟာ ဖိလိတိတွေလက်အောက် ရောက်နေတယ်။ (သူကြီး. ၁၃:၁) ဖိလိတိတွေ အနိုင်ကျင့်ဗိုလ်ကျလို့ အနေအစား ဆင်းရဲကြတယ်။ ဒါကြောင့် “အစ္စရေးတွေကို ဖိလိတိလူတွေ လက်ထဲကနေ ကယ်တင်ရာမှာ ဦးဆောင်” ဖို့ ရှံဆုန်ကို ယေဟောဝါ ရွေးတယ်။ (သူကြီး. ၁၃:၅) သိပ်ခက်တဲ့ တာဝန်ပဲ။ ယေဟောဝါကို အားကိုးမှ ရမယ်။
ယေဟောဝါကို ရှံဆုန် ယုံကြည်ကိုးစား။ ဘုရားပေး တာဝန်ကို အကောင်းဆုံး ထမ်းဆောင်နိုင်ဖို့ ပြောင်းလဲစရာ ရှိတာ ပြောင်းလဲ။ ရတဲ့ နည်းနဲ့ ဘုရားအလို ဆောင် (စာပိုဒ် ၄-၅ ကို ကြည့်ပါ)
4. Filistin hae kyate Samson kha Zahova nynh pawtemou a luesah? (Byapiatu 15:14-16)
၄ ယေဟောဝါကို ရှံဆုန် ယုံကြည်ကိုးစားကြောင်း ပြတဲ့ ဖြစ်ရပ်တစ်ခု သုံးသပ်ကြည့်ပါ။ ရှံဆုန်ကို ဖမ်းဖို့ ဖိလိတိတွေ လေဟိအရပ် ရောက်လာကြတယ်။ အဲဒီနေရာဟာ ယုဒနယ်မြေထဲက ဖြစ်နိုင်တယ်။ ယုဒအမျိုးသားတွေ ဘယ်လောက်ထိ ကြောက်သလဲဆိုရင် ကိုယ့်နယ်မြေထဲ ဝင်ပြီး ကိုယ့်လူမျိုးကို ရန်သူတွေ လာဖမ်းတာ ထည့်ပေးလိုက်ကြတယ်။ ထွက်မပြေးနိုင်အောင်ဆိုပြီး ကြိုးသစ်နှစ်ချောင်းနဲ့တောင် ချည်ပေးလိုက်ကြသေးတယ်။ (သူကြီး. ၁၅:၉-၁၃) ဒါပေမဲ့ “ယေဟောဝါရဲ့ စွမ်းအားတော် ခွန်အား ပေးတဲ့အတွက်” ချည်ထားတဲ့ ကြိုးတွေ ပြတ်ထွက်ကုန်တယ်။ အဲဒီနောက် “မခြောက်သေးတဲ့ မြည်းမေးရိုးတစ်ချောင်း” တွေ့တော့ ကောက်ယူပြီး ဖိလိတိလူ ၁,၀၀၀ ကို ရှံဆုန် ရိုက်သတ်ပစ်တယ်။—တရားသူကြီး ၁၅:၁၄-၁၆ ကို ဖတ်ပါ။
5. Zahova kha a doliakuh cipaw Samson nynh pawtemou a langsah?
၅ မြည်းမေးရိုးဆိုတာ တိုက်ဖို့ခိုက်ဖို့ သုံးတဲ့ လက်နက် မဟုတ်ဘူး။ ဒါဆိုရင် ရှံဆုန် ဘာကြောင့် သုံးသလဲ။ ဘာလက်နက် သုံးသုံး ယေဟောဝါ ကူညီမှပဲ ဖိလိတိတွေကို တိုက်နိုင်မယ်ဆိုတာ သိနေလို့ပါ။ ဘုရားကို ယုံကြည်ကိုးစားလို့ ရရာ လက်နက် သုံးပြီး တိုက်တယ်။ ယေဟောဝါလည်း ရှံဆုန် နိုင်ဖို့ ကူညီပေးတယ်။
