HOKU LANGPAW ABALU 38
Ngawphue Hae—Pawte Cihpaw Hingnaw Mou Na Hoiry Oh?
“Nythyanaw nynh ae thungkhaw cih.”—PTB. 2:11.
LAW 135 ယေဟောဝါရဲ့ မေတ္တာရပ်ခံချက်– ‘ငါ့သား၊ ပညာရှိပါ’
အကြိုသုံးသပ်ချက်a
1. Joash, Uzziah, te Josiah hae kya paw ruunaw mou a ung?
ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားလူမျိုးရဲ့ ဘုရင် ဖြစ်လာတယ်လို့ မြင်ယောင်ကြည့်ပါ။ ဘုရင့်အာဏာ သုံးပြီး ဘာတွေ လုပ်မလဲ။ အသက် ငယ်ငယ်လေးနဲ့ ယုဒဘုရင် ဖြစ်လာသူတွေအကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ ဥပမာ၊ ယောရှဟာ ၇ နှစ် အရွယ်၊ ဩဇိဟာ ၁၆ နှစ် အရွယ်၊ ယောရှိဟာ ၈ နှစ် အရွယ်မှာ ဘုရင် ဖြစ်လာတယ်။ အရွယ်နဲ့ ဖိအား မမျှလို့ သိပ်ခက်မှာပဲ။ ဒါပေမဲ့ ယေဟောဝါဘုရားနဲ့ တခြားသူတွေရဲ့ အကူအညီကြောင့် ကောင်းတာတွေ အများကြီး လုပ်နိုင်ခဲ့ကြတယ်။
2. Joash, Uzziah, te Josiah hae kong pawcce leihla lang a ccang?
၂ ကျွန်တော်တို့ဟာ ဘုရင်တွေ၊ ဘုရင်မတွေတော့ မဟုတ်ကြဘူး။ ဒါပေမဲ့ ဒီကျမ်းစာဇာတ်ကောင် သုံးယောက်ဆီက အဖိုးတန် သင်ခန်းစာတွေ ယူနိုင်တယ်။ သူတို့ ဆုံးဖြတ်ချက် မှန်တဲ့အခါ ရှိသလို မှားတဲ့အခါလည်း ရှိတယ်။ သူတို့အကြောင်း လေ့လာတဲ့အခါ အပေါင်းအသင်းကောင်း ရွေးဖို့၊ ဆက်နှိမ့်ချဖို့၊ ယေဟောဝါကို ဆက်ရှာဖို့ ဘာကြောင့် အရေးကြီးသလဲဆိုတာ သိလာမယ်။
PAWCCE AHOYPAW BANG POKUH LANG A CCANG
မိတ်ဆွေကောင်းတွေ အကြံပေးတာ နားထောင်ခြင်းအားဖြင့် ယောရှကို အတုယူနိုင် (စာပိုဒ် ၃၊ ၇ ကို ကြည့်ပါ)c
