ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တမန်တော် ၃
  • ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

တမန်တော် ၃:၁

အောက်ခြေမှတ်ချက်များ

  • *

    “မွန်းလွဲ ၃ နာရီခန့်။”

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၂၈

    ကင်းမျှော်စင်၊

    ၆/၁/၁၉၉၀၊ စာ. ၁၃

တမန်တော် ၃:၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၂၈

တမန်တော် ၃:၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၂၈

တမန်တော် ၃:၁၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၆/၁/၁၉၉၀၊ စာ. ၁၃

တမန်တော် ၃:၁၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကမ္ဘာသစ်ဘာသာပြန်ကျမ်း၊ စာ. ၂၄၅၇

တမန်တော် ၃:၁၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၂၉

    ကင်းမျှော်စင်၊

    ၆/၁၅/၂၀၀၉၊ စာ. ၃၂

တမန်တော် ၃:၁၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ယေဟောဝါထံ ချဉ်းကပ်လော့၊ စာ. ၂၆၅

    ပျော်စရာဘဝ ထာဝရ စံစားကြ၊ သင်ခန်းစာ ၄၇

    ကင်းမျှော်စင်၊

    ၂/၁၅/၂၀၁၄၊ စာ. ၂၈

    ၆/၁၅/၂၀၁၃၊ စာ. ၂၀

    ၅/၁/၂၀၀၉၊ စာ. ၁၅

    ၉/၁/၂၀၀၈၊ စာ. ၁၄

    ၉/၁/၂၀၀၀၊ စာ. ၁၇-၁၈

    ၁၂/၁/၁၉၉၇၊ စာ. ၁၂

    ၆/၁/၁၉၉၀၊ စာ. ၁၃-၁၄

တမန်တော် ၃:၂၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၉/၁/၂၀၀၀၊ စာ. ၁၇

    ၆/၁/၁၉၉၀၊ စာ. ၁၃-၁၄

တမန်တော် ၃:၂၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၂/၂၀၂၄၊ စာ. ၄

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၃၁

    ယေဟောဝါထံ ချဉ်းကပ်လော့၊ စာ. ၇၇-၇၈

    စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု၊ စာ. ၁၀၄-၁၀၅၊ ၁၀၈

    ကင်းမျှော်စင်၊

    ၃/၁၅/၂၀၀၇၊ စာ. ၅-၆

    ၁၂/၁၅/၂၀၀၀၊ စာ. ၃၀

    ၉/၁/၂၀၀၀၊ စာ. ၁၇-၁၈

    ၆/၁/၁၉၉၀၊ စာ. ၁၃-၁၄

တမန်တော် ၃:၂၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၀/၁၅/၁၉၉၁၊ စာ. ၂၈-၃၁

တမန်တော် ၃:၂၃

အောက်ခြေမှတ်ချက်များ

  • *

    ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။

တမန်တော် ၃:၂၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၆/၁/၁၉၉၀၊ စာ. ၁၃-၁၄

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။
  • ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ
  • ကမ္ဘာသစ်ဘာသာပြန်ကျမ်း ဖတ်ပါ
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ
တမန်တော် ၃:၁-၂၆