6. Taevue mue ccyh kya Samson kyate pawmou ccangkuh kho lang?
၆ ယေဟောဝါက တာဝန်ပေးပြီဆိုရင် ဘယ်လောက်ပဲ ခက်ပုံ ပေါက်နေပါစေ ကျွန်တော်တို့ ထမ်းဆောင်နိုင်အောင် ခွန်အား ပေးမယ်။ ထင်မထားတဲ့ နည်းတွေနဲ့တောင် ပေးနိုင်တယ်။ ဒါကြောင့် ဘုရားကို ဆက်အားကိုးပါ။ ရှံဆုန်ကို ခွန်အား ပေးတဲ့ ယေဟောဝါက သင့်ကိုလည်း ပေးနိုင်တယ်။—ပညာ. ၁၆:၃။
7. Zahova langhroinaw ccung lang azici cipaw a langsahpaw tungboinaw kha hotua.
၇ အဖွဲ့အစည်း ဆောက်လုပ်ရေး စီမံကိန်းတွေမှာ ပါဝင်တဲ့ ညီအစ်ကို/မတွေဟာ ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ပြကြတယ်။ အရင်ကဆိုရင် နိုင်ငံတော်ခန်းမနဲ့ တခြားအဆောက်အအုံတွေကို ဒီဇိုင်းဆွဲ၊ ဆောက်လုပ်ကြတာ။ ဒါပေမဲ့ အဖွဲ့အစည်း တိုးတက်လာတာနဲ့အမျှ အပြောင်းအလဲတချို့ လုပ်ဖို့ လိုလာတယ်။ ယေဟောဝါရဲ့ လမ်းညွှန်မှု ရဖို့ ဦးဆောင်တဲ့ ညီအစ်ကိုတွေ ဆုတောင်းကြတယ်။ အဆောက်အအုံ ဝယ်ပြီး မွမ်းမံတာလိုမျိုး နည်းသစ်တွေ စမ်းသုံးကြတယ်။ “အပြောင်းအလဲကို လက်ခံဖို့ အစပိုင်းမှာတော့ မလွယ်ဘူး” လို့ ကမ္ဘာချီ ဆောက်လုပ်ရေး စီမံကိန်းမှာ မကြာသေးခင် နှစ်တွေက ပါဝင်တဲ့ ညီအစ်ကို ရောဘတ် ပြောတယ်။ “ခေတ်အဆက်ဆက် သုံးလာတဲ့ နည်းနဲ့ တော်တော် ကွာတယ်။ ဒါပေမဲ့ ညီအစ်ကိုတွေ လိုလိုလားလား ပြောင်းလဲကြတယ်။ ယေဟောဝါ ကောင်းချီး ပေးတာ အထင်အရှား တွေ့ရတယ်” လို့ ပြောတယ်။ အလိုတော် ပြီးမြောက်ဖို့ ဘုရား လမ်းညွှန်နေတယ်ဆိုတဲ့ အထောက်အထား အများကြီး ရှိသေးတယ်။ ဒါကြောင့် ‘အကောင်းဆုံး နည်းနဲ့ အမှုဆောင်နိုင်ဖို့ ယေဟောဝါရဲ့ လမ်းညွှန်ချက် ငါ ရှာသလား။ ကိုယ့်ဘက်က ပြောင်းလဲစရာ ရှိရင် ပြောင်းလဲသလား’ လို့ ဆန်းစစ်သင့်တယ်။