3. Ranpibawi Jehoiada ccangpyanaw kha ngaete Siapharang Joash pawmou a cyi?
၃ ယောရှရဲ့ ဆုံးဖြတ်ချက်ကောင်းကနေ သင်ယူနိုင်ရာ။ ဖတဆိုးလေး ဘုရင် ယောရှဟာ ငယ်ပေမဲ့ ကောင်းကောင်း ဆုံးဖြတ်တတ်တယ်။ ကိုယ့်ကို သားအရင်းလို သွန်သင်ဆုံးမပေးတဲ့ ပုရောဟိတ်မင်း ယောယဒစကား နားထောင်တယ်။ ယေဟောဝါကို ဝတ်ပြုတယ်။ စင်ကြယ်တဲ့ ဝတ်ပြုရေး ထွန်းကားအောင် လုပ်တယ်။ ဗိမာန်တော် ပြန်ပြုပြင်တယ်။—၂ ရာ. ၂၄:၁၊ ၂၊ ၄၊ ၁၃၊ ၁၄။
4. Zahova kawbya ngae langze paw thanenaw mou a ung? (Phungtangbya 2:1, 10-12)
၄ ယေဟောဝါကို ချစ်ဖို့၊ ဘုရားစံနှုန်းတွေအတိုင်း နေဖို့ သင့်ကို မိဘ ဒါမှမဟုတ် တစ်ယောက်ယောက် သွန်သင်ပေးတယ်ဆိုရင် ကောင်းချီးပါပဲ။ (ပညာအလိမ္မာ ၂:၁၊ ၁၀-၁၂ ကို ဖတ်ပါ။) မိဘတွေက ပုံစံအမျိုးမျိုးနဲ့ လေ့ကျင့်ပေးနိုင်တယ်။ ညီအစ်မ ကတ်ယာ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ဖခင်ဖြစ်သူ ဘယ်လို ကူညီပေးသလဲ သုံးသပ်ကြည့်ပါ။ နေ့တိုင်း ကျောင်းလိုက်ပို့ရင်း နေ့စဉ်ကျမ်းချက် ဆွေးနွေးကြတယ်။ “အဲဒီလို ဆွေးနွေးတာက အဲဒီနေ့ ပေါ်လာတဲ့ ပြဿနာတွေကို ကိုင်တွယ်နိုင်ဖို့ ကျွန်မကို ကူညီပေးတယ်” လို့ ညီအစ်မ ပြောတယ်။ ဒါပေမဲ့ ကျမ်းစာကို အခြေခံပြီး မိဘတွေ ချထားတဲ့ စည်းကမ်းတွေက တင်းကြပ်လွန်းပုံပေါက်ရင်ကော။ နာခံဖို့ ဘာက ကူညီပေးမလဲ။ စည်းကမ်း ချရတဲ့ အကြောင်းရင်းကို သဘောပေါက်ခြင်းပါ။ အနာစတာစီယာလို့ ခေါ်တဲ့ ညီအစ်မကို မိဘတွေ အဲဒီလိုပဲ အချိန်ပေး ရှင်းပြကြတယ်။ “ကျွန်မကို ချုပ်ချယ်ချင်လို့ မဟုတ်ဘူး။ ချစ်လို့၊ ကာကွယ်ပေးချင်လို့ စည်းကမ်း ချတာပဲဆိုတာ သဘောပေါက်သွားတယ်” လို့ ပြောတယ်။
5. Na cyisahnaw nynh nungpaw te Zahova tungvaw pawtemou thanenaw a ungsah? (Phungtangbya 22:6; 23:15, 24, 25)
၅ လူငယ် ယောရှရဲ့ စံနမူနာကို အတုယူသင့်တဲ့ အကြောင်းရင်းတွေ စဉ်းစားကြည့်ပါ။ မိဘတွေ ချပေးတဲ့ ကျမ်းစာအခြေပြု အကြံဉာဏ်အတိုင်း သင် လိုက်လျှောက်တဲ့အခါ မိဘတွေကော ယေဟောဝါပါ သိပ်ဝမ်းသာမယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပိုခိုင်မြဲလာမယ်။—ပညာအလိမ္မာ ၂၂:၆။ ၂၃:၁၅၊ ၂၄၊ ၂၅ ကို ဖတ်ပါ။
6. Jehoiada a chih koute a hung hae bya mou Joash a ngaesei, pawmou a cihkuh? (2 Sherianaw 24:17, 18)
၆ ယောရှရဲ့ ဆုံးဖြတ်ချက်အမှားကနေ သင်ယူနိုင်ရာ။ ယောယဒ ကွယ်လွန်ပြီးနောက် ယောရှ အပေါင်းအသင်း မှားလာတယ်။ (၂ ရာဇဝင်ချုပ် ၂၄:၁၇၊ ၁၈ ကို ဖတ်ပါ။) ဘုရားကို မချစ်တဲ့ ယုဒမှူးမတ်တွေစကား နားယောင်သွားတယ်။ တကယ်ဆိုရင် ဒီပြဿနာအိုးတွေကို ဝေးဝေး ရှောင်သင့်တာ။ (ပညာ. ၁:၁၀) ဒါပေမဲ့ တည့်မတ်ပေးဖို့ ကြိုးစားတဲ့ ဝမ်းကွဲ ဇာခရိကို ယောရှ သတ်လိုက်တယ်။ (၂ ရာ. ၂၄:၂၀၊ ၂၁။ မ. ၂၃:၃၅) ဘယ်လောက်တောင် မိုက်မဲဆိုးရွားလိုက်သလဲ။ ယောရှ အစ ကောင်းပေမဲ့ အနှောင်း မလှဘူး။ အယူဖောက်ပြန်သူ၊ လူသတ်သမား ဖြစ်သွားတယ်။ နောက်ပိုင်း၊ အမှုထမ်းတွေ လုပ်ကြံသတ်ဖြတ်တာကို ခံရတယ်။ (၂ ရာ. ၂၄:၂၂-၂၅) ယေဟောဝါစကားသာ ဆက်နားထောင်မယ်၊ ဘုရားကို ချစ်တဲ့သူတွေနဲ့သာ ပေါင်းမယ်ဆိုရင် ဒီလိုမရှုမလှ ဘဝဇာတ်သိမ်းမှာ မဟုတ်ဘူး။ ဘာသင်ခန်းစာ ယူနိုင်သလဲ။