တမန်တော်

၃ ဆုတောင်းရာအချိန်၊ ကိုးနာရီ*တွင် ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ တက်သွားကြစဉ်၊ ၂ အမိဝမ်းတွင်းကပင် ခြေဆွံ့သူတစ်ဦးကို လူတို့သည်ထမ်းလာကြ၏။ ဗိမာန်တော်သို့ ဝင်သောသူတို့ထံမှ တောင်းရမ်းစေရန် တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကို နေ့စဉ်ချထားတတ်ကြ၏။ ၃ ဗိမာန်တော်ထဲ ဝင်လုဆဲဖြစ်သောပေတရုနှင့် ယောဟန်တို့ကို ထိုသူမြင်လျှင် ပေးကမ်းစွန့်ကြဲခဲ့ပါဟု အသနားခံလေ၏။ ၄ ထိုအခါ ပေတရုသည် ယောဟန်နှင့်အတူ ထိုသူကို စေ့စေ့ကြည့်လျက် “ငါတို့ကို ကြည့်လော့” ဟုဆို၏။ ၅ ထိုသူသည် တစ်စုံတစ်ခု ရမည်စိတ်ထင်နှင့် တမန်တော်တို့ကို အာရုံစိုက်လျက်နေ၏။ ၆ ပေတရုကလည်း “ငါ့မှာ ရွှေငွေမရှိ၊ ရှိသည့်အရာကို သင့်အား ငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏နာမအားဖြင့် လှမ်းသွားလော့” ဟုဆိုလျက်၊ ၇ သူ၏လက်ယာလက်ကို ကိုင်ဆွဲထူမလေသော် ခဏချင်းတွင် ခြေနှစ်ဖက်နှင့် ခြေမျက်စိများသည် ခိုင်မာလာသဖြင့်၊ ၈ ထိုသူသည်ရုတ်တရက် ထခုန်၍ မတ်တတ်ရပ်ပြီးလျှင် လမ်းလျှောက်လေ၏။ လှမ်းသွားလျက်၊ ခုန်ပေါက်လျက်၊ ဘုရားသခင်ကို ချီးမွမ်းလျက် တမန်တော်တို့နှင့်အတူ ဗိမာန်တော်ထဲသို့ ဝင်လေ၏။ ၉ ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို ထိုနေရာရှိ လူအပေါင်းတို့သည် မြင်ကြ၏။ ၁၀ ထိုသူသည် ဗိမာန်တော်၏ တင့်တယ်တံခါးနားမှာ ထိုင်လျက် တောင်းရမ်းသူဖြစ်ကြောင်း သိကြသောကြောင့် သူ၌ဖြစ်သည့်အမှုကို အံ့သြမိန်းမောကြ၏။

၁၁ ထိုသူသည် ပေတရုနှင့် ယောဟန်တို့ကို ဆွဲကိုင်လျက်ရှိစဉ် လူအပေါင်းတို့သည် အံ့သြသဖြင့် ထိုသူတို့ရှိရာ ရှောလမုန် မုခ်ဆောင်အမည်ရှိသော အရပ်သို့ ပြေးဝင်လာကြ၏။ ၁၂ ပေတရုသည်မြင်လျှင် လူတို့အား “အစ္စရေးအမျိုးသားတို့၊ သင်တို့သည် ဤအမှုကို အဘယ်ကြောင့် အံ့သြကြသနည်း။ ငါတို့၏တန်ခိုး၊ ငါတို့၏ဘုရားတရားဆည်းကပ်မှုဖြင့် ဤသူကို လှမ်းသွားစေသည့်အလား အဘယ်ကြောင့် ငါတို့ကို စေ့စေ့ကြည့်နေကြသနည်း။ ၁၃ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် ကျွန်တော်ရင်းယေရှုအား ဘုန်းထင်ရှားစေတော်မူပြီ။ သင်တို့သည် ထိုသူကို အပ်နှံကြ၏။ ပိလတ်မင်းက လွှတ်မည်ဟု ဆုံးဖြတ်သောအခါ သူ့ကို ပိလတ်မင်းရှေ့တွင် သင်တို့ငြင်းပယ်ခဲ့ကြ၏။ ၁၄ သန့်ရှင်းဖြောင့်မတ်သောသူကို ငြင်းပယ်၍ လူသတ်သမားကို လွှတ်ပေးပါရန် သင်တို့တောင်းလျှောက်ကြ၏။ ၁၅ သင်တို့သည် အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်ကိုမူကား ကွပ်မျက်ကြပြီ။ သို့သော် ထိုအရှင်ကို ဘုရားသခင်သည်သေခြင်းမှ ထမြောက်စေတော်မူကြောင်း ငါတို့နှစ်ဦးသည် သက်သေဖြစ်ကြ၏။ ၁၆ ကိုယ်တော်၏နာမကို ငါတို့ယုံကြည်သောကြောင့် ထိုနာမသည် သင်တို့သိမြင်သော ဤသူကို သန်စွမ်းလာစေပြီ။ ထိုအရှင်ကြောင့်ရသော ယုံကြည်ခြင်းသည် သင်တို့အားလုံး၏ရှေ့တွင် ဤသူကို လုံးလုံးကျန်းမာစေပြီ။ ၁၇ ယခုတွင် ညီအစ်ကိုတို့၊ သင်တို့၏မင်းအရာရှိများနည်းတူ သင်တို့လည်း မသိနားမလည်ဘဲ ပြုခဲ့ကြသည်ကိုငါသိ၏။ ၁၈ ဘုရားသခင်သည် မိမိ၏ခရစ်တော် ဒုက္ခခံရမည်ဟု ပရောဖက်အပေါင်းတို့၏နှုတ်ဖြင့် ဖော်ပြတော်မူနှင့်သောအမှုကို ထိုသို့အားဖြင့် ပြည့်စုံစေတော်မူပြီ။