ZAHOVA NYNH A PACCYN PYAPAW KHA SAMSON AHOYTE A MANG
8. Vaekheit Samson tui a haw tuh pawmou a cyi?
၈ ရှံဆုန်ရဲ့ တခြားအံ့ဖွယ်လုပ်ရပ်တွေအကြောင်း စဉ်းစားကြည့်ပါ။ တစ်ယောက်တည်းအားနဲ့ ခြင်္သေ့တစ်ကောင် သတ်တယ်။ ဖိလိတိပြည်၊ အာရှကေလုန်မြို့သား ၃၀ ကို သတ်တယ်။ (သူကြီး. ၁၄:၅၊ ၆၊ ၁၉) ယေဟောဝါသာ မကူရင် ဒါတွေ မလုပ်နိုင်မှန်း ရှံဆုန် သိတယ်။ ဖိလိတိလူ ၁,၀၀၀ ကို ရိုက်သတ်ပြီးနောက် ရေဆာတဲ့အချိန် ရှံဆုန် လုပ်ခဲ့တာကို ကြည့်ရင် ဒီအချက် သိနိုင်တယ်။ ဘာလုပ်သလဲ။ ကိုယ့်အားကိုယ် ကိုးပြီး ရေရှာမယ့်အစား ယေဟောဝါဆီ အသနားခံတယ်။—သူကြီး. ၁၅:၁၈။
9. Samson nynh bungnaw a ngia tuh Zahova nynh pawmou a cyi pya? (Byapiatu 15:19)
၉ အံ့ဖွယ်နည်းနဲ့ ရေ ရအောင် လုပ်ပေးခြင်းအားဖြင့် ရှံဆုန်ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဖြေပေးတယ်။ ရေသောက်ပြီးနောက် ရှံဆုန် “အားပြည့်လန်းဆန်းလာတယ်။” (တရားသူကြီး ၁၅:၁၉ ကို ဖတ်ပါ။) နောက်ပိုင်း နှစ်အတော်ကြာ တရားသူကြီးကျမ်းကို ပရောဖက် ရှမွေလ ရေးတဲ့အချိန်ထိ ဒီစမ်းရေတွင်း ရှိတုန်းပဲ။ ယေဟောဝါကိုသာ အားကိုးရင် လိုအပ်ချိန်မှာ ကူညီပေးမယ်ဆိုတာ ဒီစမ်းရေတွင်း တွေ့တိုင်း အစ္စရေးတွေ အမှတ်ရနေကြမှာ။
ယေဟောဝါ ပြင်ဆင်ပေးတဲ့ ရေ သောက်ပြီးနောက် ရှံဆုန် အားပြည့်လန်းဆန်းလာ။ ကျွန်တော်တို့လည်း ဆက်သစ္စာရှိနိုင်ဖို့ ဘုရား ပြင်ဆင်ပေးတာတွေကို အကျိုးရှိရှိ အသုံးချရမှာ ဖြစ် (စာပိုဒ် ၁၀ ကို ကြည့်ပါ)
10. Zahova kya-e bungnaw mue ry ze pawmou cyi lang? (Sahkhung kha do.)
၁၀ ကျွန်တော်တို့လည်း ဘာအစွမ်းအစပဲ ရှိပါစေ၊ အမှုတော်မှာ ဘာကြီးပဲ လုပ်နိုင်ပါစေ ကျိုးနွံရမယ်။ ဘုရားကို အားကိုးရမယ်။ ဘုရားကို အားကိုးမှပဲ စစ်မှန်တဲ့ အောင်မြင်မှု ရမယ်ဆိုတာ အသိအမှတ်ပြုရမယ်။ ယေဟောဝါ ပြင်ဆင်ပေးတဲ့ ရေ သောက်ပြီးနောက် ရှံဆုန် အားပြည့်လာသလို ကျွန်တော်တို့လည်း ယေဟောဝါ ပြင်ဆင်ပေးတာတွေကနေ အကျိုး ရယူမယ်ဆိုရင် ဘုရားရေးရာမှာ အားပြည့်လန်းဆန်းလာမယ်။—မ. ၁၁:၂၈။
11. Zahova kha ka doliakuh cipaw pawtemou langsah lang? Tungboinaw hotua.
၁၁ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှု ကြုံရတဲ့ ရုရှားနိုင်ငံက ညီအစ်ကို အလက်ဆီအကြောင်း သုံးသပ်ကြည့်ပါ။ ခံနိုင်ရည် ရှိဖို့ ဘာက ကူညီပေးသလဲ။ ညီအစ်ကိုတို့ ဇနီးမောင်နှံမှာ ဝတ်ပြုမှု အလေ့အထကောင်း ရှိတယ်။ “ကိုယ်ပိုင်လေ့လာမှု လုပ်တယ်။ နေ့တိုင်း ကျမ်းစာ ဖတ်တယ်။ မနက်တိုင်း ဇနီးနဲ့ နေ့စဉ် ကျမ်းချက် အတူတူ ဖတ်တယ်။ အတူတူ ဆုတောင်းတယ်” လို့ ပြောတယ်။ ဘာသင်ယူနိုင်သလဲ။ ကိုယ့်အားကိုယ် ကိုးမယ့်အစား ယေဟောဝါကို အားကိုးရမယ်။ အားကိုးကြောင်း ဘယ်လို ပြရမလဲ။ မှန်မှန် ကျမ်းစာ လေ့လာ၊ ဆုတောင်း၊ အစည်းအဝေး တက်၊ ဟောပြောခြင်းအားဖြင့် ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ရမယ်။ ဒါဆိုရင် မိမိကို ဆက်ဝတ်ပြုနိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်။ ရှံဆုန်ကို ခွန်အား ပေးသလို ခွန်အား ပေးမယ်။
SAMSON TUH A LUNG THANG KHYH
12. Samson nynh paw ame leipaw byapaenaw mou a raesei, Delilah te mih ccuepekunaw tuh langmaw ccuepekunaw hae te pawtemou a lae?