7. A hung hae te mou mungkuh lang a ccang? (Sahkhung kha do.)
၇ မိတ်ဆွေတွေက ကျွန်တော်တို့အပေါ် အတော်အတန် လွှမ်းမိုးနိုင်တယ်။ ဒါကြောင့် ဘုရားကို ချစ်တဲ့၊ ဘုရားစိတ် ရွှင်လန်းစေချင်တဲ့ အပေါင်းအသင်းမျိုး ရွေးရမယ်။ ယောရှအကြောင်း စဉ်းစားကြည့်ပါ။ မိတ်ဆွေ ယောယဒထက် အသက် အများကြီး ငယ်တယ်။ သင်လည်း သက်တူရွယ်တူတွေနဲ့ပဲ မပေါင်းပါနဲ့။ အပေါင်းအသင်း ရွေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလိုဆန်းစစ်ပါ– ‘အပေါင်းအသင်းတွေကြောင့် ငါ ယုံကြည်ခြင်း ပိုခိုင်ခံ့လာသလား။ ဘုရားစံနှုန်းတွေအတိုင်း ပိုနေချင်လာသလား။ ဘုရားအကြောင်း၊ ကျမ်းစာအကြောင်း သူတို့ ထည့်ထည့် ပြောကြသလား။ ဘုရားစံနှုန်းတွေကို လေးစားကြသလား။ ငါ လမ်းလွဲနေတဲ့အခါ အမုန်းခံပြီး တည့်မတ်ပေးကြသလား။’ (ပညာ. ၂၇:၅၊ ၆၊ ၁၇) ယေဟောဝါကို မချစ်တဲ့ အပေါင်းအသင်းတွေဆိုရင် လွှတ်သာ ချလိုက်ပါ။ ယေဟောဝါကို ချစ်တဲ့သူတွေဆိုရင်တော့ အမိအရ ဖမ်းဆုပ်ထားပါ။ သင့်ကို အမြဲ ကူညီပေးကြလိမ့်မယ်။—ပညာ. ၁၃:၂၀။
8. Internet mang vae ze, pawhaemou tuabia lang a ccang?
၈ လူမှုမီဒီယာကြောင့် မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မပြတ် ရှိနိုင်တယ်။ ဒါပေမဲ့ တော်တော်များများက လူအထင်ကြီး ခံချင်လို့ ကိုယ် ဘာဝယ်ခဲ့တယ်၊ ဘာလုပ်ခဲ့တယ်ဆိုတာ ဓာတ်ပုံ၊ ဗီဒီယိုတွေ တင်ပြီး ကြွားကြတယ်။ ဒါကြောင့် သင်လည်း ဒီလိုဆန်းစစ်ပါ– ‘လူအထင်ကြီး ခံချင်လို့လား။ အပျော် ကူးစေချင်လို့လား။ ကြွားချင်လို့လား။ တခြားသူတွေရဲ့ စဉ်းစားတွေးခေါ်ပုံ၊ ပြောပုံဆိုပုံ၊ လုပ်ပုံကိုင်ပုံတွေ ငါ့ဆီ ကူးလာသလား။’ အုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် အမှုဆောင်ခဲ့တဲ့ ညီအစ်ကို နေသန် နောရ်က “လူ့အကြိုက် လိုက်ဖို့ မကြိုးစားနဲ့။ ဘယ်သူ့အကြိုက်မှ မတွေ့ဘဲ ဖြစ်သွားမယ်။ ယေဟောဝါ ကြိုက်တာကိုပဲ လုပ်။ ယေဟောဝါကို ချစ်တဲ့သူ အားလုံးရဲ့ အကြိုက်နဲ့ တွေ့လိမ့်မယ်” လို့ ပြောတယ်။