၁၉ “ထို့ကြောင့် သင်တို့၏အပြစ်များကို ပယ်ဖျက်စေလိုလျှင် နောင်တရ၍ ပြောင်းလဲကြလော့။ သို့ပြုလျှင် ယေဟောဝါဘုရား ကိုယ်တော်တိုင်ထံမှ လန်းဆန်းစေသောအချိန်ကာလ ရောက်လာ၍၊ ၂၀ သင်တို့အတွက် ခန့်ထားသော ခရစ်တော်တည်းဟူသော ယေရှုကို စေလွှတ်တော်မူလိမ့်မည်။ ၂၁ ရှေးခေတ်မှ သန့်ရှင်းသော ပရောဖက်တို့၏နှုတ်ဖြင့် ဘုရားသခင် မိန့်မြွက်တော်မူခဲ့သည့်အတိုင်း အရာခပ်သိမ်းကို အသစ်တစ်ဖန် ပြုပြင်ရာကာလတိုင်အောင် ကောင်းကင်ဘုံသည် ထိုအရှင်ကို ခံယူသိမ်းဆည်းရမည်။ ၂၂ မောရှေက ‘ယေဟောဝါဘုရားသခင်သည် သင်တို့၏ ညီအစ်ကိုချင်းတို့ထဲမှ ငါနှင့်တူသော ပရောဖက်တစ်ပါးကို သင်တို့အတွက် ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက် ဟောပြောသမျှကို သင်တို့သည် နားထောင်ကြရမည်။ ၂၃ ထိုပရောဖက်၏စကားကို နားမထောင်ဘဲနေသူ*တိုင်းသည် အမျိုးထဲက ရှင်းရှင်းဖျက်ဆီးခံရမည်’ ဟုဆို၏။ ၂၄ ရှမွေလမှစ၍ ပရောဖက်အပေါင်းတို့သည်လည်း ထိုနေ့ရက်ကာလအကြောင်း အတိအလင်း ကြေညာကြပြီ။ ၂၅ သင်တို့သည် ပရောဖက်တို့၏သားမြေးများ ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံကို ‘သင်၏အမျိုးအနွယ်အားဖြင့် မြေကြီးပေါ်ရှိ မိသားစုအပေါင်း ကောင်းချီးမင်္ဂလာ ခံစားရလိမ့်မည်’ ဟုဆိုလျက် သင်တို့ဘိုးဘေးများနှင့် ဖွဲ့ဆိုသောပဋိညာဉ်၏ အမွေခံများလည်းဖြစ်ကြ၏။ ၂၆ သင်တို့အားလုံး ဆိုးညစ်သောအမှုများကို ရှောင်ရှားခြင်းဖြင့် ကောင်းချီးခံစားစေရန် ဘုရားသခင်သည် ကျွန်တော်ရင်းကို ပေါ်ထွန်းစေတော်မူပြီးလျှင် သင်တို့ထံ ဦးစွာစေလွှတ်တော်မူ၏” ဟုဆို၏။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