၁၂ ရှံဆုန်လည်း ကျွန်တော်တို့လို မစုံလင်သူမို့ ဆုံးဖြတ်ချက် အမှားတွေ ချမိတယ်။ တစ်ခေါက်တော့ ဆုံးဖြတ်ချက် တစ်ခုလေးပဲ မှားသွားတာ အဖြစ်ဆိုးတွေ ကြုံလိုက်ရတယ်။ တရားသူကြီးအဖြစ် အချိန်အတော်ကြာ အမှုဆောင်ပြီးနောက် “စောရက် သဲချောင်းမှာ နေထိုင်သူ ဒေလိလ” နဲ့ ချစ်ကြိုက်သွားတယ်။ (သူကြီး. ၁၆:၄) ဒီ့မတိုင်ခင် ဖိလိတိ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ဖို့ ရည်ရွယ်ဖူးတယ်။ အဲဒီတုန်းကကျတော့ “ဖိလိတိလူတွေကို တိုက်ခိုက်ဖို့ အခွင့်ကောင်း” ရအောင် ‘ယေဟောဝါ လမ်းညွှန်’ တာ။ နောက်ပိုင်းမှာလည်း ဖိလိတိပြည်၊ ဂါဇာမြို့က ပြည့်တန်ဆာအိမ်မှာ အိပ်တယ်။ ဂါဇာမြို့တံခါးတွေ ဆွဲနုတ်ဖို့ ဘုရား ခွန်အား ပေးတာ အဲဒီတစ်ခေါက်ပေါ့။ (သူကြီး. ၁၄:၁-၄။ ၁၆:၁-၃) ဒေလိလကျတော့ အစ္စရေးလူမျိုး ဖြစ်ပုံရတယ်။ သူနဲ့ သွားပတ်သက်လို့ ဖိလိတိတွေကို တိုက်ဖို့ ဘာအခွင့်အလမ်းမှ ပေါ်လာမှာ မဟုတ်ဘူး။ ပတ်သက်ချင်လို့ကို သွားပတ်သက်တာ။
13. Delilah nynh Samson tungvaw pawtemou a cyi?
၁၃ ဖိလိတိတွေ ပေးတဲ့ ငွေကို ယူပြီး ရှံဆုန်ကို ဒေလိလ သစ္စာဖောက်လိုက်တယ်။ ရှံဆုန် ဘာကြောင့် မရိပ်မိတာလဲ။ ဒေလိလ ဘာကြံနေသလဲဆိုတာ သဲသဲကွဲကွဲ မမြင်တော့တဲ့အထိ အချစ်မျက်ကန်း ဖြစ်သွားလို့လား။ ဘယ်လိုပဲဖြစ်ဖြစ် တကျည်ကျည် ပူဆာနေတော့ တင်းမခံနိုင်တော့ဘဲ ခွန်အား ကြီးရတဲ့ အကြောင်းရင်း ပြောပြလိုက်တယ်။ စိတ်မကောင်းစရာပဲ။ အဲဒီအမှားကြောင့် ရှံဆုန် ခွန်အားလည်း လျော့၊ ဘုရားမျက်နှာသာလည်း အချိန်အတိုင်းအတာ တစ်ခုအထိ ဆုံးရှုံးလိုက်ရတယ်။—သူကြီး. ၁၆:၁၆-၂၀။