PAWCCE POU ZAKAWSANGSAHKU LANG A CCANG
9. Pachia bungnaw keiccu Uzziah pawhaemou a cyi kho? (2 Sherianaw 26:1-5)
၉ ဩဇိရဲ့ ဆုံးဖြတ်ချက်ကောင်းကနေ သင်ယူနိုင်ရာ။ ဘုရင် ဩဇိ နန်းတက်စမှာ သိပ်နှိမ့်ချတယ်။ “စစ်မှန်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတတ်” ဖို့ ကြိုးစားတယ်။ ၆၈ နှစ် အသက်ရှည်တယ်။ ဘုရားကောင်းချီး တော်တော် ရတယ်။ (၂ ရာဇဝင်ချုပ် ၂၆:၁-၅ ကို ဖတ်ပါ။) ရန်သူ အများကြီးကို အောင်နိုင်တယ်။ ဂျေရုဆလင်မြို့ရဲ့ ခံတပ် တောင့်တင်းအောင် တည်ဆောက်တယ်။ (၂ ရာ. ၂၆:၆-၁၅) ဘုရားအကူအညီကြောင့် လုပ်နိုင်ခဲ့တာ အားလုံးအတွက် ဩဇိ သိပ်ကျေနပ်မှာပဲ။—ဒေ. ၃:၁၂၊ ၁၃။
10. Uzziah pawmou a cihkuh?
၁၀ ဩဇိရဲ့ ဆုံးဖြတ်ချက်အမှားကနေ သင်ယူနိုင်ရာ။ ဘုရင် ဩဇိဟာ တခြားသူတွေကို လက်ညှိုးထိုး အမိန့်ပေးနေကျဆိုတော့ ငါပြီးရင် ပြီးရောဆိုတဲ့ အတွေးမျိုး ဝင်လာပုံပဲ။ ဒီလိုနဲ့ တစ်နေ့၊ နံ့သာပေါင်း မီးရှို့ဖို့ ယေဟောဝါရဲ့ ဗိမာန်တော်ထဲ ဝင်သွားတယ်။ တကယ်ဆိုရင် ပုရောဟိတ်တွေပဲ နံ့သာပေါင်း မီးရှို့ခွင့် ရှိတာ။ တော်တော် ရောင့်တက်နေတာပဲ။ (၂ ရာ. ၂၆:၁၆-၁၈) ပုရောဟိတ်မင်း အာဇရိ လိုက်တားတယ်။ ဩဇိ အကြီးအကျယ် ဒေါသထွက်တယ်။ တစ်သက်လုံး သစ္စာရှိခဲ့ပါတယ်ဆိုတဲ့ မှတ်တမ်း ဒီလုပ်ရပ်ကြောင့် ပျက်သွားတော့တာပဲ။ အနာကြီးရောဂါနဲ့ ယေဟောဝါ ဒဏ်ခတ်လိုက်တယ်။ (၂ ရာ. ၂၆:၁၉-၂၁) ဆက်သာ နှိမ့်ချရင် ဒီလိုမရှုမလှ ဘဝဇာတ်သိမ်းမှာ မဟုတ်ဘူး။
ကိုယ် ဘာတွေ လုပ်နိုင်ခဲ့တယ်ဆိုပြီး ဂုဏ်မောက်မယ့်အစား ယေဟောဝါကို ဂုဏ်တင်သင့် (စာပိုဒ် ၁၁ ကို ကြည့်ပါ)d