14. Delilah kha a zyn sei keiccu Samson pawmou a tung?
၁၄ ယေဟောဝါကို ယုံမယ့်အစား ဒေလိလကို ယုံစားမိလို့ ရှံဆုန် ဒုက္ခလှလှ တွေ့သွားတယ်။ ရှံဆုန်ကို ဖိလိတိတွေ ဖမ်းပြီး မျက်စိ ဖောက်ထုတ်၊ ဂါဇာမြို့မှာ ထောင်ချလိုက်တယ်။ မြို့တံခါးတွေ ဆွဲနုတ်ပစ်ခဲ့တဲ့ ဂါဇာမြို့မှာ အခုတော့ ကျွန်အဖြစ် ကောက်နှံကြိတ်တဲ့ အလုပ် လုပ်နေရပြီ။ ရှံဆုန်ကို ဖမ်းနိုင်တာ သူတို့ရဲ့ ဘုရား ဒါဂုန်ကြောင့်လို့ ဖိလိတိတွေ ထင်နေကြတယ်။ ဒါကြောင့် ဒါဂုန်အတွက် ပွဲအကြီးကြီး လုပ်ပေးကြတယ်။ ပွဲမှာ “ဖျော်ဖြေဖို့” ရှံဆုန်ကို ထောင်ကနေ ထုတ်လာခိုင်းကြတယ်။ လူသန်ကြီး ရှံဆုန် အရှက်ခွဲခံလိုက်ရတာပဲ။—သူကြီး. ၁၆:၂၁-၂၅။
ဖိလိတိတွေကို ချေမှုန်းနိုင်ဖို့ ရှံဆုန်ကို ယေဟောဝါ ခွန်အားပေး (စာပိုဒ် ၁၅ ကို ကြည့်ပါ)
15. Zahova kha bua a doliakuh cipaw Samson nynh pawtemou a langsah? (Byapiatu 16:28-30) (Ccabung sahkhung kha do.)
၁၅ ရှံဆုန် အမှားကြီး မှားခဲ့ပေမဲ့ မထူးဇာတ် မခင်းဘူး။ ဖိလိတိတွေကို တိုက်ဖို့ဆိုတဲ့ ဘုရားပေး တာဝန် ပြီးမြောက်ဖို့ အခွင့်အရေး ရှာတယ်။ (တရားသူကြီး ၁၆:၂၈-၃၀ ကို ဖတ်ပါ။) “ဖိလိတိလူတွေကို လက်စားချေပါရစေ” လို့ ဆုတောင်းတယ်။ ရှံဆုန်ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးတယ်။ ခွန်အား ပြန်ပေးတယ်။ ဒါကြောင့် ဖိလိတိလူ အများကြီးကို ရှံဆုန် သတ်နိုင်ခဲ့တယ်။ ဒီတစ်ခေါက် သတ်တာ အရင်က သတ်ခဲ့သမျှထက် ပိုများတယ်။
16. Samson a seinaw kyate pawmou ccangkuh kho lang?
၁၆ အမှား လုပ်မိလို့ ဆိုးကျိုးတွေ ရှံဆုန် ခံရပေမဲ့ ယေဟောဝါရဲ့ အလို မဆောင်ဘဲ မနေဘူး။ ကျွန်တော်တို့လည်း အမှား လုပ်မိလို့ တည့်မတ်ခံရတဲ့အခါ၊ အခွင့်ထူး ဆုံးရှုံးလိုက်ရတဲ့အခါ လက်မလျှော့သင့်ဘူး။ ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့် ရှိတယ်ဆိုတာ သတိရ,ရမယ်။ (ဆာ. ၁၀၃:၈-၁၀) အမှား လုပ်ဖူးရင်တောင် ရှံဆုန်လိုပဲ ယေဟောဝါအတွက် အသုံးဝင်နိုင်တုန်းပါပဲ။
အမှားအတွက် ရှံဆုန် ယူကျုံးမရ ဖြစ်ခဲ့နိုင်။ ဒါပေမဲ့ လက်မလျှော့။ ကျွန်တော်တို့လည်း လက်မလျှော့သင့် (စာပိုဒ် ၁၇-၁၈ ကို ကြည့်ပါ)
17-18. Michael tungboinaw nynh pawcce thawzung ae hoisah? (Sahkhung kha do.)