11. Zakawsangsahkunaw a hoikuh tou cipaw pawtemou nykuh kho lang? (Sahkhung kha do.)
၁၁ မိမိ စည်းစိမ်အာဏာ တိုးလာတာ ယေဟောဝါကြောင့်ဆိုတာ ဩဇိ မေ့သွားတယ်။ ဘာသင်ခန်းစာ ရသလဲ။ ကိုယ် ရထားတဲ့ ကောင်းချီးတွေ၊ အခွင့်ထူးတွေဟာ ယေဟောဝါ ပေးထားလို့ဆိုတာ သတိရပါ။ ဘာတွေ လုပ်နိုင်ခဲ့တယ်ဆိုပြီး ဂုဏ်မောက်မယ့်အစား အဲဒီလို လုပ်နိုင်အောင် ကူညီပေးတဲ့ ယေဟောဝါကို ကျေးဇူးတင်သင့်တယ်။b (၁ ကော. ၄:၇) ကိုယ် မစုံလင်ဘူး၊ ဆုံးမမှု လိုတယ်ဆိုတာ နှိမ့်ချမှု ရှိရှိ လက်ခံပါ။ “ကျွန်တော့်အမှားကို တခြားသူတွေ ထောက်ပြလာတဲ့အခါ ဒေါသ မထွက်ဖို့၊ စိတ်ဓာတ်မကျဖို့ ကြိုးစားတယ်။ တစ်ခါတလေ မိုက်မိုက်မဲမဲ လုပ်မိတဲ့ အမှားတွေနဲ့ပတ်သက်ပြီး ဆုံးမခံရတဲ့အခါ ကြိုးစားပြီး ပြင်တယ်။ ယေဟောဝါအတွက် အကောင်းဆုံး ပေးဖို့ ဆက်ကြိုးစားတယ်” လို့ အသက် ၆၀ ဝန်းကျင် ညီအစ်ကိုတစ်ယောက် ပြောတယ်။ ယေဟောဝါကို ကြောက်ရွံ့ရိုသေမယ်၊ ဆက်နှိမ့်ချမယ်ဆိုရင် ပျော်ရွှင်တဲ့ အသက်တာ ပိုင်ဆိုင်ရမယ်။—ပညာ. ၂၂:၄။
PAWCCE ZAHOVA KHA POU CCUNG LANG
12. Zahova kha ka ccung cipaw Josiah nynh pawtemou a langsah? (2 Sherianaw 34:1-3)
၁၂ ယောရှိရဲ့ ဆုံးဖြတ်ချက်ကောင်းကနေ သင်ယူနိုင်ရာ။ ယောရှိ အသက် ၁၆ နှစ်မှာ ယေဟောဝါကို စရှာတယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေဟောဝါအကြောင်း သိအောင် လုပ်ခြင်း၊ ဘုရား လုပ်စေချင်တာ လုပ်ခြင်းအားဖြင့်ပါ။ ဒါပေမဲ့ ဘဝဟာ ဖယောင်းခင်းလမ်း ဖြစ်မနေဘူး။ အယူမှား ဝတ်ပြုရေး ပျံ့နှံ့နေလို့ အများနဲ့ တစ်ယောက် ဖြစ်နေတယ်။ စင်ကြယ်တဲ့ ဝတ်ပြုရေးဘက် ရပ်တည်ဖို့ သတ္တိ ရှိမှ ရမယ်။ တကယ်လည်း သတ္တိ ရှိတယ်။ အသက် ၂၀ မပြည့်ခင်မှာပဲ တိုင်းပြည်ကနေ အယူမှား ဝတ်ပြုရေးကို စဖယ်ရှားတယ်။—၂ ရာဇဝင်ချုပ် ၃၄:၁-၃ ကို ဖတ်ပါ။
13. Zahova kalang pyng pyakuh langze na hingnaw kya pawhaemou a rulaekuh cih?
၁၃ ယောရှိလိုပဲ သင်လည်း ငယ်သေးတယ်ဆိုရင်တောင် ယေဟောဝါဘုရားအကြောင်း၊ ဘုရားရဲ့ အရည်အသွေးတွေအကြောင်း လေ့လာနိုင်တယ်။ လေ့လာတာနဲ့အမျှ ဘုရားဆီ ဆက်ကပ်အပ်နှံချင်လာမယ်။ ဘုရားဆီ ဆက်ကပ်အပ်နှံတဲ့အခါ သင့်ဘဝမှာ ဘာတွေ ပြောင်းလဲသွားမလဲ။ “ဆက်ကပ်အပ်နှံလိုက်တဲ့ နေ့ကစပြီး ယေဟောဝါကို ဝတ်ပြုဖို့၊ ဘုရားကို ပျော်အောင် ထားဖို့က ကျွန်တော့်ဘဝမှာ နံပါတ်တစ် ဖြစ်လာတယ်” လို့ အသက် ၁၄ နှစ်မှာ နှစ်ခြင်းခံခဲ့တဲ့ လုခ် ပြောတယ်။ (မာ. ၁၂:၃၀) သင်လည်း ဒီလို စိတ်ပိုင်းဖြတ်ထားရင် ကောင်းချီးတွေ ရမှာ သေချာတယ်။
14. Ngawphue hae abang nynh Siapharang Josiah kha pawtemou a doliakuh hae.
၁၄ ယေဟောဝါရဲ့ ကျေးကျွန် လူငယ်တွေ ဘာအခက်အခဲ ကြုံနိုင်သလဲ။ အသက် ၁၂ နှစ်မှာ နှစ်ခြင်းခံခဲ့တဲ့ ဂျိုဟန် ရွယ်တူချင်းဖိအား ကြုံရတယ်။ အီး စီးကရက် သောက်ဖို့ အတန်းဖော်တွေ ဖိအားပေးကြတယ်။ ဒါပေမဲ့ သောက်ရင် ကျန်းမာရေးကော ဘုရားနဲ့ ဆက်ဆံရေးပါ ထိခိုက်မယ်ဆိုပြီး ဂျိုဟန် ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးတယ်။ ကျောင်းမှာ ဖိအားတွေ ရင်ဆိုင်နိုင်ဖို့ ဘာက ကူညီပေးကြောင်း အသက် ၁၄ နှစ်မှာ နှစ်ခြင်းခံခဲ့တဲ့ ရေချယ် ဒီလိုပြောတယ်– “ဘာပြောပြော၊ ဘာလုပ်လုပ် ကျမ်းစာအကြောင်း၊ ယေဟောဝါအကြောင်း ဆက်စပ်ပြီး တွေးလိုက်တယ်။ ဥပမာ၊ သမိုင်းကြောင်းတစ်ခုခု လေ့လာတဲ့အခါ ကျမ်းမှတ်တမ်း ဒါမှမဟုတ် ပရောဖက်ပြုချက်တစ်ခု တွေးကြည့်တယ်။ တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါ ထည့်ပြောလို့ ကောင်းမယ့် ကျမ်းပိုဒ် တစ်ပိုဒ်ဖြစ်ဖြစ် စဉ်းစားကြည့်တယ်။” ဘုရင် ယောရှိ ကြုံတဲ့ အခက်အခဲနဲ့ သင့်အခက်အခဲ တူချင်မှ တူမယ်။ ဒါပေမဲ့ ဘုရင် ယောရှိလို ပညာရှိနိုင်တယ်။ သစ္စာရှိနိုင်တယ်။ ငယ်ငယ်ကတည်းက အခက်အခဲလေးတွေ ဖြေရှင်းတတ်ရင် ကြီးလာလို့ အခက်အခဲကြီးတွေ ကြုံရတဲ့အခါ ဖြေရှင်းတတ်သွားမယ်။
15. Zyntyn kho nawlang Siapharang Josiah kha pawnynhmou a bung? (2 Sherianaw 34:14, 18-21)
၁၅ ဘုရင် ယောရှိ အသက် ၂၆ နှစ်မှာ ဗိမာန်တော်ကို စပြုပြင်တယ်။ ပြုပြင်ရင်း “မောရှေကတစ်ဆင့် ပေးခဲ့တဲ့ ယေဟောဝါရဲ့ ပညတ်ကျမ်း” ကို တွေ့သွားတယ်။ ပညတ်ကျမ်းမှာ ရေးထားတာတွေ ဖတ်ပြတာ ကြားပြီးနောက် အဲဒီမှာ ပါတဲ့အတိုင်း လုပ်ဖို့ ချက်ချင်း စီစဉ်တယ်။ (၂ ရာဇဝင်ချုပ် ၃၄:၁၄၊ ၁၈-၂၁ ကို ဖတ်ပါ။) သင်ကော ကျမ်းစာ မှန်မှန် ဖတ်ချင်သလား။ ဖတ်နေတယ်ဆိုရင် ဖတ်ရတာ ပျော်ရဲ့လား။ သင့်အတွက် အထောက်အကူ ဖြစ်စေမယ့် ကျမ်းပိုဒ်တွေ မှတ်ထားသလား။ စိတ်ဝင်စားစရာ အချက်တွေ တွေ့တဲ့အခါ နေ့စဉ်မှတ်တမ်းထဲ ချရေးတယ်လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ လုခ် ပြောတယ်။ ဒီလိုချရေးတာက ကိုယ် ဘာတွေ ဖတ်ခဲ့တယ်၊ ဘာသင်ခန်းစာတွေ ရခဲ့တယ်ဆိုတာ မှတ်မိစေတယ်။ ကျမ်းစာကို ပိုသိ၊ ပိုမြတ်နိုးလေ ယေဟောဝါအတွက် ပိုအမှုဆောင်ချင်လေ ဖြစ်လာမယ်။ မှန်ရာ လုပ်ဖို့ ဘုရင် ယောရှိကို ဘုရားစကားက ကူညီပေးသလို သင့်ကိုလည်း ကူညီပေးလိမ့်မယ်။