၁၇ ညီအစ်ကိုငယ် မိုက်ကယ်အကြောင်း စဉ်းစားကြည့်ပါ။ မှန်မှန် ရှေ့ဆောင်လည်း ဖြစ်၊ အသင်းတော် အမှုထမ်းလည်း ဖြစ်တယ်။ ဒါပေမဲ့ အမှား လုပ်မိလို့ အခွင့်ထူးတွေ ဆုံးရှုံးလိုက်ရတယ်။ “ယေဟောဝါအတွက် အမြဲ အလုပ်များနေတာ။ ရုတ်တရက်ဆိုသလို ဘာလုပ်စရာမှ မရှိတော့သလိုပဲ။ ကျွန်တော့်ကို ယေဟောဝါ စွန့်လိုက်ပြီလို့တော့ တစ်ခါမှ မတွေးပါဘူး။ ဒါပေမဲ့ ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းနိုင်ပါဦးမလား၊ အသင်းတော်မှာ အရင်ကလို ပြန်အမှုဆောင်နိုင်ပါဦးမလားဆိုတာတော့ စိုးရိမ်တယ်” လို့ ပြောတယ်။
၁၈ မိုက်ကယ် လက်မလျှော့ဘူး။ “ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာဖို့ အာရုံစိုက်တယ်။ မှန်မှန် ရင်ဖွင့်ဆုတောင်းတယ်။ ကျမ်းစာ လေ့လာတယ်။ တွေးတောဆင်ခြင်တယ်” လို့ ပြောတယ်။ နောက်တော့ အသင်းတော်မှာ အခွင့်ထူးတွေ ပြန်ရလာတယ်။ အခု၊ မှန်မှန် ရှေ့ဆောင်၊ အကြီးအကဲ ဖြစ်နေပြီ။ “အထူးသဖြင့်၊ အကြီးအကဲတွေ ပေးတဲ့ အားပေးနှစ်သိမ့်မှုကြောင့် ကျွန်တော့်ကို ယေဟောဝါ ချစ်နေတုန်းပဲဆိုတာ စိတ်ချလာတယ်။ သိစိတ် ကြည်ကြည်လင်လင်နဲ့ ပြန်အမှုဆောင်လာနိုင်တယ်။ စစ်မှန်တဲ့ နောင်တသာ ရမယ်ဆိုရင် ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ သိသွားပြီ” လို့ ပြောတယ်။ ကျွန်တော်တို့လည်း အမှား လုပ်ခဲ့ရင်တောင် အမှားကို ကြိုးစားပြင်မယ်၊ ယေဟောဝါဘုရားကို ဆက်အားကိုးမယ်ဆိုရင် ဘုရား ဆက်သုံးမယ်၊ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။—ဆာ. ၈၆:၅။ ပညာ. ၂၈:၁၃။
19. Samson tungboinaw nynh pawcce thawzung ae hoisah?
၁၉ ရှံဆုန်ရဲ့ ဘဝဖြစ်ရပ်တချို့ကို ဒီဆောင်းပါးမှာ လေ့လာခဲ့ကြတယ်။ ရှံဆုန် အမှားမကင်းဘူး။ ဒေလိလနဲ့ ကိစ္စမှာ မှားသွားပေမဲ့ ဘုရားအလို မဆောင်တော့ဘဲ မနေဘူး။ လက်မလျှော့ဘူး။ ဒါကြောင့် ယေဟောဝါလည်း ရှံဆုန်ကို လက်မလွှတ်ဘူး။ ဖိလိတိလူ အများကြီးကို သတ်နိုင်ဖို့ ပြန်သုံးတယ်။ ထူးခြားတဲ့ ယုံကြည်ခြင်း ရှိသူအဖြစ် မြင်တယ်။ ယုံကြည်ခြင်း စံနမူနာရှင်တွေထဲက တစ်ယောက်အဖြစ် ဟီဘရူး အခန်းကြီး ၁၁ မှာ မှတ်တမ်းတင်တယ်။ ကိုယ်ကိုးကွယ်တဲ့ ဘုရားဟာ ကိုယ်အားနည်းချိန်မှာ ခွန်အားပေးချင်တဲ့ ဘုရား ဖြစ်မှန်း သိရတာ အားရှိစရာပါပဲ။ ဒါကြောင့် ‘ကျွန်တော့်ကို သတိရလှည့်ပါ။ ခွန်အားပေးလှည့်ပါ’ ဆိုပြီး ရှံဆုန်လိုပဲ ယေဟောဝါဆီ တောင်းလျှောက်ကြရအောင်။—သူကြီး. ၁၆:၂၈။
LAW 3 တို့မျှော်လင့်ကိုးစားရာ
a ရှံဆုန်ဆိုတဲ့ ကျမ်းစာဇာတ်ကောင်ကို လူတော်တော်များများ သိကြတယ်။ ကျမ်းစာအကြောင်း သိပ်မသိသူတွေကအစ သိကြတယ်။ သူ့အကြောင်း ပြဇာတ်၊ သီချင်း၊ ရုပ်ရှင်တွေ ရှိတယ်။ ဒါပေမဲ့ ရှံဆုန်ရဲ့ ဘဝဟာ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်လောက်ပဲ မဟုတ်ဘူး။ ယုံကြည်ခြင်း ခိုင်မာသူ ရှံဆုန်ဆီကနေ အများကြီး သင်ယူနိုင်တယ်။