16. Josiah pawcce alepaw seinaw a raesei, pawmou ccangkuh kho lang?
၁၆ ယောရှိရဲ့ ဆုံးဖြတ်ချက်အမှားကနေ သင်ယူနိုင်ရာ။ ယောရှိ အသက် ၃၉ နှစ်လောက်မှာ အမှားတစ်ခုကြောင့် အသက်ပါ ရင်းလိုက်ရတယ်။ ဘုရားလမ်းညွှန်မှု ရှာမယ့်အစား ကိုယ့်အားကိုယ် ကိုးလိုက်လို့ပါ။ (၂ ရာ. ၃၅:၂၀-၂၅) ဘာသင်ခန်းစာ ရသလဲ။ အသက် ဘယ်လောက် ကြီးကြီး၊ ကျမ်းစာ အသိပညာ ဘယ်လောက် ရှိရှိ ယေဟောဝါကို ဆက်ရှာရမယ်။ ဘယ်လိုနည်းနဲ့လဲ။ ဘုရားလမ်းညွှန်မှု ရဖို့ မှန်မှန် ဆုတောင်းခြင်း၊ ကျမ်းစာ မှန်မှန် လေ့လာခြင်း၊ ရင့်ကျက်တဲ့ ခရစ်ယာန်တွေဆီက အကြံဉာဏ် တောင်းခြင်းအားဖြင့်ပါ။ ဒါဆိုရင် ကြီးလေးတဲ့ အမှားတွေ ရှောင်နိုင်လို့ ပျော်ရလိမ့်မယ်။—ယာ. ၁:၂၅။
NGAWPHUE HAE—LUNGPAW LANG UNGPAW HINGNAW NA MUE KHO OH
17. Judah siapharang luthung kyate paw azicipaw ccangkunaw hae mou a muekuh?
၁၇ တချို့အရာတွေက ငယ်တုန်းရွယ်တုန်းပဲ လုပ်နိုင်တာ။ လူငယ်တွေ ပညာရှိ ဆုံးဖြတ်ချက် ချနိုင်တယ်၊ ဘုရား နှစ်သက်တဲ့ အသက်တာနဲ့ နေနိုင်တယ်ဆိုတာ ဘုရင် ယောရှ၊ ဩဇိ၊ ယောရှိတို့ရဲ့ မှတ်တမ်းက သက်သေပါပဲ။ သူတို့တွေ အစ ကောင်းပေမဲ့ အနှောင်း မလှကြဘူး။ ဒါပေမဲ့ သင်ခန်းစာ ယူတတ်မယ်ဆိုရင် သူတို့ လုပ်မိတဲ့ အမှားမျိုး ရှောင်နိုင်မယ်။ ကောင်းကွက်တွေ အတုယူနိုင်မယ်။ အောင်မြင်ပျော်ရွှင်တဲ့ အသက်တာ ပိုင်ဆိုင်နိုင်မယ်။
လူငယ်လေး ဒါဝိဒ် ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲအောင် ကြိုးစား။ ယေဟောဝါကို ပျော်အောင် ထား။ ကိုယ်တိုင်လည်း ပျော်စရာ ဘဝ ပိုင်ဆိုင်ရ (စာပိုဒ် ၁၈ ကို ကြည့်ပါ)
18. Lungpaw lang ungpaw hingnaw a muekuh kho cipaw paw Baebu kong hae nynh mou a langsah? (Sahkhung kha do.)
၁၈ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တဲ့၊ ဘုရားမျက်နှာသာ ရခဲ့တဲ့၊ ကျေနပ်ပျော်ရွှင်ဖွယ် ဘဝ ပိုင်ဆိုင်ခဲ့တဲ့ တခြားလူငယ်တွေအကြောင်း ကျမ်းစာမှာ ပါသေးတယ်။ ဥပမာ၊ ဒါဝိဒ်ဟာ လူငယ်အရွယ်မှာ ဘုရားမိတ်ဆွေ ဖြစ်လာတယ်။ နောက်ပိုင်း၊ သစ္စာရှိ ဘုရင် ဖြစ်လာတယ်။ တစ်ခါတလေ အမှား လုပ်မိပေမဲ့ သစ္စာရှိ ကျေးကျွန်အဖြစ် ဘုရား ရှုမြင်တယ်။ (၁ ဘု. ၃:၆။ ၉:၄၊ ၅။ ၁၄:၈) ဒါဝိဒ်အကြောင်း လေ့လာတဲ့အခါ သင်လည်း ဘုရားအတွက် သစ္စာရှိရှိ အမှုဆောင်ချင်လာမယ်။ မာကု၊ တိမောသေတို့လည်း ငယ်ငယ်ကတည်းကနေ သက်ဆုံးတိုင် သစ္စာရှိရှိ ဘုရားအမှု ဆောင်ကြတယ်။ သူတို့ကြောင့် ဘုရား သိပ်ပျော်တယ်။ သူတို့လည်း ကျေနပ်ပျော်ရွှင်တဲ့ အသက်တာ ပိုင်ဆိုင်ကြတယ်။
19. Pawte cihpaw hingnaw mou na mue kho?
၁၉ ကိုယ့်နောင်ရေးဟာ အသက်တာကို လက်ရှိအချိန်မှာ ဘယ်လို သုံးနေသလဲဆိုတဲ့ အပေါ် မူတည်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ယေဟောဝါကို အားကိုးပါ။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ဘုရား ကူညီပေးလိမ့်မယ်။ (ပညာ. ၂၀:၂၄) ကျေနပ်ပျော်ရွှင်စရာ ဘဝ သင် ပိုင်ဆိုင်ရလိမ့်မယ်။ မိမိအတွက် သင် လုပ်ပေးသမျှ ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ သတိရပါ။ ချစ်ဖခင် ယေဟောဝါအတွက် အမှုဆောင်တာလောက် ပိုကောင်းတဲ့ အသက်တာ မရှိနိုင်တော့ဘူး။
LAW 144 ဆုလာဘ်တော်ကို မျက်ခြည်မပြတ်စေနဲ့
a လူငယ်တို့၊ ဘုရားမိတ်ဆွေ ဆက်ဖြစ်နေဖို့၊ မှန်ရာ လုပ်ဖို့ အမြဲ မလွယ်မှန်း ယေဟောဝါ သိတယ်။ ကောင်းကင်ဘုံစံ ဖခင် နှစ်သက်တဲ့ ပညာရှိ ဆုံးဖြတ်ချက်မျိုး ဘယ်လို ချနိုင်မလဲ။ ယုဒဘုရင် ဖြစ်လာကြတဲ့ လူငယ် သုံးယောက်အကြောင်း၊ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကနေ ဘာတွေ သင်ယူနိုင်ကြောင်း လေ့လာသွားကြမယ်။
b jw.org မှာ တင်ထားတဲ့ “အွန်လိုင်းမှာ နာမည်ကြီးဖို့ ဘယ်လောက် အရေးကြီးသလဲ” ဆောင်းပါးထဲက “‘နှိမ့်ချချင်ဟန်ဆောင်တဲ့ ဝါကြွားမှု’ ကို သတိထားပါ” လေးထောင့်ကွက်ကို ကြည့်ပါ။
c ပုံအညွှန်း– ညီအစ်မငယ်တစ်ယောက်ကို ရင့်ကျက်တဲ့ ညီအစ်မ အကြံကောင်း ပေးနေ။
d ပုံအညွှန်း– စည်းဝေးပွဲ အစီအစဉ်တစ်ခုမှာ လူတွေ့မေးခံရတဲ့ ညီအစ်မတစ်ယောက် ယေဟောဝါကို အားကိုး။ လုပ်နိုင်တာအတွက် ယေဟောဝါကို ဂုဏ်တင်။